ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၁)

May 18, 2012

လောအယ်စိုး
မေ ၁၈၊ ၂၀၁၂
သူ့အား ကျွန်တော်က ဆရာဟု ဂုဏ်ပြုခေါ်ဆိုမှုပြုပါက သူသည် ကျွန်တော်ကို သိမည်မထင်ပါ။ ထိုထက်ပို၍ ဘ၀တွင် ကျေးဇူးပြုဖူးသူ တစ်ဦးဟု အသိအမှတ်ပြုသောအခါ ထိုပုဂ္ဂိုလ်ကြီးသည် ပို၍နားမလည်နိုင်အောင် ဖြစ်သွားပေလိမ့်မည်။ ကျွန်တော့်ဘ၀တွင် သူသည် ကျေးဇူးရှင်တစ်ဦး စေ့ဆော်မှု၊ ဘ၀တွန်းအားလို အဓိကပြုခဲ့သူတစ်ဦးပါ။ ကျွန်တော် သူ့အား တစ်ခါတစ်ရံ အမှတ်ရတိုင်း သူ့အကြောင်း တွေးမိသည်။ သူကတော့ ကျွန်တော့်ကို ဘယ်လိုမျှသိနိုင်မည်မထင်ပါ။

၁၉၉၆ ခုနှစ်၊ ၀ဿန်ဦးကာလအတွင်း ဖြစ်သည်။ အမိရန်ကုန် တက္ကသိုလ်နယ်မြေမှ ကျွန်တော့်ဘ၀တက္ကသိုလ်ကြီး၏ နိဒါန်းစာမျက်နှာသစ်ကို ၀င်ရောက်၍ သင်ကြားနေခဲ့သည်။ ဓာတ်ပုံ သတင်းထောက်ကြီးတစ်ယောက် အရမ်းဖြစ်နေချင်သည်။ ကျွန်တော့်ဘ၀တွင် နံပါတ်တစ်လည်းဒါ၊ နံပါတ်နှစ်လည်း ဓာတ်ပုံသတင်းထောက်၊ နံပါတ်သုံးမှ တစ်ရာအထိဆိုလည်း ဒါပဲဖြစ်သည်။ စားလည်း ဒီစိတ်၊ အိပ်ရင်းလည်း ထိုစိတ်နှင့် အိပ်စက်ခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်သို့ သွားပြီး ပြည်သူလူထုတို့၏ နေ့စဉ်ဘ၀ဖြတ်သန်းမှုပုံရိပ်များတို့ကို ကျွန်တော် ရိုက်ကူးလိုသည်။

လူ့သမိုင်းသည် သာမန်ပြည်သူများတို့၏ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း၊ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်နေခြင်း၊ ပဋိပက္ခများတို့၏ သားကောင်များ ဖြစ်နေရခြင်း စသော၊ စသော ပုံရိပ်၊ ရုပ်ပုံလွှာတို့ကို ကျွန်တော်ဓာတ်ပုံရိုက်လိုသည်။ ဒီပုံရိပ်များကို ကမ္ဘာ့စာစောင်ကြီးများ၊ သတင်းစာ များတို့တွင် တစ်နေ့တစ်ကြိမ် ဖော်ပြခွင့်ရနိုင်လောက်သော ဓာတ်ပုံဆရာမျိုး ကျွန်တော် အရမ်းဖြစ်ချင်သည်။

ကရင်ပြည်နယ်၏ မထင်မရှား ကျေးလက်ကလေးတစ်ရွာတွင် ကြီးပြင်းခဲ့ပီး သာမန်ဝန်ထမ်းမိသားစုတစ်ခုမှမွေးဖွားသော ကျွန်တော်သည် တစ်ခါတစ်ရံ “ငါ့ ရည်မှန်းချက်အိပ်မက်တွေ သိပ်များကြီးမားနေသလား” ဟု မိမိကိုယ်ကိုသံသယ ၀င်မိသည်။ “ဘာပဲဖြစ်ဖြစ်၊ လူ့လောကမှာ အသက်ရှင်စဉ်အတွင်း ငါ အိပ်မက်၊ ရည်မှန်းချက်ကြီးကြီးမက်ဖို့ အခွင့်ထူးရှိသည်” ဟု မကြာမကြာ မိမိကိုယ်ကို အားပေးနေခဲ့ရသော ရက် များ ရာချီ၍ရှိခဲ့ပါသည်။

“နေပါဦး မင်းက ဓာတ်ပုံဆရာကြီးတစ်ယောက် ဖြစ်ချင်တယ်လို့သာဆိုတယ်။ အခု မင်းလက်ထဲမှာ ကင်မရာရေmရှိလို့လားကွ” ဟု မိမိ ကိုယ်ကို ပြန်မေးမိသောအခါ အမှန်ပါ ဘာကင်မရာတစ်လုံးမျှ လက်ထဲတွင်မရှိ။ သို့သော် ကျွန်တော်စိတ်မပျက်ပါ။ ယခုအချိန်၌ ကင်မရာ တစ်လုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်၊ ရိုက်ကူးနိုင်သော အတွေ့အကြုံလေ့လာမှု ကျွန်တော့်၌ရှိသည်။

ရန်ကုန်တက္ကသိုလ်သို့ လာရောက်ပညာသင်ကြားမှုမပြုခင်ကလေး မိသားစု၏ စားဝတ်နေရေး၊ ဘ၀မုန်တိုင်းဂယက်ကြောင့် ကျွန်တော် လွန် စွာမြတ်နိုးသော ကိုယ်ပိုင်ကင်မရာလေးကို တစ်ပါးသူအား ရောင်းချခဲ့ရပါသည်။ ကျွန်တော် ယခု ဤစာကိုရေးနေသည့်အချိန်တွင်ပင် ထိုနေ့ ရက်က ကြေကွဲခဲ့မသြည် ယနေ့တိုင် ကျွန်တော့်ရင်ကို ကိုင်လှုပ်နာကျင်နေဆဲ ဖြစ်သည်။

လောကဓံဆိုသည်က ပျော်ရွှင်ကြည်နူးမှု၊ နာကျည်းကြေကွဲမှုတို့တလှည့် နေ့ရက်တို့၏ ဖြတ်သန်းမှုဖြစ်စဉ်များတွေပဲ မဟုတ်လား။ ကျွန်တော် တို့ ဖြတ်သန်းခဲ့သည်။ ဖြတ်သန်းနေဆဲ၊ ဖြတ်ကျော်ရဦးမည့် ခရီးရှည်တစ်ခု။

“အေး ကင်မရာမရှိလည်း မင်းမျက်လုံးတွေနဲ့ များများရိုက်နေ၊ အဲဒါက အရေးကြီးတာကွ” အစ်ကိုပမာ လေးစားချစ်ခင်ရသူ၊ တေးရေး ကိုညီ ညီသွင် ကျွန်တော့်ကို အမြဲအားပေးသောစကား ဖြစ်ပါသည်။ ကိုညီကိုလည်း ကျွန်တော် ကျေးဇူးအမြဲတင်နေဆဲပါ။ ကျွန်တော့်ကို နားလည်ပြီး ကူညီမှုများစွာကိုပေးခဲ့သူတစ်ဦး။

“ဘုရားရှင် …. ကျွန်တော်သည် နိုင်ငံခြားသတင်းဌာနတစ်ခုတွင် ဓာတ်ပုံသတင်းထောက် ဖြစ်လိုပါ၏” ဟု ကျွန်တော်အိပ်ရာမ၀င်ခင် ဆု တောင်းမှုကို ဒူးထောက်ဆုတောင်းပြီးမှ ကျွန်တော် အိပ်ယာဝင်လေ့ရှိသည်။ ထိုနေ့ရက်များအတွင်း ဓာတ်ပုံရိုက်ဖို့ကိစ္စများရှိလာပြီဆိုပါက ကျွန်တော် အလွန်ပျော်ရွှင်သလို တစ်ဖက်ကလည်း ငါကိုင်မယ့်ကင်မရာကို ဘယ်မှာသွားငှားရမလဲဟု အမြဲပူန်ပန်နေရသည်။

ရန်ကုန်တက္ကသိုလ်ဝင်းကြီးရှိ ဒဿန် (သို့) ဂျက်စင် ဘုရားကျောင်းတွင် သားရေး၊ နာရေးကိစ္စရှိပါက ကျွန်တော့်ကို အကူအညီတောင်းတတ်ကြ သည်။ မိမိ ကူညီမည်ဟု ကတိပေးပြီးမှ ကင်းမရာငှားရမ်း၍မရသောကြောင့် မျက်နှာပူရသည့်အကြိမ်ပေါင်းကလည်း တကယ်မနည်းတော့။

ရုန်းရင်းကန်ရင်း သားတယောက်ကို အခက်အခဲကြားမှ ရန်ကုန်တက္ကသိုလ်ပို့ကာ ပညာသင်ကြားစေသော ဖခင်နှင့် မိခင်ကိုလည်း ကျွန် တော် ဒီကင်မရာတစ်လုံးအတွက် ဘယ်လိုမှ မပူဆာရက်။ ပူဆာ၍လည်း ရနိုင်မည်လည်းမဟုတ်။

ကျွန်တော့် အသိဉာဏ်၊ မျက်စိနှင့် ကျွန်တော့်နှလုံးသားတွေကတော့ ဓာတ်ပုံတွေကို နာရီနှင့် ကင်မရာမရှိစေကာမူ မပြတ်ရိုက်နေသည်။ အတ္ထုပ္ပတ္တိများ၊ ရသစာပေများကို ကျွန်တော် ကြုံး၍ ဖတ်ပစ်လိုက်သည်။ လူ့လောကအတွင်း မိမိနိုင်စွမ်းရာများဖြင့် အကောင်းဆုံး ပေး ဆပ်သူများတို့၏ဘ၀များကို အားကျသည်။ ၎င်းတို့ကဲ့သို့ ကျွန်တော် မိမိတတ်စွမ်းရာကို အကောင်းဆုံးပေးလိုသည်။

ရည်မှန်းချက် အိပ်မက်ကြီးကြီးကိုမက်ရင်း ဥပေဒေကျောင်းသားတို့ နောက်ဆုံးနှစ်ဘွဲ့အတွက်တင်သွင်းသော ကျွန်တော့်ကျမ်းကလည်း သတင်းစာနှင့် ဥပဒေ။ ကျောင်းစာထက် အပြင်စာကို အဖတ်များသော ကျွန်တော်ပြုစုသောကျမ်းအတွက် လူတွေ့စစ်ဆေးစဉ် မေးသော ပုဂ္ဂိုလ်ကြီးနှင့် အချေအတင် စကားများကြရင်း ရလဒ်က နောက်ဆုံးနှစ်၌ စာမေးပွဲကျသည်။

ငါ ဘာဆက်လုပ်ရမလဲ …။ ဘာမျှလည်း မတတ်နိုင်။ ကျောင်စးပြန်တက်ရခြင်းကလွဲရင် ဘာမျှရွေးချယ်စရာလမ်းမရှိ။ သို့သော် ကျွန်တော့် မျက်စိ၊ နှလုံးသားတို့က ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်နေဆဲ။ ဆက်၍လည်း ဘယ်အခြေနေမှာပဲဖြစ်ဖြစ် ကျွန်တော်ဓာတ်ပုံရိုက်နေဦးမည် ဖြစ်သည်။ ပိုင်နိုင်စွာ မိမိကိုယ်ကိုသိလိုက်ပါပြီ။

“နိုင်ငံခြားသတင်းဌာနတစ်ခု၏ ဓာတ်ပုံသမား” ဆိုသည့်ရည်မှန်းချက်ကိုတော့ ကျွန်တော် တစ်ပြားသားမျှမလျော့။ ဒီရေကဲ့သို့ တစ်ရစ်ရစ် တက်နေဆဲ။ လှိုင်းလုံးကြီးကဲ့သို့ တစ်ဝုန်းဝုန်းနှင့် ရိုက်ခတ်နေဆဲ။ ကျောင်းတွေပြန်ဖွင့်သောအခါ အဆောင်နည်းပြ ဆရာဦးဝင်းဆွေ၏ နား လည်ပေးမှုကြောင့် အဆောင်တွင် အဆောင်မှူးမသိအောင် ခိုး၍ ဆရာ့အခန်းတွင်နေသည်။ စာမေးပွဲကျသော ကျောင်းသားများကို အ ဆောင်နေခွင့်ရုပ်သိမ်းသည်က တက္ကသိုလ်၏စည်းကမ်း။

စာသင်ခန်းထဲရောက်တော့လည်း လူသစ်များကို ကျွန်တော်မသိ။ သူတို့ကလည်း ကျွန်တော့်ကိုမသိ။ ငါးနှစ်တာ အတူကျောင်းတက်ခဲ့သော အတန်းဖော်များတို့ကို ကျွန်တော်အရမ်းသတိရသည်။ သူတို့တစ်တွေက အလုပ်သင်ရှေ့နေတွေ၊ စီးပွားလုပ်ငန်းရှင်သစ်တွေ၊ မဟာဘွဲ့အ တွက် ကျောင်းသား၊ ကျောင်းသူလောင်းတွေအဖြစ် ရှေ့ဆက်ခရီးနှင်ကြလေပြီ။

ဒီလိုနှင့် ဒုတိယအကြိမ်ပြန်နေရသော နောက်ဆုံးနှစ်သင်တန်းကာလ ဘယ်လိုကုန်သွားသည် မသိလိုက်။ စာမေးပွဲ ပြန်ဖြေသည်။ ရှိရင်းစွဲ ငှက်ဖျားရောဂါဟောင်းကလည်းထလာ၍ တက္ကသိုလ်ဆေးရုံတက်ရင်း ဆေးရုံပေါ်မှ စာမေးပွဲဖြေခဲ့သည်။

လွတ်လွတ်ကျွတ်ကျွတ် တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲကို အောင်မြင်ခဲ့လေပြီ။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဘွဲ့ရတော့မှာမို့ကြောင့် မ ဟုတ်ပါ။ ငါ အပြင်စာတွေဖတ်ရတော့မယ်။ ငါလုပ်ချင်တာတွေ လုပ်ရတော့မယ်ဟူသော အခွင့်ထူးရသွားပြီး၍ ဖြစ်သည်။

တက္ကသိုလ် စာမေးပွဲအောင်၍ မကြာမှီကာလအတွင်း ဥပဒေဘွဲ့ကို ယူတော့မည်။ သားတော်မောင်အတွက် အဖေသည် ၀မ်းသာအားရနှင့် နယ်မှ ရန်ကုန်သို့ရောက်လာသည်။ ပင်းပန်းခဲ့သမျှ အမောပြေရတော့မည်ပေါ့။

“အေး စာမေးပွဲအောင်သွားတော့ ရှင်းသွားတာပေါ့။ ငါ့သားရယ်၊ မင်းအမိုးလည်း ၀မ်းသာနေတာ။ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေအတွက် ပြင်ဆင်တော့ကွာ။ ရှေ့နေတော့ မလုပ်ပါနဲ့ ငါ့သားရယ်။ အိနြေ္ဒရှိရှိ၊ ဥပဒေ၀န်းထမ်း။ ဒါမှမဟုတ် တရားသူကြီးလေး ဘာလေးပေါ့” အလွန် တက်ကြွ၍ အဖေတစ်ယောက် ပျော်နေသည်။ ကျွန်တော့်အတွက် ၎င်းတို့၏ မျှော်လင့်ခြင်းအရောင်တွေက တစ်လက်လက် တောက်ပနေ သည်။

မပျော်ဘဲ ရှိပါမည်လား။ ရှိစုမဲ့စုနှင့် ဒီသားကို တက္ကသိုလ်ပို့ခဲ့လေခြင်း။ ယခု ကျွန်တော်နေထိုင်သောအရပ်ဒေသတွင် “ကျွန်တော့်သားတော့ တရားသူကြီးဖြစ်ဖို့ ကြိုးစားနေပြီဗျ” ဟု အဖေဂုဏ်ယူ၍ ပြောချင်ရှာပေလိမ့်မည်။

“ပါးပါး ဖိုးခွားဓာတ်ပုံသတင်းထောက်လုပ်ဖို့ အပြီးဆုံးဖြတ်လိုက်ပီ”

ကျွန်တော့်ဖခင် ရုတ်တရက် တွေဝေပြီး ငိုင်သွားသည်။ ပြီးတော့မှ “ငါ့သားရယ် စဉ်းစဉ်းစားစားလည်းလုပ်ပါအုံး။ မင်းရဲ့ရည်မှန်းချက်က စိတ် ကူးယဉ်ပီး ဘာမှမရေရာ မသေချာတဲ့ဟာကြီး။ တက္ကသိုလ်မှာ ကိုယ်သင်ခဲ့ရတာတွေနဲ့လည်း တစ်ခြားစီကွာ။ ငါတို့ကိုလည်း သနားပါအုံး”

ကျွန်တော် တစ်ခွန်းမှပြန်မပြောဖြစ်ပါ။ တိတ်ဆိတ်စွာဖြင့် အဖေ့မျက်နှာကို ကြည့်လိုက်မိသည်။ ကျွန်တော့်ဖခင်တစ်ယောက် အလွန်ဝမ်းနည်း စိတ်ပျက်သွားပြီပဲ။

“အေးလေ မင်းလည်း အရွယ်ရောက်ပီလေ။ ပီးတော့ ဘွဲ့တောင်ယူတော့မဲ့လူပဲ။ မင်း စိတ်ကြိုက်လုပ်ချင်တာ လုပ်တော့ကွာ” ဟူ၍ အဖေ သည် ကျွန်တော့်ကို စိတ်ပျက်စွာပြောဆိုပြီး ကျွန်တော့်အခန်းထဲမှထွက်သွားလေသည်။

စိတ်ပျက်သွားသောဖခင်သည် တစ်နှစ်ကျော်ကျော် ကျွန်တော့်အား အဆက်အသွယ်လည်းမလုပ်တော့။ ဘွဲ့ယူတော့လည်း အဖေ မရောက် လာ။ အမိုးကလည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ခဲ့။ ကျွန်တော် ကြေကွဲမိပါသည်။

“ငါ့ကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘတွေကို ငါ ကျေးဇူးများကန်းနေသလား” ဟု တွေးမိသည်။ တဖန် “ငါ့ရည်မှန်းချက်တွေက သိပ်ပြီးအတ္တဆန်နေသလား” ဟုလည်း ဆန်းစစ်မိပါသည်။ “အေးပေါ့လေ … ငါ့အဖေ ငါ့ကို တနေ့နားလည်ပါလိမ့်မယ်” ဟုသာ မိမိကိုယ်ကိုဖြေသိမ့်မိသည်။

သို့သော် ကျွန်တော်၏ မျက်စိ၊ နှလုံးသားတို့တွေကတော့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေဆဲ။ “ငါ ဒီဓာတ်ပုံဆရာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်အတွက် ငါ ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး” ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

ကျွန်တော် မိမိကိုယ်ကိုမိမိ တွေ့ရှိသွားပြီ ဖြစ်သည်။ အဲဒါကတော့ ရာခိုင်နှုန်းပြည့် ဓာတ်ပုံသတင်းထောက်ကြီး လောအယ်စိုး။
…. …. ….

“ကျေးဇူးပြု၍ ကူညီပါအစ်ကိုရာ။ ကျွန်တော် သူ့ကို အရမ်းတွေ့ချင်လို့ပါ။ အရမ်းလည်း သူ့ကို အားကျပါတယ်”

ဝမ်းသာအားရနှင့် စိတ်လှုပ်ရှားစွာပြောနေရင်း ကျွန်တော် ၎င်း၏မျက်နှာကိုလည်း စေ့စေ့ကြည့်လိုက်မိသည်။ အမှန်ပါ ၎င်းကူညီပါက ကျွန် တော်သည် အဆိုပါ နာမည်ကျော်ဓာတ်ပုံဆရာကို တွေ့ခွင့်ရပေလိမ့်မည်။

“အေး ငါ တယ်လီဖုန်း ဆက်ကြည့်လိုက်မယ်။ မင်းညနေကျရင် ဆိုင်ဘက်ကို တစ်ချက်လောက်လှည့်လာခဲ့ကွာ”

ကျွန်တော့်ထက် အတန်းနှစ်တန်းကြီးသော ကိုအေးမောင် ကျောင်းပြီးသွားသည်နှင့် ဓာတ်ပုံကူးဆိုင်ကြီးဖွင့်၍ စီးပွားရေးကိုစတင်ခါစ။ သူ ကျောင်းသားဘ၀တုန်းက အရမ်းခင်မင်ရင်းနှီးမှုမရှိပေမယ့် ဥပဒေအသင်းကြီး၏ ဆရာကန်တော့ပွဲနှင့် အသင်း၏လှုပ်ရှားမှုများတို့၌ မကြာ ခဏ ဆုံဖူးသည်။ သူတစ်ပါးကိုလည်း ကူညီတတ်သောသူတစ်ဦးဖြစ်သည်။ ဓာတ်ပုံလုပ်ငန်းနှင့် ဆက်စပ်နေသောကြောင့် ကိုအေးမောင်သည် ဆရာတယောက် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတိုင်း ၎င်းတို့၏ဆိုင်သို့ ၀င်နေကြ။

မဂ္ဂဇင်း၊ ဂျာနယ်တချို့ကလည်း ဆရာ့၏အောင်မြင်မှုများနှင့် မြန်မာနိုင်ငံတွင် ၎င်းလုပ်ဆောင်လိုသည့် ရည်မှန်းချက်များတို့ကို ရေးသားထား သည့် သတင်း၊ ဆောင်းပါးတို့ကိုလည်း ကျွန်တော်ဖတ်ဖြစ်သည်။ နိုင်ငံတကာရပ်ဝန်း၊ ဓာတ်ပုံလောကတွင် ခိုင်မာသောနေရာတစ်နေရာကို ရယူထားသည့် မြန်မာနိုင်ငံသားတစ်ဦး စသည် စသည်။ အားမကျပဲနေမည်လား ဆရာ့ဆီက ဘယ်လိုဓာတ်ပုံသမားကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားရမယ့်နည်းနာတွေ အဆက်အသွယ်တွေရအောင် ငါတွေ့ကို တွေ့မှ ဖြစ်မယ်ဆိုပြီး ကျွန်တော် အလွန်စိတ်အားထက်သန် နေခြင်းဖြစ်သည်။

ထို့ကြောင့် ဆရာနှင့်အဆက်အသွယ်ရှိသော ကိုအေးမောင်ကို ချဉ်းကပ်ရခြင်းဖြစ်သည်။ ၎င်းကူညီမှ ကျွန်တော် ဆရာ့ကို တွေ့ဆုံနိုင်သော အခွင့်ထူးကြီးကို ရပေလိမ့်မည်။

“အော် ညီလေး ရောက်လာပြီလား။ အစ်ကို နေ့လည်က ဆရာ့ကိုတယ်လီဖုန်းဆက်ဖြစ်တယ်။ သူက မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အချိန် အလုပ်တွေက အရမ်းကိုများနေတာ။ ပြီးတော့ အထက်မြန်မာပြည်ကိုလည်း ခရီးထွက်ရအုံးမယ်လို့ ပြောတယ်။ အစ်ကိုက မေတ္တာရပ်ခံပြီး ငါ့ညီ အရမ်းတွေ့ချင်တယ်လို့ပြောတော့ မနက်ဖန် မနက် ဆယ်နာရီလောက်မှာ ရော့ အဲဒီလိပ်စာအတိုင်းသာ သွားကွာ။ ငါနဲ့ တွေ့ပြီး ဒီ လိပ်စာကို ပေးလိုက်တာလို့သာပြောလိုက်။ ငါလည်း ကြိုပြီး တယ်လီဖုန်းဆက်ထားလိုက်မယ်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ အစ်ကို” ကျွန်တော် ဘယ်လို ကျေးဇူးတင်စကားပြောရမလဲမသိအောင် စိတ်လှုပ်ရှားတက်ကြွနေသည်။

“ကျေးဇူးအရမ်းတင်ပါတယ် အစ်ကိုရယ်” ဟု ကိုအေးမောင်ကို ကျေးဇူးတင်စကားပြောပြီး ကျွန်တော် မနက်ဖြန်နံနက်ဆယ်နာရီအတွက် ရင်ခုန်သံက အဆမတန်မြန်နေသည်။

ရန်ကုန်မို့ လူကုန်တန်တို့နေထိုင်သော အရပ်၊ အိမ်ကြီးအိမ်ခန့်ကြီးများကလည်း ခြံဝန်းကျယ်ကျယ်တွေထဲမှာ… အော် ဆရာတစ်ယောက် ဒီလို အသိုက်အ၀န်း၊ မိသားစုတွေကနေဆင်းသက်ခဲ့တာကိုးဟု ကျွန်တော်သိလိုက်သည်။

နံနက် ကိုးနာရီလေးဆယ့်ငါးမိနစ်တွင် ဆရာ၏ အိမ်ရှေ့သို့ ရောက်ပေပြီ။ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ

8 Responses to ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၁)

  1. Lwin Lwin Mon on May 20, 2012 at 8:48 am

    Dear friend,

    I am very excited to read your story.

    You are not only a good photographer but also a good writer.
    I can’t wait to read next one.

    Lwin

    • law eh soe on May 24, 2012 at 9:41 pm

      thanks you so much.

  2. May Tha Zin on May 20, 2012 at 12:11 pm

    I like your article so much. I admire you because you are excellent photographer, author and speaker. I could see you are very honest and talented person. I believe you and like your spirit. Now your parent, your nationality will be very happy and proud of you. I am so proud of you. I am waiting for your next articles. Keep going brother. I like this photo so much. When I read your story I am very excited and interesting. မိသားစု၏ စားဝတ်နေရေး၊ ဘ၀မုန်တိုင်းဂယက်ကြောင့် ကျွန်တော် လွန် စွာမြတ်နိုးသော ကိုယ်ပိုင်ကင်မရာလေးကို တစ်ပါးသူအား ရောင်းချခဲ့ရပါသည်။ ကျွန်တော် ယခု ဤစာကိုရေးနေသည့်အချိန်တွင်ပင် ထိုနေ့ ရက်က ကြေကွဲခဲ့မသြည် ယနေ့တိုင် ကျွန်တော့်ရင်ကို ကိုင်လှုပ်နာကျင်နေဆဲ ဖြစ်သည်။ When I read above sentence I was very sorrow for you. Your dream is not too big for you. You could dream whatever you like. I believe you will success everything you really want.*Yes you can* Ko လောအယ်စိုး. I like “အေး ကင်မရာမရှိလည်း မင်းမျက်လုံးတွေနဲ့ များများရိုက်နေ၊ အဲဒါက အရေးကြီးတာကွ”.It is really good idea. Thank you very much for your sharing.

    • law eh soe on May 24, 2012 at 9:40 pm

      thanks you so much for your comment.

      • May Tha Zin on May 29, 2012 at 12:48 pm

        Thanks a lot and very happy for your reply comment.

  3. Wilfred Tun Baw on May 23, 2012 at 7:07 pm

    Dear Kwarh Law Eh Soe,

    Excellent story. I’m from U.S and I came from Burma since 1980. I like your experience and I want to say you that keep going, never give up. Success persons did like yours. Mar Nay Awe Kerh, Bu Du Bu Dah. Never forget God and your parent.

    God Bless You,
    Tee Wilfred

    • law eh soe on May 24, 2012 at 5:57 am

      Thanks you so much, Ah Tee.

      I will try the best.

  4. Wilfred Tun Baw on May 24, 2012 at 9:26 am

    Thanks for replying me. God bless you for your future.

    Atee.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်