ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄)

April 24, 2012

…………….. ………..
ဗုဒ္ဓဘာသာ၊ ခြင်္သေ့နှင့် ဆင်ဖြူတော်များပုံပြင်
နေသွင်
ဧပြီ ၂၄၊ ၂၀၁၂
မနေ့ညတုန်းကပဲ မြို့တော်ဟောင်းဖြစ်တဲ့ ရန်ကုန်ရွှေမြို့တော်ကို ရောက်ပါတယ်။ မြို့ထဲသွားမယ့် တက္ကဆီပေါ်မှာ ကားဒရိုင်ဘာက ဘုရား တဆူဘက်ကို ညွန်ပြရင်း “အဲဒါပေါ့၊ ရွှေတိဂုံဘုရားဆိုတာဆိုပြီး ပြပါတယ်၊ မြန်မာတွေဂုဏ်ယူကြတဲ့ ရွှေရောင်ဝင်းဝင်း စေတီတော်ကြီးပေါ့။

ဘုရားရှေ့မှာတော့ အစောင့်ခြင်္သေ့ကြီးနှစ်ကောင် ရှိပါတယ်။ အမှောင်ထုထဲမှာ လင်းလင်းဝင်းဝင်းကြီးဖြစ်နေပါတယ်။ ရွှေတိဂုံဘုရားရဲ့ ဒီ ခြင်္သေ့ရုပ်ထုကြီးတွေက ဂျပန်က ရှန်တိုဗိမာန်ဝင်းထဲမှာရှိတဲ့ ကျောက်ဂူအစောင့်ခွေးရုပ်ထုကြီးတွေထက် အဆမတန်ပိုကြီးပါတယ်။

မြန်မာပြည်က ခြင်္သေ့ရော၊ ဂျပန်က အစောင့်ခွေးတွေရော၊ ရှေ့ဟောင်း အရှေ့တိုင်းအယူအဆကနေ ဆင်းသက်လာတာပါ။ တောရိုင်းတိရိ စ္ဆာန်အပေါင်းရဲ့ ဘုရင်၊ ခြင်္သေ့က တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေရဲ့ သင်္ကေတ၊ ကာကွယ်စောင့်ရှောက်မှုရဲ့နိမိတ်ပုံ ဖြစ်လာပါတယ်။ ဒီအ ယူအဆကို စပြီးမိတ်ဆက်သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။

မြန်မာပြည်မှာတော့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု ဒီရေမြင့်သစ်ကြောင့်၊ စစ်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနေရာမှာ ခြင်္သေ့ရုပ်ထုတွေနဲ့ အစားထိုးဖို့ ဖြစ်လာပါတယ်။ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သမျှအားလုံးကို ခြေရာလက်ရာဖျောက်ဖို့ ကြိုးစားပုံရပါတယ်။ တချိန်တည်းမှာလည်း ဗုဒ္ဓဘာသာကို တိုင်းပြည်ညီညွတ်ရေး နိမိတ်ပုံအဖြစ် အသုံးချ ပုံလည်းရ ပါတယ်။ မြန်မာပြည်မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေပါ။

လက်ရှိမြို့တော်ဖြစ်နေတဲ့ နေပြည်တော်နဲ့ အရင်မြို့တော် ရန်ကုန်ကိုရောက်တဲ့အချိန်မှာ တိရစ္ဆာန်ရုံတွေကို သွားကြည့်ဖြစ်ပါတယ်။ ခြင်္သေ့ တွေကို သွားကြည့်တာပါ။ ကျနော့်စိတ်ထဲမှာ ခြင်္သေ့တွေကိုတော့ ကောင်းကောင်းမွန်မွန်ထားမှာပဲလို့ အောက်မေ့ခဲ့ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ရုံတွေမှာ ခြသေ့င်္တကောင်စီပဲ တွေ့ခဲ့ရပါတယ်။ လက်စသက်တော့ ခြင်္သေ့မောင်နှံကို အထီးကို တနေရာ၊ အမကို တမြို့ စီမှာခွဲထားပြီး၊ သူတို့ခမျာ အနုပ်စုတ်ဂုပ်စုတ်၊ သေးသေးနုပ်နုပ်ဂူတွေထဲမှာ နေရရှာပါတယ်။ သေချာတာကတော့ ခြင်္သ့တွေဟာ တိရစ္ဆာန်ရုံ တွေထဲမှာတော့ စူပါစတားတွေ မဟုတ်ကြရှာပါဘူး။

လွန်ခဲ့တဲ့လပိုင်းတွေကတော့ နေပြည်တော်ကို အကြမ်းဖက်သမားတွေက ဆက်တိုက်ဆိုသလိုတိုက်ခိုက်ခဲ့ပါတယ်။ လူတချို့သေပြီး၊ တချို့ လည်း ဒဏ်ရာရကြပါတယ်။ ကျနော်တည်းခိုတဲ့ဟိုတယ်မန်နေဂျာက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ရပ်ကွက်တွေကို မြေပုံထဲမှာ ကျနော့်ကိုပြပါတယ်။ တိုင်းရင်းသားသူပုန်တွေရဲ့လက်ချက်လို့လည်း ပြောပါတယ်။

မြန်မာပြည်လူဦးရေမှာ လူများစု ဗမာတွေက ၆၀ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းရင်းသားအုပ်စုပေါင်း ၁၃၀ ကျော် ရှိပါတယ်။ မြန်မာပြည်လွတ်လပ် ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ လူနည်းစုတိုင်းရင်းသားတွေက မြန်မာအစိုးရကို လက်နက်ကိုင်အာခံပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တွေ တောင်းခဲ့ကြပါတယ်။ အဲဒီတုန်းက ဒီမိုကရေစီအစိုးရလက်ထက်မှာ လူနည်းစုတိုင်းရင်းသားအုပ်စုတွေရဲ့လှုပ်ရှားမှုတွေ ရှုပ်ထွေးပြင်း ထန်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်ခေါင်းဆောင်တွေက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ အာဏာသိမ်းလိုက်ကြပါတယ်။ အဲဒီအချိန် ကနေ စစ်အုပ်ချုပ်ရေးဟာ မနှစ်မတ်လက လက်ရှိအရပ်ဘက်အစိုးရဆီကို အာဏာမလွှဲခင်အထိ သက်ဆိုးရှည်ခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၂၀ လောက်ရှိတဲ့ အထဲက တ၀က်လောက်နဲ့စစ်တိုက်နေရတယ်။ အစိုးရဟာ ပြင်ပ က စစ်ရေးခြိမ်းခြောက်မှုဆိုတာထက် တိုင်းပြည်တွင်းက လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်တိုက်နေရလို့ ခေါင်းမဖော်နိုင်ဖြစ်နေတယ်” လို့ သံ တမန်တဦးက ပြောပါတယ်။

မြန်မာပြည်ကိုမသွားခင်တုန်းက ဂျပန်ကသုတေသီတွေနဲ့ သံတမန်တွေက ပြောပြလိုက်တာရှိပါတယ်။ မြန်မာပြည်မှာ ၉၉ ရာခိုင်နှုန်းက စစ် တပ်ကို မုန်းနေကြတယ်ဆိုတဲ့ အမှာစကားပါ။ ကျနော်ကိုယ်တိုင် မြန်မာပြည်မှာခရီးသွားနေတော့ သုတေသီတွေ၊ သံတမန်တွေပြောလိုက် တဲ့စကားဟာ ချဲ့ကားပြောတာမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ အဓိကအကြောင်းကတော့ စစ်အစိုးရဟာ အာဏာတည်မြဲရေးတခု တည်းအတွက် ပြည်သူတွေရဲ့ဘ၀တွေကို ရက်ရက်စက်စက် စတေးထားတာပဲဆိုတာကို တွေ့ခဲ့ရလို့ပါ။

ဥပမာတခုအနေနဲ့ပြရရင် ကမ္ဘာ့အလယ်မှာ တိုင်းပြည်က အဆင်းရဲဆုံးဖြစ်နေတာတောင် အစိုးဟာ နေပြည်တော်ဆိုတဲ့ မြို့တော်သစ်ကို တည်ဆောက်ဖို့ တိုင်းပြည်ဘဏ္ဍာငွေတွေကို အကြီးအကျယ် အသုံးပြုခဲ့တာပါပဲ။

စစ်အစိုးရဟာ တိုင်းပြည်ကို စစ်တပ်ကပဲ အုပ်ချုပ်နိုင်တယ်။ တိုင်းပြည်မပြိုကွဲအောင် စစ်တပ်ကပဲ ထိန်းနိုင်မယ်ဆိုတဲ့အယူအဆကို တရား သေဆုပ်ကိုငထားခဲ့ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံတွေကို နိုင်ငံပိုင်သတင်းစာတွေ မျက်နှာဖုံးရဲ့ ထိပ်ဆုံးမှာ၊ နောက်ဖုံးရဲ့ တ၀က်လောက် ဖော်ပြထားပါတယ်။ နိုင်ငံပိုင်ရုပ်သံတွေမှာ အစီအစဉ်တွေကြားမှာ အဲဒီကြွေးကြော်သံတွေကို ထုတ်လွှင့်ပါတယ်။ ဒီလို ၀ါဒဖြန့်စည်းရုံးနေတာကိုထောက်ရင် စစ်အစိုးရဟာ အာဏာကို အရူးအမူး မက်မောနေပြီး၊ စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်နေတာကိုလည်း တရားမျှတကြောင်း ပြချင်နေပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်ညီညွတ်ရေးကို ဆန့်ကျင်တဲ့စကား တခါမှမပြောဖူးပါဘူး။ တိုင်းပြည်ညီညွတ်ရေး ကို ထိန်းသိမ်းပြီး၊ တချိန်တည်းမှာ မတူကွဲပြားမှုတွေကိုလည်း လက်သင့်ခံဖို့ကို အလေးအနက် ဆော်သြနေတာပါ။

“အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေအကြားကထိပ်တိုက်တွေမှုဟာ တိုင်းရင်းသားတွေအမြင်အရတော့ ဗမာအချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခပဲ” လို့ သံတမန်တယောက်က ပြောပါတယ်။

“တိုင်းရင်းသားတွေအမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗမာပဲ၊ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင်လည်း တိုင်းရင်းသားအရေးဟာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ကိစ္စအဖြစ် ဆက်ရှိနေဦးမှာပါပဲ” လို့ ရန်ကုန်က အိုင်တီကုမ္မဏီတခုက ဥက္ကဌကလည်း ပြောပါတယ်။

ဒီလိုနဲ့ တိုင်းပြည်မှာ အလွန်အရေးကြီးတဲ့ အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နိုင်ဖို့ အစိုးရဟာ ဗုဒ္ဓဘာသာအသုံးချဖို့ ဖြစ်လာပါတယ်။ အစိုးရဟာ ခြင်္သေ့ရုပ်နဲ့ ငွေစက္ကူတွေကို ထုတ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ထုတ်ဝေလိုက်တာပါ။ နောက်တခုတော့ ဆင်ဖြူတော်ကိစ္စပါ။

စောစာက ခြင်္သေ့တွေ တိရစ္ဆာန်ရုံမှာ စူပါစတားမဟုတ်တဲ့ အကြောင်းပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကဖွင့်လိုက်တဲ့ နေပြည်တော် တိရစ္ဆာန်ရုံ မှာတော့ ဆင်ဖြူတွေက စူပါစတားပါပဲ။ အနေအထားကောင်းကောင်နဲ့၊ ကျယ်ကျယ်လွင်လွင်မြေနေရာကို ၀င်းခတ်ထာပြီး အထဲမှာ ဆင်ဖြူ တွေကို လွှတ်ထားပါတယ်။ ဆင်တွေကိုကြည့်ရတာလည်း ရွှင်ရွှင်လန်းလန်းပါပဲ။

ဆင်တွေဟာ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်တောင်အရေးပါသလဲလို့ ဟိုတယ်မန်နေဂျာအမျိုးသမီးကို မေးကြည့်ပါတယ်။ သူ့ပြော ပြတဲ့ဇာတ်လမ်းတွေကိုနားထောင်ရင်းနဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က မြန်မာပြည်မှာ အသစ်ထုတ်လိုက်တဲ့ ငွေစက္ကူတွေပေါ်က ဆင်ဖြူကြီး တကောင်ကို သတိမိပါတယ်။

မန်နေဂျာအမျိုးသမီးရဲ့ဇာတ်လမ်းက ဒီလိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ မြန်မာပြည်မှာ ဆင်ဖြူတွေ တကောင်ပြီးတကောင် ဆက်တိုက် ဆိုသလို တွေ့လာရတယ်။ အဲဒီထက်စောတာကတော့ ၂၀၀၀ ခုနှစ်ပေါ့။ ဆင်ဖြူ ၂ ကောင်ကို နေပြည်တော်က ဘုရားရှေ့မှာ လှောင်ထားပြီး၊ ၃ ကောင်ကိုတော့ ရန်ကုန်မှာထားတယ်ပေါ့။

ဘုရားကို ကျနော်ရောက်တော့ ဆင်ဖြူဂူပတ်ဝန်းကျင်မှာ ရှိခိုးနေကြတဲ့လူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာ အမျိုးသမီးရဲ့ အလိုအရတော့ အဲဒါနေထွက်ရာအရပ်က မြင့်မြတ်တဲ့အရှေ့ဘက်မုခ်ဦးပေါ့။ ဆင်ဖြူလို့သာဆိုတယ်၊ ဆင်တွေက တကယ့်အဖြူစစ်စစ်ကြီး တွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ဖြူမှန်းသိသာစေချင်လို့ တခြား ရိုးရိုးဆင်တကောင်လည်း လွှတ်ထားတာတွေ့ရပါတယ်။

တော်တော်များများကတော့ ဆင်ဖြူဆိုတာ ဘုရားရဲ့စေတမန်၊ မင်းစိုးရာဇာတွေအတွက် နိမိတ်ကောင်းလို့ ယုံကြည်ထားကြပါတယ်။ မြန်မာ ပြည်ကို အင်္ဂလိပ်အစိုးရက ကိုလိုနီမပြုခင်တုန်းက မြန်မာဘုရင်တွေဟာ ထိုင်းနိုင်ငံကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကလည်း ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ဆင်ဖြူကိုးကွယ်တဲ့ အစဉ်အလာရှိပါတယ်။ စစ်ပွဲမှာအနိုင်ရတိုင်းမှာ မြန်မာဘုရင်တွေက ထိုင်းဘက်က ဆင်ဖြူတွေကို စစ်အောင်ခြင်းရဲ့ အဖိုးအထိုက်တန်ဆုံးဆုလာဘ်တွေအဖြစ် သိမ်းယူလေ့ရှိပါတယ်။

အဲဒီအချိန်ကတည်း ဆင်ဖြူတွေနဲ့ မြန်မာပြည်ကမစိမ်းဘူးလို့ဆိုရပေမယ့် စစ်အစိုးရလက်ထက်ကျမှ ရုတ်တရက် ဆင်ဖြူ ၅ စီးတောင် ပေါ် ပေါက်လာပါတယ်။

ဟိုတယ်မန်နေဂျာအမျိုးသမီးကတော့ ဆင်ဖြူပေါ်ပြီးနောက်မှ နေပြည်တော်အပါအ၀င် မိုးနည်းရေရှား မြန်မာပြည်အလယ်ပိုင်းဒေသမှာ မိုး များလာတယ်။ ဆန်စပါးလည်း အထွက်တိုးလာတယ်လို့ ပြောပါတယ်။ ဆင်ဖြူတွေကို ကျေးဇူးတင်ရမလိုပါပဲ။

ရန်ကုန်မှာ မြန်မာမင်းတွေအကြောင်း ၀ထ္ထုတွေရေးနေတဲ့ အသက် ၇၇ နှစ်အရွယ် စာရေးဆရာနဲ့ တွေ့တော့ “ပြည်သူတွေက စစ်အစိုးရကို ဘယ်လောက်ပဲ မုန်းမုန်း၊ ဆင်ဖြူပေါ်တာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး”လို့ ပြောပါတယ်၊ ခြင်္သေ့နဲ့ ဆင်ဖြူကတော့ အစိုးရရဲ့ စိတ် ကြိုက်တိရစ္ဆာန်တွေပဲလို့ စာရေးဆရာက ပြောပါတယ်။

လက်ရှိ အရပ်ဘက်အစိုးရသစ်က ဒီမိုကရေစီအင်အားစုတွေနဲ့ စကားပြောနေပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း စလုပ်နေပုံပါပဲ။ အစိုးရက သူတို့အာဏာပုလ္လင်မြဲနိုင်တယ်ဆိုတာကို စိတ်ချလက်ချရှိတာကြောင့်ပါ။

ဆင်ဖြူတော်တွေကို မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက အကျွမ်းရှိလှတဲ့ ဗုဒ္ဓ၀င် ဇာတက ၀ထ္ထု တွေထဲမှာလည်း တွေ့ရပါတယ်။ ဆင်ဖြူတော်ဆိုတာ အောင်မြင်တဲ့မင်းတွေရဲ့ သင်္ကေတဆိုတဲ့၊ ဒဏ္ဍာရီတွေနဲ့ အရိုးစွဲလာတဲ့ မြန်မာပြည် သူတွေ၊ စစ်အစိုးရခေတ်မှာ ပေါ်ပေါက်လာတဲ့ဆင်ဖြူတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာ ကျနော်သိချင်နေမိပါတယ်။

မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
……………..
Myanmar military used Buddhism to maintain national unity
Takayuki Kasuga (Mainichi Japan)

I arrived in Yangon, Myanmar’s old capital, at night. While aboard a taxi to go to the downtown area, the driver pointed at a pagoda and told me, “That’s Shwedagon Pagoda.” It is a golden structure that Myanmar takes pride in. In front of the pagoda are two statues of guardian lions. Lit up in the darkness, the statues looked far larger than a pair of stone-caved guardian dogs seen on the premises of Shinto shrines in Japan.

Both guardian lions in Myanmar and guardian dogs in Japan originate from the ancient Orient. Lions, the king of all beasts, became a symbol of authorities and guardians. Buddhists also introduced this idea.

Pro-democracy movements surged in Myanmar in 1988, prompting the military regime to replace the portrait of Gen. Aung San with the picture of a statue of a lion. The government apparently attempted to wipe out anything linked to Aung San Suu Kyi and make Buddhism a symbol of the unity of the nation. Approximately 90 percent of the people in the country are Buddhists.

I visited one zoo each in Naypyidaw, the capital of Myanmar, and Yangon, the old capital, to see lions. I had thought that lions at these zoos received special treatment, but found that each had only one. The two lions, which had been a couple, were separated and are now living in small and shabby cages. Lions are definitely not the stars of the zoos.

In Naypyidaw, terrorist bombing attacks occurred one after another several months earlier, leaving some people dead and others injured. The manager of a hotel where I stayed pointed out a market and a residential district where the incidents occurred on a city map, and said, “Ethnic minority militia groups are responsible for the attacks.”

Ethnic Burmese account for about 60 percent of Myanmar’s population, while there are more than 130 ethnic groups in the country. When Myanmar won independence in 1948, some ethnic minority militia groups defied the Myanmar government and demanded independence or self autonomy. Confusion over ethnic minorities’ moves intensified under the then democratic administration. In 1962, military leaders staged a coup on the pretext of the unity of the nation. The military regime had since been in power until it handed over authority to the current civilian administration in March last year.

Myanmar’s armed forces are currently at war with about half of nearly 20 militias that exist in the country. “Myanmar’s military has been preoccupied with its war against domestic forces instead of having been exposed to a threat from overseas,” a diplomatic source says.

Before leaving for Myanmar, Japanese researchers and diplomats told me that 99 percent of the people in Myanmar hated the military regime. I noticed that what they said was not an exaggeration during my trip in the country. The biggest reason is that the military regime sacrificed people’s livelihoods in a desperate attempt to stay in power. A typical example is that it spent a massive amount of money on the relocation of the capital even though Myanmar is one of the most impoverished countries in the world.

Under such a situation, the only view that justified the military regime is that only the military can govern and maintain unity in Myanmar.

The state-run newspaper carried the slogan, “The top priority is the nation’s stability and unity,” on the top of its front page and on half of the back page. The state-owned TV station aired a similar slogan between programs. These campaigns showed that the military regime was desperate to cling to power, but also wanted to justify the leading role that the military was playing in politics.

However, Suu Kyi has never voiced opposition to the unity of the nation. Rather, she has emphasized that the unity of Myanmar should be maintained while supporting diversity throughout the country.

“The confrontation between the regime and pro-democracy forces was just an internal struggle among ethnic Burmese,” says a diplomatic source.

The president of a Yangon-based IT company commented, “Ethnic minorities say, ‘After all, Suu Kyi is Burmese.’ Even if Suu Kyi takes power, the issue of ethnic minorities will still continue to be the largest matter of concern for the country.”
Therefore, Myanmar uses Buddhism as a symbol of the national unity that the country badly needs. As part of such efforts, Myanmar chose to print pictures of lions on banknotes, in which the nation’s intentions are certainly reflected.

White elephants indicate success in governing country.

The stars of the Naypyidaw Zoo that opened three years ago are the white elephants. Ten white elephants are on the loose in a large land lot, which has been developed into a zoo enclosure by taking advantage of its geographical features. They appeared lively.

Why elephants? The manager of the hotel told me about what white elephants mean to Myanmar. Her story reminded me of the picture of a white elephant printed on banknotes with the highest face value, which were issued two years ago.

According to the hotel manager, five white elephants were found in Myanmar one after another since 2000. Two of them are being kept in captivity in front of the pagoda in Naypyidaw, while the three others are in Yangon. I visited the Pagoda to find many visitors, most of whom appeared to be worshippers, surrounding the elephant cage in front of what the manager calls the “sacred east gate where the sun rises.” The elephants are not completely white, but another ordinary elephant was placed in the cage in an apparent attempt to make the white elephants stand out.

Many believe that white elephants are Buddha’s messengers and a sign of good luck for the regime. The Burmese dynasty that ruled Myanmar before being colonized by Britain repeatedly invaded Thailand, which also believed in Theravada Buddhism and worshipped white elephants, and brought home white elephants as the most valuable war bounty.
Although few white elephants had since been found in Myanmar, five suddenly appeared while under the military regime.
“Central Myanmar, which includes Naypyidaw, is a dry area, but has seen much rain in recent years and the harvest of rice has been good,” the hotel manager says as if to emphasize it was thanks to the white elephants.

In Yangon, I visited a 77-year-old novelist who is writing a story about the Burmese dynasty. He says, “Even though the people hated the regime, they can’t deny that white elephants have appeared in the country.”
The writer says not only lions but also white elephants are reassuring animals for the regime.
The new civilian government has begun dialogue with pro-democracy forces and launched reforms apparently because of its confidence that it can stay in power.

White elephants also appear in Jataka, a story of Buddha’s previous lives, which Buddhists in this country read from their childhood.

I cannot help but wonder how people who believe in the myth of white elephants have felt about the appearance of these animals that are a symbol of successful rulers. (By Takayuki Kasuga, Foreign News Department)

(Mainichi Japan) January 20, 2012


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

4 Responses to ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄)

  1. Mon on April 24, 2012 at 5:17 pm

    Who cares???? No lions or white elephants which can help people’s poverty to be improved!!! Being buddhist doesn’t help thinking superstitious. Buddhism does not teach to be like that, either…

  2. ohnmar on April 25, 2012 at 9:10 am

    မြန်မာပြည်မှာရှိတဲ့လူမျိုး၊ဘာသာပေါင်းစုံကသူတို့ယတြာချေတာစိတ်ကိုမဝင်စားတာပါ။သူတို့
    ထင်တာယတြာကောင်းလို့သူတို့အုပ်ချုပ်နိုင်တယ်ထင်နေတာတစ်ကယ်တော့မြန်မာပြည်မှာငါ့ကို
    နည်းနည်းထိကြည့်မီးပွင့်သွားမယ်ဆိုတဲ့လူတန်းစားကနည်းနေသေးလို့၊၇ှိတဲ့လူတွေကလည်းအာဏာရှင်
    အုပ်စုထဲအကုန်ပါနေလို့သာ နိုင်နေ အုပ်ချုပ်နေနိုင်တာပါ။သူတို့လိုလူတန်းစားများလာကြည့်ပါလားမကြာ
    ခင် ဂဒါဖီဖြစ်သွားမှာပေါ့။ မြန်မာပြည်မှာနေထိုင်ကြသောလူများစုဟာအေး၇ာအေးကြောင်းဘဲနေချင်
    ကြတာပါ။သိပ်ဖိနှိပ်လာရင်တော့တစ်မျိုးဖြစ်သွားမှာပေါ့လေ။မြန်မာအာဏာရှင်တွေကလည်းဒီသဘောတ
    ရားကိုနောကျေနေပါတယ်။အဲ့ဒါကြောင့်လည်းပြည်သူတွေကိုချော့လိုက်၊ခြောက်လိုက်လုပ်နေတာပေါ့။

    • Mon on April 25, 2012 at 1:47 pm

      Absolutely right!!! Buddhism also helps them not to be aggressive and not to take revenge which are opposite of Buddhism. That’s why this Military and its Government can press them down more and more. They are so-called Buddhists even though they claim as they are while they never treat anyone with Metta which is the one of the most described things in Buddhism…..

  3. win mon on April 26, 2012 at 11:17 am

    Stupid idea I dont believe

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments