Aye Chan Naing – ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ

February 27, 2012

 
ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ 
ဖေဖေါ်ဝါရီ ၂၇ ရက်၊ ၂၀၁၂ / Yangon Press International
ယခင်ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ညွန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် မြန်မာနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရတာဖြစ်ပြီး ငါးရက်ဗီဇာနဲ့ လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိသလို၊ ပြည်တွင်းက မီဒီယာ အဖွဲ့အစည်းများ မီဒီယာနယ်ပယ်ကို ဦးဆောင်နေသူများနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီဗွီဘီ သတင်းဋ္ဌာနရဲ့ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဦးဟန်ညောင်ဝေလည်း ယမန်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ န၀တအစိုးရလက်ထက် တလျှောက်လုံး ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို လေလှိုင်းပေါ်က လူသတ်သမားများလို့ အစိုးရပိုင် သတင်းစာ၊ ရုပ်သံများမှာ ခေါ်ဆို သုံးစွဲနေခဲ့ရာမှ ယမန်နှစ် သြဂုတ်လမှာ ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံထဲ ပြန်လာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ ဧရာဝတီ၊ မဇ္ဈိမ၊ အာရ်အက်ဖ်အေ သတင်းဋ္ဌာနတို့ ယခင်လပိုင်းများမှာ အသီးသီး လာရောက် ခဲ့ကြပါတယ်။  YPI


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

2 Responses to Aye Chan Naing – ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ

  1. Sinsour on February 27, 2012 at 1:54 pm

    သွားကြ သွားကြ နင်တို့ မှ ဒီမိုကရေစီမရရင် ဘယ်သူကရမှာလည်း ဟိုတုန်းကလည်း နင်တို့ ပဲ အခုလည်း နင်တို့ပဲ မီဒီယာ အသံလွင့်တဲ့ငှာန အာလုံးကိုပြောတာနော်။

  2. maung win on February 28, 2012 at 9:47 am

    မျက်စေ့ကိုနောက်နေတာပဲ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

ဒီလို ကြော်ငြာချင်သလား

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)