ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ပြောဆို – Cameron calls for Burma sanctions to be eased‎

April 13, 2012


မိုးမခအထောက်တော် အမှတ် ဝဝ၁
ဧပြီ ၁၃၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ရောက်ရှိလာသော ဒေးဗစ်ကင်မရွန်း [ဓာတ်ပုံများ – ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံး ၀က်ဆိုက်]

 

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ နေ့ခင်းပိုင်း ရန်ကုန်တွင် ရောက်စဉ် ပြောကြားလိုက်သည်။

နံနက်ခင်းပိုင်းက နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ထို့နောက် ရန်ကုန်တွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံအပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ဆိုင်းငံ့ဖို့အချိန်ရောက်ပြီလို့ ကျနော်ယူဆပါတယ် … ဆိုင်းငံ့ဖို့ ပြောတာနော်၊ အဆုံးသတ်ဖို့ပြောတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်သည်ဟု ဒေးဗစ်ကင်မရွန်းက ဆိုသည်။

“လက်ရှိအချိန်နဲ့ (ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးမယ့်) ၂၀၁၅ ကြားထဲမှာ ခရီးဆက်ရမှာ အရှည်ကြီး ကျန်နေသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ လုပ်စရာတွေ အများကြီး အများကြီး ကျန်နေပါသေးတယ်” ဟု ဒေးဗစ်ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက်လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။

နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်းမှာပင် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အားနည်းနေတာသည်ဟု ဆိုထားသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း တိုက်တွန်း ပြောကြားထားသည်။

သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။

နံနက် အစောပိုင်း နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။


 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

6 Responses to ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ပြောဆို – Cameron calls for Burma sanctions to be eased‎

  1. ကိုရေအေး on April 13, 2012 at 8:21 pm

    ပြည်သူလူထုကဆင်းရဲမွဲတေမှု့ တွေကလွတ်မြောက်ချင်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုရွေးချယ်လိုက်တာပါ..အခုအဖွဲ့ ချုပ်နာယကကြီးကပိတ်ဆို့ မှု့ တွေကိုမရုပ်သိမ်းပါနဲ့ အုံးလို့ ပြောနေတာပြည်သူအပေါ်ရက်စက်ရာကျလိုက်တာ. ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကိုဖျက်ဆီးရာကျနေပြီ.ပြည်သူတွေနားလည်ထားရမှာကနိုင်ငံရေးသမားဆိုတာအဲဒီလိုဘဲ.ပြည်သူတွေရဲ့ မျက်ရည်နဲ့ ရေချိုးကြမဲ့သူတွေပါ.ကျုပ်တို့ ပြည်သူတွေကတော့စစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့ နဲ့ ထမင်း၀၀စားရဖို့ မျှော်လင့် ခြင်းများနဲ့ …

  2. U Thi Ha Tint Swe on April 13, 2012 at 11:03 pm

    We welcome U.K’ attitude on weapon-sanction of Burma’s long civil war.

  3. U Thi Ha Tint Swe on April 13, 2012 at 11:15 pm

    because third world war is low probality and Burma don’t need long civil war for democratic peaceful united modern developmental real union of Burma and Burma should more attend to National people’s reconcilation & reconstructions on LDC and it’s on time to give up conservative thoughts.

  4. Only way* on April 14, 2012 at 7:08 am

    Right pathway for all aspects.

    Sanctions are mainly for Junta and associates , not for people ; maybe there is minor collateral damage ; but how about Ne Win’s era ? More isolated and there is no chance to go out to foreign countries for work in early and middle Ne Win’s era. Ne Win era isolation was not worse than present Than Shwe era ; so conclusion should/might be due to self-damage( due to wicked Than Shwe, junta generals and their cronies mismanagement and greediness for their pockets as all knows).

    Junta was/is not be afraid of inside power ; 50 years ruling with gun is proving .

    They are only afraid of foreign power to which they can not lie/bully/control , actually , be afraid (because much much more powerful than their primitive weapons and brains).

    Foreign pressure has two ways : soft way like sanction and hard way like supporting weapons to opposites (less likely). So, people has to hope only this soft way pressure to change; otherwise , there will be wild wolves without restraints ; sufferers are people for more many decades . Foreign powers are helping ; actually , not their matter about life and death of other country people; physical helping is also using their tax payers money .

    Without this , how to tame the hell dogs generals and their cannibalic behaviors to mother Burma and its people?

    So, to look from overall view and long term aspect , not to be short sighted and narrow minded.

    Understandably….

  5. Mg Moe on April 14, 2012 at 7:34 am

    ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် တွေ ကြိုးကြီးချိတ်ထမီ တွေ မဝတ်တာ ကြောင့် နအဖ ဝန်ကြီးတွေကို သတိရ မိသလိုလို ဖြစ်တယ်။ အော်…. မဲသူခိုး သန်းရွှေ လက်ထက်မှာ ဖြစ်ခဲ့တာ ရာဇဝင်တွင်ပါတယ်။

  6. Po Thikyar on April 14, 2012 at 11:13 pm

    “Sanction” has some bad effect on the people of Myanmar, but it is the only way that the democratic communities can show their disapproval.It was meant to help Myanmar people.
    We should be able to tolerate. Changes never come without some sacrifices. When Daw Su ,NLD, 88th generations an other ethnic people are sacrificing for decades, why ordinary Myanmar people couldn’t show the the spirit of comradeship.Sanction is one of the many factors which bring the Government to the table. Sanction list is a black list. Everybody wants to cancelled its name from the black list. Now we have so called “civilian government”. They should care more about their image then the military government.
    The recent improvements in Myanmar like releasing of Daw Su, political prisoners and legalizing NLD are the partially benefits of Sanction. Now I think the power of sanction is stronger then ever during Civilian Government’s tenure.

    I never heard the people are revolting against Daw Su and NLD for proposing sanctions.It shows that the people are willing to sacrifice for the gain.Don;t underestimate the political IQ of the people.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်