Regime – တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး

April 23, 2012

Yangon Press International  (Facebook)
ဧပြီ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအစားထိုးခန့်အပ်လိုက်သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။  ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။

၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။  

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။

ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး
လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။  သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့
တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to Regime – တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး

  1. ပြည်သူ့အသည်းနှလုံး on April 23, 2012 at 10:53 am

    …..ရာထူးဂုဏ်သိမ်မြင့်မားပြီး အကျင်. သီလ သိက္ခာမရှိယင်တော.?.?..?… တိုင်းပြည်နဲ့လူမျိုး အတွက်ရယ်လို့ ရည်ရွယ်ယင်တော. (အမှန်တကယ်အရည်အချင်းရှိယင်) အားလုံးကိုကြိုဆိုပါတယ်… လူတစ်စုကောင်းစားရေးအတွက်ဆိုယင်တော.?..?..?တိုင်းပြည်နဲ့လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်သူတွေဘယ်လောက် အရည်အချင်းအစွမ်းအစရှိလဲ ပြိုင်ကြစမ်းပါဗျာ…

  2. Military operations* on April 23, 2012 at 5:38 pm

    Military operation-Arakan plan to Rohinger’s father ( Bangladesh) –failed..

    Military operation-plan A to gunless widow party begins..

  3. Nai Kyaw Sein on April 24, 2012 at 12:17 am

    ယခုလွှတ်တော်ထဲ အဆင့်မြင့်တဲ့ စစ်သားတွေ ရွေးကောက်စ၇ာမလိုဘဲ ၀င်လာတယ် ယခု ဗိုလ်ချုပ်အောင်ဆန်းစတင်ခဲ့တဲ့ ဗမာစစ်သားတွေ တိုင်းပြည်နဲ.ပြည်သူအကျိုးကိုကာကွယ်မှာလား အာဏာရှင်အလိုကျေ၇းဆွဲခဲ့တဲ့ ဥပဒေနဲ.အာဏာရှင်နောက်လိုက်စစ်ဘီလူးဗိုလ်ချုပ်တွေကို ဆက်ပြီးကာကွယ်မှာလား စစ်ဘီလူးအုပ်စုကိုဆက်ပြီးကာကွယ်မယ်ဆို၇င် ပြည်ချစ်ဗမာ့တပ်မတော်တ၇ပ် ပြန်လည်ဖွဲ.စည်းဖို.လိုအပ်ပြီ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)