ဦးအောင်မြင့်(ဘိုကလေး)ကို စိတ္တဇ ဆေးရုံသို့ မတရား ပို့ – U Aung Myint of NLD

March 18, 2012

ဇာဏီ/Burma VJ Media Network
မတ် ၁၈၊ ၂၀၁၂


အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အကျဉ်းသား ဝတ်စုံနှင့် သံခြေကျင်းကို ဝတ်ဆင်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဘိုကလေးမြို့မှ ဦးအောင်မြင့်သည် မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ကို ရောက်ရှိလာစဉ် နေ့လည် ၃း၀၀ နာရီအချိန်မှာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိပါသည်။ ဦးအောင်မြင့်၏ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကိုပါ တပါတည်း ခေါ်ဆောင်သွားခဲ့ပါသည်။

ဦးအောင်မြင့် နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို မတ်လ ၁၆ ရက်နေ့ နေ့လည် ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီး ဦးအောင်မြင့်ကိုတော့ ရွာသာကြီး စိတ္တဇဆေးရုံကို ဒုရဲအုပ် ဇော်မိုးက သွားရောက်ပို့ဆောင်ခဲ့ပါသည်။ စိတ္တဇ ဆေးရုံမှာ ဦးအောင်မြင့်ကို ရိုးရိုးလူနာဆောင်မှာ လူနာပြည့်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မှုခင်းအဆောင် (စိတ္တဇ ဝေဒနာရှင်တွေ မှုခင်းဖြစ်ပွါးလျှင် ထားသည့်အခန်း) မှာ ထားရှိသည်ဟု သိရှိရပါသည်။

လာမည့် မတ်လ ၁၉ ရက်နေ့ နေ့လည် ၁၁း၀၀ နာရီမှာ ဆေးရုံမှ ဆရာဝန်တွေက အစည်းအဝေးထိုင်ပြီး ဦးအောင်မြင့်ကို ရောဂါရှိ/မရှိ စစ်ဆေးမှာဖြစ်ပါသည်။ စိတ္တဇဆေးရုံမှ တာဝန်ကျဆရာဝန်က လာမည့် တနင်္လာနေ့မှာ စစ်ဆေးလို့ ရောဂါ မရှိဘူးဆိုရင် အုပ်ထိန်းသူထံ ပြန်လည် အပ်နှံမှာ ဖြစ်တယ်၊ ပြန်အပ်မယ်ဆိုတာက လာရောက်ပို့ဆောင်ပေးသည့် ဒုရဲအုပ် ဇော်မိုးကိုပဲ ပြန်အပ်မလားဆိုတာ တနင်္လာနေ့ကျရင် လာကြည့်ရမယ်။ အပြစ်မရှိတဲ့ လူကို ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားပြီး သူတို့အပြစ် ဖုံးကွယ်ချင်တဲ့အနေနဲ့ ဦးအောင်မြင့်မှာ စိတ်ရောဂါ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို စိတ္တဇ ဆေးရုံကို ပို့လိုက်တာဟာ ဦးအောင်မြင့်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်လို့ စိတ္တဇ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့သည့် မိသားစုဝင်တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

အကျဉ်းသားဝတ်စုံ အပြာရောင်ဝတ်ဆင်ထားခြင်းဟာ ရာဇဝတ်မှုမမြောက်ပေမဲ့ ဒုရဲအုပ် ဇော်မိုးက ထိုဝတ်စုံကို အတင်းအဓမ္မ ချွတ်ပစ်ခဲ့တယ်လို့လဲ သိရှိရပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

2 Responses to ဦးအောင်မြင့်(ဘိုကလေး)ကို စိတ္တဇ ဆေးရုံသို့ မတရား ပို့ – U Aung Myint of NLD

  1. NAI KYAW SEIN on March 19, 2012 at 10:26 am

    ဒုရဲအုပ်ဆော်မျိုး ခင်ဗျား ဦးအောင်မြင့်ကိုဖမ်းပြီး စိတ်တဇဆေးရုံပို.တာဟာသဘာဝမကျဘူး ခင်းဗျားသိပ်စေတနာထားတယ်ဆို၇င် မြန်မာပြည်တလွှားနေ၇ာအနှ.ံအမှန်တကယ်စိတ်ဝေတနာခံစားနေ၇တဲ့သူတွေ အနာကြီးေ၇ာဂါသည်တွေလမ်းမပေါ်မှာဒုနဲ.ဒေးပါဘဲ အဲဒါတွေခင်ဗျားသွားခေါ်သွားဖမ်းပြီးဆေးကုပေးပါတော့လား ကျုပ်ဝေဖန်တာမဟုတ်ဘူး အမှန်ကိုပြောတာ ၊တိုင်းပြည်အုပ်ချုပ်နေတဲ့လူကြီးမင်းများကိုပြောချင်တာတော့ အမှန်တ၇ားဘက်ကရှုမြင်ပေးပါ ဒီလိုပြော၇တာ ကျုပ်ငွေ၇လို.မဟုတ်ပါ အမှန်တ၇ားအတွက်စေတနာပါ

  2. Mon on March 20, 2012 at 10:09 am

    AGREE with Nai Kyaw Sein, and CONDEMN that POLICE officer who arrested innocent protester, U Aung Myint who didn’t do anything wrong, but just tried to express what he wanted which is one of the rights in democratic society…If Myanamr Government is going to Democratic Government, the thing like that shouldn’t be occured!!!! We are fed up of seeing and hearing the news like this! STOP ALL FORMS OF ABUSES!!!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်