အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ

March 21, 2012

အရှင်ပညာနန္ဒ
မတ်လ ၂၁၊ ၂၀၁၂
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက စစ်အဏာရှင်တွေရဲ့ လူမဆန်စွာဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ နယ်သံဃနာယက ဥက္ကဋ္ဌဟောင်းဆရာတော်ဦးကောဝိဒဟာ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်ကြည့်တာကိုခံနေရတဲ့အတွက် စိတ်အအနှောက်အ ယှက်ဖြစ်ရကြောင်း အင်တာဗျူးတွေကတဆင့် ကြားသိနေရလို့ ဆရာတော်အတွက် တပည့်ရဟန်းသံဃာတော်တွေနဲ့ ဒကာ ဒကာမတွေ စိတ်ပူနေကြရပါတယ်။ ထောက်လှမ်းရေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဘုန်းကြီးကျောင်းဝင်းထဲအထိဝင်လာပြီး အင်အားပြ ခြိမ်းခြောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ဟာ စတင်အဖမ်းခံရကတည်းက လက်သီးနဲ့ ထိုးတာ၊ ရိုက်တာတွေခံခဲ့ရပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော်ကို ပြည်ထဲရေးဝန်ကြီးဌာရုံးကိုခေါ်ဆောင်သွားပြီး သင်္ကန်းကိုအတင်းချွတ်ခိုင်းခဲ့ပါတယ်။

ဆရာတော်အနေနဲ့ ဘာမှအပြစ်မရှိတဲ့အတွက် သင်္ကန်းမချွတ်နိုင်ဘူးလို့ပြောတဲ့အခါ အာဏာရှင်တွေက မင်းရဲ့အမိန့်ဆိုပြီး အတင်းချွတ်ခိုင်း ကြောင်း၊ ကျောင်းတိုက်မှာ အဖမ်းဆီးခံရကတည်းက မျက်နာကိုလက်သီးနဲ့အထိုးခံထားရတဲ့အတွက် ငြင်းဆန်နေရင်လည်း ဘာမှထူးမှာမ ဟုတ်တဲ့အတွက် သင်္ကန်းချွတ်ပေးလိုက်ရကြောင်း၊ သင်္ကန်းအတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာဖြစ်တယ်။ ထောင်ထဲမှာနေခဲ့ရပေမယ့် ဘုန်းကြီးဘ၀နဲ့ရှိနေတုန်းဘဲလို့ မိန့်ကြားပါတယ်။

အဆိုးဆုံးကတော့ ထောင်ထဲမှာစိတ်ဝေဒနာရှင်တွေနဲ့ရောပြီးထည့်ထားလို့ စိတ်ဝေဒနာရှင်တွေရဲ့ ရိုက်နှက်တာတွေကိုလည်းခံခဲ့ရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ၂၀၀၇ ခုနှစ်၊ စက်တင်္ဘာလ ၂၉ ရက်နေ့မှာအဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် (၁၀) လပိုင်းရောက်မှ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ် ၄ နှစ်နဲ့  ၃ လ ချမှတ်တာခံခဲ့ရပြီး ရှေ့နေလည်း ငှားရမ်းခွင့်မရ။ ချုပ်နှောင်ခံထားရတဲ့တစ်နှစ်အတွက်လည်း လျော့ရက်လည်းမရခဲ့ကြောင်းသိရပါတယ်။ ဆရာတော်ဦးကောဝိဒဟာ ရခိုင်ပြည်နယ်၊ ပေါက် တောမြို့ဇာတိဖြစ်ပြီး ရန်ကုန်ဒဂုန်မြို့သစ်အရှေ့ပိုင်း၊ တက္ကသီလာ မဟောဇေယျသိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်ရဲ့ ဦးစီးပဓာနနာယကဆရာတော် လည်းဖြစ်ပါတယ်။ ဆရာတော်ရဲ့စစ်ကြောရေးအတွေ့အကြုံ၊ ထောင်တွင်းအတွေ့အကြုံများကို ဆရာတော်ပြန်ပြောပြတဲ့အတိုင်း အနည်း ငယ်တည်းဖြတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

● စစ်ကြောရေးအတွေ့အကြုံ၊ ထောင်အတွေ့အကြုံများ
၂၀၀၇ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယက ဂိုဏ်းပေါင်းစုံစည်းကမ်းထိမ်းသိန်းရေးအဖွဲ့ဝင် ဒွါရဂိုဏ်းကပါ။ ဓါတ်ဆီ တဂါလံကို ၁၅၀၀ ရောင်းနေရာကနေ သုံးထောင်တင်လိုက်တော့ ဦးဇင်းလေးတွေကနေပြီး ဆွမ်းခံထွက်ရင် ကားခတောင်းတယ်။ တင်လည်းမတင်တော့ဘူး။ ဒကာ ဒကာမတွေလည်း စားဝတ်နေရေးဈေးကြီးပြီး အခက်အခဲတွေတွေ့ကြတယ်။ ဘုန်းကြီးတွေက ရွှေတိဂုံ ဘုရားကနေစတာပေါ့။ ရွှေတိဂုံဘုရားမှာ စုပြီးတော့သွားကြတာပေါ့။ ကလေးတွေပေါ့။ ဘုန်းဘုန်းတို့ကတော့ မပါပါဘူး။ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆိုတော့ မပါဘူး။ စာသင်သားတွေပေါ့။ သွားကြလာကြ၊ အရေးအခင်းကြီးတွေဖြစ်တော့ ဘုန်းဘုန်းတို့ကို တိုင်းဥက္ကဋ္ဌ ဆရာတော်တွေက တင်းတာပေါ့။ တင်းပြီးတော့၊ မြို့နယ်တိုင်းမှာ တော်တော်လေး ဖြစ်နေကြပြီ၊ အဲဒီတော့ မြို့နယ်သံဃာ့နာယက ဆရာတော်တွေက ထိန်းကြပေါ့။ တချို့မြို့နယ်မှာလည်းပဲ ပရိတ်မရွတ်ရသေးဘူးဆိုရင် တနေ့လောက်တော့ရွတ်ပေါ့။ နောက်နေ့တွေ ဆက်တိုက်မရွတ်နဲ့။ တိုင်း ဒုဥက္ကဋ္ဌဆရာတော်က အဲဒီလိုအမိန့်ရှိတယ်။ အမိန့်ရှိတော့ ဘုန်းကြီးတို့က ကိုယ့်မြို့နယ်ရောက်တော့ စာတွေ ဘာတွေရိုက်ပြီး ကျောင်းတိုင်းပို့တာပေါ့၊ မြောက်ပိုင်း ၇၊ ၈ လမ်းဆုံမှာစုပြီးတော့ မြို့ဦးစေတီ အရောက်ပေါ့။ ဖိနပ်လည်းမစီးဘူး။ အဲဒီ ပရိတ်ရွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၉ လပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ရွတ်ကြတာ။ ဘုန်းဘုန်းတို့လည်း တိုင်းက မှာတဲ့အတိုင်းပေါ့။ တရက် ရွတ်တာ။ ဒါပေမယ့် သံဃာအငယ်တွေကတော့ ထိန်းလို့မနိုင်ဘူး။ ရွှေတိဂုံဘုရားသွားလိုက်၊ ကြေးသွန်းဘုရားသွားလိုက်၊ ထိန်းလို့မနိုင်ဘူး။ မြို့နယ်တိုင်းမှာစုပြီး သွားကြတာပဲ။ ဒါကတော့ ကလေးတွေကိုး။ လူကြီးတွေ သွားတာမတွေ့ပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ရက်နေ့ လောက်မှာ ဘုန်းဘုန်းတို့ကျောင်းကို မနက် ၆ နာရီ ၁၀ မိနစ်မှာ စစ်တပ် တပ်မ ၇၇ က အလုံးအရင်းနဲ့ ၀င်စီးတာ။ ရဲတပ်ရင်းတွေလည်းပါတယ်။ ကျောင်းပေါ်ကိုတက်လာတဲ့ စစ်သားတွေဟာ အကုန်လုံးမူးမူးရူးရူးနဲ့။ လူမှန်းသူမှန်းကိုမသိဘူး။ ဘုန်းကြီးတွေကို ခေါင်းကိုရိုက်တယ်။ ကျောင်းသားတွေကို ရိုက်ထုတယ်။ တချို့ကျောင်းသားတွေ ကွဲတယ်။ သွေးတွေတောင်မှ ခုထက်ထိ ရှိသေးတယ်။

ဘုန်းဘုန်းတို့ကျောင်းမှာရှိတဲ့သေတ္တာတွေကိုဖွင့်တယ်။ သေတ္တာတွေထဲကပစ္စည်းတွေ၊ ကင်မရာတွေ၊ ကက်ဆက်တွေ၊ ရေဒီယိုတွေ နောက် ကျောင်းသားလေးတွေ အပ်ထားတဲ့ မလေးရှားတို့ စင်ကာပူတို့ သွားလို့ အပ်ထားတဲ့ သေတ္တာတွေထဲကပစ္စည်းတွေ အကုန်ယူတာ၊ သေတ္တာ တလုံးယူတယ်။ ဘုန်းဘုန်းကျောင်းဆောက်နေတယ်။ ထိုင်ဝမ်က တရုတ်တွေက ဒေါ်လာ ၁ သောင်းလှူထားတယ်။ ဒေါ်လာ ၄ ထောင် လောက်ကျန်တယ်။ မြန်မာငွေက ၈ သောင်းပေါ့။ အဲဒါတွေကိုနှိုက်ပြီး ယူသွားတယ်။ ဘဏ်စာအုပ်တွေကိုလည်း သိမ်းသွားတယ်။

နောက် တရားရုံးရောက်တော့ ဘဏ်စာအုပ်တွေကို ပြန်ပေးတယ်။ ပိုက်ဆံတွေတော့ တပြားမှပြန်မရဘူး။

သူတို့လာဖမ်းတဲ့အချိန်မှာ ဘုန်းကြီးမျက်နှာကြက်မှာတက်ပုန်းနေတယ်။ နောက်ကလေးတွေကိုရိုက်မေးတော့ ဘုန်းကြီးမျက်နှာကြက်မှာ ဆိုတော့သူတို့ သေနတ်တွေနဲ့ချိန်ပြီး တက်လာတော့ ဆင်းလာတယ်။ ဆင်းလာတဲ့အချိန်မှာ ဘုန်းဘုန်းကို နောက်ပြန်လက်ထိတ်ခတ်ပြီး လက်သီးနဲ့ပိတ်ထိုးတယ်။ ခုတောင် ဒဏ်ရာတွေရှိသေးတယ်။ မျက်စေ့မှာ၊ မျက်သားတက်တဲ့ဒဏ်ရာ။ ဘုန်းဘုန်း ကလေးတွေကို တား လည်းတားတယ်။ သိပ်မသွားကြနဲ့တော့ ဖမ်းလိမ့်မယ်။ အမိန့်တွေလည်း ထုတ်ပြီးပြီ။ တပါး ၂ ပါးကတော့သွားတယ်။ နောက်ဆုံးတော့ ဘုန်းဘုန်းကို ဒီမြို့နယ်မှာ အမိန့်ထုတ်တယ်။ နှစ်ပါးဖမ်းတယ်။ ဖမ်းတဲ့နေ့သင်္ကန်းချွတ်ပြီး အင်းစိန်ထောင်တိုက်ရိုက်ပို့တာပဲ။ အဲဒီတုန်းကဘုန်းဘုန်းကျောင်းမှာစာသင်သား သံဃာ (၇၀) လောက်ရှိတယ်။ သင်္ကန်းအတင်းချွတ်တယ်။ ဒါလည်း အတင်းပါပဲ။ အတင်းချွတ်ခိုင်းတာ။ဘုန်းကြီးတို့က ချွတ်ရတာပဲလေ။ သူတို့က လက်နက်နဲ့ ချိန်ထားတာကိုး၊ အင်းစိန်ထောင်ရောက်သွားတော့လည်း ခြင်ထောင်မရှိဘူး။ ခြင်တအားကိုက်တယ်။ ကျွေးတာမွေးတာလည်း ဘုန်းကြီးတို့က အကောင်းစားနေတာ။ အင်းစိန်မှာ တပါတ်မှာ နှစ်နပ်လောက်ပဲကောင်းတာ။ ကျန်းမာရေး အရရော၊ စိတ်ဓါတ်ရေး အရရော၊ အင်းစိန်ထောင်မှာ ဖမ်းထားတာ တော်တော်လေးကို ဒုက္ခရောက်တယ်။

အင်းစိန်ထောင်မှာကျနေတုန်း တပွင့်နဲ့ တယောက်က ဦးဇင်းကို လက်သီးနဲ့ထိုးတယ်။ လက်ကိုထိုးတယ်။ ထိုးရတဲ့အကြောင်းရင်းက ဘုန်းဘုန်းကျောင်းကနှစ်ပါးပါလာတယ်။ သူက ပရိတ်ရွတ်တုန်းကပါတဲ့ အပါးသုံးဆယ်နာမည်တွေကို ရေးခိုင်းတယ်။ ဖမ်းတဲ့အထဲမှာ ဘုန်းဘုန်း ကျောင်းကတပါးလည်းပါတော့ သူကတော့ အကုန်ရေးနိုင်တာပေါ့။ ဘုန်းဘုန်းကတော့ မရေးနိုင်ဘူး။ ပြည့်အောင် ဖြည့်ပြီးရေးတာကိုး။ အဲ လိုဆိုတော့ ဟိုဦးဇင်းနဲ့မတူတော့ ညာပြောတယ်ဆိုပြီး စစ်နေတုန်းအချိန်မှာ လက်သီးနဲ့ထိုးတယ်။ စရဖကလည်း လာစစ်တယ်။ မတ်တပ်ရပ် ခိုင်းထားတယ်။ သူတို့ကတော့ သင်္ဃန်းချွတ်လိုက်ပေမယ့် ဘုန်းဘုန်းတို့မှာ သိက္ခာမှမချပဲ။ သူတို့ သာမန်လူတယောက်လောက်တောင် မဆက်ဆံဘူး။

ဒီလောက်လေးနဲ့သာသနာကို ရက်ရက်စက်စက်လုပ်တော့ ဘုန်းကြီးတို့စိတ်မကောင်းဖြစ်နေတာပေါ့။ အထက်ကလူလည်းပဲ ဒီလောက်ထိ ခိုင်းမယ်လို့ မထင်ဘူး။ လုပ်တဲ့သူက မူးမူးရူးရူးနဲ့လုပ်တာလို့ ထင်တယ်။ အေးအေးဆေးဆေး ခေါ်လာလို့ရပါတယ်။ အခုတော့ ဘုန်းကြီးက သင်္ဃန်းဝတ်ကြီးနဲ့  ကားမှာဝပ်ပြီးလိုက်ရတာ။ သူတို့က ထိုင်ပြီးလိုက်လာတာ။ ကားပေါ်မှာ ထိုင်လိုက်လာတာက စစ်သားတွေ၊ ဘုန်းဘုန်းတို့ သိက္ခာတောင်မချရသေးပဲ အဲလိုဆက်ဆံတာကတော့ အန်မတန်ဘာသာရေးမှာ ရိုင်းစိုင်းမှုရှိတယ်လို့ ယူဆတယ်။ စစ်ကားပေါ်မှာ ၀ပ်နေရ တယ်။ လက်ထိပ်ကြီးနဲ့ သွေးတွေတောင်ထွက်တယ်။ တင်းလွန်းလို့။ သံလက်ထိပ်နဲ့ ဦးဇင်းနှစ်ပါး အောက်မှာ ၀ပ်ထားခိုင်းတာ။ သိက္ခာလည်း မချရသေးဘူး။ သင်္ဃန်းလည်း မချွတ်ရသေးဘူး။ မြင်တာက ဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီး လုပ်လို့မှမရပဲ။ သာသနာမှာမ ဟုတ်ဘူးလား။ ကောင်းကောင်းမွန်မွန်ခေါ်ရမယ်။ ကောင်းကောင်းမွန်မွန်ခေါ်ပြီး ဆရာတော်ကြီးတွေနဲ့ သိက္ခာချခိုင်းရမယ်။ လူရိုင်းသဘော မျိုးဖြစ်နေတယ်။ သူတို့လုပ်တာက။

ထောင်ထဲမှာ သူတော်ကောင်းတွေလည်းရှိတယ်။ ဆရာတော်ခေါ်တာမျိုးလည်းရှိတယ်။ ရှိခိုးတယ်။ တချို့ရဲတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ သူတို့ သဘောတရားတွေကိုလည်း အကုန်လုံးနားလည်တယ်။ ဘုန်းဘုန်းတို့က အကုန်လုံးကိုမပြောပါဘူး။ ယုတ်မာတဲ့သူရှိ သလို သူတော်ကောင်းတွေလည်းရှိတယ်။ ညွှန်ချုပ်တွေလည်း ဆရာတော်ခေါ်တယ်။ သင်္ဃန်းမရှိပေမယ့်။ သုံးပွင့်နဲ့ ၀န်ထမ်းတွေလည်း ဆရာတော်၊ ဆရာတော်ကြီး အဲလိုခေါ်တယ်။ ဒါသူတို့ရဲ့ ဟိုဥစ္စာပေါ့။ ဘာသာရေးအပေါ်မှာ ယုံကြည်ချက်ပေါ့။ တချို့ကတော့ ဘုန်းကြီး မဟုတ်တော့ဘူးဆိုပြီး အဲလိုလုပ်တာ။

သူတို့အနေနဲ့ ဘယ်ဥပဒေနဲ့ကြည့်ကြည့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်။ မြို့နယ်သံဃနာယကတပါးကို အမှုလုပ်မယ်။ စစ်ဆေးမယ် ဆို တိုင်းသံဃာ့နာယကကတဆင့်သာ လုပ်ရမယ်။ အခုက သူတို့က ပြောင်းပြန်ဖြစ်နေတယ်။ သူတို့လုပ်ပြီးမှ တိုင်းသံဃနာယက တွေကို ခေါ်ပြီးတော့ တဖက်သတ် ဒီဘုန်းကြီး ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အမျိုးမျိုးလုပ်ပြီးတော့ အထက်ကို တင်ပြတယ်။ ဘုန်းဘုန်းတို့က ဒီ လောက်ကြီး အပြစ်ရှိတာမဟုတ်ဘူး။ ၀ိဘဇ္ဖ ၀ိဉာဏ ဉာဏ်နဲ့ စဉ်းစားကြည့်ရင် ဟုတ်လား။ ဥပဒေ အတိုင်းလုပ်သင့်တယ်။ အခုက ဥပဒေကို မျက်ကွယ်ပြုပြီး ဒီလိုလုပ်တယ်လို့ ဘုန်းဘုန်းတို့ ယူဆတယ်။ အေးအေးဆေးဆေး ခေါ်လို့ရတယ်။ အဲလိုမဟုတ်ပဲ အခုလိုလာခေါ်တာက ခွေးရူးနဲ့တူတယ်လို့ ပြောချင်တယ်။ လူကောင်းတွေကို မစော်ကားဘူး။ ခွေးရူးတွေက ကိုယ့်ကိုကျွေမွေးထားတဲ့သခင်လည်း မသိတော့ဘူး။ ကိုက်မှာပဲ။ အပြစ်ရှိလား မရှိလား မစဉ်းစားတော့ဘူး။ ကိုရင်တွေ့ရင် ကိုရင်ရိုက်၊ ရှိတဲ့ပစ္စည်းကိုယူ။ အဲဒီပစ္စည်းတွေကလည်း တရားရုံးဆုံး ဖြတ်တဲ့အခါ မီးရှို့တဲ့အထဲကို ထည့်လိုက်တယ်။ ပစ္စည်းကောင်းတွေကို၊ မီးရှို့ဖျက်ဆီးတယ်ဆိုပြီး ထည့်လိုက်တယ်။ ကျောင်းသားအ၀တ် အစားတွေပဲ၊ ကျောင်းသားသေတ္တာတွေကို၊ ကျောင်းဆိုတာက တောထဲမှာနေတဲ့ ပုဂ္ဂိုလ်မှမဟုတ်ပဲ။ တောရဆောက်တည်နေတဲ့ ပုဂ္ဂိုလ်မှ မဟုတ်ပဲ။ မြို့မှာနေတာဆိုတော့ ဒီဘုရားတောင်မှ စရိယ သုံးပါးကျင့်ခဲ့တာပဲ။
အထဲမှာနေရတော့လည်း တချို့ထောင်ပိုင်တွေက ဘုန်းဘုန်းတို့ကို ဘုန်းကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒီဘုန်းကြီးတွေဟာပရိတ်ရွတ် တာပဲ။ ရာဇ၀တ်မှုမှမဟုတ်တာဆိုပြီး ကောင်းကောင်းဆက်ဆံပါတယ်။ တချို့က အဲလို မဟုတ်တာလည်းရှိတယ်။

အင်းစိန်မှာ ၁၃ လနေခဲ့ရတယ်။ အမှုကပြီးတယ်။ ဒါပေမယ့် ဆုံးဖြတ်တာက အကြာကြီးနေမှဆုံးဖြတ်တာ။ ၂၀၀၇ စက်တင်ဘာမှာ ဖမ်းတာ ကို ၂၀၀၈ ဆယ်လပိုင်းမှဆုံးဖြတ်တာ။ အမိန့်ချတဲ့တရားသူကြီးက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာကို မရေးလိုက်ဘူး။ အဲဒါကြောင့် လွတ် တဲ့အခါ နောက်ကျနေတာ။ မေးကြည့်တော့ တချို့တရားသူကြီးတွေက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာရေးတယ်။ တချို့က မရေးဘူး။ အဲဒါကြောင့် အင်းစိန်ထောင်မှာ နေတဲ့ရက်တွေ အလကားဖြစ်သွားတာပေါ့။

ပုဒ်မက ၅၀၅ (ခ) နဲ့ ဘုန်းကြီးတိုင်းကို တပ်တာပဲ။ သာသနာ ညှိုးနွမ်းမှု၊ နောက်ပြီးတော့ ကျောင်းကသိမ်းလာတဲ့ တုတ်တွေ ဓါးတွေပေါ့၊ ဟင်းလှီးဓါးတွေပါ။ ထင်းခုတ်ဓါးမတွေ။ ဘုန်းဘုန်းလမ်းလျှောက်တဲ့တုတ်တွေကိုလည်း ပုဒ်မတပ်တယ်။ နောက် အဖွဲ့အစည်း တရားမ၀င် အသင်းအဖွဲ့ဆိုပြီး ထောင်ချတယ်။ ဘုန်းဘုန်းတို့ကတော့ ထောင်ထဲမှာတရားထိုင် လမ်းလျှောက်၊ စာဖတ်ပေါ့။ ဒါကတော့ ကိုယ့်အလုပ်လုပ် ရတာပေါ့။

ဘုန်းဘုန်းတို့ကတော့ ထောင်ထဲရောက်ဖူးသူဆိုတော့ ကိုယ်ချင်းစာတယ်။ အကုန်လုံး လွတ်စေချင်တယ်။ အခု ဦးသိန်းစိန်အစိုးရက ဂွတ် ဂါးဗားမင့်၊ ကလင်း ဂါးဗားမင့် ဖြစ်ရမယ်ဆိုတော့ အဲဒီစကားကို တအားယုံကြည်တယ်။ အားလည်း အားကိုးတယ်။ အခုတော့ ဘုန်းဘုန်းတို့က အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်မပေးဘူးဆိုတော့ Dumb Government လိုဖြစ်နေတယ်။ ဉာဏ်ထိုင်းနေတဲ့ အစိုးရလိုဖြစ်နေတာ။ အခု ၂ သုတ်ရှိပြီး အများကြီးကျန်နေသေးတယ်။

အခု ထောက်လှမ်းရေးတွေလည်း ဖမ်းထားတဲ့သူတွေ ဗိုလ်မှူးကြီးစန်းပွင့်တို့ ဗိုလ်ချုပ်ခင်ညွန့် သားမက်ကိုတင်ထွတ်တို့ တူတွေ ဗိုလ်ကြီး တွေအများကြီးပဲ သရက်ထောင်မှာ၊ သူတို့ စိတ်ကောင်းနှလုံးကောင်းရှိရင် လွှတ်ပေးရမှာပဲ။ သူတို့လည်း မိသားစုနဲ့ ပြန်တွေ့ချင်မှာပဲ။ မ ဟုတ်ဘူးလား။ ဘုန်းဘုန်းတို့က အားလုံး ထောင်ခါပစ်လိုက်စေချင်တယ်။ ဒါမှပဲ အသစ်တက်လာတဲ့ အစိုးရဆိုတာ၊ နောက်မှ အပြစ်ရှိရင် ဖမ်းပေါ့။

ဒီမိုကရေစီအစိုးရဖြစ်လာမယ်ဆိုရင် လွှတ်ပေးစေချင်တယ်။ လွှတ်ပေးမှလည်း နိုင်ငံတကာက သူတို့အပေါ်အကောင်းမြင်မှာ။ အခု ဘုန်း ဘုန်းက လွတ်ဖို့ ၁၆ ရက်ပဲ ကျန်တော့တယ်။ ၂၈ ရက်နေ့ လွတ်မှာ။ အောက်တိုဘာ ၂၈ လွတ်ဖို့ စာကပ်ထားပြီ။ လွတ်ခါနီး ဖြစ်တာပေါ့။ တချို့လည်း ပါပါတယ်။ အနှစ် ၂၀ ကျတာ အခု ၁၀ နှစ်နဲ့ လွတ်လာတယ်ဆိုတာမျိုး။ အချို့အချို့ပေါ့။ ဒီတသုတ်မှ ထောက်လှမ်းရေးတွေ သူတို့ ပါလောက်တယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အခုလွတ်တော့ သူတို့မပါဘူး။ သရက်ထောင်မှာတော့ တနေ့ကို နေ့ခင်း ၂ နာရီပဲ ပိတ်တယ်။ ကျန်တဲ့ နေ့ခင်းအချိန်တွေ အခန်းပြင်ထွက်ခွင့်ရတယ်။ အင်းစိန်မှာတော့ အဲလိုမဟုတ်ဘူး။ သီးသန့်မှာနေရတော့ အဲလို မထွက်ရဘူး။ အထဲက အကျဉ်းသားတွေကလည်း ဘုန်းဘုန်းကို အကုန်လုံးဘုန်းကြီးပဲ။ လှူလည်း လှူကြတယ်။ ရှိလည်းခိုးတယ်။ ထောက် လှမ်းရေးအဖွဲ့တွေလည်း လှူတယ်။ ကိုတင်ထွဋ်တို့ကအစ၊ သူတို့ ဆွမ်းတွေဘာတွေကအစ၊ သူတို့ စနေနေ့ဆို သက်သတ်လွတ်စားရင် ဘုန်းဘုန်းကို သက်သတ်လွတ်လာလှူတယ်။ ဘုန်းဘုန်းလဲ ဘုန်းပေးတယ်။ သူတို့ကလည်း အရင်တုန်းကထောက်လှမ်းရေးဆိုတော့ အာ ဏာတအားကြီးတာကိုးနော၊ အာဏာရှိခဲ့တော့ ဘုန်းကြီးတွေကိုဖမ်းခဲ့တာ ချုပ်ခဲ့တာလည်းရှိတယ်။ သူတို့ကိုတော့ ထောင်ထဲမှာ အညှိုး ထားသူလည်း ထားကြတယ်။ ဘုန်းဘုန်းတို့တော့ မထားပါဘူး။ ၀ဋ်လည်တယ်လို့ပဲ ယူဆတယ်။ ဘုန်းဘုန်းတို့လည်း လက်တွေ့ပဲ ဖမ်း ထားခဲ့တာ။ ဘာမှ အပြစ်မရှိပဲ အတင်းဆွဲချွတ်။ ထောင်ချတာ။ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူအ ဟောင်းတဲ့။

ဘုရားတရားလုပ်ကြတာတော့ တွေ့တာအများကြီးပဲ။ သံဝေဂရတယ်ဆိုတာတော့ ဘုရားကျမ်းဂန်ပေါ်မူတည်တာပဲ။ သူတို့လည်း ဘုန်းကြီး တွေဖမ်းခဲ့တာ တာဝန်အရလုပ်ခဲ့ရတယ်လို့ပြောတယ်။ ဒီလိုပဲ ပြောတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ တာဝန်အရပေမယ့် ဘုန်းကြီးတို့ ရဟန်းတွေက လူသတ်တာလည်း မဟုတ်။ ခိုးတာလည်း မဟုတ်။ ပရိတ်ရွတ်တာလောက်ပဲ။

ဘုရားသက်တော် ထင်ရှားရှိစဉ်ကတည်းက လိစ္ဆ၀ီမင်းသားတွေကို တရားလည်းမဟောတော့ဘူး။ သူတို့လှူတာလည်း မစားတော့ဘူး။ ဘု ရားက ပါရမီရှင်ပဲ။ ဘုရားကို ပြစ်မှားလို့ရှိရင် ဒိဋ္ဌဓမ္မအကျိုးပေးတာပေါ့။ ဘုန်းဘုန်းတို့ ပါရမီမပြည့်သေးတဲ့ပုဂ္ဂိုလ်တွေကို ပြစ်မှားတာက တော့ လက်ငင်း အကျိုးမပေးတောင် တနေ့တော့ပေးမှာပဲ။ ပေးမှာလို့ ဘုန်းကြီးလည်းယူဆတယ်။ ဒီသံဃာတွေကို မတရားလုပ်ထားတာတွေ စိတ်ကောင်းနှလုံးကောင်းမရှိပဲ လုပ်ထားတာတွေ၊ တချို့ကတော့ သူတော်ကောင်းတွေ ရှိပါတယ်။ အာဏာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ ဘုရားတရားကို မစော်ကားရဲဘူး။ သူတော်ကောင်းတရားဆိုတာက မိမိကြောင့် မည်သူမျှ မတရားသဖြင့် မနစ်နာစေရ ဆိုတဲ့အခြေခံမူတော့ ရှိရမှာပေါ့။ ၀န် ထမ်းပေမယ့်လည်း ဒီမူတော့ ရှိရမှာပေါ့။ အဲလိုမရှိဘူးဆိုရင် တိုင်းပြည်က မင်းကျင့်တရားနဲ့ မညီဘူးလို့ဆိုရမှာပေါ့။ အကျဉ်းထောင်မှာ ကျန် နေသေးတဲ့သံဃာတွေကိုလည်း သမတကြီးဦးသိန်းစိန်အနေနဲ့ အမြန်လွတ်ပေးစေချင်ပါတယ်။

ရင်းမြစ်
ဦးကောဝိဒနှင့် အင်တာဗျူး (မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၃၀၊၂၀၁၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်