မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

February 21, 2012

နိုင်ဦးညို
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂

အမှောင် မရှိ …။
ဧည့်စာရင်း မရှိ …။
ရာအိမ်မှူး မရှိ …။
ကြက်ဆူပင် မရှိ …။
စွမ်အားရှင် မရှိ …။
ဆက်ကြေး မရှိ …။
ပေါ်တာ မရှိ …။
မြှုပ်မိုင်း မရှိ …။
ဓါတ်ပေါင်းဖို မရှိ …။
ရွှေ့ပြောင်းအလုပ်သမား မရှိ …။
ဥပဒေကဲ့သို့အာဏာတည်သောအမိန့် မရှိ …။
ညညခဏလိုက်ခဲ့ပါ မရှိ …။
စစ်ခုံရုံး မရှိ …။
ငါးည မရှိ …။
နိုင်ကျဉ်း မရှိ …။
အာဏာရှင် မရှိ …။
ထလရ မရှိ …။
မဟန မရှိ …။
ဗွီအိုင်ပီ မရှိ …။
အထူးဒေသ မရှိ …။
လက်အုပ်ချီဖွင့်ပွဲ မရှိ …။
ရာသီစာခါတော်မှီယောင်ပြန် မရှိ …။
အဆိုးအကောင်းအမျိုးမျိုးပြောင်း သူမရှိ …။
လာထားအာဘွားညာထား မရှိ …။
အရောင်တူအဆင်ကွဲ မရှိ …။
ဘာညာသာဓကာ မရှိ …။
ပုလင်းတူဗူးဆို့ မရှိ …။
ကြိုတင်မဲ မရှိ …။

မာယာ မရှိ …။
ဒေါသ မရှိ …။
မောဟ မရှိ …။
သောက မရှိ …။
လောဘ မရှိ …။
ငြိမ်းချမ်းပါ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

  1. ဇေယျာ on February 24, 2012 at 9:14 am

    ဟုတ်သဗျာ။ မရှိဆိုတဲ့စကားက ဒီလိုကျတော့လဲ ကောင်းပြန်ရော။ မရှိဆိုတဲ့စကား ကြားရပါလို၏ လို့တောင်ဆုတောင်းပြင်ရမလိုဖြစ်နေပြီ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်