Hlaing Tharyar Strike – ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ

February 21, 2012

လှိုင်သာယာဆန္ဒပြမှု ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ

by Yangon Press International ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ (YPI)

ညှိနှိုင်းပြေလည်မှု မရရှိသေးပဲ ၁၅ ရက်ရှည်ကြာလာသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရှုံးသို့ တင်၍ အဆုံးအဖြတ်ခံယူမည့် အချက်အပေါ်တွင် အလုပ်သမားများ သဘောထား အမြင်ကွဲလွဲမှုရှိနေကြသည်ဟု အလုပ်သမား ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။
ခုံရုံးတင်ရန် အလုပ်သမားအရေး ဆောင်ရွက်သူနှင့် အလုပ်သမားကိုယ်စားလှယ်များက သဘောတူခဲ့ကြသော်လည်း အလုပ်သမား အများစုက တောင်းဆိုချက်မရပဲ ဆန္ဒပြခြင်းကို မရပ်ဆိုင်းလိုကြကြောင်း ပြောဆိုသည်။

 

၁၅ ရက်မြောက် ဆန္ဒပြနေသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံရှေ့မှ အလုပ်သမားများ

အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမျိုးမင်းသိန်းက “ ကျွန်တော်တို့မှာ ၂ လမ်းရှိနေပြီ၊ တလမ်းကိုရွေးရမှာပါ၊ ကျွန်တော်တို့က ၀ါဏိဇ္ဖရုံးကို တင်လိုက်မယ်ဆိုရင် အချိန်အကန့်အသတ်မရှိကြာနိုင်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲကိစ္စကို စဉ်းစားရမယ် ” ဟု YPI သို့ပြောသည်။

ယနေ့နေ့လည်ပိုင်းက အလုပ်သမား ခေါင်းဆောင် ၄၉ ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဖိုးဖြူတို့ ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရုံးသို့ တင်ပြရန် သွားရောက်မေးမြန်းကြသည်။

ယင်းနောက် ခုံရုံးတင်ထားစဉ် လုပ်ဆောင်ခွင့်ရှိသည့် အချက်နှင့် မရှိသည့်အချက်များအား ဆန္ဒပြ လုပ်သားများ၏ ဆန္ဒကိုမေးမြန်းရာတွင် ခုံရုံးတင်သည်နှင့် ဆန္ဒပြမှုရပ်ဆိုင်းရမည် ဖြစ်ကာ အလုပ်ပြန်ဆင်းလိုသူများအား တားဆီးခွင့်မရှိဆိုသည့် အချက်နှင့် ခုံရုံးတင်ထားစဉ် ဆန္ဒဆက်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ အပြစ်ပေးခံရမည့် အချက်တို့ကြောင့် ခုံရုံးတင်ရန် အယူအဆ ကွဲလွဲလျှက်ရှိကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၀ါဏိဇ္ဖခုံရုံးတင်မည်မတင်မည်ကို မနက်ဖြန်နှင့် သဘက်ခါ နံနက်ပိုင်းတွင် အလုပ်သမားများ၏ သဘောဆန္ဒကိုယူကာ ဆုံးဖြတ်သွားမည်ဟု အလုပ်သမား ခေါင်းဆောင် အချို့ကပြောသည်။

၎င်း ခေါင်းဆောင်က အလုပ်ရှင်ဘက်က ဆွေးနွေးညှိနှိုင်းလာသည်ကို အလုပ်သမားများ အနေဖြင့် လိုလားကြောင်း၊ တောင်းဆိုမှုများအနက် နာရီကြေး တနာရီ ၁၅၀ကျပ် အား အလုပ်ရှင်ဘက်မှ ကျပ် ၁၀၀ ထိသာတိုးပေးသဖြင့် အလုပ်သမားများက ဆက်လက်ဆန္ဒပြနေကြခြင်းလည်း ဖြစ်သည် ဟုပြောပြသည်။

တိုင်ရီ ရှုးဖိနပ်စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိကာ ယခုလက်ရှိ ရာထူးမြင့်သူ အလုပ်သမား အနည်းငယ်မှလွဲ၍ လုပ်သားအားလုံးနီးပါး ဆန္ဒပြလျှက်ရှိကြရာ အလုပ်သမား အရေးဆောင်ရွက်သူများက လာရောက်ကူညီ အကျိုးဆောင်ပေးကြကာ အလုပ်ရှင် သို့မဟုတ် အလုပ်သမားညွှန်ကြားမှု ဦးစီးဋ္ဌာနတို့နှင့် တွေ့ဆုံ ပြောဆိုရန် အလုပ်သမားများဘက်မှ လုပ်သားကိုယ်စားလှယ် ၄၀ ၀န်းကျင်ရွေးချယ်ထားသည်။         ။

 

အလုပ်သမ တဦးရဲ့ လစာဖြတ်ပိုင်း၊ 

တလမှာ အလုပ်ချိန် နာရီ ၂၇၀ လုပ်တယ်ဆိုတော့ တရက်ကို ၁၀ နာရီ တပတ် ၁ ရက်နား ပြီး လုပ်ရတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အတွက် လက်ဝယ်ရတဲ့ငွေက ၅ သောင်း ၄ ထောင်ပါ။

Original Post from YPI Facebook found here.

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

2 Responses to Hlaing Tharyar Strike – ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ

  1.ံHopeHope on February 21, 2012 at 5:10 pm

    မတရားလောဘတက်ပြီး ကိုယ့်နိုင်ငံမှာ စီးပွါးရှာနေတဲ့ တရုတ်တွေကို ဘာဖြစ်လို့ များ အာဏာပိုင်တွေကို ဒီလောက်တောင် အကြောက်ကြီးကြောက်နေတာလဲ။ အလုပ်သမားတွေ လစာကိုလည်း မတရားခေါင်းပုံဖြတ်နေတာ။ အဲဒါ တော်တော်အရုပ်ဆိုး အကြည်းတန်နေတာ။ တခုခုတော့ ရှိရမယ်။ အလုပ်သမားတွေရဲ့  လစာငွေတွေကို အာဏာပိုင်တွေနဲ့  တရုတ်သူငှေးနဲ့ ပေါင်းပြီး မတရားယူနေ သလားမသိဘူး။ အဲဒီရက်ကွက်မှာ အရမ်းဆိုးတဲ့ လူမိုက်တွေဘာလုပ်နေကြသလဲ။ အဲဒီက ပိုင်ရှင်တယောက်လောက်ကို အသေသတ်ပြလိုက်၊ အာဏာပိုင်တွေထဲက တယောက်ကို မသေသေအောင် လုပ်ပြလိုက်စမ်းပါ။

  2. Mon on February 21, 2012 at 6:48 pm

    It’s too much to work 10 hours a day as international labor law allows only 8 hours, if more than that, the rest must go to overtime with a reasonalbe rate.
    ”PLEASE BE UNITED all involved in this strike to achieve what you deserve!!!”

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်