NLD ခေါင်းဆောင်၏ မကွေး ဟောပြောပွဲအတွက် ကွင်းမရသေး

March 16, 2012
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Yangon Press International
မတ်လ ၁၆၊ ၂၀၁၂

တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးမြို့ ဟောပြောပွဲအတွက် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီ အနီးတွင် ပြင်ဆင်ထားသည် (ဓာတ်ပုံများ – ဆိုင်းဆွတ်/Yangon Press International)


လာမည့် မတ်လ ၂၇ ရက်နေ့ တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် မကွေးမြို့သို့ ကွင်းရရှိရန်အခက် အခဲဖြစ်နေသောကြောင့် ကြိုးစားနေဆဲဖြစ်ကြောင်း မကွေးမြို့ NLDအောင်နိုင်ရေး ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်က ပြောသည်။

“အခုကြားတာက တိုင်းကော်မရှင်ရုံးက ကွင်းကို ခွင့်ပြုလိုက်ပြီးလို့ ပြောတယ် ၊ဒါပေမယ့် ၀န်ကြီးချုပ်က ကွင်းအခြေ အနေသွားကြည့်နေဆဲ၊ စစ်ဆေးနေဆဲ ပေးမပေး မသေချာသေးဘူး”ဟု ဆိုသည်။

မကွေးတိုင်း ခရီးစဉ်အတွက် မြသလွန် ဘုရားပွဲ နှစ်စဉ်ကျင်းပရာ ဧရာဝတီ မြစ်ကမ်းနဖူးရှိ နံကပ်ကျွန်း ကျေးရွာပိုင်ကွင်း ကို လျှောက်ထားရာ အဆိုပါကွင်းကိုပိုင်သည့် ဘုရားဂေါကပအဖွဲ့က ခွင့်ပြုချက်ပေး ခဲ့သည်။

သို့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်က ယခုချိန်ထိခွင့်ပြုချက် မပေးသောကြောင့် စီစဉ်ရန်အခက် အခဲဖြစ်ကြောင်း ၎င်းက လက်ရှိအခြေအနေကို ရှင်းလင်းပြောပြသည်။

အဆိုပါကွင်းသည် ၁၉၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ဦးအေးလွင် နှင့်အဖွဲ့က ယခင်က ဟောပြော ပွဲများ ကျင်းပခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) စည်းရုံး ဟောပြောခွင့်ရရှိထားသည့် ကွင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့က အရင်က စည်းရုံးခွင့်ရထားတဲ့ အကြောင်းတွေလည်း တင်ပြထားတယ်၊ အခုနေပြည်တော်က ကော်မရှင်ရုံးကိုလည်း တင်ပြထားတယ်၊ ဒီကွင်းပဲရအောင် ကြိုးစားသွားမယ်၊ နောက်ဆုံး ခွင့်ပြုချက်မပေးရင် (NLD) ဗဟိုကိုရော၊ အာဏာပိုင်တွေနဲ့ ပတ်သက်ရင် အခြားအဆင့်မြင့် ဋ္ဌာနတွေပါ တင်ပြသွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကွင်းကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးလှအောင်အား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ကွင်းကိစ္စနှင့်ပတ်သက်၍ တစုံတရာ သိရှိထားခြင်း မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဧ။် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လ လဆန်းပိုင်းမှစ၍ လူထုစည်းရုံးရေးခရီးစဉ်များ နိုင်ငံအနှံ့ သွားလျက်ရှိရာတွင် လူထုဟောပြောပွဲ ကွင်းနေရာနှင့် ပတ်သက်ပြီး အဖုအထစ်များ မကြာခဏ ကြုံတွေ့နေရသည်။

၎င်းတို့ထဲမှာ မန္တလေးတိုင်း ခရီးစဉ်တွင် တောင်းဆိုသည့် ကွင်းမရရှိခြင်းကြောင့် ရွေ့ဆိုင်းခဲ့ရပြီး မော်လမြိုင် ခရီးစဉ်တွင်လည်း ဟောပြောပွဲ ကျင်းပလိုသည့် သံလွင်ဥယျာဉ် ကွင်းအစား ၆မိုင်ကျွဲခြံကွင်းသာ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့သည်။

 

လားရှိုးတွင် ဟောပြောမည့်နေရာ
မူရင်း – Yangon Press International – http://www.facebook.com/ygnpress

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်