မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၆)
May 3, 2012
မေခ
မေ ၃၊ ၂၀၁၂
Twilight over Burma by Inge Sargent – Serial Translation
စဝ်သည် သူနှင့် လုပ်ဖော်ကိုင်ဖက်သုံးယောက် ကို ကော်ဖီဆိုင်တွင်တွေ့ရသည်။ ယူနီဖောင်းဝတ်ထားသော တရုတ်နှစ်ယောက်သည် အစာ တခါမှမစားဖူးသလို ပန်းကန်ထဲကခေါက်ဆွဲကို အငမ်းမရစားနေကြတာ ကိုတွေ့ရလေသည်။
“သူတို့ ဒီနေရာလာရင် အမြဲဆာနေကြတာပဲ” ဆိုင်ရှင်မိန်းမက တိုင်းယိုင်လိုပြောလိုက်သည်။ “သူတို့က ပိုက်ဆံမရကြဖူးလေ။ ဒါပေမဲ့ ကျမ က သူတို့ငတ်နေတာကို ကြည့်မနေနိုင်ဖူးလေ” သူမက ဆက်ပြောသည်။ သူတို့စားပွဲပေါ် နောက်ထပ်ဟင်းတပန်းကန်ချပေးရင်း ပုခုံးတွန့်ပြီး ပြောလေသည်။
နယ်စပ်လုံခြုံရေးလှည့်ကင်းအရာရှိနှင့် စဝ်တို့အုပ်စု ကာဖီဆိုင်တွင်ဆုံမိကြသည်။ အရာရှိလူငယ်က သူတို့ကားတွေကို အောက်က ကျဉ်း မြောင်းသော နှစ်နိုင်ငံအကြားရှိ နယ်ခြားပေး ထားသော ချောင်းလေးထဲကျမသွားစေရန် စောင့်ရှောက်ပေးသည်။
ထိုအချိန်၌ သူတို့သည် နယ်စပ်တံတားအနီး နီးကပ်စွာရောက်သွားချိန်ဖြစ်ပြီး တရုတ်ပြည်ဘက်ပိုင်းက ဝမ်တိန်မြို့၏ မယ်မယ်ရရရှိသော အဆောက်အဦးတို့ကို မြင်လာလေသည်။ အရာရှိ၊ ယောက်ျားလေးယောက်နှင့် သုစန္ဒာတို့သည် တံတားပေါ်ခြေချလိုက်ကြပြီး တံတားအ လယ်သို့ ပေ ၃ဝ မျှ လျှောက်သွားလိုက်ကြသည်။ ရိုင်ဖယ်သေနတ်ကို အသင့်ကိုင်ထားသော တရုတ်စစ်သားနှစ်ယောက် သူတို့ကို မြင် သည်အထိ ရပ်စောင့်နေကြရသည်။ မြန်မာအရာရှိက သူတို့ကို တရုတ်စစ်သားထံပို့ပေးပြီးသောအခါ စစ်သားတယောက်က သူ့အစောင့်ဂိတ် ဆီပြန်သွားနေစဉ် ကျန်တယောက်က လမ်းကိုပိတ်ထားလေသည်။ သုစန္ဒာက သူတို့ကို နည်းနည်းတော့ နွေးနွေးထွေးထွေးကြိုလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ အံ့သြဖို့ကောင်းလိုက်တာ သူမရှိနေတာတောင်မှ တခြားစီလုပ်လေသည်။ သူမတလျှောက်လုံးလိုက်လာတာ ကိုမှန် သည်ဟု အခိုင်အမာယူဆထားမှုသည် အခုတော့ မသေချာလှတော့ပေ။ သူတို့အဆောက်အဦးအတွင်းမှ ယူနီဖောင်းဝတ်လူ တဒါဇင်လောက် အဆောက်ဦးရှေ့သို့ထွက်လာခဲ့ကြပြီး တံတားပေါ်သို့လျှောက်လာကြရာ ၁ဝ မိနစ်ကြာလေသည်။ သူတို့ ဘာလက်နက်မှ ကိုင်ဆောင်မလာကြ ချေ။ သူတို့ခေါင်းဆောင်က စဝ်ကိုအလေးပြုပြီး မြန်မာလိုပြောသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်က လိုက်ခဲ့ကြပါ။ ဗိုလ်ချုပ်က မျှော်နေပါတယ်”
သူက သုစန္ဒာကို သံသယမျက်လုံးဖြင့်ကြည့်လိုက်သည်။ မြန်မာအဝတ်အစားဝတ်ထားသော လူဖြူမိန်းမတယောက်၊ အထူးသဖြင့် သူမသည် မြန်မာအရာရှိ နောက်ပြန်လှည့်ထွက်သွားသည့်အခါ အရာရှိနှင့်အတူ သူမကပြန်လိုက်မသွားပဲနေသည်။
ဗိုလ်ချုပ်လီက သူတို့ကို စည်းကမ်းတင်းကြပ်သော ရုံးခန်းအတွင်းမှ ဝမ်းသာအားရကြိုသည်။ အခန်းထဲတွင် စားပွဲလွတ်တလုံး ၊ ထိုင်ခုံ ၆ လုံးနှင့် နံရံပေါ်တွင် ကြီးမားသော ဥက္ကဌကြီးမော်စီတုံး၏ပုံကို ချိတ်ထားသည်။ သူတို့ကို စပယ်နံ့သင်းသော လက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံ နေစဉ် ဗိုလ်ချုပ်လီက သုစန္ဒာ ဘာလူမျိုးလဲဆိုတာကို သေချာအောင်စကားပြန်ဖြင့် မေးနေလေသည်။ သူမသည် ဂျာမနီနိုင်ငံကလာတာပါဟု သူကြားလိုက်ရလျှင် သူ့ကြည့်ရတာ အတော်လေးစိတ်သက်သာရာရသွားဟန်ရှိလေသည်။ ပြီးနောက်သူက လှည့်လည်သွားမည့်နေရာများ သို့ အတူသွားဖို့ သုစန္ဒာကိုဖိတ်ခေါ်လေသည်။ ထို့နောက် အလွန်အမှတ်တရဖြစ်ရသောခရီးလေးဖြစ်သည်။ လမ်းတွေက အလွန်သန့်ရှင်းသပ် ရပ်သည်။ ဖြတ်လာခဲ့သော အဆောက်အဦးတွေမှာ လူမတွေ့ရချေ။
“ဒီဟာက ယောက်ျားအဆောင်” ဗိုလ်ချုပ်လီက ဂုဏ်ယူစွာဖြင့် သွပ်မိုးများဖြင့်ဆောက်လုပ်ထားသော ခပ်နိမ့်နိမ့် အဆောက်အဦးတန်းအရှည်တွေကိုလက်ညှိုးထိုးပြသည်။ အခုချိန်ထိ သက်ရှိကို မမြင်မိသေး။
လမ်းအောက်ဘက် ကိုက်တရာခန့်အကွာတွင်ရှိသော အဆောက်အဦးကိုပြပြီး မိန်းမဆောင်ဟုပြောသည်။ သူတို့ရပ်ပြီး အတွင်းကိုကြည့်ကြ သည်။ သန့်ရှင်းနေသော အင်္ဂတေ သမံသလင်း၊ တခုနှင့်တခု အရွယ်တူသောကုတင်လေးတွေကို ရှည်လျားစွာ နှစ်တန်းတန်းထားသည်။ ထိုကုတင်တွေပေါ်တွင် စောင်တွေဖြင့် ဖုံးအုပ်ထားလေသည်။
ကြည့်ရတာ စခန်းချနေပုံရသည်။ ယခုလောလောဆယ်တွင် အသုံးပြုပုံမရဟု သုစန္ဒာတွေးသည်။သူမ မေးခွန်းတွေမမေးတာ အကောင်း ဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် သူမသည် စပ်စုစွာဖြင့်သိချင်နေမိသည်မှာ မိသားစုတွေ ဘယ်မှာနေကြသလဲ။ ဘယ်အချိန်မှာ ဒီအဆောင်လူပြည့်မလဲ။
ထို့နောက် သူတို့ကလေးတွေကိုတွေ့ရသည်။ သူတို့သည် ၁၂ နှစ် ၁၃ နှစ်အရွယ် မိန်းကလေး ယောက်ကျားလေးရောနေလေသည်။ သူတို့ သည် အပေါ်အောက် အားလုံး အပြာရောင်တူညီဝတ်စုံကိုဝတ်ထားကြသည်။ အင်္ကျီလက်ရှည်ဝတ်ထားကြသဖြင့် မိန်းကလေး ယောက်ကျား လေး ခွဲမရချေ။ ဒါဇင်များစွာသော သူတို့သည် စစ်သုံးဂျစ်ကားနားတွင်စုနေကြပြီး ဗိုလ်ချုပ်က သူတို့ကို စကားနည်းနည်းပြောသောအခါ ရှက်ရွံ့ကာ တခစ်ခစ်ရယ်နေကြလေသည်။
“သူတို့ အခုနားချိန်လေ” ဟု သူကရှင်းပြသည်။ “ဒါပေမဲ့ ခဏနေရင် သူတို့ စာသင်ခန်းကိုပြန်သွားကြရမှာ” အပြာရောင်ဘောင်းဘီနှင့် အ ပြာရောင် မော်စီတုံးကုတ်အင်္ကျီဝတ်ထားသော မိန်းမများစွာသည် အဆောက်အဦးအတွင်းမှထွက်လာကြပြီးနောက် သူတို့တာဝန်ရှိသူက အုပ်စုလိုက် ပြန်ပြီးအထဲဝင်ခိုင်းလိုက်လေသည်။
ကလေးတွေက ဧည့်သည်တွေဘက်ကို နောက်ကျောပေးလှည့်လိုက်ကြသည်။ သူတို့အားလုံး၏ အင်္ကျီနှင့်ဘောင်းဘီတွဲရက်များကို နောက် ဘက်မှာ ခါးမှခွထိ ခွဲထားကြသည်ကို ထင်ထင်ရှားရှားမြင်ရသည်။ သူတို့အောက်က တပိုင်းတစမှာ ဗလာကျင်းနေသည်။
သုစန္ဒာက သူမ၏ စပ်စုလိုစိတ်ကို ကြာကြာ ဆက်သိမ်းမထားနိုင်ပါ။
“ဗိုလ်ချုပ် ဒီကလေးအားလုံးကို ဘာလို့နောက်ကျောဘက်ကခွဲထားရတာလဲ”
“ဘာလို့လဲဆိုတော့ဒါသိပ်ကို အကျိုးရှိလို့ပါ။ ကလေးတွေက အဆောင်မှာနေပြီး အလုပ်ခွင်ထဲမှာ သူတို့ဖာသာသူတို့ တိုက်ရိုက်သက်သာရာ ရစေတယ်။ ဒီနည်းက ဘာမှအလေအလွင့်အဖြစ်တော့ဖူး။ စွမ်းအားအရင်းအမြစ်ရော အပိုအင်အားတွေရောပေါ့”
စဝ်က ပြန်မမေးလိုက်ခင်မှာ စဝ်နှင့်သုစန္ဒာတို့ အကြည့်ခြင်းဖလှယ်လိုက်ကြသည်။
“ဘယ်အချိန်ကျရင်ဒီကလေးတွေ သူတို့မိဘတွေဆီပြန်သွားရလဲ”
“သူတို့ ပြန်စရာမလိုဖူး။ ပါတီက သူတို့ကို ကြည့်ရှုစောင့်ရှောက်တယ်။ ပညာသင်ပေးတယ်”
“သူတို့မှာ မိသားစုဘဝမရှိဖူးလို့ ခင်ဗျားဆိုလိုတာလား”
“မဟုတ်ပါဖူး။ ကျွန်တော် အစောချည်းကတည်းက ယောက်ျားဆောင်၊ မိန်းမဆောင်တွေ သပ်သပ်စီပြခဲ့ပြီးပြီလေ။ ဟုတ်ပါတယ်။ အချိန်ကျ တဲ့အခါ စုံတွဲတွေအတူနေဖို့နေရာ ကျွန်တော်တို့မှာရှိပါတယ်” ပြုံးဖြီးဖြီးဟန်လုပ် ပြောလေသည်။
ခဏရပ်လိုက်ပြီး ဗိုလ်ချုပ်ဆက်ပြောသည်။
“ဒါ ဘုံစနစ်ပုံစံပေါ့။ နားလည်တယ်မဟုတ်လား။ ကျွန်တော်တို့က လူတွေကို အရှေ့ဘက်တိုင်းကနေခေါ်ပြီး ဒီနေရာတွေမှာနေစေတယ်။ ကျွန်တော်တို့ရဲဘော်တွေအားလုံး လယ်ထဲမှာအလုပ်လုပ်ကြတယ်။ ဒီနားက သံရည်ကြိုစက်ရုံမှာ လုပ်ကြတယ်”
“နယ်ခံလူထုကရော ဘယ်လိုရှိလဲ” စဝ်က မေးပြန်သည်။
“သူတို့ကတော့ မပူးပေါင်းချင်ကြပါဘူး” ဗိုလ်ချုပ်က တောင့်တောင့်တတ ပြန်ဖြေလေသည်။
“တချို့က မြစ်ကိုဖြတ်ပြီး ခင်ဗျားတို့တိုင်းပြည်ထဲပြေးကြတယ်။ တချို့ကျတော့ … အင်း .. သူတို့ကို ဖြုတ်ထုတ်ပစ်လိုက်တာပေါ့ဗျာ။ အဲဒါ သိပ်အဖိုးတန်တာပေါ့။ အလုပ်သမားတွေရဲ့ဒီလောကနိဗ္ဗာန်ဘုံကို ကျွန်တော်တို့က သိပ်ဂုဏ်ယူတာဗျ ။နားလည်တယ်မဟုတ်လား”
စဝ်ဘာတခွန်းမျှ ပြန်မပြောတော့ပါ။ အခြားသုံးယောက်လည်း ထိုနည်းတူပင်ဖြစ်လေသည်။ စဝ်မျက်မှောင်ကျုံ့လိုက်တာကိုမြင်လိုက်လို့ သူ စိတ်ပျက်နေပြီဖြစ်ကြောင်း သုစန္ဒာပြောနိုင်သည်။ သူမသည် “ဖြုတ်ထုတ်” ဟူသော စကားကိုကြားလိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ် သွားမိလေသည်။ လူ့ဖြစ်တည်မှုဘဝကိုဆန့်ကျင်သော အကြမ်းဖက်မှုကြီးဖြစ်လေသည်။ သူမွေးဖွားကြီးပြင်းလာသော တိုင်းပြည်တွင်မူ သည်ကိစ္စသည် ပြစ်မှုတခုဖြစ်နေလေသည်။
သူတို့ ခရီးဆက်ကြသည်။ သူတို့ရှေ့မှဖြတ်ပြီး ကွင်းတခုမှ ကွင်းတခုသို့သွားကြသော အလုပ်သမားတွေကိုခေါင်းဆောင်က ဝီစီမှုတ်ပြီး ခေါ် သွားသည်။ သူတို့ အားလုံး၏မျက်နှာများသည် နုပျိုပြီး စိတ်အားတက်ကြွနေကြဟန်ရှိလေသည်။ သူတို့ကိုမြင်တော့ သုစန္ဒာ သွားအမှတ်ရ မိစေပြန်သည်။ သူမငယ်ငယ်က ဂျာမနီတွင်နေစဉ်က ဟစ်တလာ၏ လူငယ်ရှပ်ညိုတပ်သားများကိုပြန်မြင်ယောင်မိလေသည်။ ယူနီဖောင်းနှင့် လူမျိုးသာကွာသွားပြီး တက်ကြွနေကြသော စိတ်အခံတွေကတော့ အတူတူပင်ဖြစ်နေကြလေသည်။
ဗိုလ်ချုပ်သည် နောက်ဆုံးတွင် ဘုံစတိုးဆိုင်ကြီးရှေ့တွင်ရပ်လိုက်သည်။ ပြီးနောက် သူက မြန်မာငွေဖြင့်ဝယ်လျှင်လည်း လက်ခံပါသည်ဟု ဆိုလေသည်။ အလွန်နည်းပါးလှစွာသော ပစ္စည်းလေးတွေသာရောင်းသည်။ ပိုးထည် လည်စီးအနည်းငယ်၊ ဖောင်းကြွရုပ်လုံးဖော်ထားသော သားရေပိုက်ဆံအိတ်လေးတွေနှင့် အချိတ်ပိုးထည် နှစ်ထုပ်သုံးထုပ်သာဖြစ်လေသည်။ သုစန္ဒာက ရွေးချယ်ဖို့ကြိုးစားနေချိန်တွင် စဝ်က သူမ နား တိုးတိုးကပ်ပြီး အင်္ဂလိပ်လိုပြောလေသည်။
“ဘာတခုမှ မဝယ်နဲ့ … မောင်က ဒီစိတ်ပျက်စရာကောင်းတဲ့စနစ်ကြီးကိုထောက်ပံ့ဖို့အတွက် တပြားမှမပေးချင်ဖူး”
သို့သော် သုစန္ဒာက နားမထောင်ပါ။ သူမသည် တရုတ်ပြည်ရောက်ခဲ့သည်ကို အပြန်တွင် အခိုင်အမာသက်သေပြရန်အတွက် အမှတ်တရ ပစ္စည်းတခုခု ဝယ်ကိုဝယ်ရမှဖြစ်မည်ဟု ခံစားရလေသည်။
နောင်တွင် သုစန္ဒာသည် တရုတ်ပြည်သို့သွားခဲ့သော ခရီးနှင့်ဒီအဖြစ်ကို တိတိကျကျပြန်တွေးကြည့်မိသောအခါ စဝ်တောင်းဆိုခဲ့သော စ ကားကို သူမကအလေးမထားပဲ လုပ်ခဲ့မိခြင်းအတွက် အလွန်ပင်နောင်တရနေမိလေသည်။ သူမသည် အသုံးမကျသော အမှတ်တရပစ္စည်း များကိုဝယ်ခဲ့မိပြီး စဝ်ကိုလည်း ဆိုးဆိုးဝါးဝါးပင် မကျေမနပ်ဖြစ်ခဲ့သေးသည်။ ထိုပစ္စည်းများကို ဝယ်လာပြီးကတည်းက သူမလည်း နှစ်ပေါင်း များစွာ တခါမှ ပြန်မကြည့်ဖြစ်တော့ချေ။
တရုတ်တို့၏စနစ်ကြီးအား ဖင့်နွဲ့လေးပင်အောင် ဆန့်ကျင်တိုက်ခိုက်သောအနေဖြင့် ရိုးရှင်းသော စီးပွားရေးနှင့်ပတ်သက်သောအားမပေးမှုကို ထုတ်ဖော် ပတာလေးတောင်မှ သူမသည် စဝ်အတွက် ထောက်ခံမပေးခဲ့တာကို တွေးမိတိုင်းနောင်တရမိလေသည်။
…….. ….. ….
မွိုင်းက သူ့သခင်မကို ဝင်လာပြီးလိုက်ရှာနေရာ သူမကို ဝရံတာမှာတွေ့လိုက်ရလို့ စိတ်သက်သာရာရလေသည်။
“ဘာလဲမွိုင်း” သုစန္ဒာသည် မျှော်လင့်ချက်ကြီးစွာဖြင့် သတင်းကောင်းသတင်းထူးလေးများကြားရမလားလို့ သူ့ အထိန်းတော်ဘက်လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
“အခု သီင်္ဂီမွေးနေ့ပွဲစီစဉ်ဖို့အချိန်ရောက်နေပြီ” မွိုင်းပြောလိုက်သည်။ ဒီကိစ္စသည် အသေးအဖွဲကိစ္စလေးဖြစ်ပြီး သုစန္ဒာသည် ကြောက်မက် ဖွယ်ရာကိစ္စတွေထဲက ဒီမွေးနေ့ပွဲကိစ္စကို တရက်တော့ စိတ်ပါလက်ပါ ဆွေးနွေးနိုင်လိမ့်မည်ဟု သူမသိပါသည်။
သို့သော် သုစန္ဒာ ခေါင်းကိုခါရမ်းပြနေသည်။ “နည်းနည်းလောက် ထပ်စောင့်လိုက်ရအောင်” သုစန္ဒာက စိတ်ပျက်လက်ပျက်ဖြင့် ပြောလေ သည်။
“မဖြစ်ဖူးထင်တယ်” မွိုင်းက ဆန့်ကျင်ပြီးပြောသည်။ “ကျမတို့ မင်းသမီးလေးက သူ့ သုံးနှစ်ပြည့်မွေးနေ့ပွဲအတွက် သိပ်စိတ်လှုပ်ရှားနေတယ် သူ့ကို စိတ်မကောင်းမဖြစ်စေချင်ဖူး”
“ရှင်ပြောတာမှန်ပါတယ် မွိုင်း” သုစန္ဒာလက်ကိုဆန့်ထုတ်လိုက်ပြီး အင်္ကျီလက်ကိုခေါက်လိုက်သည်။
“ဒီကိစ္စတွေကို ကလေးတွေ မခံစားစေချင်ပါဖူး။ ကျမတို့ပွဲကို ခမ်းခမ်းနားနားလုပ်ကြရအောင်”
ထို့နောက် သူတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး တိုင်းယိုင်ဂျာမဏီမွေးနေ့ပွဲကို ကျင်းပဖို့အသေးစိတ်စီစဉ်ကြလေသည်။ သူတို့သည် ပြီးခဲ့ သော ကလေးမွေးနေ့ပွဲတွေအကြောင်းပြန်ပြောကြရင်း ရိုးရာဓလေ့ဆန်သော ပွဲမျိုးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို တိုင်ပင်ကြ သည်။
မာလာနှင့် သိင်္ဂီတို့သည် အနောက်တိုင်းဟန်မွေးနေ့ပွဲမျိုးကို သဘောကျကြသည်။ မွေးနေ့လက်ဆောင်တွေအများကြီး၊ မွေးနေ့ကိတ်ကြီးတခု နှင့် ဖယောင်းတိုင်များကို ကြိုက်ကြသည်။ အခုအခါမှာတော့ တိုင်းယိုင် ဓလေ့အတိုင်းမွေးနေ့ပွဲလုပ်တာက ပိုသင့်လျော်မည်။ လက်ဆောင် ယူတာထက် ကျွေးမွေးတာက ပိုကောင်းမည်ဟုထင်လေသည်။ သုစန္ဒာက သူတို့ရိုးရာဓလေ့အတိုင်း မိသားစုအတွင်းတွင်သာ မွေးနေ့ပွဲလုပ် ဖို့ အခိုင်အမာပြောနေတော့သည်။
သူမ၏သမီးတွေမွေးနေ့ပွဲများတွင် အရှေ့စံအိမ်တော်က ကလေးတွေအားလုံးကို ဖိတ်ခဲ့သည်။ ဒါဇင်ကျော်သော မိန်းကလေး ယောက်ျားလေး များသည် ဖိနပ်မပါပဲ အကောင်းဆုံးအဝတ်အစားများကိုဝတ်ဆင်ထားကြပြီး ဧည့်ခန်းမထဲတွင် ပြည့်နှက်သွားကြသည်။ သူတို့သည် စကား တလုံးမှမပြောကြပဲ ခင်းထားသောကောဇောပေါ်တွင်ထိုင်နေကြသည်။ အထူးအခွင့်အရေးအနေနှင့် ဤသို့ စံအိမ်တော်အတွင်းဝင်ခွင့်ရကြ ခြင်းကြောင့် သူတို့ ကြောက်ရွံ့နေကြလေသည်။ သူတို့သည် ဘုရားရှစ်ခိုးကျောင်းထဲက ကြွက်လေးတွေလို ငြိမ်နေကြသည်။ သူတို့သည် မွေးနေ့ရှင်ကို သို့မဟုတ် အမေကိုစောင့်နေကြသည်။ အမေက အထုပ်လေးတခုစီကို ကလေးတိုင်း၏လက်ထဲသို့ထည့်ပေးလေသည်။ ထို အထုပ်လေးထဲတွင် အဝတ်အစား၊ ကစားစရာနှင့် ချိုချဉ်တို့ပါလေသည်။ လက်သေးသေးလေးတွေသည် အလွန်အဖိုးတန်သော မွေးနေ့ လက်ဆောင်တွေကို ကိတ်မုန့်နှင့် ချိုမြသော လိုင်းမကြူးဖျော်ရည်တိုက်သည့်အချိန်အထိ ကျစ်ကျစ်ပါအောင် ကိုင်ထားကြသည်။ ပြီးတော့မှ ကမ္ဘာပေါ်ရှိ မွေးနေ့ပွဲတိုင်းလို သူတို့သည် ကလေးစရိုက်အတိုင်း ပေါ့ပေါ့ပါးပါး ပျော်ပျော် ရွှင်ရွှင် နေကြတော့လေသည်။
သည်နှစ်မတိုင်ခင် လွန်ခဲ့သော နှစ်နှစ်မွေးနေ့ပွဲတုန်းက သီင်္ဂီ၏မွေးနေ့ပွဲတွင် ကလေးတွေကို လက်ဆောင်တွေဝေပေးတာကိုမြင်သောအခါ သူမမျက်လုံးမှ မျက်ရည်များစီးကျလာလေသည်။ အသက်ကြီးပြီး နားလည်လာသောအခါ သူမသည် သူမ၏မွေးနေ့ပွဲကို စောင့်မျှော်နေ တော့သည်။
“မွိုင်း ကျမစိုးရိမ်တယ်။ သူတို့အဖေက သမီးမွေးနေ့ပွဲကို အချိန်မှီပြန်မရောက်ရင် ဘယ်လိုလုပ်မလဲ” သုစန္ဒာ၏မျက်ဝန်းမှ မျက်ရည်များ စီး ကျလာပြီး သူမ၏သစ္စာရှိသောအထိန်းတော်အား စိုးထိတ်စိတ်ဖြင့် ကြည့်နေမိလေသည်။
“ခွန်မိန်း လာမှာပါ ။ ဝန်ကြီးချုပ်တောင် အတူပါချင်ပါလာမှာ” သုစန္ဒာ၏ဂရုစိုက်မှုရအောင် မွိုင်းသည် အသံခပ်ကျယ်ကျယ်ဖြင့် သိအောင်ပြော လိုက်သည်။
“ဖြစ်နိုင်ပါတယ်လေ” သုစန္ဒာပြောလိုက်သည်။ သမီးကြီးမာလာ၏ လွန်ခဲ့သော ၅ နှစ်က ပထမဆုံးပြုလုပ်သောမွေးနေ့ပွဲတုန်းက တအံ့တသြ ဖြစ်ခဲ့ရတာကို သွားအမှတ်ရမိလိုက်သောကြောင့် သူမသည် စဝ်ကို ပိုလို့ပင် လာဖို့မျှော်လင့်နေမိတော့၏။
တနှစ်လုံး၏အပူဆုံးလတွင် ပူသောနေ့ဖြစ်လေသည်။ မွေးနေ့ပွဲကို အရှေ့စံအိမ်တော်တွင် မနက်စောစောကပင် စတင်ကျင်းပခဲ့သည်။ ဒရိုင် ဘာနှင့် ဘူကောင်းသည် ဆွမ်းနှင့်ဟင်းချိုင့်များကို ဘုန်းကြီးကျောင်း ၁၅ ကျောင်းသို့ လိုက်လံပို့ပေးနေရသဖြင့် အလုပ်များနေကြလေသည်။ တက်ရောက်လာကြသော ကလေးများလည်း ဧည့်ခန်းအတွင်းမှ ပြန်သွားကြပြီ။သူမ၏အဖေသည် မာလာ့ကို ထပ်ခါထပ်ခါ လှည့်ပတ် ပြေး နေသဖြင့် သူမသည် အသံများညံစီအောင် အော်ရင်းပျော်ရွှင်နေလေသည်။ စဝ်က သူ့သမီးနှင့်ကစားနေရာမှ ရပ်လိုက်သည်။ အဘယ် ကြောင့်ဆိုသော် သူသည် အလည်ရောက်ရှိလာသော ဝန်ကြီးချုပ်ဦးနုကို လားရှိုးတွင် သွားရောက်တွေ့ဆုံရန်ရှိသောကြောင့်ဖြစ်လေသည်။
နေ့ခင်း ၂ နာရီတွင် လားရှိုးမှ စဝ် ဖုန်းလာလေသည်။ သူက သူ့မယားကိုကြေငြာသည်မှာ ဝန်ကြီးချုပ်ဦးနုနှင့် ဧည့်သည်အယောက် ၄ဝ ကို အရှေ့စံအိမ်တော်တွင် လက်ဖက်ရည်ဖြင့်ဧည့်ခံမည်။ နောက် ၂ နာရီဆို စံအိမ်တော်ကိုရောက်မည်ဟု ပြောလေသည်။ ထိုကြေငြာချက် ကို ကြားရပြီးသောအခါ အရှေ့စံအိမ်တော်တွင်ရှိကြသောလူတိုင်းသည် စတင်လှုပ်ရှားကြရတော့သည်။ ထမင်းချက်မေတ္တာက ပန်းကိတ် တရာ ကို တနာရီအတွင်း အပြီးဖုတ်သည်။ ကောလိန်နှင့် ထမင်းချက်ကောင်လေးများသည် သခွားသီး အသားညှပ်ပေါင်မုန့်များလုပ်သည်။ အခြား အလုပ်သမားများသည် ဧည့်ခန်းတွင် လူ ၆ဝ စာ စားပွဲနှင့် ထိုင်ခုံများချသည်။ သုစန္ဒာက ကားဖြင့်အမြန်သွားပြီး ပြည်နယ်ဝန်ကြီးများ၊ မြို့ခံ လူကြီးများနှင့်ဆွေမျိုးများကို ခေါ်ခိုင်းသည်။ အချိန်ကျသောအခါ စဝ်နှင့်အတူ ဧည့်သည်များရောက်ရှိလာကြသည်။ အရာရာတိုင်း လူတိုင်း အတွက် အဆင်သင့်ဖြစ်နေသည်။ခန်းနား ကြီးမားသော လက်ဖက်ရည် ပွဲကိုမြင်လိုက်ရသည်မှာ နေ့စဉ်လုပ်နေကျ အလုပ်လိုပင်ထင်ရသည်။
ဝန်ကြီးချုပ်ဦးနုက ဝမ်းသာအားရဖြင့် သုစန္ဒာအားပြောသည်။
“ကျွန်တော်က တွေ့ချင်လို့ကိုစောင့်နေတာ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ခွန်မိန်းကိုမေးတယ်လေ ကျွန်တော့်ကို လက်ဖက်ရည်သောက် ဖိတ်မလားလို့”
“ဝန်ကြီးချုပ် ဒီလိုကြွလာတာကို ကျမသိပ်ကိုဝမ်းသာပါတယ်” သူမပြန်ပြောလိုက်သည်။ “ထူးထူးခြားခြား ဒီနေ့က သမီးမာလာရဲ့မွေးနေ့ဖြစ် နေတယ်”
“ဟုတ်တယ် ။ ကျွန်တော်သိတယ်။ ဒါကြောင့်လေ ကျွန်တော်တို့ကို မူထွီဘုရားကိုပို့ပေးဖို့ပြောတာပေါ့။ အားလုံးက ဘုရားမှာ သမီးအတွက် ဆုတောင်းပေးကြမယ်”
ပြီးနောက် သူတို့သည် တိတိကျကျပင်လုပ်ကြလေသည်။ လက်ဖက်ရည်သောက်ပြီးကြသောအခါ သူတို့စကားအနည်းငယ်ပြောကြရာ ၅၅ စုံသောနားတွေသည် ပြောသောစကားလုံးတိုင်းကို ကြားလိုက်ရရန် အားစိုက်နားထောင်ကြရလေသည်။ မူထွီဘုရားသို့သွားသော ကားပေါ် တွင် သူတို့စကားမပြောကြချေ။ ဦးနုသည် စဝ်နှင့်သုစန္ဒာတို့၏ကြားတွင်ထိုင်ပြီး သူပြောသော စိုးရိမ်စရာကောင်းသော မိန်းတိုင်း၏နိုင်ငံရေးအခြေအနေနှင့် အမြင်များကို စူးစူးစိုက်စိုက်နားထောင်သည်။ ဦးနုသည် နားထောင်နေယုံသာမကပဲ စဝ်၏လူထုသည် မြန်မာ့လက်အောက်မှ ခွဲထွက်ပြီး ကိုယ်ပိုင်ပြည်နယ်အုပ်ချုပ်ရေးအတွက် လိုလားနေကြကြောင်းကိုပါ သိသွားလေသည်။
“ကျွန်တော်တို့ မြန်မာပြည်ထောင်စုကြီးကို ဆက်ထိန်းသိမ်းထားရမယ်” ဦးနုပြောသည်။ “ဒီလိုမှမဟုတ်ရင် ပြိုကွဲသွားလိမ့်မယ်”
“ဒီကိစ္စအတွက် ဝန်ကြီးချုပ်က တိုင်းပြည်ကို ကောင်းကောင်းထိန်းချုပ်ရလိမ့်မယ်” စဝ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။
“ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော်လုပ်မှာပါ” ထုံးဖြူဖြူ မူထွီဘုရားသို့သွား၍ ဆုတောင်းပေးဖို့ကားပေါ်မှ မဆင်းမှီ တွင် ဦးနုက အလွန်အလေးအနက်ထားပြောလေသည်။
ဆက်လက်ဖော်ပြပါမည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ
8 Responses to မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၆)
  1. heinartlover on May 3, 2012 at 11:10 pm
    ကျနော် အပိုင်း(၂၂)နဲ့(၂၃) ထဲကိုဝင်ဖတ်လို့ မရဘူးဖြစ်နေတယ်ဗျာ။ကြိုးစားတာအကြိမ်ပေါင်းမနည်းတော့ပါ။ကျေးဇူးပြုပြီးမေးလ်နဲ့ပို့ပေးစေလိုပါတယ်။အလုပ်ရှုပ်စေမိတာခွင့်လွတ်ပေးပါခများ..။
    saiyiaung@gmail.com
    • မေခ on May 4, 2012 at 6:42 pm
      saiyiaung
      မေခ
      • Mon on May 5, 2012 at 9:03 pm
        Thanks a lot. BTW, when we comment, we have to provide our email address, right, so could you please retrieve my email from there if you are the same person for handling comments, as well??? Actually, I am not comfortable with sending my email address publically. I really want this novel to read, though!
        • မေခ on May 6, 2012 at 7:41 pm
          Mon,
          i am not the same person of moemaka editor .I am a writer ,may kha lived in Burma, shan state.sorry for your request ,but moemaka editor could be done for your case.so editor saya yit kindly do for the further management as your abilities.
          thanks,
          may kha.
  2. Soe Moe Kyaw on May 4, 2012 at 1:50 am
    Moemaka editors,
    These Myu Tain Way Way articles are very interesting and memorable. But all articles cannot be read due to link problem eg , episode 22 & 23. Please let me know where I can read it all.
    • မေခ on May 4, 2012 at 6:45 pm
      soe moe kyaw
      plears let me know your e mail. I will send to you all of the noivel. This is not the article.
      thanks
      may kha.
      • Soe Moe Kyaw on May 4, 2012 at 8:46 pm
        Thanks, my email is soemoek@yahoo.com
        • Soe Moe Kyaw on May 6, 2012 at 6:20 pm
          Dear May Kha,
          I have not received. Please send me all novels upon your convenience.
          Thanks.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်