ပုဂ္ဂိုလ်ကိုးကွယ်မှု

March 30, 2012

မောင်စွမ်းရည်
မတ်လ ၃၀၊ ၂၀၁၂
မိတ်ဆွေများခင်ဗျား …

ဒီနေ့ ကျနော်ပြောချင်တာကတော့ ပုဂ္ဂိုလ်ကိုးကွယ်မှုအကြောင်းပါ။ တနည်းပြောရရင် Hero Worship ခေါ် သူရဲကောင်းကိုးကွယ်မှုအကြောင်း ပါပဲ။ တခါက အမေရိကန်ပြည်ထောင်စု၊ တက္ကသိုလ်တခုမှ မြန်မာစာ မြန်မာမှုဆိုင်ရာ စာတမ်းဖတ်ပွဲတခုလုပ်တော့ ကဗျာဆရာ တင်မိုးနဲ့ ကျနော်ရယ်၊ ပါရဂူဘွဲ့ရ မြန်မာလူငယ်ပညာရှင်နှစ်ဦးရယ် စာတမ်းဖတ်ပွဲ နားချိန်တခုမှာ စကားလက်ဆုံကျမိပါတယ်။ ပြောကြတဲ့အကြောင်း အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုအကြောင်း ဖြစ်ပါတယ်။ ဒီလူငယ်နှစ်ယောက်လုံးက ကျန်တဲ့ကျောင်းနေသူ ငယ်ချင်းတွေရဲ့သားတွေမို့ တူသားတွေလို ရင်းနှီးသူတွေပါ။

အဆုံးမှာ ပါရဂူလူငယ်တဦးက “ဆရာတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ကိုးကွယ်မှုဖြစ်နေတာပဲ” လို့ မှတ်ချက်ချလိုက်ပါတယ်။ ဒီတော့ တင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာအမြော်အမြင်နဲ့ ပြည့်စုံတယ်။ သိက္ခာသမာဓိလဲရှိတယ်။ ကိုယ်ကျိုးစွန့် အနစ်ခံသူလဲဖြစ် တယ်။ ဒါကြောင့် သူဟာ အနာဂတ်ဗမာပြည်ကို ဦးဆောင်ကယ်တင်နိုင်မယ်လို့ ယုံကြည်အားထားတာကွ” လို့ ပြန်ဖြေပါတယ်။ “ဆရာ လူဆိုတာ မှားတတ်တာပဲ။ ဒေါ်စုမှားသွားရင်ကော” လို့ အထွန့်တက်လာပါတယ်။ ဒီတော့ တင်မိုးက ပညာအမြော်အမြင်ပြည့်စုံတဲ့ ဒေါ်စုလို လူမျိုးဟာ မှားစရာမရှိဘူးလို့ကို တို့ယုံတယ်ကွာ” လို့ ပြန်ဖြေတယ်။ ပါရဂူလူငယ်က “ချောက်ထဲကို ဒေါ်စုက ဦးတည်ခေါ်ဆောင်သွားရင်ကော ဆရာ” လို့ ဆက်ပြီး ထေ့ပါတယ်။ ဒီတော့လဲ တင်မိုးက “ငါတို့ကတော့ သူ့နောက်လိုက်ပြီး ချောက်ထဲကို ခုန်ချလိုက်မှာပဲ။ ဒါပဲကွာ။ ဆက် မပြောနဲ့” လို့ အဆုံးသတ်လိုက်ပါတယ်။ ပါရဂူလူငယ်ကလည်း “ဆရာတို့ဟာ တကယ့်ဟီးရိုးဝါးရှစ်ပဲ” လို့ နိဂုံးချုပ်လာပါတယ်။

ဒီမှာတင် ကျနော်ဝင်ပြီး ဆက်ပြောပါတယ်။ “ဟီးရိုးဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး ရဲဝင့်စွန်စား စွမ်းဆောင်သူ အာဇာနည် ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်ကွ။ တိုင်းပြည်မှာ အခက်အခဲကြုံနေရတဲ့ သမိုင်းတကွေ့ရောက်ရင် ပြည်သူလူထုက အာဇာနည်သူရဲကောင်းကို မျှော်တတ်တာပဲ။ မင်းလောင်းမျှော်တယ်ဆိုတဲ့ မြန်မာရာဇ၀င်စကားရှိတယ်။ ငါတို့လည်း အများပြည်သူလူထုနဲ့အတူ မင်းလောင်းမျှော်နေ တာ။ Hero ကို မျှော်နေတာပေါ့ကွာ။ ခု ပေါ်လာပြီဆိုပြီး ငါတို့က ၀မ်းသာအားရဖြစ်နေကြတာ။ ကဗျာဆရာတွေအနေနဲ့ဆိုရင် ဆရာကြီး မင်းသုဝဏ်အစ ဆရာတင်မိုးအဆုံး အားလုံး ကဗျာတွေ စာတွေဖွဲ့ပြီး ၀ိုင်းဝန်းထောက်ခံနေကြတယ်လေ။ ကဲ မင်းတို့က ဒေါ်အောင်ဆန်းစု ကြည်ကို ယုံကြည်အားထားမှုမရှိရင် ပြောစမ်းပါအုံး၊ မင်းတို့က ဘယ်သူ့ကို ယုံကြည်အားထားနေကြသလဲ။ မင်းတို့ရထားတဲ့ ပါရဂူပညာနဲ့ ဘာတွေများ စဉ်းစားတွေးခေါ်နေကြသလဲ။ ဘာတွေလုပ်ကြမှာလဲ။ မင်းတို့ ဟီးရိုးဖြစ်အောင် စွမ်းဆောင်ကြစမ်းပါ။ ငါတို့ အားထားချင်ပါတယ် လို့ ပြောလိုက်တော့ သူတို့လဲ ဆက်မပြောကြတော့ပါဘူး။ စာတမ်းဖတ်ပွဲအစီအစဉ်က ပြောင်းသွားပြီး ဗုဒ္ဓဆင်းတုတော်ပြခန်းဖွင့်ပွဲကို ပရိတ် သတ်ရွှေ့သွားပါတယ်။ ကဗျာဆရာတင်မိုးက တခြားမိတ်ဆွေတွေနဲ့ ဆေးလိပ်သောက်ရင်း ကျန်ခဲ့လို့ ကျနော်ပဲ ပရိတ်သတ်နဲ့ ပါသွားပါတယ်။

ဗုဒ္ဓဆင်းတုတော် ပြခန်းဖွင့်ပွဲကို စောင့်နေရတဲ့နေရာက အဆောင်အခန်းတခုလုံး အတွင်းခန်းမှာဆိုတော့ နည်းနည်းမှောင်နေပါတယ်။ လူငယ်ပါရဂူနှစ်ဦးရဲ့နောက်နားမှာ ကျနော်ရှိနေတာကို သူတို့ သတိပြုမိဟန် မတူပါဘူး။ သူတို့က ကျနော်တို့အကြောင်းကို ဆက်ပြောနေပါ တယ်။ “ဒီလူကြီးတွေက မလွယ်ပါဘူးကွာ။ တယူသန်ကြီးတွေပါ” တဲ့။ ကျနော်ကြိတ်ပြီး ပြုံမိလိုက်ပြီး စိတ်ထဲမှာ ခုလို ပြန်ပြောနေမိပါတယ်။ အေး ဟုတ်တယ်။ ဒို့က တယူသန်တယ်။ လက်ရှိသမိုင်းက နှစ်ယူသန်၊ သုံးယူသန်ပြီး တွေဝေနေဖို့ အချိန်မရှိဘူး” လို့။

ဟုတ်ကဲ့ ။ ကျနော် မောင်စွမ်းရည်ပါခင်ဗျား …။

ဗွီအိုအေ သက်ကြီးစကားအစီအစဉ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

9 Responses to ပုဂ္ဂိုလ်ကိုးကွယ်မှု

  1. smile on March 30, 2012 at 9:24 pm

    FUNNY , but it can’t wait for what? It can’t wait for whom?
    It can’t wait for which matter?
    Here is my answer, It can’t wait for ASSK and NLD alone.
    ASSK knows, realize simply she can’t admit her own political mistakes.
    She is the only person who knows and came to realize that her times are over and NLD is lost for once and all but to make face-saving she needs a graceful exist and that’s all.

    with or without ASSK/NLD Myanmar is heading ahead, Myanmar will not wait for assk/nld and this is why she decided to contest 44 seats.

    Only the activists who refuse to tell it, the whole nation understands, no need to speak out. PITY, PITY and PITY

    • tae toe on March 30, 2012 at 11:09 pm

ှSmile ဆိုတဲ့ သူဟာ ပါရဂူဘွဲ့ရထဲက တယောက်ယောက်ဆိုရင်တော့ ပါရဂူဘွဲ့ လုပ်ရင်းနဲ့ ဦးနှောက်ပျက်သွားပြီး ဒီစာကို ရေးလိုက်တာနေမှာနော့။ဘာလဲ ယူက ကြံ့ဖွတ်ထဲကလား ဒါမှမဟုတ် ကြံ့ဖွတ် အသိုင်င်းအ၀ိုင်းကလား ထင်လောက်စရာပဲနော့။ကိုယ့်ကိုကိုယ်လဲ့ တော်တော် အထင်ကြီးပုံရတယ်။ ယူက ဘယ်လောက်များ ပြည်သူတွေအတွက် အနစ်နာခံထားလဲ့ မသိဘူးနော်။ ကြည့်လဲ့ ရေး ကြည့်လဲ ပြောပါ ကိုယ့်လူရေ။ မကောင်းတဲ့ လူဆိုတာ မိသားစုထဲ ရှိရင်လည်း မကောင်းဘူးလို့ မြင်တတ်မှ။ကောင်းတဲ့ လူဆိုတာလည်း သူများမိသားစုထဲ့ ပါနေရင်လည်း အကောင်းလို့ လက်ခံနိုင်မှ သင်ရဲ့ ဦးနှောက်ဟာ အသုံးတည့်မှာ။ ဒီလို့မှမဟုတ်ဘဲ အပေါ်က ရေးထားတဲ့ စာမျိုးလို့ ကြောင်းကျိုး ဆင်ခြင်မှု မရှိဘဲ ဖြစ်နေရင်တော့ ပါရဂူလည်း အသုံးတည့်မှာမဟုတ်ဘူးနော့။

  2. san nay yar on March 31, 2012 at 3:19 am

    Without Daw ASSK , Burma is heading the journey on one foot, so I wait her.

    who knows that? Even U than Shwe knows that. That’s why the government welcomes her with the approval of U Than Shwe.

    Over 40 yrs old person who used to get involved people movement and read about Burmese history a lot knows that.

    I admire/ believe in the one who has intelligence and devote his/her life.That does not mean I support him/her what ever he/her does but it means forgivable for some kinds of mistakes.

    It is different from worship and admire.
    I agree with U San Yae

  3. ma chwe ma on March 31, 2012 at 4:15 am

    ကိုယ်က မပြတ်သားရင် ပြတ်သားတဲ့သူ တာဝန်ယူရဲတဲ့သူကို ရွှေချယ်တတ်အောင် လေ့လာထားရတယ် လေ့ကျင့်ထားရတယ်၊ အဲ့ဒါဟာအရည်အချင်းတခု၊
    ပညာတတ်ဆိုပြီး မောက်မာနေတာဟာ လူ့အန္တဆိုတာကို မသိတဲ့ဟာတွေ။

  4. ကျော် on March 31, 2012 at 4:30 pm

    အစမှာတော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုပဲ ခေါ်ခေါ် မဏ္ဍိုင် တခုထားပြီး တည်ဆောက်ရတာ ပေါ့ဗျာ ။ ရေရှည်ကျရင်( အကြောင်း အကျိုး) အတွေးအခေါ် ရှိဖို့လိုလာမယ် ။ ဇွဲ မလျော့ပဲ ဆက်ချီတက်ကြဖို့ နဲ့ အတွေးအခေါ် လက်နက် တပ်ဆင် ပေးကြဖို့ တောင်းဆိုခြင်ပါတယ် ။

  5. ကိုနိုင် on March 31, 2012 at 5:30 pm

    ပါရဂူလူငယ်တွေပြောတာအမှန်ပါ၊ကဗျာဆရာကြီးပြောတာဘုရားဟောတရားနဲ့ပဲကြည့်ကြည့်၊ယုတ္တိဗေဒ နည်းနဲ့ပဲကြည့်ကြည့် လုံးဝမမှန်ပါ၊ချောက်ထဲခေါ်သွားတာတောင်လိုက်ရအောင် မြန်မာတွေဒီလောက် မတုံးသေးပါ၊personal cult ဆိုတာမရှိကောင်းပါ၊လူသားတစ်ယောက်ကိုမရှိရင်မဖြစ်ဘူးပြောတာ ideology နည်းပါးတာကိုပြနေပါတယ်။ မြတ်စွာဘုရားအသက်ထင်ရှားရှိသေးလို့လား၊လုငယ်တွေတော်နေလို့ရင်အေးရပါတယ်၊ကဗျာဆရာကြီးနှစ်ယောက်ကတော့ဆေးလိပ်တိုနေလို့ farsighted မဖြစ်နိုင်တော့ပြီထင်ပါသည်၊

    • san nay yar on April 1, 2012 at 1:37 am

      It is how to speak the dumb children understand.
      So, that speech which the poet used is the short way for young guys who are mentally
      deficient.
      therefore, they used the words just for some one who has problem to understand the meaning but not for all.

  6. Maung Pann Aye on March 31, 2012 at 7:47 pm

    There are problem with some PhD holders. Because they think that they are very different from others Degree holders and think that they are very smart. The really problem with them is they always try to come out with ridiculous ideas and it does not work for human society and they do not know that people are laughing at them.

  7. Ta Pyay Thu on April 2, 2012 at 9:02 am

    @ Smile
    What you wrote shows that you know nothing and yet you think you do. What a pitiful PHD candidate from Pyinma nar university!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments