အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

February 14, 2012

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည်နှင့်အညီ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို အမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများတက်ရောက်ခဲ့ကြသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့မှ လူကြီးများ၊ လူငယ်များတက်ရောက် အားပေးခဲ့ကြသည်။ ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲ ကောင်းများ အားရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းကိုပြုလုပ်၍ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ဗိုလ်ချုပ်၏သမိုင်းကိုရိုက်ကူးရာတွင် တက္ကသိုလ်ကျောင်းသားဘဝကို ပီပြင်ဖို့လိုကြောင်း၊ ကျောင်းသားသမ္မဂ္ဂ အဆောက် အဦးနှင့် လှုပ်ရှားမှုများပါဝင်ရန် အရေးကြီးကြောင်း” တိုက်တွန်းပြောဆိုခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ရာ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဇာတ်မင်းသား ဖိုးချစ်၊ ဦးကျော်သူ၏ဖခင်၏ “အမျိုးသား” ရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်+ဒေါ်မြသန်းတို့အား ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား နံနက် (၁၀း၃၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံစကား ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၃.၂.၂၀၁၂) မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦးဖြစ်သွားပြီ ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်