Thargyi Maung Zeya – လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …

March 10, 2012

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ
သားကြီးမောင်ဇေယျ၊ မတ် ၁၀၊ ၂၀၁၂
လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …
သို့
ကိုရစ်
ကျနော် အခုပဲ လွတ်လပ်ငြိမ်းချမ်းပန်းချီပြပွဲ ကပြန်ခဲ့တယ်။ မနေ့မတည်းက သားတော်မောင်က ဒီပန်းချီပြပွဲကို ၉း၀၀ နာရီ အရောက်သွားရမယ် လို့ ထပ်ခါ ထပ်ခါ သတိပေး နေတာကြောင့် မနက်စောစောထ အိမ်အလုပ်တွေ စောစော ပြီးအောင်လုပ်ပြီးသွားဖို့ပြင်ပါတယ်။ သမီးကလည်း တက်တက်ကြွကြွနဲ့ စောစောထပြီး သွားဖို့ ပြင်ဆင်ပါတယ်။ သားရဲ့ သူငယ်ချင်းက အိမ်မှာ ညကတည်းလာအိပ်နေတာပါ။
ကျနော်တို့ ပြပွဲကျင်းပရာ ပန်းဆိုးတန်းလမ်း  အထက်ဘလောက်မှာရှိတဲ့ စာပေလောက စာအုပ်ဆိုင်ကို ၉း၀၀ နာရီ မထိုးခင်ရောက်ပါတယ်။ လူတွေ တော်တော်များနေပြီ။ ခန်းလုံးပြည့် ကြိတ်ကြိတ်တိုးပါပဲ။ ပြပွဲ မှာ ပြသတဲ့ ပန်းချီကားတွေကလည်း  ပြပွဲ နံရံမှာ တိုးတိုးဝေ့ဝေ့ ချိတ်ဆွဲထားပါတယ်။
ပန်းချီကားတွေက ထောင်နဲ့ ပါတ်သက်တဲ့ ပန်းချီကားတွေများပါတယ်။ အစိုးရ အဆက်ဆက်က ကျောင်းသားဆိုးတွေ၊ အဖျက်သမားတွေ၊ သောင်းကျန်းသူတွေ ၊ အမေကျော် ဒွေးတော်လွန်းသူတွေ လို့ နာမည်ဆိုးတွေ အတပ်ခံ ခဲ့ရတဲ့ လူတွေရဲ့ လက်ရာတွေပါ။ သူတို့ ဟာထောင်ထဲမှာ စိတ်ပိုင်း ရုပ်ပိုင်း အနှိပ်စက်ခံ ရင်း သူတို့ရဲ့ ငြိမ်းချမ်းတဲ့ စိတ်တွေ၊ အလှကိုမြတ်နိုးတတ်တဲ့စိတ်တွေ၊ ဘ၀ ကိုချစ်တဲ့ စိတ်တွေ နိုင်ငံနဲ့ လူမျိုး အရေးကို အလေးထားဦးထိပ်ပန်ဆင်တဲ့ စိတ်တွေ စတဲ့ ဝေဒနာစိတ်ရောင်စုံတွေနဲ့ ဒီပန်းချီကားကိုရေးဖွဲ့ခဲ့ကြတာပါ။ တခါတရံ သူတို့ရဲ့ ဒလဟော သွန်ကျလာတဲ့ သွေးတွေ၊ တပေါက်ပေါက် ကျခဲ့ရတဲ့ မျက်ရည်တွေ၊ တဆွေ့ဆွေ့ ခုန်နေတဲ့ နှလုံးသားတွေ၊ တမြေ့မြေ့ ဆွေးခဲ့ရတဲ့ ဘ၀ကောက်ကြောင်းတွေနဲ့ ဒီပန်းချီကို ဖန်ဆင်းခဲ့ကြတာပါ။
သူတို့ကို ဘယ်သူတွေက လူဆိုးကြီးတွေအဖြစ် ပုံဖျက် သရုပ်ဖေါ်ခဲ့ကြပါသလဲ။ ဘယ်သူတွေကများ တာဝန်မသိသူတွေ အဖြစ် လက်ညိုးထိုးခဲ့ ကြပါသလဲ။ ဘယ်သူကများ အကြမ်းဖက်သမားတွေ အဖြစ် မျက်နှာပြောင်တိုက် ကြော်ငြာခဲ့ ကြပါသလဲ။
အင်းစိန်ထောင် တိုက်တစ် ထဲမှာ သိခဲ့ရတဲ့ ကိုဋ္ဌေးအောင် (သာကေတ NLD )က ကျနော် ကျနော့် လက်ဆွဲနူတ်ဆက်ရင်း စကားဆိုပါတယ်။ သူ့ အသံ ကို ကျနော်မကြားပါ။ တကယ်တော့ သူ့အသံကို သူလည်းမကြားဘူး ဆိုတာ ကျနော်သိပါတယ်။ သူဟာ စစ်ကြောရေးမှာ နာအုံ ကို အရိုက်ခံရပြီးကတည်းက သူဟာနားမကြားသူ ဖြစ်ပါတယ်။ ကျနော်က သူနဲ့ စကားပြောတဲ့ အခါ ပါးစပ်ကိုသူမြင်အောင် လှုပ်ပြပြီး လက်ဟန်ခြေဟန်ကိုသာ အားပြုပြောလေ့ရှိပါတယ်။ သူနဲ့ စကားပြောနေတုန်း လူတစ်ယေက်က ကျနော်ကိုဝင်တိုက်ပါတယ်။ ကျနော်လှည်ကြည့်လိုက်တော့  သူကခြေတဖက် ဆာနေပြီး ကိုယ်ကိုယိမ်းထိုး ရင်း တုန်ချိတဲ့ လက်တွေနဲ့ ပန်းချီးကားတချပ်ကိုလက်ညိုးထိုးရင်း   …
“ငါတို့ နေတဲ့ တိုက်က အဲဒီလို တံခါးနှစ်ထပ်နဲ့ပေါ့ …”
လို့ သူမိတ်ဆွေကိုပြောပြနေပါတယ်။
လူတွေက ကြပ် ၊ ပန်းချီကားတွေကြပ်၊ ခံစားမှုတွေက ကြပ်လာတဲ့ အခါ ကျနော် လက်ဖက်ရည်ဆိုင်ကို တစ်ယောက်ထည်းသွားဖို့ ထွက်လာခဲ့တယ်။
ကျနော် ကင်း လက်ဖက်ရည်ဆိုင်ထဲရောက်တော့ ဟိုဖက်ဝိုင်းမှာ ကိုပြုံးချို၊ မစန္ဒာမင်း၊ ကိုဝင်းမော်တို့၊ ဒီဖက်ဝိုင်းမှာ ထောင်ထွက် ကဗျာဆရာ ၊ စာရေးဆရာ အချို့ ၊ ဟိုဒေါင့် နားမှာ ကိုဋ္ဌေးလွင် (မြန်မာစာ) ၊  ကိုနော်ကျော်၊ ဒီဒေါင့်ဝိုင်းမှာ ကိုဋ္ဌေးအောင် (သန်လျှင်) ၊ ကိုကျော်အောင် ရွေပြည်တန်၊ ကိုစိုးအုပ်တို့ ၊ ကျနော်အားလုံးကို အားရ၀မ်းသာလိုက်နူတ်ဆက်မိတယ်။ အရင်တုန်းကဆို ကျနော်တို့ဟာ လမ်းမှာတွေ့ရင်တစ်ယောက်ကိုတစ်ယောက် မခေါ်ရဲကြ၊ မမြင်ဟန်ဆောင်ခဲ့ ရသူတွေပါ။ ပြောစရာ ရှိရင်မျက်ရပ်ပြ၊ လက်ရိပ်ပြ ၊ လူရှင်းတဲ့နေရာမှာ နှစ်ယောက်တည်း ပြောစရာရှိတာ တိုးတိုးတိတ်တိတ် မြန်မြန် လေးပြောကြ။ သူက ခတ်သုတ်သုတ်သွား၊ ကျနော်က ခတ်ကုပ်ကုပ် နေ၊ အဲဒီလိုအခြေနေတွေထဲမှာ ယုံကြည်မှုတွေကတော့ ရင်နဲ့ အပြည့်ပေါ့။
ခုတော့ ပွင့်ပွင့်လင်းလင်း ခေါ်ကြပြောကြ။
ကျနော်က ကိုနော်ကျော်ကို ကျနော့်ပန်ချီဆောင်းပါးတွေ ဘယ်မှာ ပိုရင်ကောင်းမလဲ လို့ပြောတော့ သူ့ လုပ်နေတဲ့ မဂ္ဂဇင်းမှာ ပဲ ပို့ပါလို့ ပြောတော့ အားတက်သွားတာပေါ့။
ကိုဋ္ဌေးလွင်က ကျနော်ကို ချက်မှာ ပညာသင်ပြီးခဏပြန်လာတဲ့ မဝေမာညွန့်နဲ့ မိတ်ဆက်ပေးတယ်။ ကျနော်က သားအကြီးကောင် ချက်မှာ ရုပ်ရှင်ပညာသင်နေတဲ့ အကြောင်းပြောတော့ သူ့ နဲလည်းသိတယ်၊ အပြန်လူကြုံပေးလို့ရတယ်လို့ပြောတော့ တော်တော်ဝမ်းသာသွားတယ်။
ဒါပေမယ် ကျနော်တို့စကားပြောတာကို နောက်နားက လူတစ်ယောက် ကပ်ပြီးနားထောင်နေတယ်လို့ ခံစားသိနဲ့ သိလိုက်တဲ့ ကျနော်ဟာ စကားကိုရုပ်တရက်ရပ်ပြီး နောက်ကိုလှည့်ကြည်လိုက်တဲ့ အခါ၊ ဟုတ်ပါတယ် ကျနော်တို့ စကားပြောတာကို အနားကပ် အားစိုက်နားထောင်နေတဲ့ မျက်တွင်းချိုင့်ချိုင့် ၊ မျက်နှာဖြူဖတ်ဖြူယော်၊ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ကျနော်က သူ့ကိုလှည်ကြည့်လိုက်တဲ့အခါ သူက လူမိသွားတဲ့ မျက်နှာနဲ့ ကျနော့်ကို ခပ်အမ်းအမ်းကြည့်နေပါတယ်။ နောက်ပြီး ကျနော့်ကို ကျနော်နားမလည်တဲ့ ဘာသာစကားနဲ့ စကားတွေပြောပါတယ်။ နောက်သူက ကျနော်ကို တရိုတသေ နှုတ်ဆက် ပြီး ဆိုင်ထဲကထွက်သွားပါတယ်။
ကျနော်က ကိုဋ္ဌေးလွင်ကိုသူဘယ်သူလဲလို့ မေးလိုက်တော့ ခင်ဗျားတို့နဲ့ အတူ ၁၃ ရက် ထွက်လာတဲ့သူပါ။ သူက စိတ်မှာ တော်တော် ဒါဏ်ရာ ရထားလို့ အခုလိုဖြစ်နေတာ လို့ ကျနော့်ကိုပြောပါတယ်။
အင်း  . . . တကယ်တော့ ကျနော်လည်း သူ့လိုပဲ စိတ်မှာ ဒါဏ်ရာတခုခုရထားလို့ လူတွေကို သံသယ စိတ်နဲ့ ကြည်မိနေပါလားလို့ မှတ်ချက်ချမိပါတယ်။
ကျနော်တို့ အားလုံး ကျနော်တို့ရဲ့ စိတ်တွေကို အရင်ကုစားရပါဦးမယ်။
(Photo – Yangon Press International, Facebook)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သားကြီးမောင်ဇေယျ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်