Diary of Japanese Journalist by Nay Thwin

April 4, 2012

ဂျပန်လူမျိုး နိုင်ငံခြားသား သတင်းစာဆရာတဦးက မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေးအပြောင်းအလဲ သဘောသဘာဝတို့ကို ခရီးသွားဆောင်းပါးများအဖြစ် ပုံဖော်ထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အတွက် မိုးမခစာဖတ်ပရိတ်သတ်ကြီး ခံစားဖတ်ရှုနိုင်စေရန်အတွက် မူရင်းဘာသာပြန်သူဆီမှ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။

မိုးမခ
◊ ◊ ◊

ဂျပန်လူမျိုး သတင်းထောက် တာကာယူကီ ကာဆူဂါ (Takayuki Kasuga) သည် မနှစ်နွေရာသီက မြန်မာပြည်ကိုသွားခဲ့ပြီးနောက်၊ ဂျပန်ပြည် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော မိုင်နီချီ ရှင်ဘွန်း (Mainichi Shimbun) သတင်းစာမှာ ခရီးသွားဆောင်းပါးများ အခန်းဆက်ရေးသားခဲ့ပါသည်။ သူမြင်တွေ့ခဲ့ရသော မြန်မာပြည်က နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ၊ မြန်မာ့ယဉ်ကျေးမှုနောက်ခံ၊ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်များအကြောင်း ဂျပန်လူမျိုးတယောက်၏ အမြင်၊ သတင်းထောက်တယောက်၏ ရှု့ထောင့်မှ စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်များကို ဘာသာပြန်ဖော်ပြလိုက်ပါသည်။

ဘာသာပြန်သူ
◊ ◊ ◊
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၁)
နေသွင်
ဧပြီ ၄၊ ၂၀၁၂

• နေပြည်တော်သို့တခေါက်
စစ်အစိုးရ နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်က စိတ်ဝင်စားဖို့ကောင်းတဲ့ တိုင်းပြည်ပါ။ အာဏာပိုင်တွေက အပြောအဆိုတွေကို ထိန်း ချုပ်ထားတာ၊ မီဒိယာတွေကို ကန့်သတ်ထားတာ၊ နိုင်ငံခြားသတင်းထောက်တွေကိုလည်း ပိတ်ပင်ထားတာတွေကြောင့် သတင်းလောက မှာလည်း မြန်မာပြည်အကြောင်း အနည်းအပါးလောက်ပဲ သိကြပါတယ်။

အထူးသဖြင့် မြန်မာပြည်ရဲ့မြို့တော်သစ် နေပြည်တော်အကြောင်းက လျှို့ဝှက်ဆန်းကြယ်ကိစ္စလိုဖြစ်နေပါတယ်။ ရန်ကုန်ကနေ နေပြည် တော်ကို ဘာကြောင့် ကောက်ခါငင်ကာ ပြောင်းရွှေ့သွားသလဲဆိုတာကလည်း လူတွေ သေချာမသိကြပါဘူး။

လွန်ခဲ့တဲ့နွေကတော့ မြန်မာပြည်ကို ကျနော်ခြေချခွင့်ရပါတယ်။ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်၊ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်မယ့်လက္ခဏာတွေ တွေ့ရတဲ့အချိန်မှာပါ။ တချိန်ကတော့ နိုင်ငံရဲ့မြို့တော်၊ အခုတော့ အကြီးဆုံးမြို့လို့ပဲခေါ်ရတော့မယ့် ရန်ကုန်မြို့ကနေ မြောက်ဘက် ကီလိုမီတာ ၃၂၀ ကို ခရီးထွက်ခဲ့ပါတယ်။ မြို့တော် အသစ် စက်စက်နေပြည်တော်ဆီကို ခရီးထွက်ခဲ့တာပါ။

“နေပြည်တော်မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုဖြတ်သွားပြီးတဲ့နောက်မှာ သက်ကယ်မိုးအိမ်တွေကို မတွေ့ရတော့ပါဘူး။ အဲဒီအစား ကုန်းမြင့်မြင့်ပေါ်မှာဆောက်ထားတဲ့ အပျံစားအဆောက်အအုံတွေကို တွေ့ရပါတယ်။ မြို့ထဲကို ဆက်ဝင်သွားတဲ့အခါမှာ ဟိုတယ်ဇုန်ကြီး တခုဆီကို ရောက်သွားပါတယ်။ စိတ်ကူးယဉ်ဆန်ဆန်ဆောက်ထားတဲ့ ဟိုတယ်တွေက ဟိုနားဒီနားမှာ ထိုးထိုးမတ်မတ် မှိုလိုပေါက်နေတာ တွေ့ရပါတယ်၊။ တချို့ဟိုတယ်တွေက ပုံပြင်ထဲက ရဲတိုက်ကြီးတွေအလား အောက်မေ့ရပါတယ်။

နေပြည်တော်ရွှေမြို့တော်ကို တောတွေ၊ တောင်တွေ၊ လယ်ကွင်းတွေကိုရှင်းလင်းပြီး လျှို့ဝှက်စွာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သံတမန် တွေကြားထဲမှာခေတ်စားနေတဲ့ ကောလဟလကတော့ အီရတ်ကို အမေရိကန်တပ်တွေဝင်တိုက်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်ကစပြီး နေပြည် တော်ကိုတည်ဆောက်ခဲ့တာလို့ ဆိုကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ အစိုးရက မြို့တော်ကိုပြောင်းရွှေ့ဖို့ ကြေညာခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးက “မြို့တော်သစ်ဟာ နိုင်ငံရဲ့ဗဟိုချက်နေရာမှာ တည်ရှိတယ်။ ဒါကြောင့် တနိုင်ငံလုံးနဲ့ ဆက်သွယ်ရေးလွယ်ကူစေမှာ ဖြစ်တယ်” လို့ပြောပေမယ့်၊ အဲဒီမှတ်ချက်ကို ဘယ်သူမှ အလေးအနက်မထားကြပါဘူး။

မြို့တော်ကို ပြောင်းတယ်၊ ရွှေ့တယ်ဆိုတာက နိုင်ငံတနိုင်ငံရဲ့ မဟာစီမံကိန်းကြီးတခုပါပဲ။ ဒါပေမယ့် မြို့တော် ပြောင်းရွှေ့ရတာရဲ့ နောက် ကွယ်က အကြောင်းရင်းများစွာထဲမှာ “ဗေဒင်အလိုအရ” အရဆိုတာကလည်း တခုအပါအ၀င် ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဘုရင်တွေခေတ်ကတည်းက တိုင်းရေးပြည်ရေးမှာ ဗေဒင်ဆရာတွေကလည်း သူ့နေရာနဲ့သူ အသုံးတော်ခံခဲ့တာ လူတော် တော်များများ သိကြပါတယ်။ အခုအချိန်အထိလည်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပေါ်မှာ ဗေဒင်ဆရာတွေက တစုံတရာ လွှမ်းမိုးထားပုံပါပဲ။

“ဗေဒင်ဆရာတွေက အကောင်းဆုံးသတင်းအရင်းအမြစ်ဆိုတော့ ကျနော်တို့လည်း သူတို့နောက်ကို အသည်းအသန်လိုက်ခဲ့ရတယ်” လို့ သံ တမန်တယောက်က ၀န်ခံပါတယ်။

ကျယ်ကျယ်လွင်လွင် ခေတ်မှီမြို့တော်က အစိမ်းရင့်ရင့် ထန်းလက်တွေ၊ တခြားအပင်တွေကိုနောက်ခံထားပြီး တည်နေပါတယ်။ လျှပ်စစ် ဓာတ်အားပေးလိုင်းတွေကို မြေအောက်မှာမြှုပ်ထားပြီး၊ အဆောက်အဦတွေကြားထဲက မြေကွက်လပ်တွေကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိ ပါတယ်။ ယာဉ်အသွားအလာလည်း များများစားစား မရှိပါဘူး။ ရဲတွေ၊ စစ်သားတွေကိုလည်း သိပ်မတွေ့ရပါဘူး။ သူတို့တွေ အရပ်ဝတ်နဲ့ လူတွေကြားထဲမှာရောနေတယ်လို့ဆိုကြတာတော့ ရှိပါတယ်။

နေပြည်တော်မှာ ကန့်သတ်နယ်မြေတွေကတော့ တော်တော်များများရှိပါတယ်၊ နိုင်ငံခြားသံရုံးတွေကိုလည်း မတွေ့ရပါဘူး။ ဒါပေမယ့် စီးပွား ရေးအချက်အချာမြို့နယ်တွေမှာတော့ လူတွေက လွတ်လွတ်လပ်လပ်ပဲ သွားလာလုပ်ကိုင်နေကြပါတယ်။ ဂျပန်အလှကုန်ပစ္စည်းတွေ၊ နောက်ဆုံးပေါ် Flat-screen television တွေကို အမေရိကန်စတိုင် shopping mall ဈေးဝယ်ကုန်တိုက်ကြီးထဲမှာရောင်းချနေတာကို တွေ့ရ ပါတယ်။ ရုပ်ရှင်ရုံတွေ၊ ဂေါက်ကွင်းတွေလည်း တခုပြီးတခု ပေါ်လာနေတယ်လို့ ဆိုကြပါတယ်။

အစိုးရရုံးတွေနဲ့ ဆိုင်ခန်းတွေက အရောင်အသွေးစုံ၊ ဆန်းဆန်းပြားပြားနဲ့ဆိုတော့ အပန်းဖြေဥယျဉ်ကြီးလား အောက်မေ့ရပါတယ်။ အသီးအနှံ တွေ၊ ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ဈေးတွေကိုကြည့်ရတာလည်း အစိုးရ၀န်ထမ်းတွေအတွက် ပံ့ပိုးပေးနေရတဲ့ လက်လုပ်လက်စား ပြည် သူတွေရဲ့နေ့စဉ်ဘ၀ သရုပ်သကန်လိုပါပဲ။

နေပြည်တော်ရဲ့လူဦးရေက သောင်းဂဏန်းကနေ အခုဆိုရင် သန်းချီရှိလာပြီ။ ခြောက်ခြောက် ကပ်ကပ်မြို့ကြီးဆိုတဲ့အနေအထားလည်း မဟုတ်တော့ပါဘူး။ အလျင်အမြန်ပြောင်းလဲနေတဲ့တချိန်တည်းမှာ နိုင်ငံတကာ အားကစားပွဲတွေကိုလက်ခံကျင်းပဖို့ ရည်ရွယ်ချက်နဲ့ အားက စားကွင်းတွေလည်း ဆောက်လက်စ တွေ့ရပါတယ်။

နေပြည်တော်ရဲ့ မဟာအဆန်ဆုံးသရုပ်သကန်ကတော့ ပါလီမန်အဆောက်အုံကြီးပါပဲ။ ပါလီမန်အဆောက် အအုံရှေ့က လမ်းမကြီးဘေးမှာ မတ်တပ်ရပ်ရင်း၊ လမ်းတွေကိုလိုက်ရေတွက်ကြည့်လိုက်တော ၁၈ လမ်း တိတိရှိတာကို တအံ့တသြ တွေ့လိုက်ရပါတယ်။ အ၀င် ၉ လမ်းနဲ့ အထွက် ၉ လမ်းတိတိရှိနေပါတယ်။

 

မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
Fortune-tellers believed to be behind mysterious relocation of Myanmar’s capital
Takayuki Kasuga
(Mainichi Japan) January 20, 2012

Myanmar, under military rule for many years, is an intriguing country. It is little known by news organizations because authorities controlled speech and the media and shut out foreign journalists. In particular, Naypyidaw, the new capital of Myanmar, is shrouded in mystery, and the reason why the country’s capital was suddenly shifted to the area from Yangon remains unclear.

I stepped into Myanmar in summer last year when dialogue between the government and pro-democracy movement leader Aung San Suu Kyi had got under way, and there are signs that the country is changing.

I traveled north on a 320-kilometer expressway from Yangon, the previous capital which is now called Myanmar’s “largest city,” to the new capital Naypyidaw. After passing a banner saying, “Welcome to Naypyidaw,” houses with thatched roofs were no longer seen. Instead, luxurious mansions were seen standing on hilly areas. As I traveled further into the city, I arrived in a hotel zone, which is dotted with fancy hotels. Some of them look like castles in fairly tales.

Naypyidaw was secretly built by cutting through the jungle and redeveloping farmland. Rumors surfaced among diplomats that a secret city was being built in Myanmar after U.S. forces attacked Iraq in 2003. In 2006 the Myanmar government announced that it had shifted its capital.

“The city is situated at the center of the country and gives easy access to all parts of the country. It’ll be advantageous for developing provincial cities,” said the information minister. However, no one took the comments seriously.

Capital relocation is a major project that can determine the fate of a country. However, one of the widely-presumed reasons behind the relocation is fortune-telling. It is widely known that fortune-tellers have played a certain role in making policies since Myanmar was under the rule of dynasties. Fortune-tellers appear to still have some influence on top officials of the Myanmar government.

“We desperately looked for fortune-tellers as excellent sources of information,” a local diplomatic source admitted.

Bright green leaves of palm trees and other plants stand against the background of the modern spacious city. Electric power cables are buried underground and there are large spaces between buildings. There is not much traffic there. Police officers and soldiers cannot be visibly seen, raising speculation that they are plain-clothed and blend into the crowd.

There are many off-limit military zones in Naypyidaw, and no foreign diplomatic establishments are there. However, people can freely travel in commercial districts, and Japanese cosmetic products and cutting-edge flat-screen television sets are on sale at an American-style shopping mall in the city. Movie theaters and golf courses have reportedly opened one after another in the region.

Official residences for public servants and shops are colorful and fancy and look like theme parks. However, there are areas with many fruit and vegetable stalls that look as if they symbolize the daily lives of ordinary citizens that support government workers’ lives.

Estimates for the population of Naypyidaw vary from as little as tens of thousands to 1 million. However, it has already wiped out its image as an unlively town. The city is undergoing rapid changes and stadiums are under construction with an eye to hosting international sporting events.

The most majestic structure in the capital is the parliament building. I stood by a wide street in front of the building and counted the number of lanes on the road. There were an astonishing 18 lanes — nine inbound lanes and nine outbound lanes. (By Takayuki Kasuga, Foreign News Department)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်