အရေးပေါ်အသက် ကယ်ဆယ်ရေး

April 6, 2012

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၆၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး (၇) ရက်သားသမီးတို့၏ နာရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို အခမဲ့ကူညီပေးလျှက်ရှိရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လူနာများကို အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေလျှက်ရှိသည်မှာ ၂၀၀၇ ခုနှစ်မှစတင်၍ ယနေ့အထိ လူနာပေါင်း (တစ်သိန်းခြောက်သောင်းကျော်) ဦးရေခန့်ရပြီဖြစ်ပါသည်။ ယခုအခါ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဌဦးကျော်သူ၏ အကြံပြုချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အရေးပေါ်ကယ်ဆယ် ရေးလူနာတင်ယာဉ်လုပ်ငန်းကို မကြာခင်အချိန်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်မှာ မြန်မာနိုင်ငံတွင် မည်သည့်အဖွဲ့အစည်း၊ အသင်းအဖွဲ့ကမှ အကောင်အထည် မဖေါ် ပေးနိုင်သေးသောလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ၆၊ ၅၊ ၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိ ပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) ကား အား လှူဒါန်းခဲ့ပါသည်။ ယင်းအရေးပေါ် လူနာတင်ယာဉ်အား သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသ ကြသော လူနာများတွင် အရေးပေါ် ဆေးရုံတင်ရမည့် လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့သခြင်း တို့ကို ကုသိုလ်ဖြစ် ကူညီဖေးမပေးခြင်းတို့ကို အသုံးချကူညီခဲ့ပါသည်။

ယခု ထပ်မံ၍ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်အား လောလောဆယ်တွင် လူနာတင်ယာဉ်တစ်စီးသာ သုခကုသိုလ်ဖြစ်ဆေး ခန်းတွင်ရှိသေးပါသဖြင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်သော ယာဉ်တိုက်မှုများ၊ မီးလောင်မှုများ၊ ရေကြီး မှုများ စသည့်ဘေးအန္တရာယ်များကြောင့် အရေးပေါ်ကျန်းမာရေးကူညီစောင့်ရှောက်ရန်လိုအပ်၍ အကူအညီတောင်းခံလာပါက နာရေးကူညီ မှုအသင်း (ရန်ကုန်) မှ လူနာတင်ယာဉ်နှင့် အရေးပေါ်လူနာများအား အစိုးရပြည်သူ့ဆေးရုံကြီးများသို့ (အခမဲ့) ပို့ဆောင်ပေးမည့် ကူညီကယ် ဆယ်ရေးလုပ်ငန်းဖြစ်သည်။ နောင်အနာဂတ်တွင် ယင်းအရေးပေါ်လူနာတင်ယာဉ် (အခမဲ့) ၀န်ဆောင်မှုလုပ်ငန်းအား မြန်မာပြည်တ၀ှမ်း ကူညီဖေးမလုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။

အထက်ပါ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း ရှိလူနာတင်ယာဉ်နှင့်လိုက်ပါ မည့် လုပ်အားပေး လူမှုရေးသမားများကို ရန်ကုန်တိုင်း ကြက်ခြေနီအသင်းနှင့် ဆက်သွယ်အကူအညီတောင်းခံကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် နာရေးကူညီမှုအသင်း (ရန် ကုန်)၌ ‘အခြေခံရှေးဦး သူနာပြုစုခြင်း’ သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်း နည်းပြဆရာများမှလာရောက်၍ စေတနာထက်သန် စွာဖြင့် ကြက်ခြေနီ (ရှေးဦးသူနာပြုလုပ်ငန်း) စတင်ပေါ်ပေါက်လာပုံကိုရှင်းလင်းပြောကြားကာ သင်တန်းပို့ချချက်များကို သင်ကြားပေးခဲ့ သည်။သင်တန်းကို (၂၃.၃.၂၀၁၂) ရက်နေ့ နံနက် (၀၉း၃၀) အချိန်၌စတင်ဖွင့်လှစ်ခဲ့ကာ ဆရာဦးကျော်ဇော (ဦးစီးမှူး-ဒုတိယတန်း)၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ (ကြက်ခြေနီအကြောင်း သိကောင်းစရာ)(ရှေးဦးပြုစုခြင်း အခြေခံသ ဘောတရား)၊ ဆရာဦးခင်သန်း(ဒု-တပ်ရင်းမှူး၊နည်းပြ) တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း မှ (သတိလစ်မေ့မျောခြင်း) ၊(သွေးလန့်သွေးဆုတ်ခြင်း)၊ ဆရာဦးအောင်သန်း (နည်းပြ) မှ (အပူလောင်ခြင်း) စသည့် ကယ်ဆယ်ရေးဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ ပါသည်။

ထို့အပြင် ဦးခင်သန်း (ဒုတပ်ရင်းမှူး၊နည်းပြ) မှ (သွေးယိုထွက်ခြင်း) နှင့် (ဒဏ်ရာအမျိုးမျိုး ပြုစုနည်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊ နည်းပြ) မှ အခြေခံ အသက်အထောက်အကူပြုနည်း (CPR)ကို သင်ကြားပေးခဲ့ပြီး သင်တန်းသားများအား လက်တွေ့လေ့ကျင့်ပေးခဲ့ပါသည်။ ဦးအောင်ကြည်(ဒုတပ်ရင်းမှူး-နည်းပြ) ဗဟန်းမြို့နယ်ကြယ်ခြေနီ သူနာပြုတပ်ရင်းမှလည်း ပတ်တီးစည်းနည်းအခြေခံနှင့် အဆိပ်သင့်ခြင်း ဘာသာရပ်ကို သင်ကြားပေးခဲ့ပါသည်။

ဦးခင်သန်း (ဒုတပ်ရင်းမှူး၊နည်းပြ) မှ (အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယ တန်း၊နည်းပြ) မှ အရေးပေါ်အထွေ ထွေပြုစုနည်းများအား သင်ကြားပေးခဲ့ပါသည်။ သင်တန်းဆရာများဖြစ်ကြသော ဦးခင်သန်းနှင့်ဦးအောင်ကြည်တို့မှ ပတ်တီးစည်းနည်းများ၊ လူနာသယ်ဆောင်နည်းများကိုလည်း နေ့အလိုက်သင်ကြားပြသပေးခဲ့ပါသည်။

အထက်ပါသင်တန်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လုပ်အားပေးကော်မတီ သင်တန်းသား/သူ စုစုပေါင်း(၂၉)ဦး တက်ရောက်သင်ကြား ခဲ့ကြပါသည်။ အထက်ပါ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံရှေးဦးပြုစုခြင်း သင်တန်း၏ အရည် အချင်းစစ် စာမေးပွဲကို (၃၁.၃.၂၀၁၂) နေ့၊ နံနက် (၁၀း၀၀) နာရီတွင် စာမေးပွဲများစစ်ဆေးခဲ့ပြီး သင်တန်းဆရာများမှ သင်တန်းသားများအား စာတွေ့၊ နှုတ်မေးနှင့်လက်တွေ့များဖြင့် အရည်အချင်းစစ်ဆေးခဲ့ကြပြီးနောက် နံနက်ပိုင်းစာမေးပွဲစစ်ဆေးခြင်းအား ခေတ္တရပ်နားခဲ့ပါသည်။

အဆိုပါ နေ့လည်ပိုင်းတွင် အထက်ပါ အခြေခံရှေးဦးပြုစုခြင်း သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားနှင့် သင်တန်းအောင်လက်မှတ်ပေးအပ် ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဌ ဦးကျော်သူမှ သင်တန်ဆင်းအဖွင့်မိန့်ခွန်း ပြောကြား ပြီးနောက် သင်တန်းထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုချီးမြှင့်၍ သင်တန်းသားများမှ သင်တန်းဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် သင်တန်းဆင်းအောင် လက် မှတ်များကို သင်တန်းဆရာများမှချီးမြှင့်ပေးခဲ့ပါသည်။ ပြီးနောက် သင်တန်းဆရာများမှ သင်တန်းသား၊ သင်တန်းသူများအား ဆုံးမသြ၀ါဒ စကားချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား ကာ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။

ယင်းသင်တန်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးသမားများဖြစ်ကြသော သင်တန်းသူ (၁၁) ဦး၊ သင်တန်းသား (၁၈) ဦး စုစု ပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၂၀၁၂၊ မတ်လ (၁၂) ရက်နေ့တွင် အသင်းမှတ်ပုံတင် ကျရောက် ပြီးသည့်နောက်ပိုင်း နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး အများပြည်သူအပေါင်းတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည်တို့ကို တိုးမြှင့်ကူညီလုပ်ဆောင် ပေးဆပ်နေပြီဖြစ်သလို ယခုအရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းဖြစ်သော လူနာတင်ယာဉ်ဖြင့်လူသားတို့၏ အသက်ပေါင်းမြောက်များစွာကို ထပ်မံကယ်တင်ပေးနိုင်တော့မည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)