မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း ၃ (ခ)

March 13, 2012

သန်းဝင်းလှိုင်
မတ်လ ၁၃၊ ၂၀၁၂

ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ

ဝန်ကြီးချုပ်သခင်နုအပါအဝင် အဖွဲ့ဝင်(၁၈)ဦး ပါဝင်သော အစိုးရအဖွဲ့ကို အတည်ပြုကြေညာပြီးနောက်၊ နိုင်ငံတော်ယာယီသမ္မတက ရွေးချယ်သော အကြီးအကဲများအဖြစ် နိုင်ငံတော်တရားသူကြီးချုပ် ဆာဘဦး၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း၊ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးစံလွင်တို့ကို ခန့်အပ်ခဲ့သည်။

၁၉၄၈ ဇန်နဝါရီ၁၂ရက်တွင် ညီလာခံအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ တရားရေးဝန်ကြီးဦးဗဂျမ်းက တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌ လစာ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်က နိုင်ငံတော်သမ္မတလစာနှင့် စားရိတ်များအက်ဥပဒေကြမ်းတို့ကို တင်သွင်းခဲ့သည်။ ကွန်မြူနစ် အမတ်တို့က ပြင်ဆင်ချက်ထည့်သွင်းပြီး လစာဥပဒေကြမ်းကို အတည်ပြုခဲ့ကြသည်။

လစာနှုန်းထားများသတ်မှတ်ရာတွင် သမ္မတ ကျပ် ၅၀၀၀ (တစ်နှစ်စာအများဆုံး အသေးသုံးစားရိတ် ကျပ် ၂၄၀၀၀၊ တိုင်းခမ်းလှည့်လည်ငွေ ကျပ် ၆၀၀၀၀)၊ ဝန်ကြီးချုပ် ကျပ် ၂၃၀၀၊ ဝန်ကြီးများ ကျပ် ၁၇၀၀ (ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့အား စားရိတ်ငွေလစဉ် ကျပ် ၁၀၀၀၊ အခြားဝန်ကြီးများအား နေအိမ်တဆောင် သို့မဟုတ် ကျပ် ၂၅၀)၊ လွှတ်တော်ဥက္ကဋ္ဌ ကျပ် ၃၅၀၀၊ ဒုဥက္ကဋ္ဌ ကျပ် ၁၀၀၀၊ နိုင်ငံတော်ရှေ့နေချုပ် ကျပ် ၂၅၀၀၊ နိုင်ငံတော်စာရင်းစစ်ချုပ် ကျပ် ၁၀၀၀ စသည်ဖြင့် ပါဝင်ခဲ့သည်။

ယင်းနောက် ၁၉၄၈ မတ်လ ၂၂ မှ ၂၃ရက်နေ့အထိ မြန်မာနိုင်ငံတိုင်းပြုပြည်ပြုလွှတ်တော် ပဉ္စမအကြိမ်ညီလာခံကို ကျင်းပခဲ့သည်။ ညီလာ ခံကျင်းပပြီး (၄) ရက်အကြာတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ကြီးမှူး၍ တော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားတစ်ခုကို ဖဆပလနှင့် ယှဉ်ပြိုင်ကျင်းပသည်။ ထိုအခမ်းအနားတွင် သခင်သန်းထွန်းက ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ကြရန် ဗြောင်သွေးထိုးပေးရုံမက ‘ဗားကရာချောက်’ ၌ ဆိုရှယ်လစ်များ၏ သွေး၊ အရိုးတို့ဖြင့် ပြည့်လျှံသွားစေရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

၁၉၄၈ မတ်လ ၂၈ရက်နေ့တွင် သခင်သန်းထွန်းခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) တောခိုခဲ့လေသည။်

၁၉၄၈ ဇွန် ၁၂ တွင် ဝန်ကြီးချုပ်သခင်နုက အချက် ၁၄ ချက်ပါသော လက်ဝဲညီညွတ်ရေးလမ်းစဉ်ကို ကြေညာခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့တွင် ဖဆပလ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၄၈ ဇူလိုင် ၂၉တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ (ဖြူ) များကိုဖမ်းဆီးခဲ့ရာ ထိုနေ့မှာပင် ပြည်သူ့ရဲဘော် (ဖြူ) များ တောခိုခဲ့သည်။ ယင်းနောက် ၁၉၄၈ သြဂုတ် ၉ ရက်တွင် သရက်မြို့တွင်ချထားသော တပ်မတော်တပ်ရင်း (၁) တောခိုခဲ့သည်။ ယင်းတို့ တောခိုပြီးနောက်တနေ့ သြဂုတ် ၁၀ရက်နေ့တွင် မင်္ဂလာဒုံရှိ တပ်မတော်တပ်ရင်း (၃) နှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ ခန့် တောခိုခဲ့ပြန်သည်။

ထို့ကြောင့် ၁၉၄၈ သြဂုတ် ၁၉ တွင် နိုင်ငံတော်ယာယီသမ္မတစဝ်ရွှေသိုက်က မြန်မာပြည်အရေးတကြီးအခြေအနေဖြစ်ပေါ်နေ၍ ၁၉၄၈ ခုနှစ် စစ်ဥပဒေထုတ်ပြန်ကြေညာမှုဆိုင်ရာ တချက်လွှတ်ဥပဒေအမှတ် ၅ နှင့် ၆တို့ကို ထုတ်ပြန်ခဲ့သည်။

၁၉၄၈ သြဂုတ် ၂၁ တွင် ကရင်လက်နက်ကိုင်အဖွဲ့များက သထုံမြို့ကို သိမ်းပိုက်ခဲ့သည်။ အခြေအနေရှုပ်ထွေးနေစဉ်မှာပင် ၁၉၄၈ ခု စက် တင်ဘာ ၁၃ မှ ၁၆ ရက်နေ့အထိ တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံ ဆဋ္ဌမအကြိမ်အစည်းအဝေးကို လည်းကောင်း၊ ၁၉၄၉ ဇန်နဝါရီလ ၃၁ မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ သတ္တမအကြိမ်တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကိုလည်းကောင်း၊ ၁၉၄၉ ဇွန် ၇ မှ ၂၁ ရက်နေ့အထိ အဋ္ဌမအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကိုလည်းကောင်း ကျင်းပခဲ့သည်။

အဋ္ဌမအကြိမ်ညီလာခံတွင် ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့က သောင်းကျန်းသူများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သေး၍ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ တွင်ပါသော အကူးအပြောင်းကာလသတ်မှတ်ချက်ကို (၁၈ လ) ဟု ပြင်ဆင်သတ်မှတ်ကာ ရွေးကောက် ပွဲကို ရွှေ့ဆိုင်းခဲ့သည်။

ထို့နောက် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုင်းပြုပြည်ပြုလွှတ်တော် ဒဿမအကြိမ်ညီလာခံကို ကျင်းပခဲ့ရာ ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့က ရွေးကောက်ပွဲများကို ၁၉၅၁ မေလ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းပေးရန် ညီလာခံသို့ တင်ပြခဲ့သည်။

၁၉၅၀ သြဂုတ် ၂၈ မှ အောက်တိုဘာလ ၅ ရက်နေ့အထိ (၁၁) ကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) ညီလာခံကိုလည်းကောင်း၊ ၁၉၅၀ ဒီဇင်ဘာလ ၂၄ မှ ၂၆ ရက်အထိ တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) ၁၂ ကြိမ်မြောက်ညီလာခံကိုလည်းကောင်း ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) ၁၂ ကြိမ်မြောက်ညီလာခံကို ၁၉၅၁ ဖေဖော်ဝါရီလ ၂၇ မှ မတ်လ ၁၉ ရက်နေ့အထိ ဆက် လက်ကျင်းပရာ ညီလာခံတွင် ပါလီမန်ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့က နိုင်ငံတော်သမ္မတထံ ရွေးကောက်ပွဲရက်ကို ၁၉၅၂ ဇန်နဝါရီ ၄ရက်နေ့အထိ ရက်တိုးပေးရန် တင်သွင်းခဲ့ပြန်သည်။ ဤသို့ဖြင့် ရွေးကောက်ပွဲအကူးအပြောင်းကာလကို (၁၈)လ မှ (၂၈)လ၊ လ (၄၀)၊ (၄၈) လဟု ပြင်ဆင်ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် ပါလီမန် ရွေးကောက်ပွဲကို ၁၉၅၁ ဇွန်လ ၁၂ရက်နေ့မှစ၍ ၁၉၅၂ ဇန်နဝါရီလ ၃ ရက်နေ့အထိ (၃) ရစ် ခွဲ၍ ကျင်းပခဲ့သည်။

ဖဆပလသည် ၁၉၅၁ ဇွန်လ ၁၂ရက်တွင် စတင်ကျင်းပသော ရွေးကောက်ပွဲအဆင့်ဆင့်တွင် မိမိတို့ အာဏာဆက်လက် တည်တံ့ရေးအတွက် နည်းမျိုးစုံကို သုံး၍ အတိုက်အခံနိုင်ငံရေးသမားအချို့ကို ၁၉၄၇ ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (ထိန်းသိမ်းစောင့်ရှောက်မှု) အက်ဥပဒေပုဒ်မ (၅) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတိုက်အခံအမတ်လောင်းအချို့နှင့် ၄င်းတို့၏ကိုယ်စားလှယ်များကို သတ်ဖြတ်ခြင်း၊ ဖဆပလဆိုရှယ် လစ်များ ၏ ခါးပိုက်ဆောင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော ယူအမ်ပီ (Union Military Police) ခေါ် ပြည်ထောင်စုစစ်ရဲတပ်ဖွဲ့များ၊ ပြောက်ကျားများ၊ ကာကွယ်ရေးတပ်ဖွဲ့များက ရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရေးအတွက် ခြိမ်းခြောက်ခြင်း၊ မတရားအနိုင်ကျင့်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရေတွက်သည့်အခါ၌လည်း အာဏာရ ဖဆပလအာဏာပိုင်များက မဲပုံးများကို ချက်ချင်းမဖွင့်ဘဲ မဲပုံများဖောက်၍ မဲများခိုးပြီးမှသာ မဲရေတွက်ကြသည်။ ၁၉၅၁ ရွေးကောက်ပွဲတွင် ဖဆပလကမဲခိုးသည်ဟု ယုံကြည် ကြောင်း ထိုစဉ်က တရားရေးဝန်ကြီး ဦးဧမောင်က နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်နှင့်အတူ ဗမာပြည်အလုပ်သမားလယ်သမားပါတီ၊ ဦးအောင်သန်း ၏ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊ ဦးပု၏ ယူနီယံလိဂ်ခေါ် ဗမာပြည် ပြည်ထောင်စုအဖွဲ့၊ ဗိုလ်ထွန်းစိန်၏ ပြည်သူ့ရဲဘော်အဖွဲ့၊ သခင်ဗစိန်၏ ဗမာပြည် ဒီမိုကရက်တစ်ပါတီ၊ ဒေါက်တာဘမော်၏ မဟာဗမာအဖွဲ့၊ ဦးဘဘေ၏ ပြည်ချစ်မဟာမိတ်အဖွဲ့၊ တသီးပုဂ္ဂလ၊ ရခိုင်အမျိုးသားများ အဖွဲ့၊ ဦးဝမ်းမောင်၏ ဆင်းရဲသားပပျောက်ရေးပါတီ ခေါ် သံမဏိအဖွဲ့၊ ဗမာမွတ်ဆလင်ကွန်ဂရက်၊ အောင်ပါတီ၊ အင်ဒီပင်ဒင့်ပါတီ၊ ဗိုလ်သိမ်းဆွေ၏ ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့၊ စသော အဖွဲ့အစည်းပါတီစုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပထမအသုတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ၁၉၅၁ ဇွန်လ ၃၁ ရက်နေ့အထိ ရရှိသော စာရင်းများအရ ဖဆပလအဖွဲချုပ်သည် မဲဆန္ဒနယ် ၄၂နေရာအနက် ၂၇နေရာ တွင် အနိုင်ရရှိခဲ့သည်။ ဖဆပလသည် အာဏာလက်ဝယ်ရှိနေခြင်းနှင့် ရန်ပုံငွေတောင့်တင်းခိုင်မာခြင်းတို့ ကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ၁၉၅၁ ဇွန် ၂၁ တွင် ရန်ကုန်မြို့မ မဲဆန္ဒနယ်မှ အရွေးမခံကြရသူအမတ်များဦးဆောင်ကာ အတိုက်အခံ နိုင်ငံရေးပါတီစုံအလုပ်အမှုဆောင်ကော်မတီ (Opposition Action Committee) ကိုဖွဲ့စည်း၍ ရွေးကောက်ပွဲကျင်း ပပြီးလျှင်ပြီး ချင်း မဲရေတွက်မှုမပြုလုပ်ခဲ့ခြင်းနှင့် မဲပုံများ၏ချို့ယွင်းချက်များနှင့်ပတ်သက်၍ ဖော်ထုတ်ကန့်ကွက်ခဲ့ကြသည်။

၁၉၅၁ ဇူလိုင် ၁၄ရက်၌လည်း အတိုက်အခံအမတ်လောင်းများ စုဝေးကာ မြို့တော်ခန်းမအတွင်း လူထုရှင်းလင်းပွဲတရပ်ကို ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဦးဘဘေ၊ ဗိုလ်ရန်နိုင်၊ ဦးဝမ်းမောင်၊ သခင်ချစ်၊ သခင်ထွန်းအုပ်၊ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)၊ ဗိုလ်မြသွေး၊ သခင် တင်မောင် စသူတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးဘဘေက “ရွေးကောက်ပွဲမှာ ကျနော့်နေရာ သိမ်ဖြူမဲဆန္ဒနယ်မှာ မဲပုံး ၂၁ ပုံး ရှိတယ်။ အနည်းဆုံး ကျနော် ၄၊ ၅ ပုံးနိုင် နိုင်တဲ့ နေရာတွေရှိတယ်။ အခုတော့ ဘယ်ပုံးမှမနိုင်ဘဲ ရန်ကုန်မှာ ဖဆပလကပဲ အားလုံးအပြတ်အသတ်အနိုင်ရသွားတယ်။ ဘယ်လောက် ဆန်းသလဲ၊ ဘယ်နိုင်ငံမှာမှ မကြားဖူးဘူး။ ကျနော့်အထင်တော့ မဲပြားတွေဟာ ဗိုလ်ချုပ်ရုပ်ပုံရှိတဲ့ဆီမှာ အလိုလိုသွားပူးတည်တာနဲ့ တူတယ်” ဟူ၍ ကန့်ကွက်ပြောဆိုသွားသည်။

ထို့နောက် ပထမအကြိမ် ပါလီမန် ဒုတိယအသုတ် ပြည်သူ့လွှတ်တော်နှင့် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို ၁၉၅၁ သြဂုတ်လ၂၃ ရက်နေ့ တပြိုင်တည်း ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မှာ ၁၁ နယ်ဖြစ်ပြီး လူမျိုးစုလွှတ်တော်အတွက် မဲဆန္ဒနယ်မှာ ၂၅ နယ်ဖြစ်သည်။ ပထမအကြိမ် ပါလီမန် တတိယနှင့်နောက်ဆုံးအသုတ် ရွေးကောက်ပွဲကို ၁၉၅၁ စက်တင်ဘာလ ၇ ရက်နေ့တွင် မဲဆန္ဒနယ် ၃၅ နေရာ၌ ကျင်းပခဲ့သည်။ ယင်းတို့မှာ ဒေသမှ မောင်တော တောင်နှင့်မြောက်၊ ရမ်းဗြဲ၊ မာန်အောင်၊ ဘူးသီးတောင်တို့ ပါ ဝင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်ကြသော ထားဝယ်မြောက်ပိုင်း မဲဆန္ဒနယ်အထိ ပါဝင်သည်။

ပါလီမန် တတိယနှင့်နောက်ဆုံးအသုတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ ဖဆပလကပင် အနိုင်ရရှိခဲ့သည်။ သို့သော် သာယာဝ တီ ခရိုင်နှင့် မင်းလှနှင့် အုတ်ဖိုမဲဆန္ဒနယ်တို့တွင်မူ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ရာ ထူးခြားချက်တရပ်ဟု ဆိုရပေမည်။

ထို့အပြင် ၁၉၅၁ အောက်တိုဘာ ၂၂ ရွေးကောက်ပွဲတွင်မဲလိမ်သူများအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ လ အမိန့်ချမှတ်ခဲ့သည်။

ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ၁၉၅၂ ခုနှစ် မတ်လ ၃ မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ပထမအကြိမ်ပါလီမန်ညီလာခံတွင် သမ္မတလောင်း စာရင်းကို တင်သွင်းသောအခါ ဖဆပလဘက်မှ ဒေါက်တာဘဦးကို တင်သွင်း၍၊ အတိုက်အခံဘက်မှ ဦးချစ်လှိုင်ကို တင်သွင်းခဲ့သည်။ သို့သော် ဦးချစ်လှိုင်မှာ ဥပဒေနှင့် မညီဟုဆိုကာ ပယ်ချခံခဲ့ရရာ တရားလွှတ်တော်ချုပ်သို့ တိုင်ကြားခဲ့သည်။ သို့ဖြင့် တရားလွှတ်တော်ချုပ်က စစ်ဆေးခဲ့ပြီး ဒေါက်တာဘဦး အားသမ္မတအဖြစ် အတည်ပြုပေးခဲ့၍ မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော် တရားရေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ညောင်ရွှေစော်ဘွားကြီး သမ္မတဟောင်း စဝ်ရွှေသိုက်ကိုလည်း လူမျိုးစု လွှတ်တော်နာယကအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ထိုနေ့မှာပင် နိုင်ငံတော်ဝန်ကြီးချုပ်သခင်နုက ၄င်း၏အမည်အား သခင်နုမှ ဦးနုအမည်သို့ ပြောင်းလဲသုံးစွဲရန် ကြေညာခဲ့သည်။

၁၉၅၂ မတ် ၁၄ တွင် ဦးနုအား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ကြသည်။ မတ်လ ၁၆ ရက်နေ့တွင် ဝန်ကြီး ဦးနု ခေါင်းဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးသစ်များက ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။

အစိုးရအဖွဲ့သစ်တွင်-

(၁) သမ္မတ – ဒေါက်တာဘဦး
(၂) ဝန်ကြီးချုပ် – ဦးနု
(၃) နိုင်ငံခြားရေးနှင့်ရှမ်းပြည်နယ် – စဝ်ခွန်ချို
(၄) ဘဏ္ဍာရေးနှင့်အခွန်တော် – မြန်မာ့အလင်း ဦးတင်
(၅) အမျိုးသားစီမံကိန်းနှင့်သာသနာရေး – ဦးဝင်း
(၆) ကာကွယ်ရေး – ဦးဗဆွေ
(၇) ပြည်ထဲရေး – ဗိုလ်ခင်မောင်ကလေး
(၈) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး – သခင်တင်
(၉) လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေး – သခင်ကျော်ဒွန်း
(၁၀) သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး – မန်းဝင်းမောင်
(၁၁) ကူးသန်းရောင်းဝယ်ရေး၊ပြည်သူ့ထောက်ပံ့ရေးနှင့်သမဝါယမဌာန – သခင်သာခင်
(၁၂) ပြည်သူ့လုပ်ငန်းနှင့်ပြန်လည်ထူထောင်ရေး – ဗိုလ်မင်းဂေါင်
(၁၃) တရားရေးဌာနနှင့်ပြည်သူ့ဝန်ထမ်းဌာန – ဦးခင်မောင်လတ်
(၁၄) ပညာရေး – ဦးသန်းအောင်
(၁၅) ပြည်ထောင်စုယဉ်ကျေးမှုဌာန – ဦးထွန်းဖေ
(၁၆) အိမ်ရာဆောက်လုပ်ရေးနှင့်အလုပ်သမားဌာန – အမ်အေရာရှင်
(၁၇) လူနည်းစုရေးရာနှင့်ကယ်ဆယ်စောင့်ရှောက်ရေးဌာန – ဦးဘစော
(၁၈) ပြန်ကြားရေး – ဦးထွန်းဝင်း
(၁၉) ကရင်ပြည်နယ် – မစ္စက်ဘမောင်ချိန်တို့ပါဝင်ကြသည်။

ထို့နောက် နိုင်ငံတော်တရားဝန်ကြီးချုပ်ရာထူးကို ဝတ်လုံတော်ရ သတိုးသီရိသုဓမ္မ ဦးသိမ်းမောင်အား ၁၉၅၂ မတ် ၂၀ တွင်ကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ပူးတွဲညီလာခံက သဘောတူညီခဲ့ရာ တရားရေးဋ္ဌာနဝန်ကြီး ဦးခင်မောင်လတ်က သဘော တူကြောင်း အဆိုတင်သွင်းထောက်ခံခဲ့သည်။

သို့သော် အစိုးရသစ်ပေါ်ထွန်းလာသည့်တိုင်အောင် ၁၉၅၂ ဧပြီ ၁ နံနက် ၉ နာရီတွင် ပြည်လုံးကျွတ်မတရားရွေးကောက်ပွဲ ကွန်ဖရင့်ကို ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ယာယီသဘာပတိ ဒေါက်တာဘမော်၊ ယာယီအကျိုးဆောင် သခင်ချစ်မောင်တို့က ဦးဆောင်ကျင်းပ ခဲ့သည်။ အစည်းအဝေးသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒေါက်တာဘမော်၊ ဦးဘစော၊ ဦးအောင်သန်း၊ ဗိုလ်ရန်နိုင်၊ သခင်လွင်၊ ဦးဘငြိမ်း၊ ဦးရွှေဖြူ၊ သခင်ချစ်မောင်၊ ဒေါ်ခင်ချစ်တို့ တက်ရောက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်ပါလီမန်ရွေးကောက်ပွဲကျင်းပပြီးနောက် ပေါ်ထွန်းလာသော ဖဆပလအစိုးရလက်ထက်တွင် ၁၉၅၂ သြဂုတ်လ ၄ မှ ၁၇ ရက်နေ့အထိ ပြည်တော်သာညီလာခံကို ကျင်းပခဲ့ခြင်း၊ ၁၉၅၃ ဇန်နဝါရီ ၅ တွင် ဗြိတိသျှတို့နှင့်ချုပ်ဆိုခဲ့သော လက်ျာဖရီးမင်းကာကွယ်ရေးစာချုပ်ကို ဖျက်သိမ်းခဲ့ခြင်း၊ မန္တလေးမြို့တွင် အနုပညာနှင့်ပန်တျာကျောင်းကို ၁၉၅၃ ဇူလိုင်လ ၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း၊ ၁၉၅၃ သြဂုတ် ၁ တွင် အိန္ဒိယနိုင်ငံသုံး ဒင်္ဂါးအမျိုးအစားအားလုံးကို တရားဝင်အဖြစ်ရပ်စဲ၍ ကျပ်ပြားစနစ်ကျင့်သုံးခဲ့ခြင်း၊ ၁၉၅၃ နိုဝင်ဘာ ၃ တွင် လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ် တီထွင်ပြဋ္ဌာန်းခဲ့ခြင်း၊ တရုတ်ဖြူတို့၏ ကျူးကျော်မှု ၁၉၅၄ ဧပြီ ၂၅ တွင် ဘုရင့် နောင်စစ်ဆင်ရေးဖြင့် အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ခြင်း၊ ၁၉၅၄ မေ ၁၇ တွင် ဆဋ္ဌမသင်္ဂါယနာဓမ္မသဘင်ဖွဲ့ကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂီတိ မဟာပါသာဏလိုဏ်ဂူတော်၌ ကျင်းပနိုင်ခဲ့ခြင်း၊ ၁၉၅၄ ဇွန် ၁ တွင် ကရင်ပြည်နယ်ကို အသိအမှတ်ပြုပေးခဲ့ခြင်း၊ ၁၉၅၄ ဇွန် ၅တွင် ရန်ကုန်ဘူတာရုံသစ်ကြီးကို စတင်ဖွင့်လှစ်ပေးခဲ့ ခြင်း၊ ၁၉၅၄ ဇူလိုင် ၁၉ တွင် မန္တလေးအာဇာနည်ဗိမာန် ဖွင့်လှစ်ပေးခဲ့ခြင်း၊ ၁၉၅၄ ဇူလိုင် ၃၁တွင် ရှမ်းပြည်နယ် ၂၂ နယ်တွင်ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးခဲ့ခြင်း၊ ၁၉၅၄ အောက်တိုဘာ ၂၇ တွင် အင်းဝတံတား (စစ်ကိုင်းတံတား) ကို ဖွင့်လှစ်ပေးခဲ့ခြင်း၊ ၁၉၅၄ နိုဝင်ဘာ ၅တွင် ဂျပန်-မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်နှင့် ဂျပန်-မြန်မာ စစ်လျော်ကြေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း၊ ၁၉၅၅ မတ် ၂၆ ရက်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဗမာ့တပ်မတော်နေ့အဖြစ် သတ် မှတ်ခဲ့ခြင်း၊ ၁၉၅၅ အောက်တိုဘာ ၁ မှ ၁၉၅၆ မတ် ၃၁ ရက်နေ့အထိ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခဲ့ခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့သည်။

ထို့နောက် ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲတက်ရောက်လာသော ဖဆပလအစိုးရသည် ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ သော ဒုတိယအကြိမ်ပါလီမန်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ဦးဗဆွေခေါင်းဆောင်သည့် အစိုးရအဖွဲ့သစ်သို့ ၁၉၅၆ ခုနှစ် ဇွန် ၅ ရက်နေ့ တွင် အာဏာလွှဲပြောင်းပေးခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်