ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

March 25, 2012

ပန်းချီ ထိန်လင်း
မတ်လ ၂၅၊ ၂၀၁၂
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ထောင်ဝတ်စုံနဲ့ ခြေကျင်းဝတ်ပြီး နိုင်ကျဉ်းလွတ်မြောက်ရေးပါဖေါင်းမင့်လုပ်ခဲ့တဲ့ ဘိုက လေးမြို့နယ်က ဦးအောင်မြင့်ကို ရဲကဖမ်းဆီးပြီး စိတ်ရောဂါကုဆေးရုံကိုပို့လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးပထမမျိုးဆက်ပါဖေါင်းမင့် အနုပညာ ရှင်တဦးအနေနဲ့ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီအဖြစ်အပျက်ကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များကိုယ်တိုင် နိုင်ငံရေးရှုထောင့်ချဉ်းကပ်ပြီး ရွာသာကြီးဆေးရုံမှာ သွားရောက်တွေ့ ဆုံအားပေးတာတွေ၊ တောင်းဆိုမှုတွေ ဦးဆောင်ပြီးလုပ်နေတာလည်း တွေ့ရပါတယ်။

မတ်လ ၁၅ ရက်မတိုင်ခင် ရွှေသံစဉ်ကိုဝင်းမော်ရဲ့ပြောကြားချက်ဗီဒီယိုတခု တက်လာပါတယ်။ အမေရိကန်စင်တာမှာ နိုင်ငံရေးအကျဉ်းသား ဟောင်း မနိုဗယ်အေးတို့ဦးစီးလုပ်တဲ့ အကျဉ်းထောင်တွင်းဖန်တီးကြတဲ့ ဂီတအနုပညာပွဲကို ပါဖေါင်းမင့် အနုပညာတင်ဆက်မှုအနေနဲ့တက် ရောက်လာမှာဖြစ်ပါတယ်လို့ ပြောကြားချက်ရှိပါတယ်။ ဒါဟာ မီဒီယာပေါ်ကနေ တရားဝင်ကြေညာချက်အဖြစ် အကျုံးဝင်ပါတယ်။ ဒါကြောင့် ဒီပွဲကိုတက်ရောက်ဘို့ ခြေကျင်းနဲ့တက်လာတာကိုက သူ့ရဲ့ပါဖေါင်းမင့်ရဲ့အစိတ်အပိုင်းကာလရော၊ ဒေသအတွင်းမှာပါ အကျုးံဝင်နေပါ တယ်။

illustration – Peace & Freedom by Pablo Picass0 (1881 – 1973)

ဒီနေရာမှာ ပြောစရာရှိလာတာက ဦးအောင်မြင့်ရဲ့စိတ်ကူးပါ။ တကယ်တော့ ကျွန်တော်တို့ဝန်းကျင်မှာ ထောင်ဝတ်စုံဝတ်ပြီး ခြေကျင်းခတ် ထားတဲ့လူတွေကို မီးရထားဘူတာ၊ ဆေးရုံ၊ သဘောင်္ဆိပ်၊ အဝေးပြေးကားဂိတ်ဆိုတဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ မကြာခဏ တွေ့နေရတာမို့ အထူးအဆန်းတော့မဟုတ်လှပါဘူး။ ဆန်းတာက အဲလိုတွေတွေ့ရတဲ့လူတွေဟာ ရဲ (သို့) ထောင်ဝါဒါတွေရဲ့ ထိမ်းချုပ်မှု အောက်မှာနေရတဲ့ အကျဉ်းသားတွေဖြစ်နေပြီး ခုဦးအောင်မြင့်ကတော့ လွတ်လပ်တဲ့နိုင်ငံသားတဦးဖြစ်နေတာပါပဲ။ ဒါပေမယ့် ဒီလို ထောင် ၀တ်စုံဝတ်ပြီး ခြေကျင်းခတ်တဲ့လှုပ်ရှားမှုမျိုးကို ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးရှေ့တွေမှာလုပ်တဲ့ဆန္ဒပြပွဲတွေမှာ မကြာခဏ တွေ့ရ တတ်ပါတယ်။ ဒါကတော့ ပုံမှန်အတိုင်း ဆန္ဒပြနေရာကနေ ပိုပြီးမီဒီယာရဲ့အာရုံစိုက်မှုကိုရအောင်လို့ ပါဖေါင့်မင့်အနုပညာစိတ်ကူးကို ထည့် သွင်းပြီး အသုံးချတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှာတော့ အနုပညာအလုပ်ကို လုပ်နေတယ်လို့ ပြောလို့မရပါဘူး။ အနုပညာစိတ်ကူး သွတ် သွင်းထားသော နိုင်ငံရေးလှုပ်ရှားမှုသာ ဖြစ်ပါတယ်။

အခု ဦးအောင်မြင့် ကိစ္စကတော့ အနုပညာရှင် ရွှေသံစဉ်ကိုဝင်းမော်ကိုယ်တိုင် ကြိုတင် ကြေညာထား ချက်အရ နိုင်ငံရေး ရည်ရွယ်ချက်ပါသော အနုပညာ အလုပ်ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် political Performance art ဖြစ်ပါတယ်။ အဲဒီထဲမှာမှ Street performance art အမျိုးအစားဖြစ်နေပြန်ပါတယ်။ ခက်တာက ကျွန်တော်တို့ဆီမှာ အနုပညာ (အထူးသဖြင့် ခေတ်ပြိုင်အနုပညာ) လောကမှာ Political ဆိုတဲ့ စာလုံးပါလာရင် လွတ်လပ်တဲ့ လွတ်ကင်းတဲ့ အနုပညာမဟုတ်တော့ဘူးဆိုတဲ့ အယူအဆကို အနုပညာရှင်နဲ့ အနုပညာအကဲဖြတ်တချို့ကပါ ခံယူထားကြတာပါပဲ။ ကျွန်တော် နာမည်ကို ပါဖေါင့်မင့်အနုပညာသမိုင်းကြောင်းပြောရာမှာ ထည့်သွင်းဘို့ ငြင်းဆန်နေတာမျိုးကိုလည်း တွေ့ ခဲ့ဘူးပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ပါဖေါင်းမင့်အနုပညာသမိုင်းကြောင်းဟာ သိပ်ရှည်လှတဲ့သမိုင်းတော့မဟုတ်ပါဘူး။ ဆယ်စုနှစ်နှစ်ခု မပြည့်သေးတဲ့ ပါ ဖေါင်းမင့် အနုပညာသမိုင်းကြောင်းမှာ ပါဖေါင့်မင့်အနုပညာတင်ဆက်မှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့နားလည်မှု၊ အကောက်အယူ လွဲ မှားမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ် တ၀ိုက် (ကျွန်တော် အကျဉ်းထောင်ရောက်နေတဲ့ကာလမို့ ခုနှစ်လွဲချော်နိုင်) ကိုအေးကိုရဲ့ ချောင်းသာကမ်းခြေက ပါဖေါင်းမင့်တခုအတွက် ရဲစခန်းမှာ ငါးနာရီလောက် စစ်ဆေးမေးမြန်းတာခံခဲ့ရဘူးပါတယ်။

၂၀၀၅ မေလ ၆ ရက်နေ့ ရန်ကုန်မြို့လယ်က ကျွန်တော်နဲ့ ပါဖေါင်းမင့်အနုပညာရှင် ချောအိသိမ်းတို့ရဲ့ Mobile Market & Mobile art gallery ဆိုတဲ့ street performance အတွက် ကျွန်တော်တို့ အနုပညာရှင် ၂ ဦးတင်မက ဓါတ်ပုံမှတ်တမ်းတင်ပေးတဲ့ ဒီဇိုင်းပညာရှင် ကိုဇော်မြင့် သူ၊ ဗီဒီယိုမှတ်တမ်း ကိုဇော်လင်း၊ ကားနဲ့လိုက်ကူညီပေးသူ ကိုဝဏ္ဏထွန်းတို့ကို ရန်ကုန်တိုင်း ထောက်လှမ်းရေးမှာ ငါးရက်ကြာ ထိမ်းသိမ်း ထားပြီး မေးမြန်းစုံစမ်းတာမျိုးတွေလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ပါဖေါင်းမင့်အနုပညာကို ရှမ်းပြည်နယ်ခွဲထွက်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုလို့ နယ်ခံသတင်းပေးတွေက သတင်းပေးလိုက်လို့ အဲဒီအချိန်က ၀န်ကြီးချုပ် (ဦးသိန်းစိန်) အမိန့်နဲ့ဖမ်းတယ်လို့ အမှုကို စစ်တဲ့အရာရှိကပြောပြခဲ့ဘူးတာ အမှတ်ရပါတယ်။

နောက် သတိရတာတော့ ကျွန်တော် ထောင်တွင်းကရေးခဲ့တဲ့ ရုပ်ရှင်ဇတ်ညွန်းတခုကို ကိုသူရ (ကိုဇာဂနာ) ဒါရိုက်တာလုပ်ပြီး နေဆန်း၊ ပပ ၀င်းခင်တို့ရိုက်ကြတော့ ကျွန်တော်ဇာတ်ထဲမှာ street performance တခန်း ထည့်ထားပါတယ်။ ကိုသူရတို့ သုံးယောက် ငှက်လှောင် အိမ်ကြီးတွေခေါင်းစွပ်ပြီး မြို့ထဲလျောက်သွားတဲ့အခန်းကို လူထုကြား တကယ်ထွက်ရိုက်တော့ ရဲလာတားလို့ ပြသနာတက်ကြတာ မှတ်မိပါ တယ်။ နောက်ဇာတ်ကားပြီးတော့လည်း ကိုရွှေဆင်ဆာအဖွဲ့က တစ်ကားလုံးပိတ်လိုက်ပါတယ်။ ဇာတ်ကားနာမည်က “ယောင်ကြီးဗွေ” ပါ။

ကျွန်တော်ပြည်ပထွက်လာပြီး နောက်ပိုင်းမျိုးဆက်အနုပညာရှင် ကိုမိုးစက်တို့လုပ်တဲ့လှုပ်ရှားမှုတွေမှာ အာဏာပိုင်နဲ့ နားလည်မှု အနည်းငယ် လွဲချော်တာလေးတွေ ရှိတယ်ဆိုတာတွေ ကြားဘူးပါတယ်။ ခုဖြစ်တဲ့ပြသနာကတော့ ပါဖေါင့်မင့်အနုပညာသမိုင်းမှာ အရုပ်အဆိုးဆုံး လွဲ ချော်မှု ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးအေးမြင့်ဟာ အောင်မြင့်တို့၊ မိုးစက်တို့၊ ငြိမ်းချမ်းဆုတို့၊ စန်းဦးတို့လို ထင်ရှားတဲ့ အနုပညာရှင်တဦး မဟုတ်တဲ့အတွက် ဒါကို အနုပညာလှုပ်ရှားမှု စာရင်းထဲ ထည့်သွင်းဘို့ ငြင်းဆန်တဲ့ ခေတ်ပြိုင် အနုပညာ ကျွမ်းကျင်သူ မြန်မာပညာရှင်များလည်း ရှိနိုင်ပါတယ်။

“ပို့စ်မော်ဒန် အနုပညာ လမ်းကြောင်းမှာ မည်သူကမဆို မည်သည့်အရာကိုမဆို မည်သည့်ကာလတွင်မဆို မည်သည့် လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်၍ ထိုအရာကို သူ၏ အနုပညာဟုပြောလာခဲ့သော် ထိုအရာသည် အနုပညာပင်ဖြစ်၏” ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ အနုပညာနယ် ပယ်မှာ ၁၉၉၀ လွန် သရဖူမဂ္ဂဇင်းပေါ်မှာ ဆွေးနွေးငြင်းခုန်ကြပြီး ခုဆို ဒီအယူအဆဟာ ဖုန်တောင်တက်နေပါပြီ။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းပဲဖြစ်ဖြစ် သူက တကယ်ပါဖေါင်းမင့် အနုပညာတခုကို တင်ဆက်တော့မယ်လို့ အသိပေး ပြီးတင်ဆက်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ အနုပညာလှုပ်ရှားမှုအဖြစ် သဘောထားကြည့်ရပါတော့မယ်။

ကျွန်တော်အနေနဲ့ သူတို့လုပ်မဲ့ဂီတပွဲကို ဘိုကလေးကနေ ဦးအောင်မြင့်တက်လာပြီး ပါဖေါင်းမင့်အနုပညာတင်ဆက်မှုအနေနဲ့ ပူးပေါင်းမယ် လို့ ကိုဝင်းမော်ပြောပြတဲ့ ဗီဒီယိုကလစ်၊ အင်တာနက်ပေါ်တက်လာတဲ့အချိန်က စိတ်ထဲမှာ ၁၉၇၈ ကနေ ၇၉ ခု အထိ နယူးယောက်မြို့ မော်ဒန်အနုပညာပြတိုက်မှာ ထိုင်ဝမ်အနုပညာရှင် Tehching Hsieh ရဲ့ တနှစ်တိတိ ကိုယ့်ကိုကိုယ်အကျဉ်းချခဲ့တဲ့ ပါဖေါင်းမင့်အနုပညာ ဖြစ်ရပ်ကို မဆီမဆိုင် သွားအမှတ်ရမိပါသေးတယ်။

Tehching Hsieh ဟာ (၈) ပေ၊ (၉) ပေ အကျယ်၊ အမြင့် (၁၁) ပေခွဲရှိတဲ့ သစ်သားလှောင်အိမ်တခုထဲမှာ အိပ်ယာတခုကလွဲလို့ ဘာတခုမှ မထားဘဲ တနှစ်တိတိ အကျဉ်းချပြီးနေခဲ့ပါတယ်။ တနှစ်အတွင်းမှာ စကားမပြော၊ စာလုံးဝမဖတ်၊ တီဗီလုံးဝမကြည့်ဘဲ ဘာမှကိုမလုပ်ပဲ နေ ခဲ့ပါတယ်။ သူ့အတွက် မိတ်ဆွေတယောက်က နေ့စဉ်လာပြီး စားစရာလာပေးပါတယ်။ အညစ်အကြေးတွေ ပြန်ထုတ်ပေးပြီး တနေ့ကို မှတ် တမ်းဓါတ်ပုံတပုံ ရိုက်ပေးပါတယ်။ တလကို တကြိမ် (သို့) နှစ်ကြိမ်၊ မနက် (၁၁) နာရီကနေ ညနေ (၅) နာရိထိ ပရိတ်သတ်ကို လာကြည့်ခွင့် ပေးပါတယ်။

Tehching Hsieh ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းလှတဲ့တင်ဆက်မှုကတော့ တနှစ်တိတိ ဘယ်လိုအမိုးအကာ အဆောက်အဦး ယဉ်၊ ကား၊ ရထားထဲမှမ၀င်ဘဲ တနှစ်တိတိနေတဲ့ တင်ဆက်မှုဖြစ်ပါတယ်။ ၁၉၈၁ စက်တင်ဘာ (၂၆) ရက်ကနေ ၁၉၈၂ စက်တင်ဘာ (၂၆) ထိ သူဟာ နယူးယောက်မြို့ဝန်းကျင်တ၀ိုက်မှာ လှည့်လည်သွားလာပြီး သူ့ကိုယ်ပိုင်အိတ်ထဲထည့်သယ်သွားလို့ရတဲ့ အိပ်ယာထဲမှာပဲ အိပ် စက်ပြီး ဘယ်လိုအမိုးအကာရဲ့အောက်ကိုမှမ၀င်ပဲ ဘယ်လိုကား၊ ရထား၊ လှေမှမစီးဘဲ နေခဲ့ပါတယ်။

ဒီဆောင်းပါးဟာ အဓိက ဦးအောင်မြင့်ကို ဖမ်းဆီးအရေးယူစစ်ဆေးပြီး ကောက်ချက်လွဲချခဲ့တဲ့ပုဂ္ဂိုလ်များအတွက် အထူးပြု ရေးသားချက်ဖြစ်ပါ တယ်။ သူတို့ကို သူတို့ရဲ့အစိုးရခေါင်းဆောင်ပိုင်းနဲ့ အလွန်ရင်နှီးကျွမ်းဝင်တဲ့ တရုတ်အစိုးရကိုပဲ နမူနာယူပါဦးလို့ ပြောရတော့မလို ဖြစ်နေပါ တယ်။ တရုတ်ပြည်ဟာ စီးပွားရေးတိုးတက်လာပြီးနောက်ပိုင်း အစိုးရဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချလာတဲ့အခါ အနုပညာလွတ် လပ်ခွင့်အားလုံးကို ဖွင့်ပေးလိုက်တယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ၂၀၀၉ ခုနှစ်ကလုပ်ခဲ့တဲ့ နိုင်ငံတကာပါဖေါင်းမင် အနုပညာပွဲတော် ဟာ ကမ္ဘာသမိုင်းမှာ အကြီးဆုံးအနုပညာပွဲတော်ဖြစ်ခဲ့ပါတယ်။ အနုပညာရှင်ချည်း လေးရာကျော်တက်ရောက် တင်ဆက်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော် ဟောင်ကောင်ကို ပန်းချီပြပွဲကိစ္စနဲ့ရောက်နေစဉ်ကာလက ကြုံခဲ့တဲ့ ပါဖေါင်းမင့်လှုပ်ရှားမှုတခုကို ဖောက်သည်ချ ချင်ပါတယ်။ တရက်မှာ သူငယ်ချင်းဖြစ်တဲ့ ဟောင်ကောင်အခြေစိုက် ပါဖေါင်းမင့်အနုပညာရှင် Wen Yau က ပါဖေါင်းမင့်အနုပညာရှင် Samu တယောက် ဟောင်ကောင်အနုပညာပြတိုက်ရှေ့က အိုလံပစ်ပွဲတော်အထိမ်းအမှတ် မီးအလှရုပ်စုံပန်းခြံနေရာမှ ပါဖေါင်းမင့် လုပ်မယ့် အစီအစဉ်ရှိတယ်ဆိုတာနဲ့ လိုက်သွားခဲ့ပါတယ်။ ခဏနေတော့ Samu ရောက်လာပြီးတော့ သစ်သားချောင်းတခုနဲ့ တွဲရိုက်ထားတဲ့ စက္ကူ ဘုတ်ပြားကြီးပေါ်မှာ တရုတ်ဘာသာနဲ့စာရေးပါတယ်။ အိုလံပစ်ပွဲတော်မတိုင်ခင်မှာ တိဘက်လူမျိုးတွေကို ဖမ်းဆီးနှိပ်စက်နေတာကို ရပ် တန့်ဘို့ တောင်းဆိုထားတဲ့စာပါ။ လန်ဒန်ကို အိုလံပစ် မီးရှူးတိုင်အရောက် တိဗက်လွတ်မြောက်ရေးလှုပ်ရှားကြတဲ့လူတွေက ဆန္ဒပြကြပြီး မီးရှူးတိုင်ကို အတင်းဝင်လုကြနဲ့ တိဗက်အရေး အရမ်းထိပ်တန်းရောက်နေတာမို့ သူဆိုင်းဘုတ်ထောင်ပြီး မကြာခင်မှာပဲ တရုတ်ရဲတွေ ရောက်လာပါတော့တယ်။ နေရာက နိုင်ငံခြားသားတွေ တကယ်များတဲ့နေရာကိုး။ Samu ဆန္ဒပြနေတာ ရပ်ဘို့ပြောပါတယ်။ Samu က ဆန္ဒပြနေတာမဟုတ်ဘူး သူက ပါဖေါင်းမင့်အနုပညာတင်ဆက်နေတာမို့ မရပ်နိုင်ဘူးဆိုပြီးငြင်းပါတယ်။

သူတို့ချင်း အခြေအတင်ဖြစ်နေတာကြည့်ပြီး ကျွန်တော်လည်း Samu ကို အားကောင်းအောင် ၀င်ဖြည့်မှဖြစ်မယ်ဆိုပြီး သူ့နောက်ကိုသွားပြီး သူ့တီရှပ်နဲ့ ကျွန်တော်တီရှပ်ကို တွယ်ချိတ်တွေနဲ့ တွဲလိုက်ပြီး ရာဘာလက်အိတ်ပေါ်မှာ freedom ဆိုတဲ့စာကို ဆော့ပင်နဲ့ ရေးပြီး မိုးပေါ်မော့ပြီး ပါးစပ်နဲ့ လေမှုတ်ထည့်ကာ Samu နောက်ကနေ တွဲရက်ကြီးလိုက်လျောက်သွားနေပါတယ်။ Wen yan ကတော့ သူ့ ဗီဒီိယိုကင်မရာနဲ့ ဘေး က ပါလာပါတယ်။ ရဲတွေက ဆက်သွယ်ရေးစက်နဲ့ ကျွန်တော်တို့လုပ်နေသမျှကို ဘေးကနေကပ်လိုက်ပြီး သတင်းပို့နေပါတယ်။ ကျွန်တော်တို့ ကလည်းမရပ်ပဲ အဲဒီကမ်းနားတလျောက် အတွဲလိုက်ကြီး လျောက်သွားနေပါတယ်။ သွားရင်းက အချုပ်ကား ရောက်လာပြီး ထိုးရပ်ထားတာလဲ တွေ့နေရပါတယ်။

Wen Yau ကလည်း သူ့ဖုန်းနဲ့ ကျွန်တော်တို့ ဒီမှာဖြစ်နေတဲ့အခြေအနေကို လှမ်းပြောနေတာမို့ မကြာခင်မှာ နောက်ထပ်ပါဖေါင်းမင့် အနု ပညာရှင်တယောက် ထပ်ရောက်လာပါတယ်။ သူက သူ့ပါးစပ်ကို အ၀တ်နဲ့ ပိတ်ဆို့ထားတဲ့ ဒီဇိုင်းမျိုးလုပ်လာပါတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ကြိုးနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခြေကျင်းဝတ်တွေကို ချည်ပြီး သူ့ခြေထောက်နဲ့ တွဲချည်ထားလိုက်တာမို့ သုံးယောက် အတွဲကြီး ဖြစ်လာပြီး အဲဒီအိုလံပစ်အလှပြ မီးအိမ်တွေနားလှည့်ပတ်နေသလို ရဲတွေကလည်း ဘေးခပ်လှမ်းလှမ်းကနေ လျောက်လိုက်နေပါတယ်။

အဲလိုနဲ့သွားရင်းက တရုတ်အော်ပရာအဖွဲ့တခုက အိုလံပစ်အကြောင်း သီဆိုဖွဲ့နွဲ့တင်ဆက်နေတဲ့ဆီရောက်သွားပါတယ်။ ပတ်ပတ်လည်က ပွဲကြည့်စင်အဆင့်ဆင့်မှာလည်း ပရိတ်သတ်ကအပြည့် စိတ်ဝင်စားမှုကလည်းအပြည့်ပါ။ Samu က မပြောမဆို ချိုးဝင်သွားတော့ ကျွန်တော် တို့ အတွဲကြီးက ရှေးခေတ် ဇာတ်ဝင်ခန်းဝတ်စုံတွေနဲ့ကနေကြတဲ့သူတွေနဲ့ ပရိတ်သတ်ကြားကို အတွဲလိုက်ကြီးဝင်သွားပြီး မြင်ကွင်းကို ပိတ်ထားသလို ဖြစ်နေပါတယ်။ ပရိတ်သတ်ကရော ကနေသူတွေပါ အူကြောင်ကြေင်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာတော့ ရဲတွေက ကြည့်မနေတော့ပဲ ပြေးလာပြီး ကျွန်တော်တို့ သုံးယောက်စလုံးကို ပြဇာတ်အဖွဲ့နဲ့ ဝေးရာကို ဆွဲထုတ်သွားပါတယ်။ လွတ်တဲ့ နေရာရောက်တော့ ပြန်လွတ်ပေးထားပါတယ်။ ဆက်သွယ်ရေးစက်နဲ့တော့ တောက်လျောက်သတင်းပို့နေပါတယ်။ စုစုပေါင်း ၃ နာရီလောက် ကြာပြီးတဲ့ နောက် တော့ ကျွန်တော်တို့တင်ဆက်မှုကို ရပ်လိုက်ပါတယ်။ နောက်ဆုံး ပစ္စည်းတွေသိမ်းပြီး ပြန်လှည့် ဆိပ်ကမ်းဘက်သွားပြီး ဖယ်ရီသဘောင်္ပေါ် တက်သွားတဲ့အထိ ရဲကလိုက်စောင့်ကြည့်ပြီး ကျန်ရစ်ခဲ့ပါတယ်။

အဲဒါ တရုတ်ရဲတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ Street performance တခုကို ကိုင်တွယ်ပုံဖြစ်ပါတယ်။ အာရှရော ဥရောပနိုင်ငံတွေမှာ လူထုနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ တဦးချင်း တခါတရံ ပါဖေါင်းမင့် အနုပညာတင်ဆက်ကြတဲ့အခါ များသောအားဖြင့် လွတ်လွတ်လပ်လပ်ပဲ တင်ဆက်လို့ရတာ တွေ့ရပါတယ်။ တခါတလေ တင်ဆက်သူရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ကူးမျိုးကြောင့် ပြသနာဖြစ်ရတာမျိုးတော့ ရှိတတ်ပါတယ်။ ဥပမာ လူထုနဲ့သက်ဆိုင်တဲ့နေရာမျိုးမှာ အ၀တ်အစားအားလုံးချွတ်ပြီး လုပ်တာမျိုး၊ မွတ်စလင်နိုင်ငံတွေက လူထုနဲ့ဆိုင်တဲ့နေရာမျိုးမှာ ၀က် သားစားပြတာမျိုး အရက်သောက်ပြတဲ့ ပြကွက် စသည်ဖြင့်၊ အများအားဖြင့် လွတ်လွတ်လပ်လပ်ပဲ ဘယ်သူ့ ခွင့်ပြုချက်ကိုမှ တောင်းစရာမလိုပဲ (တခါတရံ သက်ဆိုင်ရာ ကြိုအသိပေးထားပြီး) လုပ်ခွင့်ရှိကြပါတယ်။ အနုပညာရှင်ဟာ ပတ်ဝန်းကျင်က လမ်းသွား လမ်းလာကို အသံနဲ့ (သို့) အမူအယာနဲ့ အနှောက်အယှက် မပြုတာမျိုးဆိုရင် လုပ်ခွင့်ရှိကြပါတယ်။ ရှိရပါမယ်။

ခု ဦးအောင်မြင့်ကိုရဲက ဖမ်းဆီးပြီး ရွာသာကြီးစိတ်ဝေဒနာကုဆေးရုံကိုပို့လိုက်တဲ့ကိစ္စဟာ ခုလို နိုင်ငံရေးပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အနု ပညာလွတ်လပ်ခွင့်ရှုထောင့်ကကြည့်တဲ့အခါ တော်တော် အရုပ်ဆိုးလှပါတယ်။ အထူးသဖြင့် တာဝန်ရှိတဲ့သူများဟာ ပါဖေါင်းမင့်အနုပညာရဲ့ သဘောသဘာဝကို နားမလည်သဘောမပေါက်သေးတာကို ၀မ်းနည်းဖွယ်တွေ့ရှိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပါဖေါင်းမင့်အနုပညာ စိတ်ကူးသစ် တွေကို ဖန်တီးချင်ကြတဲ့ မျိုးဆက်သစ်လူငယ်အနုပညာရှင်များရဲ့ အနုပညာဉာဏ်ကို ပိတ်ဆို့လိုက်သလို ဖြစ်စေပါတယ်။ အစောပိုင်း နှစ် ကာလများက လိုင်စင်မဲ့ အမဲသားခိုးပေါ်သလို အချင်းချင်းလက်ကုတ်ခေါ်ပြီး ပါဖေါင်းမင့်လုပ်ကြရမဲ့ခေတ်တော့ကုန်ခဲ့ပြီလို့ ကျွန်တော် မကြာခင်က ရန်ကုန်ရောက်စဉ် လုပ်ခဲ့တဲ့ပါဖေါင်းမင့် ၂ ပွဲအပြီးမှာ မှတ်ချက်ပြီး အတော်ပဲကျေနပ်ခဲ့မိပါတယ်။ အခုတော့ အဲဒါတကယ် မဟုတ်ပါလားလို့ ယူဆရတော့မလိုလိုတောင် ဖြစ်လာပါတယ်။

လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ဟာ အထူးသဖြင့် အစအစ တပြေးညီဖွံဖြိုးမှုဆီဦးတည်နေတဲ့ ခုလိုကာလမျိုးမှာ ကျွန်တော်တို့ နှလုံးသား များနူးညံ့ရေးအတွက် မရှိမဖြစ်လိုအပ်လှပါတယ်။ ဒါကြောင့် ပါဖေါင်းမင့် အနုပညာရှင်တဦးအနေနဲ့ အနုပညာလွတ်လပ်ခွင့် ရှုထောင့်ကနေ ဒီဆောင်းပါးကိုရေးသားရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ပါဖေါင်းမင့်အနုပညာရဲ့ အခြားအနုပညာများနဲ့ သိသာကွဲပြားတဲ့အချက်ကတော့ ပါဖေါင်းမင့်အနုပညာရှင်ဟာ သူ့အနုပညာရဲ့ တင်ဆက်ချိန်၊ တင်ဆက်တဲ့နေရာ၊ တင်ဆက်မှုအစီအစဉ်၊ တင်ဆက်မှုပုံစံ၊ အားလုံးကို အချိန်မရွေးပြောင်းလို့ရနေသလို သူ့ရဲ့ အနုပညာ တင်ဆက်မှုထဲကို ဘယ်အနုပညာတင်ဆက်လိုသူကမဆို အလွယ်တကူ ပေါင်းစပ်ပါဝင်လို့ရနေတဲ့ သဘာဝရှိပါတယ်။ တခြားအနုပညာ ပုံစံတွေကို ပိတ်ဆို့လို့လွယ်နိုင်ပေမယ့် ပါဖေါင်းမင့်အနုပညာပုံစံမှာတော့ ချွင်းချက်လို့ ပြောရပါမယ်။

ဒီနေရာမှာ အကြောင်းစပ်လာတဲ့အတွက် Tehching Hsieh ရဲ့ ၁၉၈၅ ကနေ ၁၉၈၆ ထိ တနှစ်တိတိ အချိန်ကြာတင်ဆက်ခဲ့တဲ့ (No Art Piece) ဆိုတဲ့ ပါဖေါင်းမင့်အကြောင်း ပြောချင်ပါတယ်။ TH ဟာ တနှစ်တိတိ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ဓါတ်ပုံ၊ ဘာအနုပညာကိုမှမလုပ်ပဲ၊ အနု ပညာအကြောင်း လုံးဝမပြောပဲ၊ အနုပညာအကြောင်းပါတဲ့ စာမဖတ်ပဲ၊ ဘယ်အနုပညာပြတိုက် ပြခန်းကိုမှမသွားပဲ တနှစ်တိတိနေမယ်ဆို ကြေညာပြီး တကယ်လည်း နေပြသွားတယ်ဆိုတာပါပဲ။

ဒါကြောင့် ဦးအောင်မြင့်ကို ဖမ်းဆီးစစ်ဆေးပြီး ရွာသာကြီးကိုပို့လိုက်တဲ့သူတွေက ထင်ကောင်း ထင်ပါလိမ့်မယ်။ ငါတို့ သူ့ကို အနုပညာလုပ် လို့မရအောင် တားလိုက်ပြီလို့။ တကယ်တော့ ဦးအောင်မြင့်တင်ဆက်မှုက ပုံစံနောက်တမျိုးနဲ့ ချိုးပြီးဆက်သွားနေပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာတင်ဆက်သူက သူ့ အနုပညာတင်ဆက်မှု ပြီးသွားပြီလို့ ခုထိ သူကိုယ်တိုင် (သို့) မဟုတ် သူ့ကိုယ်စား တဦးဦးက မကြေညာသေးလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှစ်လေးလုံးမျိုးဆက် ကိုကိုကြီးတို့ ရွာသာကြီးဆေးရုံမှာသွားတွေ့ပြီး အားပေးကြတာဟာ၊ ဖေ့ဘွတ်ခ်စာမျက်နှာ တွေပေါ်မှာ ဓါတ်ပုံတွေနဲ့တက်လာနေတာ၊ မှတ်ချက်တွေဆက်သွားနေတာတွေဟာ ဦးအောင်မြင့်တင်ဆက်ခဲ့တဲ့ အနုပညာပြကွက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် ဆက်ပြီးဖြစ်ပေါ်နေတာလို့ ကျွန်တော်ကယူဆပါတယ်။ ဒါကြောင့် ဒီနေရာထိ ကျွန်တော်ရေးသားခဲ့တဲ့ အရေးအ သားကိုလည်း ဘိုကလေးဦးအောင်မြင့်ရဲ့ အနပညာတင်ဆက်မှုအစိတ်အပိုင်းအဖြစ် စာရှုသူကို တခါတည်းအသိပေးလိုက်ပါတယ်။

အခြားပါဖေါင်းမင့် အနုပညာရှင်များကိုရော စာရှူသူကိုပါ ဘိုကလေးဦးအောင်မြင့်ကို ဗဟိုပြု စတင်ထားပြီး ရဲအရာရှိတွေ၊ စိတ်ကုဆရာဝန် ကြီးတွေ၊ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ၊ ပုံစံမျိုးစုံ ပူးပေါင်းပါဝင် တင်ဆက်ထားတဲ့ အဆုံးမသတ်သေးတဲ့ အနုပညာစက်ဝန်းထဲမှာ တစုံတရာ ပါဝင်ပတ်သက် ၀င်ရောက်ဖန်တီးလို့ ရနေတဲ့အကြောင်း အသိပေးမောင်းခတ်လိုက်ပါတယ်။

မှတ်ချက်။ ။ အဆုံးသတ်မှာ “မောင်းခတ်လိုက်တယ်” ဆိုသည့် အဓိပ္ပါယ်ကို “လက်ခမောင်း ခတ်လိုက်သည်” ဟု ယူဆပေးပါရန်။
ပါဖေါင်းမင့် သမားထိန်လင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

  1. Ta Pyay Thu on March 25, 2012 at 9:52 pm

    Beautifully written about beautiful souls.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်