ယဉ်ကျေးမှုဆိုတာ

April 16, 2012

ငြိမ်းချမ်းအေး
ဧပြီ ၁၆၊ ၂၀၁၂
လူတစ်ယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ယဉ်ကျေးမှုမရှိဘူးလို့ တသမတ်တည်းကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့သဘောက ကျယ်ပြန့်ပါတယ်။

လူတစ်ဦချင်းအရ ယဉ်ကျေးမှုကိုတိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည်မှု (သို့) ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။

လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊ ကိုယ်ကွယ်ယုံကြည်မှု၊ သမိုင်း စတာတွေကိုကြည့်ပြီး ယဉ်ကျေးမှုမြင့် တယ်၊ နိမ့်တယ်ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့ တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ် နည်း၊ ဓလေ့ စတာတွေကိုအခြေခံပြီး လူအဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုလို့ သတ်မှတ်ကြတာပါ။

လူတစ်ယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ပိုပြီး တသမတ်တည်းကောက်ချက်ဆွဲလို့မရတာက အကျင့်စာရိတ္တပါ။ အကျင့်စာရိတ္တဟာ လူ တစ်ယောက်ရဲ့ လူပီသတဲ့ အကျင့်၊ စရိုက်၊ အပြုအမူနဲ့ လူအဖွဲ့အစည်းမှာရှိတဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားလိုက်နာမှုနဲ့ ပိုသက် ဆိုင်ပါတယ်။

ဗုဒ္ဓဟောတဲ့ …
သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊
သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊
စာဂ – ပေးကန်းစွန့်ကြဲခြင်း၊
သုတ – အကြားအမြင် ဗဟုသုတများခြင်း၊
ပညာ – အမှန်ကိုသိခြင်း၊
ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊
သြတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်းဆိုတဲ့
သူတော်ကောင်းဥစ္စာ ခုနှစ်ပါးတရားနဲ့လည်း ယဉ်ကျေးမှု၊ အကျင့်စာရိတ္တကို ဖော်ညွှန်းနိုင်ပါတယ်။

ကိုယ်၊ စိတ်၊ နှလုံးစောင့်ထိန်းခြင်းမှာ အဝတ်အစားဆင်ယင်မှုပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားသွား၊ ကျောင်းတက် လုပ်တဲ့နေရာ မှာ ဝတ်ဆင်တဲ့ဆင်ယင်မှုနဲ့ ပျော်ပွဲ၊ ရွှင်ပွဲသွားတဲ့နေရာမှာ ဆင်ယင်ထုံးဖွဲ့မှုဟာ မတူညီနိုင်ပါ။ လူတွေဟာ နေရာ၊ ဌာန၊ ရာသီဥတုအပေါ်မူ တည်ပြီး လိုက်လျောညီထွေ ပြောင်းလဲဝတ်စားဆင်ယင်လေ့ရှိကြတာ သဘာဝပါ။

ပျော်ပွဲ၊ ရွှင်ပွဲမှာ အပျော်ကနေ အပျက်မဖြစ်အောင် ထိန်းသိမ်းတည့်မတ်ပေးဖို့က အဝတ်အစားတစ်ခုတည်းချည်း ဇောင်းပေးလို့မရပါ။ ဆေး လိပ်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု၊ မူးရစ်ရမ်းကားမှု စတာတွေကို ဖြောင့်မတ်မှန်ကန်တိကျတဲ့၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ ထိန်းချုပ်နိုင်မှု၊ ကောင်းမွန်မှန်ကန်တဲ့ အသိပညာပေးနိုင်မှု၊ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်း စတဲ့ တိုင်းပြည်အတွက် ပိုမိုအရေးကြီး တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ ဝေဖန်ထောက်ပြတာက ပိုသင့်လျော်မယ်ထင်ပါတယ်။

ခေတ်ရဲ့ဝတ်စားဆင်ယင်မှုဟာ ခန္ဓာကိုယ်ဖော်ပြမှုအသားပေးပြီး လျပ်ပေါ်လော်လည် (လီ) လာနေတယ်လို့လည်း ဆိုမရပါ။ ရင်သား၊ ပေါင် တံ စတဲ့ ကိုယ်ခန္ဓာကို လှစ်ဟာဖော်ပြတဲ့ စွဲဆောင်မှုရှိစေတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေးတဲ့လူအဖွဲ့အစည်း စရှိကတည်းက (ဗမာ ပြည်နဲ့ ပြောရင် ပျူခေတ်၊ ပုဂံခေတ်လို ခေတ်တွေကတည်းက) ခေတ်အလိုက် ပုံစံကွဲပြားပေမယ့် ကိုယ်ခန္ဓာအလှပေါ်လွင်စေတယ်ဆိုတဲ့ သဘောက ခေတ်အဆက်ဆက်ထွန်းကားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံတွေမှာ ပါမြဲဖြစ်တယ်။

လူတစ်ယောက်ရဲ့ အဝတ်အစားဝတ်ဆင်မှုနဲ့ ဘယ်လိုမှမပတ်သက်ဆုံးကိစ္စကတော့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ပိုင်ခွင့်၊ အခွင့်အရေးကို အာမခံတဲ့ ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီစနစ်က အာမခံတဲ့လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်မှာ တရား၊ ဥပဒေကို လေးစားလိုက်နာမှု၊ လူတစ်ဦးချင်းစီရဲ့တာဝန်ယူမှုက တွဲပါရပါတယ်။ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှု (အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံးပါပါတယ်) က လူတစ်ဘက်သားကို အနှောင့်အယှက်မဖြစ်စေရ၊ မထိခိုက်စေရဆိုတာ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းမှာရှိတဲ့လူတိုင်းက လိုက်နာရတဲ့ လူ့ကျင့်ဝတ်ဖြစ်သလို မဖြစ်မနေလုပ်ဆောင်ရတဲ့ တာဝန်၊ ဝတ္တရားလည်းဖြစ်တယ်။ ဝတ်စုံပြည့်ဝတ်ရမယ်လို့ သတ်မှတ်ထားတဲ့ စားသောက် ဆိုင်မှာ သတ်မှတ်ထားတဲ့ဝတ်စုံနဲ့ မှ စားသောက်ခွင့် ရှိသလို၊ အဝတ်ဗလာတွေပဲ လာရောက်ခွင့် ရှိတဲ့ ကမ်းခြေမျိုးမှာလည်း အဝတ်အစားမပါ၊ အဝတ်မဲ့နေနိုင်မှ ဝင်ရောက်ခွင့်ရသလိုမျိုးပါ။

ခေတ်သစ်ကမ္ဘာရဲ့ နည်းပညာ၊ ဆက်သွယ်ရေးတိုးတက်ဖြစ်ထွန်းမှုလာမှုနဲ့ အတူ ကမ္ဘာတစ်ခုလုံးရဲ့ ကူးလူးဆက်ဆံ၊ စီပွားလုပ် စတဲ့ ထိတွေ မှုတွေဟာ လျင်မြန် မြန်ဆန်၊ ကျယ်ပြန့်လာရုံမက တနေ့ထက် တနေ့လည်း ပိုများလာနေတယ်။ လူ့အဖွဲ့အစည်း အသီးသီးမှာရှိနေတဲ့ လူတွေရဲ့ အတွေးခေါ်၊ ဓလေ့ထုံစံ၊ အပြုအမှု၊ အစားအသောက်တွေဟာ ကူးလူးစပ်ယှက် ပြောင်းလဲလာတာများသလို ဝတ်စားဆင်ယင်မှု ဓလေ့တွေကလည်း ပြောင်းလဲလာပြီး လူအဖွဲ့အစည်းတစ်ခုတည်းရဲ့ ဝတ်ဆင်မှု ဓလေ့၊ ယဉ်ကျေးမှုအတိုင်း မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှု ပေါင်းစုံရဲ့ ဝတ်ဆင်မှုအဖြစ်ပြောင်းလဲလာတာ၊ တနည်းအားဖြင့် ကမ္ဘာပိုဆန်လာတယ်ဆိုတာ သဘာဝပါလို့ လက်ခံနိုင်ရပါမယ်။

လူအဖွဲ့အစည်းတစ်ခုရဲ့ အပေါ်ယံ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာကို ပြစ်တင်ဝေဖန်နေမယ့်အစား လူအဖွဲ့အစည်းပေါင်းစုံက လက် ခံနိုင်တဲ့ (လက်ခံထားတဲ့) ယဉ်ကျေးမှုရှိသူ၊ လူယဉ်ကျေးလို့ သတ်မှတ်စေတဲ့၊ ဘုရားဟောနဲ့လည်းညီတဲ့ မကောင်းမှုဒုစရိုက်ပြုရမှာကို ရှက်ကြောက်လာစေခြင်း၊ တရားဥပဒေ၊ ကျင့်ဝတ်စည်းကမ်းကို လေးစာလိုက်နာလာစေခြင်း၊ အကြားအမြင် ဗဟုသုတများ၊ အကျိုးအကြောင်း ပညာကြီးပြီး အမှန်ကိုသိလာစေခြင်း၊ လူ့ကျင့်ဝတ်ကိုသိတဲ့၊ လူပီသတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဓလေ့စရိုက်တို့ကို ထွန်းကား စေခြင်း၊ စတဲ့ အတွင်းစိတ်သဏ္ဍာန် ရိုးသား၊ စင်ကြယ်၊ ဖြောင့်မတ်၊ မှန်ကန်မှုကိုဦးစားပေးပြီး စာရိတ္တမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးဖို့စေဖို့ မိမိကိုယ်တိုင်က (တစ်ဦးချင်း) နေထိုင်ကျင့်ကြံသွားနိုင်မှ မိမိယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းတဲ့၊ ယဉ်ကျေးမှုပေါင်းစုံကိုလည်း လေးစားလက်ခံ နိုင်တဲ့ ပိုမိုကောင်းမွန်လှပတဲ့ အနာဂတ်ရှိတဲ့ လူအဖွဲ့အစည်းတစ်ခုဖြစ်လာမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

12 Responses to ယဉ်ကျေးမှုဆိုတာ

  1. နေမျိ on April 16, 2012 at 4:01 pm

    ကြည့်လို့ကောင်းတယ်ဆိုလည်းကြည့်လို့ကောင်းတယ်ဒဲ့ေ၇းပေါ့။
    ဘာတွေဆင်ခြေလက်ခြေတွေနဲ့ေ၇းနေတာလဲ။

  2. NYEIN CHAN AYE on April 16, 2012 at 9:31 pm

    လူမှုရေးကွန်းယက်စာမျက်နှာများတွင် ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု အကြောင်းအရာများနဲ့ ပတ်သက်ပြီး အချို့သော ပုဂ္ဂိုလ်များရဲ့ ရေးသားမှုများ၊ ဆောင်းပါးများအရ ပြန်လည်ပြောဆို ဆွေးနွေးချင်တဲ့ အချက်များကို မှတ်ချက်အနေနဲ့ ရေးခွင့်ပြုပါ။

    နိုင်ငံခြားဇာတ်လမ်းတွဲ ရုပ်ရှင်တွေ မပြနဲ့၊ ဒါတွေကြောင့် လူငယ်တွေ အတုယူမှားနေကြတာ၊ ကြာရင် တိုင်းပြည်ပျက်လိမ့်မယ်..လို့ တချို့သော ပုဂ္ဂိုလ်များ၊ စာရေးဆရာ ဆိုသူများက ဆိုပါတယ်။ သူတို့ကို ပြန်လည် သတိပြုစေချင်တာက ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် သီးသန့်နေပြီး သူများ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဓလေ့ ထုံးစံတွေ အဝင်မခံဘဲနေမှ အကြံတုံး၊ ဉာဏ်တုံး၊ လူညွန့်တုံးပြီး အတွေးအခေါ်နိမ့်ကျ၊ အမြင်ကျဉ်းမြောင်း၊ အကျင့် စာရိတ္တတွေပျက်၊ အမှန်ကို မသိဖြစ်ပြီး တိုင်းပြည်ပျက်မှာဖြစ်ပါတယ်။ အဲ့လို အမျိုးသားရေးဝါဒီတွေ တိုင်းပြည်မှာ ကြီးစိုးပြီး နှစ်ငါးဆယ်ကျော် တံခါးပိတ် တသီးတသန့် ထည်းထည်းကြီး နေခဲ့လို့ တိုင်းပြည်အောက်တန်း နောက်တန်းကျခဲ့တာကို သင်ခန်းစာ ယူစေချင်ပါတယ်။

    သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှု ဘယ်သူ့ဘယ်သူမှ ကောင်းတယ်၊ ဆိုးတယ် ဆိုတာမရှိပါ..။ ဘာသာယဉ်ကျေးမှုမှာ ကြည့်လည်း တချို့က ဘုရားသွားရင် ဦးထုပ်ချွတ်တယ်၊ ဖိနပ် စီးတယ်၊ တချို့က ဖိနပ် ချွတ်တယ်၊ ဦးထုပ်ဆောင်းတယ်..။ ဓလေ့ ထုံးစံမတူတာပဲ ရှိတယ်။ ဆိုးတယ်၊ ကောင်းတယ် ပြောမရပါ။

    တချို့လူမျိုးတွေ (ယောင်္ကျား၊ မိန်းမ) ရာသီဥတု ကြောင့် လိုအပ်လို့ အရက်သောက်တာကို သင်းတို့ ပျက်စီးခြင်း ငါးပါးတိုင်နေပြီလို့ ပြောမရပါ..။ မပျက်စီးလို့ သူတို့ တိုင်းပြည်တွေ ကမ္ဘာအလယ် ရင်ဘောင်တန်းပြီး တိုးတက်နေတာပေါ့..။

    ပြောရမှာ ထောက်ပြရမှာက လူငယ်တွေ အတွက် အရက်၊ ဆေးလိပ် ဝယ်ခွင့် အသက်သတ်မှတ်ချက် မှန်မှန်ကန်ကန် တိတိကျကျ ဥပဒေ ပြဌာန်းပြီး ရောင်းသူ၊ ဝယ်သူကို မျက်နှာမလိုက် အရေးယူတာ၊ လွယ်လွယ်ကူကူဝယ်လို့မရအောင် ဆောင်ရွက်တာ (ဥပမာ – ဆေးလိပ်ဆို အလိပ်ချင်း ဝယ်လို့မရအောင် ဆောင်ရွက်တာ၊ စတိုးဆိုင်ရဲ့ မြင်သာတဲ့ နေရာမှာ မတင်စေတာ..)၊ ဆေးလိပ်၊ အရက် အခွန်တွေ ပိုပြီး စည်းကြပ်တာ၊ ပညာပေး အစီအစဉ်တွေ ကျောင်းမှာ စနစ်တကျ ပို့ချတာ၊ ဆေးလိပ်ဖြတ်၊ အရက်ဖြတ် အစီအစဉ်၊ နှိမ့်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ်တွေကို ကျန်းမာရေးဌာနတွေ က စီစဉ်ပေးတာ စတဲ့ နိုင်ငံတကာ အဆင့်မီ လုပ်ဖို့ပဲ ထောက်ပြရမှာ ဖြစ်ပါတယ်။

  3. NYEIN CHAN AYE on April 16, 2012 at 9:31 pm

    အရက်ပညာပေးတယ်ဆိုလည်း ယဉ်ကျေးမှု ရှုထောင့်ထက်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ပြီး ပြောရမှာပါ..။ သူတို့တိုင်းပြည်တွေမှာ အရက်သောက်ကြတယ်ဆိုတာ ရာသီဥတုအေးလို့ အချမ်းဒဏ် ကာကွယ်အောင် သောက်ရင်းနဲ့ အရက်သောက်တဲ့ ဓလေ့ဖြစ်တာ၊ တို့ ပူတဲ့ တိုင်းပြည်မှာ နေ နေတာဆိုတော့ အရက်အလွန်အကျွံသောက်လို့ ကျန်းမာရေးအရ မကောင်းဘူး၊ ဒါမှမဟုတ် လူမှုရေးရှုထောင့်ကနေကြည့်ပြီး သူတို့တိုင်းပြည်က လူတွေရဲ့ ဝင်ငွေ အဆင့်အတန်းနဲ့ သူတို့ စိတ်အပန်းဖြေ ပျော်ပါးမှုက လိုက်လျောညီထွေရှိတယ်..၊ တို့က အဲ့သလို အဆင့်အတန်း၊ ဝင်ငွေမျီုး မဟုတ်တော့၊ အရက်အစ အခြား အပျော်အပါး၊ စိတ်အပန်းဖြေစရာတွေထက် ပိုပြီး သင့်တော်တဲ့ နေရာမှာ ပိုက်ဆံကို အသုံးချသင့်တာပေါ့…၊ စသည်ဖြင့် အကျိုးနဲ့အကြောင်းနဲ့ ပြောရမှာပါ..။

    ဘာသာရေး အရပြောလည်း ယောင်္ကျား အရက်သောက်လည်း ငါးပါးသီလ ကျိုးတာပါပဲ..။ မိန်းမသောက်မှ မကောင်းတာ၊ အကျင့်သီလပျက်တာ မဟုတ်ပါ။

    အဝတ်အစားဝတ်တာကိုကြည့်ပြီး မိမဆုံးမ၊ ဖမဆုံးမလို့ ကရုဏာ ဒေါသောနဲ့ ပြောသလိုလိုနဲ့ တဘက်စောင်းနင်း ပြောနေတဲ့ ပုဂ္ဂိုလ်များကိုလည်း ပြောချင်တယ်။ ဆရာတို့ပြောတဲ့ မိမဆုံးမ၊ ဖမဆုံးမတွေကပဲ စကတ်တိုတွေ၊ ဘောင်းဘီတိုတွေနဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေကို လက်တွဲကာကွယ်ရင်း လမ်းပေါ်မှာ တိုင်းပြည်တာဝန်ကျေခဲ့တာပါ..။ အဲ့ဒီ ဆရာတို့ပြောတဲ့ မိမဆုံးမ၊ ဖမဆုံးမတွေကပဲ နီုင်ငံတာကာမှာ ထိပ်တန်း တက္ကသိုလ်တွက အဆင့်မြင့်ဆုံး ဘွဲ့တွေယူ၊ ယောင်္ကျားတွေနဲ့ ယှဉ် အလုပ်လုပ် ဝင်ငွေရှာပြီး၊ တိုင်းပြည် အခွန်ထမ်းနေတာပါ..။

    အဲ့လို လူငယ်၊ အမျိုးသမီးငယ်လေးတွေနဲ့ နီးနီးကပ်ကပ်နေ့ကြည့်၊ ပေါင်းကြည့်ပါ..။ အချို့သော သူများ ယူဆသလို သဘောလွယ်တဲ့ သူတွေ မဟုတ်ပါဘူး..။ သူတို့ သိက္ခာကို သူတို့ ထိန်းကြတဲ့ သူတွေချည်းပါ..။ တစ်ဦးချင်း စာရိတ္တ ယိုယွင်းမှု၊ ဖောက်ပြားမှု ကို ထည့်ပြောလို့မရပါ..။ ထမိန်ဝတ်၊ ဘီးစပတ် အမြဲထုံးထားလည်း အကျင့် စာရိတ္တ ဖောက်ပြန်နိုင်တာပါပဲ…။

    ဗမာပြည် ရာသီဥတုနဲ့ ပြောစတမ်းဆိုရင် ဘောင်းဘီတို၊ စကတ်တို၊ စွပ်ကျယ်လက်ပြတ်ဝတ်တာ ဘာမှ မကောင်းမြင်စရာ၊ အပြစ်တင်စရာ မရှိဘူး။

    အလွန်အကျွံဝတ်လို့ ပြောရတာပါဆိုလည်း သင်္ကြန်လို ရေကစားတဲ့ အချိန်မှာဘယ်လိုဝတ်ဝတ် ရေစို အဝတ်နဲ့က အမြင်မသင့်တော်တတ်ပါ..။ ဒါကို ဓာတ်ပုံဆရာတွေက လိုချင်အနေထားရောက်အောင်စောင့်၊ အကွက်ချောင်းရိုက်ပြီး လိုသလိုရေးထားတဲ့ မှတ်ချက်တွေနဲ့ ဖြန့်ဝေတာဟာ လူကျင့်ဝတ်ကို ကိုယ်တိုင်က မစောင့်ထိန်းတာပါ..။ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်မှာ ဆိုရင် ခုအဲ့သလို ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ ရိုက်၊ တင်၊ ဖြန့်လုပ်နေတာအားလုံးဟာ တရားဥပဒေအရ အရေးယူနိုင်ပါတယ်။ သိပ်မကြာခင်နှစ်တွေတုန်းက စင်္ကာပူက မြန်မာကောင်လေးတစ်ယောက် စူပါမားကက်ကြီးတစ်ခုမှာ မိန်းခလေးတစ်ယောက် အမြင်မတော်ဖြစ်နေတာ ခိုးပြီး ဓာတ်ပုံရိုက်လို့ တရားစွဲခံရဖူးပါတယ်…။ ဒါမျိုး အဖြစ်အပျက်တွေ ဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာ ထုနဲ့ထည် ပါ.။

    ရာစုနှစ်တွေမြောက်များစွာ ပိတ်ဆို့၊ မှိုင်းတိုက်ခံရလို့ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်အခွင့်အရေး၊ သူ့အခွင့်အရေး မခွဲခြားနိုင်၊ ဝေဝါး၊ တာဝန်မသိ၊ တာဝန်မကျေသလို ဖြစ်နေတဲ့၊ အတုခိုးမှားတဲ့ အချက်တွေ ရှိကောင်းရှိနေနိုင်တဲ့ လူငယ်တွေအတွက် သူများဆီက ဘယ်လောက် လွှမ်းမိုး လွှမ်းမိုး ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် တွေးခေါ် မျှော်မြင်ပြီး လုပ်တတ်တဲ့ အလေ့အကျင့်တွေ ပေးတဲ့ ပညာရေးမျိုး၊ အရည်အသွေးမြှင့်တင်ရေးမျိုး ပိုမို လုပ်ပေးဖို့..၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ စည်းကမ်းတွေ လိုက်နာလာစေတဲ့ အကျင့်တွေ ထွန်းကားစေဖို့..၊ စတဲ့ ခေတ်မီလွတ်လပ်ဖွံ့ဖြိုးတဲ့ လူဘောင်အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်တဲ့ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ တာဝန်သိတဲ့ အမူအကျင့်ကောင်းတွေ ရှင်သန်အောင် ထောက်ပြတာက ပိုကောင်းပါမယ်။

    • Mon on April 18, 2012 at 6:24 pm

      AGREE with the article and Nyein Chan Aye as all the facts you pointed out are resonable and correct. There is a difference between being modernized and being charater-spoiled. Wearing skirt is good for doing business and working purposes while Htamin is not eay to move around and have to take care of not getting off while moving around. I don’t mean, however, that we should not wear Htamin at all, for some purposes, Htamin is the most comfortable and elegant. Nowadays, Burmese traditonal Htamin designs are more beautiful and have an extent of variety to choose than decades ago…In my eyes, Burmese Kyogyicheik is the most elegant and precious dress even though there is not much chance to wear it outside Burma….
      One more thing, Burmese men and boys also have to change the way they look at the girls who also have the same right to be treated equally. Buddha teaches us that there are only two things which are physical and mental happenings. There is no segregation between men and women, either. Why should we differ??

  4. mankyi on April 16, 2012 at 9:50 pm

    ငကြောင် မင်း ညီမကို ဟိုပေါ်ဒီပေါ် ၀တ်ခိုင်းပြီး မင်းနဲ့ငါရဲ့ ရှေ့မှာ ထိုင်ခိုင်း ပြီးတော့ငါက မျက်လုံးကြီးပြူးကြည့်နေမယ် ဘယ်လိုလဲ မင်းညီမကို မယ်ယဉ်ကျေးလို့ ပြောမလား စမ်းကြည့်ချင်လိုက်တာ။ ဘုရားဟောတာ စိတ်ကို အဓိကဟောတာ အဲဒီစိတ်ဆိုတာလည်း အာရုံကောင်းမကောင်းပေါ် မှာ တည်ပြီး ယဉ်ကျေးတဲ့ စိတ် ရိုင်းတဲ့ စိတ်ဆိုပြီး ကွဲသွားတာ ။ မင်းဆိုလိုတာက မြင်လိုက်တာနဲ့ တရားစခန်းတွေမှာလို မြင်တယ်လို့ မှတ်ရမှာလား ။ ဘယ်သူမှ မှတ်နိုင်မယ် မထင်ဘူး ။ နှာဘူးရဲ့။ မင်း တောင် ဆယ်ခါမြင်ရင် ဘယ်နှစ်ခါ တရားမှတ်လိုက်လဲ။ ကိုယ့်ကိုကိုယ် ပြန်မေးစမ်းပါ။ လူမမြင်ရဘူးဆိုပြီး လိုင်းပေါ်မှာ သိပ်မရှုပ်နဲ့ကွာ။

  5. clock on April 16, 2012 at 10:18 pm

    Overall key points in this article is great and valuable for society in the world but some ideas written by author are dangerous point of view.In Buddhism the question of ‘what is the meaning of culture?’ has exact answer(Proper manners(mental,verbal and physical) can make mind peaceful). Before writing this article like this, author should read a lot of books broadly and ask scholar people(i.e monks) in detail.may you be happy and peaceful in your life forever!

  6. Lin on April 16, 2012 at 10:50 pm

    That artical is misleading to young people.
    The author is going to breach Burmese culture.
    Absolutely deny.
    Very bad idea and excues.

    Lin

  7. mrmonn on April 17, 2012 at 6:21 am

    The point of view of author is very good . Some commentators have their personal feeling than rational thinking. It is true that we have been under dogmatic system for many decades ,so no wonder we have that pessimistic idea on clothing;modern clothing is impolite for our culture only.
    Many people in Burma cannot think what the culture and politeness is.According to some pessimistic way of thinking , I would like to ask you . OK, I will wear our old fashion clothing and can I insult other people ,without any having respect to any other people’ individual right?

  8. Set Htun on April 17, 2012 at 12:21 pm

    A good sound in writing ! Hopefully and sincerely to follow yourself what you said.
    “God made man and tailor made gentleman” that indicates for decent people.
    If we know those girls’ class and character, it is easy to forgive them.

  9. zaw on April 17, 2012 at 8:02 pm

    ALL ARE NOT PERFECT, ALWAYS SOMETHING NEED.
    (In a country, most and more get improvement, low and little more get damaged cases.)
    FORGET THEM, WE HAVE TO TRY HARD AND HARD TO GET OUR COUNTRY MYANMAR
    TO GET IMPROVEMENT. NOT FAR AWAY WE WILL GET ALL THE BEST.

  10. ပုပု on April 18, 2012 at 2:08 pm

    မရေးချင်ပါ။ပြောချင်သည်ဟုမထင်ပါနဲ့။ရေးပါများစာပို။လောကတွင်အဆိုးနှင့်အကောင်းကိုခွဲနိုင်အောင်ကြိုးစားကြပါ။
    ကျွဲရိုင်းတကောင်ကိုကောင်းကောင်းနေဖို့အသံချဲ့စက်နဲ့ပြောလည်းနားလည်မလာနိုင်။သတိနဲ့ပညာမပါလို့ကတော့လမ်း
    မှားပြီသာမှတ်။ရေးရင်များလာမယ်တော်ပြီ။

  11. anonymous on April 18, 2012 at 6:06 pm

    Nothing is permanent.

    Why should we try too hard to preserve old fashion?

    I agree with writer, cultures are mixing. Fashion is the same. It may be based on western fashion but it is becoming world’s modern fashion. We should and must be following the modern ideas, fashion, culture etc.

    Isn’t it more important to be honest(not to steal, not to lie, not to kill etc), hardworking, helpful, motivated and broadminded than wear traditional clothing or talk in traditional way. Anyway, fashion always change.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်