ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင် – Laos sends accused drug lord to China over Mekong killings

May 10, 2012




မိုးမခအထောက်တော် အမှတ် ဝဝ၇
မေ ၁ဝ၊ ၂ဝ၁၂

ယနေ့ ရုပ်သံသတင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတွင် တွေ့ရသော စိုင်းနော်ခမ်း


လာအိုအာဏာပိုင်တို့သည် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံနေရသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ယနေ့ လွဲအပ်လိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်သင်္ဘောသားများအား သတ်ဖြတ်မှုတွင် နော်ခမ်းနှင့် သူ၏ နောက်လိုက်များ၊ ထိုင်းစစ်သားတချို့တို့ ပါဝင်ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား ရှိနေသည်ဟု တရုတ်အရာရှိကြီးတဦး၏ ပြောဆိုချက်ကို ဆင်ဟွာသတင်းဌာန သတင်းတပုဒ်တွင် ရေးထားသည်။

သင်္ဘောသားများ သတ်ဖြတ်ခံရစဉ်က ထိုအမှုသည် နော်ခမ်းတို့၏အဖွဲ့၏ လက်ချက်များဖြစ်သည်ဟု ဒေသတွင်း လုံခြုံရေးအရာရှိတို့က သံသယ ရှိခဲ့ကြသည်။

မူးယစ်ရာဇာ စိုင်းနော်ခမ်းအား ထိုသို့ သံသယဖြစ်နေကြစဉ်မှာပင် ထိုင်းစစ်သား ၉ ဦး တို့က ထိုသတ်ဖြတ်မှုကို ကျူးလွန်မိသည်ဟု ဆိုကာ ထိုင်းအာဏာပိုင်တို့ထံတွင် အဖမ်းခံခဲ့ရာ ၎င်းတို့ကို ယခုအချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် အဖွဲ့သည် ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် အခြေစိုက် လှုပ်ရှားသော အဖွဲ့ဖြစ်ပြီး ထိုနိုင်ငံများအား ဖြတ်သန်း စီးဆင်းရာ မဲခေါင်မြစ်တလျှောက် လူသတ်မှု၊ မူးယစ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအတွက် တာဝန်ရှိသည်ဟု ယူဆခံထားရသည်။

စိုင်းနော်ခမ်းအား လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး ၂ ပတ် အကြာတွင် လာအိုအရာရှိများက တရုတ်အရာရှိများလက်သို့ သူ့အား လွဲအပ်လိုက်သည်။ ထိုသို့ လွဲအပ်သည့် အခမ်းအနားကို တရုတ် တီဗီသတင်းများတွင် ထုတ်လွှင့် ပြသခဲ့သည်။ သူနှင့်အတူ ဖမ်းဆီးခံရသည့် သူ၏ နောက်လိုက်များနှင့် ပတ်သက်ပြီး သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရချေ။

ယခင်က သတင်းတချို့တွင် သူ့အား ဖမ်းဆီးရမိသည့်နေ့ကပင် တရုတ်ပြည်သို့ ပို့ဆောင်လိုက်သည် ဖော်ပြခဲ့ဖူးသည်။

 

လာအိုနိုင်ငံ တနေရာတွင် ပြုလုပ်သည့် တရားခံ လွဲအပ်ခြင်း အစီအစဉ်

နှစ်နိုင်ငံအရာရှိများရှေ့တွင် ဒူးထောက်ထိုင်နေရသော စိုင်းနော်ခမ်း

တရုတ်လေယာဉ်ပေါ်သို့ တင်ဆောင်စဉ် နှစ်နိုင်ငံ လုံခြုံရေးအရာရှိများ၊ သတင်းသမားများ ၀န်းရံနေပုံ

တရုတ်နိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ပေါ်မှအဆင်း စွဲချက်များအား နားထောင်နေသော နော်ခမ်း

သူ့အား ဖမ်းဆီးရန် ထုတ်ပြန်ထားသည့် ၀ရမ်း နှင့် စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုး လက်ဗွေနှိပ်နေသော စိုင်းနော်ခမ်း

လက်မှတ်ထိုးပြီးနောက် သူ့အား ကားဖြင့် တင်ဆောင်သွားသည်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

3 Responses to ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင် – Laos sends accused drug lord to China over Mekong killings

  1. MK on May 11, 2012 at 12:42 pm

    ရှမ်း လူ မျိုး ကို ဘာ ကြောင့် တ ရုတ် လွဲ တာ ကြည့် နေ ရ သ လဲ …မြန် မာ ကို ပဲ လွဲ ရ မှာ ပေါ့ ။ လာ အို ကို မြန် မာ က ကူ ညီ တာ ဖြတ် ပါ ။

    • saw on May 11, 2012 at 3:57 pm

      ဟုတ်တယ် မြန်မာကသာလျှင်အပြစ်ပေးခွင့်ရှိတယ်

  2. blueberry on May 11, 2012 at 4:34 pm

    Yes!!! definitely … Why on earth a Shan- born , Myanmar national has been transferred to the Chinese Authority ? … Where are International Conventions ? … International Humanitarian Law ? …. NO Human Rights ? …

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)