ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ

March 13, 2012

မိုးမခမိတ်ဆွေ၊ ဟိုပင်။ မတ် ၁၃၊ ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် ၊ ဟိုပင်မြို့နယ်ခွဲ ဈေးရောင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့က – ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၊ လောကမာရ်အောင် ရွှေဘုန်းရောင်ဘုရားပွဲတော်တွင် ခင်းကျင်းရောင်းချနေရာ ည (၉း ၀၀) နာရီအချိန်ခန့်တွင် ဘုရားဂေါပကလူကြီးများဖြစ်ကြသော ဦးမင်းအောင်နှင့် ဦးအုန်းမောင်တို့နှစ်ဦးလာရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်စာတန်းကို ဖြုတ်ပေးရန်နှင့် ဖြုတ်ချမပေးပါက ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့ကြပါသည်။

ဟိုပင်မြို့နယ်ခွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငြိမ်းက မည်သူကဖြုတ်ခိုင်းသနည်း ဖြုတ်မချနိုင်ကြောင်း ဈေးဆိုင်လည်းမပိတ်နိုင်ကြောင်းပြန်ပြောရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခိုင်ထွန်းဇော်က အဖြုတ်ခိုင်းကြောင်း ပြောပြကြပါသည်။

ဦးကျော်ငြိမ်းကလည်း ဆိုင်းဘုတ်စာတမ်းဖြုတ်ချဖို့နှင့် ဆိုင်ပိတ်ပစ်ဖို့ တရားဝင်စာထုတ်ပြီးတားနိုင်က စာထုတ်ပေးပါလို့ ပြန်ပြောပြရာ သူတို့ ၂ ယောက် ပြန်ထွက်သွားကြပါသည်။ ခဏကြာသောအခါ လမ်းပိတ်တယ် ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု ဦးမင်းအောင်က လာပြောပြန်ပါသည်။ လမ်းမပိတ်ပါ လမ်းသွားလမ်းလာများ စည်ကားနေခြင်းသာဖြစ်ပါသည်ဟု အင်န်အယ်ဒီအဖွဲ့ဝင်တို့က ရှင်းပြခဲ့ပါသည်။

မတ်လ ၁၁ ရက်နေ့လည်တွင် ဦးကျော်ငြိမ်းတို့အား ဈေးရောင်းခွင့်ပေးသော အိမ်ရှင်ကို ဦးအုန်းမောင်က ဂေါပကရုံးသို့ ဆင့်ခေါ်ပြီး ဒီ/ချုပ်ဆိုင် ရောင်းချခွင့်ပြုသည့်အတွက်
နောက်နှစ်ဘုရားပွဲရောက်လျှင်ခင်ဗျားတို့အိမ်ကို ရှေ့တည့်တည့်ပိတ်ပြီး ဆိုင်ခန်းတွေဆောက်မည်ဟု ချိန်းခြောက်သဖြင့် သဇင်အလှပြုပြင်ရေးဆိုင်က
ဦးကျော်ငြိမ်းတို့အား ဈေးလာမရောင်းပါရန် တောင်းပန်ခဲ့ပါသည်။ အိမ်ရှင်အား အားနာသဖြင့် ဦးကျော်ငြိမ်းနှင့် လူငယ်အဖွဲ့ဝင်များသည် ပွဲခင်းနှင့်ဝေရာ အခြားနေရာတွင် သွားရောက်ရောင်းချနေကြပါသည်။

(ဓာတ်ပုံများကို ကြည့်ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ

  1. Nyan zaw on March 13, 2012 at 5:00 pm

    dirty and low standard person ( dogs )

  2. အညာသားဘုန်းဘုန်း on March 13, 2012 at 8:29 pm

    ဒီ အသုံးမကျ ဂေါပကတွေကလည်း သူ့ဟာသူဈေးရောင်းတာကို သခင်အားရ ကျွန်ပါးဝဆိုတာလို မျက်နှာလို မျက်နှာရ ကြံ့ဖွတ်ကို ဖားနေသေးတယ်။
    ခက်တာက ဂေါပကတို့ ဓမ္မာရုံလူကြီးတို့ ဆိုတာလဲ စစ်ထွက်တွေက နေရာဝင်ယူထားတာ။စစ်ထွက်မဟုတ်ရင်လဲ အာဏာပိုင်အဖွဲ့အစည်းက ပြဿနာရှာတတ်တယ်လေ။
    စနစ်ဆိုးတွေကတော့ ဘုရား ပရ၀ုဏ်ထဲထိရောက်နေပြီ။ အကုန်ဖျက်သိမ်းမှ ဖြစ်မယ်။

  3. THAN AUNG on March 15, 2012 at 2:36 am

    after dead they will go to hell……………………..useless mans …….

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်