သာဓု .. သာဓု .. သာဓုပါဗျာ

April 21, 2012

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၁၊ ၂၀၁၂

ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါဗျာ” သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေတင်ဆက်ခဲ့ရာ အလှူငွေများရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့ များသို့ မိမိတို့ ဖျော်ဖြေရေးမှရရှိသောအလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။

၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့ (ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း) တို့မှ အလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု) မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သား သမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ “သာဓုပါဗျာ” အဖွဲ့သားများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်း ပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်း သတင်းမီဒီယာများမှလည်း လာရောက်၍ မှတ်တမ်းတင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသောစကားလုံးကို မကြားမမြင်ခဲ့ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိ ခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များ စွာဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင်ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံးသံစဉ်တို့ဖြင့် ပြည်သူလူထုကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင်ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန် လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သောအဖွဲ့များအနက် ယခု “သာဓုပါဗျာ” အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာ ရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

2 Responses to သာဓု .. သာဓု .. သာဓုပါဗျာ

  1. win mon on April 22, 2012 at 9:16 am

    Very good

  2. Doc on April 22, 2012 at 6:44 pm

    good

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)