မိုးမခဓာတ်ပုံသတင်း၊ ဧပြီ ၂၊ ၂၀၁၂
ယမန်နေ့ ဧပြီလ ၁ရက်၊ အမေရိကန်စံတော်ချိန်မှာ အမေရိကန်ပြည်ထောင်စုတ၀ှမ်းရှိ မြန်မာမိသားစုများက မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ အမတ် ၄၃ နေရာမှာ အနိုင်ရရှိနေတဲ့ သတင်းအတွက် ၀မ်းသာဂုဏ်ယူတဲ့ အထိမ်းအမှတ်များ စုဝေးဂုဏ်ယူမှုများ ပြုလုပ်ကြတယ်လို့ ကြားသိရပါတယ်။
မြန်မာအများစု ရောက်ရှိနေထိုင်တဲ့ မြို့ကြီး မြို့ငယ်တိုင်းမှာ မြန်မာမိသားစုတွေက နေအိမ်တွေမှာ စုဝေးဂုဏ်ပြုကြတဲ့ အထိမ်းအမှတ်တွေ ပြုလုပ်ကြသလို အချင်းချင်း ဖုံးဆက်စကားပြောခြင်း၊ မြန်မာပြည်သို့ ဖုံးဆက်ခြင်းတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ အချို့ကတော့ ဆန်းဒေးဘုရားရှိခိုးကျောင်း ဆုတောင်းပွဲတွေမှာ အမှတ်တရ ၀မ်းမြောက်ကြောင်းစကားတွေ ပြောကြားကြတယ်လို့ ဆိုပါတယ်။
မြန်မာအနည်းငယ်စုဝေးနေထိုင်တဲ့ မီချီဂန်ပြည်နယ်၊ လန်ဇင်းမြို့က မြန်မာနိုင်ငံသားတွေကိုယ်တိုင် စုဝေးကြပြီး အန်အယ်ဒီရွေးကောက်ပွဲအနိုင်ရခြင်း ဂုဏ်ပြုအခမ်းအနားကျင်းပကြတယ်လို့ အဲသည်က ကဗျာဆရာ အောင်ဝေးက မိုးမခကို ပြောကြားပါတယ်။ သူတို့အမှတ်တရ စုဝေးရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း မိုးမခထံ ပေးပို့လိုက်ပါတယ်။
နယူးယောက်ပြည်နယ်က ကျောင်းသားမြန်မာလူငယ်တဦးကတော့
“ဧပြီဖူးလ် မဟုတ်တဲ့ ဧပြီလ ၁ရက်နေ့ ဖြစ်ပါစေ” လို့ ဆုတောင်းစကား ပြုပါတယ်လို့ ပြောကြားပါတယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Like this:
Like Loading...
Related
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း
ဟေးးးးးပျော်လိုက်တာ…
ဘ၀မှာအချိုမြိန်ဆုံးသော
ပျော်ရွင်ကြည်နူးမှုကမျက်ရည်တောင်
ကျရတယ်။အမေ့ရုံးရှေ့မှာသွားစောင့်နေပြီး
မျော်လင့်ခြင်းကမညစ်ပတ်ပဲ
အဆင်ပြေစေရေး..
သန့်ရှင်းတဲ့ရွေးကောက်ပွဲဆိုရင်
အမေစုရမယ်ဆိုတာခလေးမေးတာတောင်သိပါတယ်။
သို့သော်ညစ်ပတ်မှုတွေကောက်ကျစ်မှုတွေကဒုနဲ့ဒေး
အကယ်လို့မရခဲ့ရင်မထူးဘူး။စီတန်းပြီးဆန္ဒပြကြမလို့
ဂဒါဖီလိုမြန်မာပြည်ကိုဇာတ်သိမ်းပေးပါလို့…
ခုတော့ပျော်ပါတယ်။ဒါပေမဲ့
နိုင်ငံတော်အုပ်ချုပ်နေတဲ့လူကြီးမင်းများစိတ်ရင်းစေတနာဖြူ
စွာနဲ့အမေစုကိုကြိုဆိုစေချင်ပါတယ်။