ခလေးဘဝ… ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေးဆက်စပ်ကြည့်မိခြင်း

April 1, 2012

ကိုယဉ်ထွန်း (လူ့ဘောင်သစ်)
ဧပြီ ၁၊ ၂၀၁၂
အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော်ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့အသေးစိတ်မမှတ်မိတတ်ကြပေမဲ့ ထူးခြားတဲ့အကြောင်းလေးတွေဆို.. လူတိုင်းမှတ်မိတတ်ကြတယ်မလား။ ကဲဗျာ ငယ်ဇာတ်ကြောင်းလေးတွေထဲ ကစွဲနေတဲ့ မှတ်မိစရာလေး တွေပြောပြချင်ပါတယ်။

ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာကြောက်နေရတဲ့ ဗိုလ်ကလေးတွေရှိတယ်။ ထားပါတော့လေ… ကျ နော်နဲ့ကစားဖေါ်ထဲက ကျနော်ကြောက်ရတာက ရပ်ကွက်ထဲမှာကကျော်ဦးဆိုတဲ့ကစားဖေါ်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့်ဆိုတဲ့ ကျောင်းနေဖက်တို့နှစ်ဦးပေါ့။ ကျနော် ကျော်ဦးကိုကြောက်ခဲ့ရတာလေးမှတ်မိသမျှအရင်ပြောရရင် ကျနော် (၅) နှစ်သားလောက်က သရေ ကွင်းပစ်တယ်။ လက်မှာစွတ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင် နိုင်တဲ့ကစားနည်း ပေါ့လေ ကျနော်ကလက်တည့်တယ်။ ကျနော့်အဖေကလည်း သားရေကွင်းပူဆာရင် အဲ့ဒီအချိန်က အထုတ်လိုက်ဝယ်ပေးတတ်တယ်။ ကျနော်ပူဆာတာကို အဖေက နားညည်းလို့နေမှာပါ။ ဒီတော့သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ ကျောင်းကမတက် ရသေးဘူး ကျနော်တို့ခေတ်က (၅) နှစ်ပြည့်တယ်ဆိုတာထက် လက်ကိုခေါင်းပေါ်ကတည့်တည့်ကျော်ပြီး တဖက်ကနားကိုမှီအောင်ကိုင်ပြ နိုင်မှ ကျောင်းတက်ရတာကိုး။ တော်တော်လက်တွေ့ကြတဲ့သဘောထင်တာပဲ။ ကျနော်က လက်နည်းနည်းလေး မမှီဖြစ်နေတာကို ကျောင်း လက်ခံတဲ့ဆရာရှေ့မှာ အကြောကိုနည်းနည်းလေးတွန့်ဆုတ်ထားလိုက်တာ ငါးနှစ်ကလည်း မပြည့်သေးတော့ဗျာ။ နောက်နှစ်မှလာခဲ့ပါတဲ့။ ကျနော်က တော်တော်ပျော်သွားတာ ကျောင်းတက်ရမှာ ပျင်းစရာကြီးဆိုတာထက် ကျောင်းကြီးကိုသွားရမှာကိုက အားငယ်စရာကြီးဗျာ။ ဒီတော့ ကျောင်းမတက်ချင်တာ ဘာဆန်းလဲ။ သားရေကွင်းတွေလည်း တ၀တပြဲပစ်ဆော့ကစားရတော့မှာမို့လေ။ ဒါပေမဲ့ဗျာ မသက်သာ ဘူးဗျာတို့ အမေကကျောင်းသွားထားတာ ဆရာရှေ့မှာ လက်ကိုနည်းနည်းလေးမဆန့်ရကောင်းလားဆိုပြီး အိမ်ရောက်တော့ဆော်လိုက်တာ အီစလန်ဝေတယ်ဗျို့။ အဖေရှိလို့တော်သေးတာ အမေက ကျနော်တို့သာနိုင်တာ အဖေပြောရင်နာခံတာပဲ။ “နင့်အဖေရှိနေလို့ နင်သက်သာ သွားတယ်မှတ်တဲ့’’ အဖေကပြောတယ် “ခလေးဆိုတာ သင့်တော်တဲ့အချိန်ရောက်မှ ပညာသင်တာကောင်းတယ်တဲ့” အဖေ့ကျေးဇူးကြောင့် ကျနော်သားရေကွင်း အဝပစ်ရတော့မှာပေါ့လေ….။

ဆက်ရရင်တော့ဗျာ .. သားရေကွင်းကိုအိမ်ရှေ့မှာတင်မကဘူး၊ လမ်းထိပ်အထိထွက်ပစ်ဘို့ကြိုးစားတော့တာပဲ။ အဲ့ဒီမှာ ကျော်ဦးဆိုတဲ့ကစား ဘက်နဲ့တိုးတော့တာဆိုပါတော့။ ကျနော်က လက်ကကျင့်သားကောင်းတော့နိုင်တယ်။ ဒီမှာတင် ကျော်ဦးတို့ညီအကိုက ကျနော့်သားရေကွင်း တွေကိုလုတော့တာပဲ။ ကျနော်က သူများလုတာမခံဘူးတော့ အလုခံရတယ်လေ။ ကျနော်ပြန်လုတော့ ကျော်ဦးက ကျနော့်ကိုထိုးတာ ပါး စပ်က သွေးနည်းနည်းတောင် ထွက်တယ်။ ဒီတော့ငိုတာပေါ့ဗျာ။ ဘေးကလူကြီးတယောက်က ကျော်ဦးကိုပြန်ပေးဘို့ပြောတော့ ဒီကောင် တွေညီအကိုက ထွက်ပြေးကြပါရော။ အဲ့ဒီ့တော့ ဦးလေးကြီးက “မင်းသူ့အဖေကိုသွားတိုင်တဲ့” ကျနော်လည်း ငိုလက်စနဲ့ သွားတိုင်တယ်။ သူ့အဖေ ဦးကောက်က ဖဲဒိုင်ခံတယ်၊ အရက်ရောင်းတယ် ရက်ကွက်ထဲမှာမိုက်တဲ့သဘောရှိတယ်။ ဒါက ကြီးလာမှသိတာ။ ငယ်ငယ်က တော့ ဆိုးတယ်လောက်ပဲသိတာပေါ့။ ဆိုကြပါတော့ဗျာ. သွားတိုင်တော့ ဦးကောက်က “ဟေ့ကျော်ဦးလာအုံး… မင်း သူ့သားရေပင်ယူလာလားပြန်ပေးလိုက်တဲ့” တခွန်းပဲပြောတယ်။ ကျော်ဦးက မကျေမနပ်နဲ့ဆင်းလာတယ်၊ အဲ့ဒီ့အချိန်မှာ သူ့အဖေက အိမ်နောက်ဖေးဘက်ထွက် သွားရော။ သူ့ဖေမရှိတော့ ကျော်ဦးကရော့ဆိုပြီး သူလုသွားတဲ့ထဲကတဝက်မရှိတရှိလောက်ကို လှမ်းပစ်ပြီးပေးတယ်။ သူ့ညီကလည်း မိုက် ကြည့်လေးနဲ့ ကျနော်ရသမျှလေးယူလိုက်တယ်။ သွားတိုင်တာက ငိုနေတဲ့စိတ်ခံစားမှုနဲ့မို့လေ။ သူ့အဖေမရှိတဲ့အချိန်မှာ ကျော်ဦးမျက်နှာက ခုနကဆော်ပလော်ထားတဲ့မျက်နှာထက်တောင် ပိုပြီးကြောက်စရာကောင်းနေသလိုပဲဗျို့။ ပြောရရင်တော့ဗျာ ငယ်ကြောက်ဖြစ်သွားရတာပါ။ အိမ်ပြန်ခဲ့တာပေါ့ အိမ်ရောက်တော့ နှုတ်ခမ်းကနည်းနည်းလေးရောင်နေရော အမေက “ဘာဖြစ်လာသလဲဆိုတော့” ကျနော်က…. “ကျော်ဦး လုပ်တာ” လို့ပြောတော့ အမေက “လာသူ့အဖေကိုသွားတိုင်ရမယ်” တဲ့အဖေကတော့ “လုပ်မနေပါနဲ့ကွာတဲ့ ခလေးချင်းဆိုတာ ဒီလိုပါပဲ” တဲ့ ။ ဒါပေမဲ့ အမေက သားဇောကပ်နေပြီလေ။ ကျနော့်လက်ကိုဆွဲပြီး ကျော်ဦးတို့အိမ်ဆီကိုပေါ့။ ဒီတခါ သူ့အမေနဲ့တွေ့တယ် ဘာပြောတယ် မှတ်သလဲ “ခုနက သူ့သားကျော်ဦးက သားရေကွင်းတွေပြန်ပေးလိုက်ပါပြီတဲ့” အမေကကျနော့်ကိုမေးတယ် ဟုတ်သလားဆိုတော့ ကျနော် ကျော်ဦးမျက်နှာကို တချက်ကြည့်လိုက်ပြီး အမေ့ကိုပြန်ပြောလိုက်တယ် “ဟုတ်တယ်” လို့ ကျော်ဦးထပ်ထိုးခံရမှာကြောက်တဲ့စိတ်က အရှိ အတိုင်းဖြစ်ခဲ့တာကို မပြောရဲတာပေါ့လေ။ အမေကထပ်ပြောတယ် “လက်သီးနဲ့လည်းထိုးသေးတာ” ဆိုတော့ ကျော်ဦးအမေက “အေး အေး ဆုံးမလိုက်မယ်” ပြောပြီး ကျော်ဦးကိုလာစမ်းလို့ခေါ်တော့ ရုတ်တရက် ကျော်ဦးကထွက်ပြေးရော။ ကျနော်လည်းကြောင်နေတာပေါ့ သူ့အမေက “ဆုံးမလိုက်ပါ့မယ်” “စိတ်ချတဲ့” “ဒီကောင်လေးဒီလိုပဲတဲ့” အမေလည်းဘာမှတော့ ဆက်မပြောတော့ဘူး။ ကျနော့်ကိုလက် ဆွဲပြီးပြန်လာတယ်။ လမ်းရောက်တော့ အိမ်ရှေ့ဘက်ကအဒေါ်ကမေးတယ်။ ဘယ်လိုလဲအမဆိုတော့ အမေက “ကျော်ဦးအမေက ဆုံးမ မယ်ပြောတယ်” လို့ပြောတော့ “အမလေးအမရယ် အဲ့ဒီကလေးတွေက မိမဆုံးမ၊ ဖမဆုံးမတွေ” “သွားတိုင် ဘယ်တော့မှမဆုံးမဘူး” “သူတို့ကလေးခံလာရတယ်ဆိုရင်သာ လင်မယားနှစ်ယောက်စလုံး ရန်တွေ့တတ်တာ” တဲ့ “စရိုက်ကြမ်းတယ်။ ကျမခလေးတွေတော့ သူတို့နဲ့ မကစားခိုင်းဘူး” .“ခလေးခြင်းအနိုင်ကျင့်နေရာကနေ အိမ်ကသူ့အဖေနဲ့ပါ တော်ကြာပြသာနာဖြစ်တတ်တယ်မလားတဲ့” အော်…. ကျော်ဦးနဲ့ သူ့အမေ၊ အဖေက ဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ ခလေးဘဝကတော့ကျနော်မသိဘူးဗျာ။

အခုလည်းဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၊ ကြံ့ခိုင်ရေး ဒီကြားဖြတ်ရွေးကောက်ပွဲအတွက်ပြိုင်ဆိုင်ဖို့ ကြိုးစားနေတာကြည့်ရတာ ငယ် ငယ်တုန်း ကကျနော်နဲ့ကျော်ဦးဖြစ်သလိုများဖြစ်နေသလားတွေးနေတာ NLD အဖွဲ့ဝင်တွေ လေးဂွနဲ့အပစ်ခံရတယ်။ စည်းရုံးရေးဆင်းရင် ဒေါ်စုကအစ အဆင်မပြေအောင်လုပ်နေတာ။ မဲစာရင်းတွေ မမှန်မကန်လိမ်ထားတာ၊ ကချင်ပြည်နယ်က (၃) နေရာကို လုံခြုံရေးအရဆိုပြီးရပ်ဆိုင်းထားတာ.. စသည်ဖြင့် ပေါ့လေ။ ကျနော်ထင်တယ် လိုက်တိုင်နေလည်း ကျော်ဦးတို့မိဘတွေလိုပဲနေမှာ။ သားသမီးမဆုံးမပဲနေတဲ့ မိဘတွေလိုပဲနေမှာပါ။ မိမဆုံးမဖမဆုံးမတွေကိုတိုင်နေလို့တော့မထူးပါဘူး အရှက်ပြေဆုံးမလိုက်ပါ့မယ်ပြောနေမှာပဲဗျ ခလေးအတွေးဆို လည်း မတတ်နိုင်ဘူးဗျာ။ ကြားဖြတ်ရွေးကောက်ဝင်တဲ့သူတွေ ကျနော်ငယ်ငယ်ကလိုမဖြစ်စေချင်ဘူး။

ဇာတ်လမ်းကဆက်ရရင်တော့…. သိန်းညွန့်ဆိုတဲ့သူငယ်ချင်းအကြောင်းပါ။ သိန်းညွှန့်က အတန်းထဲမှာ ဗလအကောင်းဆုံး ကျနော်ထင်တာ တော့သူက သက်ကြီးပုဖြစ်မယ်ထင်တာပဲ။ သူနဲ့က (၂) တန်းအရောက်မှာ ဆုံတာပဲဗျ။ သူကတမျိုး ခလေးအရွယ်မှာကတည်းက သူနဲ့ အပေါက်အလန်းတည့်တဲ့သူ (၃) ယောက်ရှိတယ်။ သူတို့သုံးယောက်ကို တခန်းလုံးနီးပါးကခလေးတွေ ကျနော်အပါအဝင်ပေါ့တနေ့ ဒါမှ မဟုတ် တပါတ်ကို သုံးခါလောက်တော့ ငါးပြားပေးရတယ်။ မပေးရင် သိန်းညွှန့်က အဖွဲ့ခေါင်းဆောင် သမတယ်။ သူ့ကို ဘယ်သူမှ ဆရာမကို တိုင်မပြောရဲကြဘူး။ ဆရာမတိုင်ရင်လည်း သိန်းညွှန့်က ကျောင်းဆင်းရင်ထိုးတယ်။ ဒီတော့ ကျနော်လည်း ငါးပြားဆက်သရတဲ့အမှုကို ထမ်းရတယ်ပေါ့လေ။ ကြောက်တာကိုးနော။ ပြောရအုံးမယ်ဗျ။ ကျနော် အဲ့ဒီအတန်းကိုတက်ခါစက ငါးပြားမပေးရသေးဘူး။ ဖြစ်ချင်တော့ဗျာ ကျနော်နဲ့ခုံတတန်းတည်းကျတဲ့ ဗသိန်းဦးနဲ့ လှချစ်တင်တို့ကစတာပဲ။ သူတို့ကစပြီး ငါးပြားပေးနေတော့ ကျနော်လဲလိုက်ပေးရတာပေါ့လေ ဟုတ်ဘူးလား။ ရောယောင်ပြီးထည့်တယ်လို့ဆိုရမလားပဲ။ ခလေးဆိုတော့မသိဘူးလေဗျာ…။

သိန်းညွန့်လုပ်နေသလိုမျိုး ဒီဘက်ခေတ်မှာကို မတရားအဓမ္မအလုပ်ခိုင်းတာ၊ အလှူငွေထည့်ခိုင်းတာ၊ ပေါ်တာဆွဲတာ၊ ဖိအားပေးခြိမ်းခြောက် တာ တယ်စုံတဲ့ခေတ်ဗျာ။ မဲထည့်တာတောင်မှ ဖိအားပေးထည့်ခိုင်းနေတာ စစ်မှန်တဲ့ဒီမိုကရေစီတဲ့ပြောနေကြတာ။ သိန်းညွန့်ဘေးကလို ကပ်ဖားကပ်မြှောင်တွေကလည်း ရှိပါသဘိနဲ့။ ထားလိုက်ပါတော့လေ။ သိန်းညွန့်အကြောင်းဆက်ရအောင်….။

တနေ့တော့ဗျာ ကျနော်ကျောင်းကပြန်လာတော့ အမေကခေါင်းကိုပွတ်သပ်ပြီး ဟိုလှန်ဒီလှန်လုပ်တယ်။ သန်း ဥလေးတွေဘာလေးတွေကြည့် တယ်။ မိခင်မေတ္တာပေါ့။ နှပ်ချေးညှစ်တယ်။ ဒါမိခင်တိုင်း လုပ်တတ်တဲ့သဘောပါ။ ကျောင်းက အကြောင်းတွေမေးတယ်။ စာလိုက်နိုင်လား စသည်ဖြင့်ပေါ့။ ကျနော် အမေရော အဖေရော သားက တယောက်ပဲမွေးတာ။ အိမ်မှာက မိန်းကလေး (၄) ယောက်ဆိုတော့ ကျနော့်ကို သိတ်ချစ်ကြတယ်ထင်တာပဲ။ ဆက်ကြပါစို့ဗျာ။ အမေက အဲ့ဒီ့လိုကြည်နူးစရာလေးတွေပြောတော့ဗျာ ခလေးဆိုတော့ ကိုယ့်အဖြစ်ကို ရင်ဖွင့် တတ်တယ်မလား။ အဲ့ဒီတော့ အမေ့ကိုချွဲချင်ပြန်ရော “အမေသားလေ မုန့်မဝဘူး” လို့ပြောလိုက်ကရော အမေက “ဘာဖြစ်လို့လည်း အမေ ဆယ်ပြားတောင်ပေးတာပဲ” တဲ့။ အဲ့ဒီ့ခေတ်က မုန့်ဟင်းခါးတပွဲမှ တောမြို့မှာဆို ဆယ်ပြားပဲ။ တော်တော်ဝတယ်ဗျ။ ဒီတော့မှ….. အတန်း ဖေါ်လူမိုက်သိန်းညွန့်က တနေ့ငါးပြားလောက်ပေးနေရတာ အမေ့ကိုဖွင့်ပြောမိပါရောဗျို့။ အမေတော်တော်စိတ်မကောင်းဖြစ်သွားပုံရတယ်။ ခဏနေတော့ “နင်တဲ့ဒီအတိုင်း လူလူချင်းကြောက်နေရရင်ခက်နေမယ်”ဆိုပြီး အမေက သားဇောနဲ့လုပ်ငန်းစတော့တာပဲကွယ်ရို့ ခနနေတော့ အမေကဝါးချမ်းခတ်ထူထူတခုကို ပေတံလုပ်ပေးတယ်။ သာမန်ပေတံထက်တော်တော်ထူတယ်။ “နင့်ကို အနိုင် ကျင့်နေတာ ဆရာမကိုပြောသလား” တဲ့ “ကျနော်မပြောရဲဘူးအမေ။ သူက ကျနော့်ကို ကျောင်းဆင်းရင်ထိုးမှာ ကြောက်တယ်” အမေတင်းတာပေါ့။ “ယောင်္ကျားပဲ မတရားရင်ပြန်လုပ်တဲ့” တခွန်းပဲပြောတယ်။ အမေမှန်တာ မှားတာတော့တပိုင်းပေါ့လေ။ ကျနော် နောက်နေ့ကျောင်းသွားတော့ အဲ့ဒီပေတံကြီးထည့်သွားရောဗျို့။ စိတ်ထဲလည်းတင်းထားတယ်။ ငါ့မှာပေတံကြီးရှိတယ်ပေါ့…။

ကျောင်းရောက်ပြီးမုန့်စားဆင်းတော့ အမေပေးတဲ့ဆယ်ပြားကို ဒေါ်တုတ်မကြီးဆီမှာ မုန့်ဟင်းခါးတပွဲဝယ်စားပစ်လိုက်တယ်။ မစားရတာကြာ ပြီ။ သိန်းညွန့်ကိုဆက်နေရတာနဲ့လေ။ စားလို့ကောင်းလိုက်တာ။ ကျောင်းပြန် မတက်ခင်ပဲလေ ပွဲကစပြီဗျို့။ သိန်းညွန့်တို့တသိုက်နဲ့ တိုးပါ လေရော။ တိုတိုပြောရရင် ငါးပြားတောင်းပါပြီကော။ ကျနော့်မှာပေးစရာမရှိတော့ဘူးလေ။ အမေပေးတဲ့ပေတံကြီးအားကိုးနဲ့ ဝယ်စားပစ် လိုက်ပြီလေ။ ပေတံကြီးကိုတော့ လက်ထဲမှာကိုင်ထားတယ်။ ဒါပေမဲ့ဗျာ… ကျနော့်မှာ မရိုက်ရဲဘူးဗျာ။ ငယ်ကြောက်လိုဖြစ်နေတယ်ဗျ။ တော်တော်အားတင်းထားပြီးသိန်းညွန့်ကိုတောင်းပန်တယ်။ ဒါပေမဲ့မရဘူး။ သိန်းညွန့်က ရင်ပတ်ကိုလာကိုင်တယ်။ ကျနော်ပြာနေပြီ။ ဘာ လုပ်ရမှန်းမသိတော့ဘူး။ နောက်တော့ သူစိတ်မဆိုးအောင်ဆိုပြီး ပေတံနဲ့ရောကိုင်ထားတဲ့ “ကျောက်တံအသစ်လေးယူပါကွာ” ဆိုပြီးပြောမိ တယ်။ သိန်းညွန့်ကမရဘူးဗျာ။ ကျောက်တံလေးက အဖေဈေးကနေဝယ်လာတာ တော်တော်လေးကောင်းပါတယ်။ သိန်းညွန့်က ကျောက် တံကိုယူပြီးတော့ ချိုးပစ်လိုက်ရော။ ကျနော်လည်းကြောင်သွားတယ်။ ပြီင်္းတော့စိတ်ထဲလွှတ်ကနဲ့ဖြစ်သွားပြီး သိန်းညွန့်ကိုကြောက်ကန်ကန်ပြီး ပေတံနဲ့ တီးလိုက်မိပါရော။ သိန်းညွန့်လည်းကြောင်အန်းသွားတယ်။ ကြောက်လို့ရိုက်လိုက်တာဆိုတော့ အားကလည်း မထင်တဲ့နေရာကထွက်သလားတော့မပြောတတ်ဘူး။ ကြောက်ကျွဲခတ်ရင် သေတတ်တယ်လို့ ကြီးတော့သိလာရတာပေါ့လေ…။

သိန်းညွန့်နဖူးကြီးညိုသွားပြီး အာလူးသီးထွက်တော့တာပါပဲ။ သိန်းညွန့်ငိုပါလေရော။ ကျနော်က ဆက်တိုက် သုံးချက်ရိုက်လိုက်မိတာကိုး။ ခဏနေတော့ ကျောင်းအုပ်ဆရာကြီးရုံးခန်းရောက်တဲ့အထိပါပဲ။ နှစ်ယောက်စလုံးခုံ ပေါ်တက်ပြီး အရိုက်ခံရတယ်။ ကျနော်က (၅) ချက် သိန်းညွန့်က (၂) ချက်။ နို့မို့ဆို သူအရိုက်ခံရမှာမဟုတ်ဘူး။ အဖြစ်အပျက်စုံကို ကျောင်းအုပ်ကြီးကသိသွားတော့ သိန်းညွန့်ကို နောက်ဒီလို ကျောင်းသားချင်းအနိုင်မကျင့်ရ အောင်ဆိုပြီး (၂) ချက်။ ကျနော်ကတော့ ကျောင်းသားချင်း တုတ်နဲ့ရိုက်လို့ (၅) ချက်။ မှတ်မိသေးတယ်ဗျာ။ ကျနော် သေးတောင်ထွက်ကျချင်တယ်။ ကိစ္စကမပြီးသေးဘူး။ နောက်နေ့မိဘတွေခေါ်ရတယ်။ ကျနော့်ပေတံကြီးလည်း အသိမ်းခံရတယ်။ အမေနဲ့ သိန်းညွန့်အမေတော့ အလုပ်ရှုပ်တော့တာပေါ့…။

အဲ့ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျောင်းမှာ ခလေးတွေချင်းအဲ့ဒီ့လိုအနိုင်ကျင့်တာမရှိတော့ဘူးဗျာ။ သိန်းညွန့်လည်း ကျနော့်ကိုမနိုင်ရဲ တော့ဘူး။ ကျနော့်အမေလည်း အဖေဆူတာခံလိုက်ရတယ်ဆိုပါတော့။ ဗသိန်းဦးနဲ့၊ လှချစ်တင်လည်း ကျနော့်ကိုပိုပြီးခင်လာကြတယ်ထင်တာပါပဲ။

ဒီတော့ဗျာ… သိပ်မတရားလုပ်နေရင်လည်း ဒီကနေ့ခေတ်မှာသိတ်ကိုခေတ်စားနေတဲ့ ရင်ကြားစေ့ရေးဆိုတာလောက်နဲ့ အလုပ်ဖြစ်ပါ့မလား တွေးမိတယ်။ သိန်းညွန့်လိုလုပ်နေရင်တော့ ပေတံနဲ့တီးသင့် တီးပစ်ရမယ်လို့ ခလေးဘဝကလိုတောင် စဉ်းစားနေမိသေးတယ်။ တကယ်လို့ (Do or Die) ဆိုသလိုဖြစ်လာခဲ့ရင်ရော နေမလား သေမလားပေါ့ဗျာ။ နိုင်ငံရေးကိုပြောတာပါ။ ကျနော်ကတော့ ပေတံနဲ့တီးခဲ့ဘူးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ခလေးဘဝ… ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေးဆက်စပ်ကြည့်မိခြင်း

  1. lord on April 1, 2012 at 7:15 pm

    This is a very good article that every child should read. ….

  2.ိတာတေလေး on April 2, 2012 at 11:13 am

ိဆွမ်းကြီးလောင်းတဲ့အလုပ်တွေပြန်စဖို့ ချိန်တန်ပြီ။ လက်သယ်မပေါ်ဘူးလေ။ ၀ိုင်းသမကြ၇င်မကောင်း
    ဘူးလား။ ခွေးမသားတွေလူပါးအတော်ဝနေပြီ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်