မြန်မာ – ဘင်္ဂလားဒေ့ရှ့် အကြားအငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ်ပိုင်ဆိုင်မှု တရားရုံးဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်

March 15, 2012

ငြိမ်းချမ်းအေး
မတ်လ ၁၅၊ ၂၀၁၂

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှုပြဿနာအပေါ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေအတွက်) အထိုက်အလျောက် နားလည်နိုင် ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ်တွေရဲ့အနက်ကို အရင်သိမှဖြစ်ပါမယ်။

● Internal Water (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)
ကုန်တွင်းရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင်အတိအကျမရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့အကွာအဝေးကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်းရေပိုင်နက်ဟုခေါ်။ ကုန်တွင်းရေပိုင်နက်အတွင်းမှာ သက်ဆိုင်ရာကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြားသင်္ဘော (စစ်/အရပ်/ကုန်တင် စီး ပွား) ဖြတ်သွားခွင့်မရှိ။

● Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)
အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေနဲ့ သယံဇာတလုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက်နှင့်အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေတဲ့၊ အန္တရာယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တရာယ်မရှိတဲ့သင်္ဘောအနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝပတ်ဝန်းကျင်) ညစ် ညမ်းစေခြင်း၊ လက်နက်စမ်းသပ်ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်းမပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေ လို့ ဖြတ်တဲ့သဘောနဲ့ (ဆက်) သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။

● Contiguous Zone (အချုပ်အခြာ အာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)
Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထုညစ်ညမ်းမှုနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း နိုင်။ ဥပမာ – အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့သင်္ဘောတွေကို သက်ဆိုင်ရာနိုင်ငံရေတပ်က မိမိရဲ့ကမ်းလွန်ရေပိုင်နက်ကိုကျော်ပြီး Contiguous Zone ထိ လိုက်ဖမ်းနိုင်။

● Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်)
အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇၀ ကီလိုမီတာ/ ၂၃၀ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ Exclusive Economic Zones အတွင်း ထွက်သမျှသဘာဝသယံဇာတပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ရှာ အကုန်ပါ။

ခု အထက်ကဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက်အပြင် (အခြေခံမျဉ်းမှ ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာရေပိုင်နက် (International waters) လို့ခေါ်။


ပုံ (၀)

အထက်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို ပုံ (၀) တွင်ကြည့်။ အဲ့သလို အတိအကျသတ်မှတ်ထားပေမဲ့ (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်လို) အိမ်နီးချင်းနိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦးရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှ လုံလောက်တဲ့အကျယ်အဝန်းမရှိတဲ့အတွက် အငြင်းပွားမှုဖြစ်လေ့ရှိ။

ခု ဒီပြဿနာစဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ့် က (နှစ်နိုင်ငံ) အခြေခံမျဉ်းသတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာကန့်ကွက်ရာမှ စဖြစ်။

ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျနားလည်သွားပြီဆိုရင် ခုတရားရုံးကဆုံးဖြတ်ချက်မှတ်တမ်းမှာပါတဲ့ ဓာတ်ပုံတွေ ကို ကြည့်လို့ရပြီ။


ပုံ (၁)

ပုံ (၁) က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။


ပုံ (၂)

ပုံ(၂) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ (၂) အရ ဘင်္ဂလားဒေ့ရှ့်က ရေပိုင်နက် ဧရိယာပိုရဟု သတ်မှတ်နိုင်။


ပုံ (၃)

ပုံ(၃) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ ကမ်းရိုးတန်းဧရိယာ အကျယ်အဝန်း။ မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈၇ ကီလိုမီတာ)၊ ဘင်္ဂလားဒေ့ရှ့်  (၄၁၃ ကီလိုမီတာ)။


ပုံ (၄)

ပုံ(၄) က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။


ပုံ (၅)

ပုံ(၅) က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။


ပုံ (၆)

ပုံ(၆) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ် ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး (နောက်ဆုံး အတိုးအလျော့လုပ်ပြီး) သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ် မှတ်မျဉ်း။

ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ်ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက်သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူးဆိုတာ သိသာ ထင်ရှားစေတယ်။


ပုံ (၇)

ပုံ (၆) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့နေရာရှိတယ်။ အညိုရောင်ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ (၇) တွင်ကြည့်။ အဲ့တာဟာ နိုင်ငံတကာမှာ ထိစပ်နေတဲ့ ရေပိုင်နက်နယ်နိမိတ်တွေရှိတဲ့နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင်ဧရိယာအတွင်းလုပ်ပိုင်ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတကာနဲ့မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။


ပုံ (၈)

ပုံ (၈) က နှစ်နိုင်ငံပင်လယ်နဲ့ထိစပ်လို့ပိုင်တဲ့ ရေပိုင်နက်ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ (၃) ရဲ့သဘောတရားအတိုင်း မြန်မာက ကမ်း ရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့အတွက် ဧရိယာပိုရ၊ ဧရိယာပိုကျယ်ဟုဆိုနိုင်။


ပုံ (၉)

ပုံ (၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ (၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ်ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကိုနှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။

ပုံ (၉) အတိုင်း နောက်ဆုံးသတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ်သွားတာက စိန့်မာတင်ကျွန်း (St. Martin’s Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိ မိတ်မျဉ်းက သက်ရောက်မှုမရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂ လားဒေ့ရှ်ပိုင်လို့သတ်မှတ်လိုက်တယ်။

● နိဂုံး
စာရေးသူကိုယ်တိုင် ပင်လယ်ရေကြောင်းဝေါဟာရတွေနဲ့ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါ ဟာရအမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံးမှန်ကန်အောင်ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား “ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်” ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟ ဖြစ်နေ တာတွေကို ပျောက်စေလိုတဲ့အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့ က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကိုနားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့အချက်အလက်တွေကိုအခြေခံပြီး ကျနော့်အမြင်ကို တင်ပြရမယ်ဆိုရင် တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှုနဲ့အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမိုစိတ်ပါဝင်စားပြီး အမှန်အတိုင်းနားလည်လက်ခံနိုင်ကြပါစေ။
++++++

နောက်ဆက်တွဲ ရှင်းလင်းချက်။ ။ ရေပိုင်နက် အငြင်းပွားမှုဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့မင်းကဆိုရင် ဘာကြောင့် နိုင်ငံတ ကာ သတင်းတချို့မှာ “ဘင်္ဂလားနိုင်တယ်” လို့ ရေးလဲလို့မေးကြတယ်။ အဲ့ဟာကိုရှင်းရရင် ကိုယ့်တိုင်းပြည်ကိုခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့လို့ပြောရမယ်။ မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက် ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့တွေ့ပြီး သူ့အမြင်၊ တရားရုံးဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ပြောတယ် (ပြောနိုင်တယ်)။ အဲ့သလို ပြောတဲ့နေရာမှာ အမှန်ကိုအခြေခံပြီးပြောရပေမဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီဂုဏ်တက်အောင် ပြောရ တယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့သတင်းတွေ တက်ရခြင်းဖြစ်တယ်။

ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးတက်တယ်လို့ လက်လှမ်းမီသမျှသတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံပြောလေ့မရှိ၊ ပြောနိုင်တဲ့အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင်ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့အသိဉာဏ်လည်း (အစိုးရတစ်ဖွဲ့လုံးမှာ) မရှိ။

တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေခဲ့တဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေကလည်း သူတို့အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။

အဲ့တော့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့ သတင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။

Photo Source: wikipedia and itlos.org
Ref: ITLOS Final Judgement Report


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

22 Responses to မြန်မာ – ဘင်္ဂလားဒေ့ရှ့် အကြားအငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ်ပိုင်ဆိုင်မှု တရားရုံးဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်

  1. aeemondra on March 15, 2012 at 10:59 pm

    (။) ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးတက်တယ်လို့ လက်လှမ်းမီသမျှသတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံပြောလေ့မရှိ၊ ပြောနိုင်တဲ့အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင်ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့အသိဉာဏ်လည်း (အစိုးရတစ်ဖွဲ့လုံးမှာ) မရှိ။ (။)
    ဒက်ထိမှန်ကန်တဲ့ သုံးသပ်ချက် ဖြစ်ပါသည်။ စစ်အစိုးရအဆက်ဆက်က နှစ်(၆၀)ကျော် ဖိနှိပ်အုပ်စိုးပြီး ၊ ယူနီဖောင်းဝတ်/ချွတ်များသာ ကြီးစိုးလွှမ်းနေ၍ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ပညာရှင်များမရှိတော့ပါ။

    • taw thar gyi on March 16, 2012 at 7:30 pm

      နိုင်ငံကိုချစ်လို့…အစိုး၇တက်လုပ်နေတာမဟုတ်ဘူး..ကွ..
      ငါတို့က..ငါ့မိသားစုကောင်းစားရေးအတွက်လုပ်နေတာ..
      ဘယ်ကောင်တွေက..ဘာတွေယူ..ယူ..ငါတို့ခိုးထား
      ဓမြတိုက်ထားတဲ့..ဟာတွေလာမထိရင်တော်ပြီ..မြန်မာပြည်
      ပျက်ရင်နိုင်ငံခြားသွားနေမယ်..မြန်မာကိုထိတာ..ငါ့မိသားစု
      ကိုတာမဟုတ်ဘူး..အဲဒါ..ကြိုင်ကြိုင်ဝါဒ..ငါ့ဝါဒ..

      ပုံ သူခိုးဓမြ သန်းရွှေ

    • zawpyaesone on March 17, 2012 at 12:24 am

      ဟုတ်ပါ.။ ပြည့်သူ.၀င်ငွေနဲ.၀ယ်ထားတဲ.သေနတ်တွေက ကုလားတွေ အတွက်မဟုတ်ဘူးလေ။ဘုန်းကြီးနဲ.ကျောင်းသားတွေ အတွက်ဟာကို ။ သိသားနဲ. လာနောက်နေပြန်ပြီ။ ကုလားကြောက် သိန်းစိန် ဆိုတာသူပေါ.။

  2. maung maung myint on March 16, 2012 at 3:40 am

    really good artical.thank for your informations.

  3. myathidar on March 16, 2012 at 5:37 am

    စိန့်မာတင်ကျွန်း (St. Martin’s Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိ မိတ်မျဉ်းက သက်ရောက်မှုမရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂ လားဒေ့ရှ်ပိုင်လို့သတ်မှတ်လိုက်တယ်။
    စိန့်မာတင်ကျွန်းကို မြန်မာပိုင်ခဲ့တဲ့ သမိုင်းကို ဘယ်မှာဖတ်လို့ ၇နိုင် ပါလည်း။
    ထိုင်နေကောင်း ထမှကျိုး ဖြစ်နေသလား။
    စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ပါတယ်၊

    “မနက် က ကြားလိုက်ရကတည်း က အင်မတန် ကျနော် ယူကြုံးမရဖြစ်တယ်။ စိတ်မကောင်းဘူးဗျာ။ ကျနော့် သဘောထားကတော့ အများကြီး ဆုံးရှုံးတာပေါ့ဗျာ။ ဒီ နတ်မြစ်ဝ နဲ့က အပေါက်ဝ စိန့်မာတင် ကျွန်း အထိ တိုင်းထားတဲ့ ဥစ္စာဟာ ကျနော် တို့ ရေနက် ကြောင်း သာရာ Deep Water Channel လို့ ခေါ်တဲ့ ဟာ အပေါ် မှာ သဘောတူပြီးတော့ စာချုပ် ချုပ်ခဲ့တယ် လို့ ကျနော် နားလည်တယ်။ အဲဒီ အပေါ်မှာ မူတည် ပြီးတော့ က တိုင်းထွာလိုက်တဲ့ သွားမယ် ဆိုရင် ရေကြောင်းသာရာ Deep Water Channel ဟာ စိန့်မာတင် ကျွန်း ဘေးနား ကနေ ကပ်ပြီးတော့မှ နတ်မြစ် အပေါက်ထဲကို ဝင်တာပါခင်ဗျာ။ အဲဒီတော့ အခု ဒီဟာ ဒီရေနက် ကြောင်း သာရာ ဆိုတဲ့ သဘော မဟုတ်တော့ဘဲနဲ့ Equal distance ဆိုတဲ့ နှစ်ဖက် ကျနော် တို့ ဒီ ကမ်းရိုး တန်း က နေ ညီမျှတဲ့ အတိုင်း အတာ လုပ်လိုက်တဲ့ အခါကျတော့ သူတို့ ဘက် က ခုံးခုံး ကြီး ဆိုတဲ့ အခါ ကျတော့ မိုင် (၂၀၀) ပတ်လည် Exclusive Economic Zone တွေ ဘာတွေ လုပ်လိုက်တဲ့ အခါကျတော့ ဟာ ဒီမြေကြီးတွေ ပါသွားမှာပေါ့။”
    မန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်း ဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။

    လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့် ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။

  4. myathidar on March 16, 2012 at 5:43 am

    နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။
    ဘယ်အချိန်က ပိုင်ခဲ့ပါသလည်း၊
    ထိုင်နေကောင်း ထမှကျိုး ဖြစ်နေသလားလို့။

    • History Heritage* on March 16, 2012 at 11:56 am

      အင်္ဂလိပ်လက်အောက်ကျခဲ့တဲ့ ရှင်မဖြူကျွန်း အရေးတော်ပုံရဲ့ နောက်ဆက်တွဲ ရှုံးနိမ့်ချက်ဖြစ်ပါတယ်။

      May be owned by Burma in Ming Ton Dynasty , but was loosed in war with English (Burmese General Ma Har Bandoo La wars with English according to school history syllabus) ;
      in independence , leaders of New Burma probably can not demand to include into Union of Burma again -maybe due to English’s preference to give India because of royal servants to English and their abilities to please English .
      So, originally , maybe Burma’s.

      Respectable historians have to decide..
      အင်္ဂလိပ်လက်အောက်ကျခဲ့တဲ့ ရှင်မဖြူကျွန်း အရေးတော်ပုံရဲ့ နောက်ဆက်တွဲ ရှုံးနိမ့်ချက်ဖြစ်ပါတယ်။

      History Heritage..

    • mg han on March 16, 2012 at 2:38 pm

      အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ မတိုင်ခင်ထိ ပိုင်ခဲ့တယ်..:D

    • KWD on March 16, 2012 at 4:34 pm

      St. Martin Island is we (arakanese) called Ohn Kyun (coconut Island). This island was field Marshal Maharbandula flated again in British-Myanmar war 1. We studied middle school history about that.

  5. Oh! Myanmar* on March 16, 2012 at 5:59 am

    In independence , Myanmar loosed Andaman Islands to India , now St Martin Island to Bangladesh ;
    Oh! Myanmar , how about next !

    Patient ! Patient! Military Junta is saving country since 1962 , not yet finishing their tasks……………………

  6.ု့khin on March 16, 2012 at 7:12 am

    ဆိုကျပါဦးလား စစ်သီချင်း ဒို.မြေကို တစ်လက္မ အထိမခံပြီ ဒို.ေ၇ တစက် မှအထိမခံပြီ မိုင်၂၀၀ ပေးလိုက်၇တာ အသံတောင်မထွက်ဘူး တော်တော် ကြီးတော် တဲ. ခေါင်းဆောင်ကြီးတွေေ၇ ဘာလုပ်နေကျလဲ

  7. Set Htun on March 16, 2012 at 1:14 pm

    မြန်မာမရှုံးပါလို့ပဲ ပြောချင်ပါတယ်။
    Copy from Ko Zaw Naing Win Fb https://www.facebook.com/permalink.php?story_fbid=10150733839790428&id=606350427

    ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစမှာ ရှုပ်ထွေးနက်နဲလှတဲ့ကိစဖြစ်ပါတယ်။ ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ကိစကို ဥပဒေပညာရှင်များ၊ hydrographer ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ အားလုံး ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
    တိုင်းတာသည့် method များ တစ်နည်းထက်မကရှိပြီး ၀ိဝါဒကွဲပြားမှုရှိသည့် ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on the Law of the Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးပွဲကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာပါ။
    မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုကိစမှာ မြန်မာဘက်က မိမိတို့ အားသာတဲ့ နည်းလမ်း ဥပေဒ အကိုးအကားနဲ့ တောင်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနည်းအတိုင်းပါပဲ။ နှစ်ဘက်လုံးကတော့ တရားရုံးရောက်ပြီဆိုမှတော့ ရင်လောက်တင်မှ ဒူးလောက်ကျဆိုသလို အများဆုံးရနိုင်မဲ့ ဧရိယာကိုတော့ တောင်းကြမှာပါပဲ။ မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီးတောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီးတောင်းတယ်။ တရားသူကြီးတွေ အဆုံးအဖြတ်ပေးတဲ့အခါမှာ နှစ်ဘက်စလုံးတောင်းတဲ့အတိုင်းတော့ ရခဲ့တာမဟုတ်ပါဘူး။ ကိုယ်တောင်းတာမရလို့ ရှုံးတယ်လို့တော့ လွယ်လွယ် ပြောလို့မရပါဘူး။
    သိကြတဲ့အတိုင်းပါပဲ၊ ITLOS ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ တောင်းတာမရတာလို့ ရှုံးတယ်လို့ ပြောနေတာ၊ တောင်းတာရလို့ နိုင်တယ်လို့ ပြောနေတာတွေကို အသာထားပြီး ဒီလို သမာသမတ်ရှိတဲ့ ခုံရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူလက်ခံရပါမယ်။
    ဘင်္ဂလားဒေ့ရှ်က Domestic Politics အတွက် မီဒီယာတွေ အလုပ်ရှုပ်နေကြတာပါ။ သူတို့တောင်းတာ တွေထဲက တစ်ချို့ရလို့ သူတို့ဝမ်းသာတာ သူတို့အလုပ်ပါ။ သို့သော် မြန်မာကို သူတို့နိုင်တယ်လို့ ပြောလို့မရ ပါဘူးလို့ ယူဆပါတယ်။ မိမိဘက် အစဉ်အလာအရ မီဒီယာအားနည်းတော့ ဘင်္ဂလားဒေ့ရှ် ပြောတာကိုပဲ အဟုတ်ထင်နေကြပြီး ဆင်မဖြူကျွန်းကိုပဲ မြန်မာက ပေးလိုက်ရသလိုလို၊ ရေနံကွက်တွေပဲ ပေးလိုက်ရတော့မလိုလို ရေးနေကြတာပါ။ ဆင်မဖြူကျွန်းက လွတ်လပ်ရေးရကတည်းက ဘင်္ဂလားဒေ့ရှ်ပိုင်တာပါ။ မြန်မာက လက်ရှိလုပ်နေတဲ့ ရေနံကွက်တွေလည်း လွတ်တာကိုတွေ့ရပါတယ်။ ပြောရရင် ဘင်္ဂလားဒေ့ရှ်က ၂၀၀၈ ခုနှစ်မှာ လေလံတင်ခဲ့တာ ရေနံလုပ်ကွက်တွေလဲ အခုခုံရုံးရဲ့ ဆုံးဖြတ်ချက်အရဆို ကျွန်တော်တို့ ရလိုက်သလိုဖြစ်သွားပါတယ်။ ဂျာမန်တရားသူကြီးပြောသလိုပါပဲ နှစ်ဘက်စလုံး ရတာလဲရှိသလို စွန့်လွှတ်ခဲ့ရတာလည်း ရှိပါတယ်။
    သတိပေးချင်တာက ဒီအချိန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် ၁၉၇၄ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့တဲ့ ဌာနပေါင်းစုံမှ သက်ဆိုင်သူတွေ၊ မြန်မာကိုယ်စားလှယ် တွေကို မမေ့ဖို့ပါ. သူတို့တွေ အရမ်းပင်ပန်းခဲ့ပါတယ်။ သူတို့တွေ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ကြပါတယ်။
    ပါဝင်ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို Congratulations ပါခင်ဗျာ။

  8. NYEIN CHAN AYE on March 16, 2012 at 2:20 pm

    >> စိန့်မာတင်ကျွန်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးသူများ

    တရားရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက် မျဉ်း (ပုံ ၉) အရသာ ကျနော်က မြန်မာပိုင်တယ်လို့ ရေးရခြင်း ဖြစ်ပါတယ်။ အဲ့ကျွန်းပိုင်ဆိုင်မှုကို ဆုံးဖြတ်ရာမှာ အဲ့မျဉ်းက အကျိုးသက်ရောက်မှုမရှိပါ။ ဘာကြောင့် အကျိုးသက်ရောက်မှုမရှိသလဲဆိုတာကို တရားရုံးဆုံးဖြတ်ချက်မှာတော့ အသေးစိတ်ရှင်းထားပါတယ်။ သူ့ကို သီခြားအနေနဲ့ စဉ်းစားပြီး အကျိုးအကြောင်းတွေ ရှင်းထားပါတယ်။ အဓိက အကြောင်းကတော့ ကျနော် ဆောင်းပါးမှာ ရေးသလို အဲ့ကျွန်းကို မြန်မာဘက်ထည့်လိုက်ရင် ပုံ(၂) မျဉ်းရဲ့ အကျိုးသက်ရောက်မှု ယိုယွင်းလာမယ်။ အဲ့သလိုဖြစ်လာရင် ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အကြောင်းတွေ အများကြီး ရှိလာမယ်။ ဒါကြောင့် မလို့ သီးခြားစဉ်းစားတယ်။

    အစကတည်းကလည်း စိန့်မာတင်ကျွန်းက မြန်မာမပိုင်ပါ။ ဗြိတိသျှအင်ပါယာ ထဲ ဘင်္ဂလား (အဲ့တုန်းက အိန္ဒယ)၊ မြန်မာ နှစ်နိုင်ငံစလုံး မရောက်ခင်ကတော့ ဗမာပိုင်ခဲ့တယ်လို့ တချို့က ပြောကြတယ်။ ကျနော်အနေနဲ့တော့ အထောက်အထားပြစရာ မရှိပါ။ လွတ်လပ်ရေးရကတည်းကလည်း စိန့်မာတင် ကျွန်းပါမလာပါ။

    မှတ်ချက်ပေးသူ အားလုံးကို ကျေးဇူးတင်လျက်

    ငြိမ်းချမ်းအေး

    • Unclear on March 16, 2012 at 11:28 pm

      Hi!KO NYEIN CHAN AYE – thank for your article.

      Could you please explain some points unclear?

      1.In picture -3 , why is there one big island of Myanmar is outside of red line ? In Bangladesh , all their
      islands are within green line. So, can we say , drawing like that , we get reduced sea area ?

      2.In picture- 8, why is their (Bangladesh’s) vertical line is longer than Myanmar’ horizontal line ? Is
      there two different measurement standards from coastal line?

      3. Could you write about why St. Martin can not get back in independence and why
      Andaman big islands chains were given to India in independence after your literature
      surveying for these events?

      Thank a lot !

  9. mg han on March 16, 2012 at 2:37 pm

    ရှင်းတယ်..အဲလိုရှင်းရမှာ…ဒါထက် ၂နှစ်ကျော်လုံးလုံးရော..၁၄ရက်မတိုင်မှီရော ၁၄ရက်မှာရော ဘယ်မီဒီယာမှ ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိမပေး မဖြန့်ဝေခဲ့တာ ဘာကြောင့်လဲ

  10. maungmaunglulay on March 16, 2012 at 8:04 pm

    တော်တော်ကောင်းတဲ.ဆောင်းပါးလေးပါ။နားမလည်သေးတာတွေကိုနားလည်ရတာပေါ.။

  11. ပြုံး on March 16, 2012 at 8:28 pm

    မင်းတို့လက်ထက်ကျမှအကုန်လုံးပေးရရင်းဘယ်သူ့မှာတာဝန်ရှိလဲပြောကြပါအုံး။ရှက်လိုက်တာကွာ။တပ်မတော်ရယ်ဘာလုပ်နေလဲကွာ။မင်းတို့ပြောတော့အမိမြေကိုကာကွယ်မယ်ဟုတ်လား။ ဟင့်…တပ်မတော်ကိုဝင်ဘို့စိတ်တောင်ကုန်လာပြီး။နောက်ဆို၇င်းသားသားတို့ဘယ်သူ့မြေမှာနေလဲလို့မေးရင်းဘယ်လို့ဖြေမလဲ ကိုငြိမ်းချမ်းအေး…ခေတ္တမလေးရှာက သားသား

  12. သိကြား မင်း on March 18, 2012 at 2:14 pm

    ရှင်မဖြူကျွန်းမှာ အလံတက်စိုက် ခဲ့တဲ့ မဟာဗန္ဒူလ ကို အားနာလိုက်တာ 😡

  13. NYEIN CHAN AYE on March 21, 2012 at 8:31 am

    ခု နိုင်ငံတကာသတင်းတွေ ဇတ်နေတဲ့သူတွေဆို သိမယ်။ ဘင်္ဂလားဒေ့ရှ့် က သူတို့ တင်ပြတဲ့ ရေပိုင်နက် တိုင်းတာတဲ့ နည်း (Equity) က မြန်မာနဲ့ အငြင်းပွားတဲ့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလခုံရုံး ဆုံးဖြတ်ချက်မှာ ရှုံးသွားတော့ ခု သူတို့ အဲ့နည်းတဲ့အတိုင်း တင်ပြထားတဲ့ အိန္ဒိယ နဲ့ ဆက်ဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှုမှာ သုံးလို့မရတော့ ခုံရုံးမတက်ပဲ နောက်ဆုတ်မလားဆိုပြီး မေးခွန်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ခုံရုံးကနေ နောက်တော့ မဆုတ်ဘူး၊ အိန္ဒိယ နဲ့ နှစ်နိုင်ငံ အကြိုသဘောတူ ဆွေးနွေးပွဲတွေမှာ ပြီးခဲ့တဲ့ ခုံရုံးမှာ အနိုင်ရခဲ့တဲ့နည်း (မြန်မာဘက်က တင်ပြတဲ့နည်း) Equidistance ကို အခြေခံပြီး ပြောင်းပြီး ဆွေးနွေးမယ် ဖြစ်သွားရတယ်။

    • Another gain* on March 21, 2012 at 1:40 pm

      Appreciate your goodwill reports ; you are fair writer as much as you can.

      But in another facet/thought , could it say Bangladesh gets another gain from Myanmar?

      Because , by Myanmar teaching to them not to use this method to dispute with India , so they can avoid defeat beforehand (now in court) , otherwise they may loss more or less win with India .

      So, due to thankfulness to Myanmar , one can assume they get another gain (by product)!

      It may be another big prize for them.

      Seem Ah Lar still bless to them.

  14. NAI KYAW SEIN on March 21, 2012 at 6:58 pm

    ငြိမ်းချမ်းအေးေ၇ ခင်ဗျား၇ှင်း၇တာမော၇င်ေ၇အေးလေးတခွက်လောက်တိုက်ပါ၇စေ။ဒီကိစ်စမဖြစ်ခင် ပြည်သူတွေကို သတင်းအမှောင်ချထားတယ် ယခုမှဘာဖြစ်လို.၇ှင်းနေ၇တာလဲ။ မလေး၇ှားေ၇ာက် ပြုံးေ၇ ဒီအစိုး၇ ဒီစစ်တပ်လက်ထက်မှာ ၇ခိုင်ဘက်ကလည်းအပနား(ကုလား)တွေသိမ်းပြီ ပြည်တွင်းမှာလည်း အမ်းကုံး(တ၇ုပ်)တွေသြဇာကြီးထွားလာနေပြီ သိမ်းတော့မယ် နောင် အိမ်ပြန်၇င် လွယ်ကူအောင် ကုလားပတ်စပုပ် ဒါမှမဟုတ် တ၇ုပ်ပတ်စပုပ် မြန်မြန်လုပ်ထားနော်

  15. Diganta on March 21, 2012 at 8:50 pm

    Is there an English version of this?

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်