ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၃)

May 22, 2012

လောအယ်စိုး
မေ ၂၂၊ ၂၀၁၂
ဓာတ်ပုံသတင်းထောက်ကောင်းတစ်ဦးဖြစ်ဖို့အတွက် အဆက်အသွယ်၊ အခွင့်အလမ်းနည်းပါးခဲ့သော်လည်း ကျွန်တော်စိတ်ဓာတ်မကျ။ အရာရာကိုကျော်လွှားနိုင်ဖို့ ကျွန်တော့်တွင် အားနှင့်မာန်အပြည့်ရှိသွားပေသည်။

ဂျပန်သတင်းဌာနတစ်ခုမှ သတင်းထောက်တစ်ဦးလိုအပ်သည်ဟု မိတ်ဆွေဓမ္မဆရာကြီးတစ်ဦးမှ အကြောင်းကြားလာသည့်အတွက် ကျွန် တော်ဝမ်းသာအားရ လူတွေ့စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့မှအဖြေကို မျှော်လင့်သည်။ ကျွန်တော့်ကို မရွေးပါ။ သို့သော် ကျွန်တော် စိတ်ဓာတ်မကျ။ ကျွန်တော့်စိတ်ဓာတ်နှင့် အားမာန်တို့သည် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ယှဉ်၍လမ်းလျှောက်ခဲ့သော မေခမြစ်ကြီးထံသို့ အရှိန်အဟုန်ပြင်းနေဆဲ။

တစ်နေ့ မိတ်ဆွေတစ်ဦးမှ မိတ်ဆက်ပေး၍ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ကိုချိုတူးဇော်နှင့် တွေ့ဆုံသိကျွမ်းခွင့်ရခဲ့သည်။ ထိုအခါ သူက ထူးထူးဆန်းဆန်း “ကိုလောအယ်စိုး၊ ခင်ဗျားရဲ့ ကချင်ပြည်နယ်အတွင်းလမ်းလျှောက်တဲ့ခရီးစဉ် နေ့စဉ်မှတ်တမ်းကို ကျွန်တော်ဝယ်ချင် တယ်ဗျာ။ ခင်ဗျားဆန္ဒရှိရင် ကျွန်တော့်ကိုရောင်းပါလား” ဆိုတော့ ကျွန်တော်ကြောင်သွားသည်။ ဒီလူ ဘယ်လိုလူများပါလိမ့်။ သို့သော် ကျွန် တော်၏ခရီးစဉ်အား အသိအမှတ်ပြုခြင်းအတွက် ကျွန်တော်အရမ်းဝမ်းသာသွားသည်။

“အေးဗျာ … ရောင်းမယ်ဗျာ” ဟူ၍သဘောတူလိုက်ကာ ကျပ်ငွေတစ်သောင်းခွဲဖြင့် ကျွန်တော်ရောင်းလိုက်ပါသည်။ ၁၉၉၇ ခုနှစ်က ငွေတစ် သောင်းခွဲသည် တစ်ကယ်မနည်းပါ။ အသစ်သော နှစ်ရာကျပ်တန် ငွေအစည်းထုပ်ကို လက်ထဲ၌ကိုင်ထားရင်း မှတ်မှတ်ရရတစ်ခုတော့ ၀ယ်ထားအုံးမှဟုလည်း စဉ်းစားမိလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အား အကူအညီများစွာပေးခဲ့သော မိတ်ဆွေ၏မိသားစု ပစ္စည်းတစ်ခုဝယ်ဖို့ရန် အကူအညီလိုအပ်သည်ဟု ကျွန်တော့်အား မေတ္တာရပ်ခံလာသောကြောင့် အစိမ်းရောင်လွင့်နေသည့် နှစ်ရာကျပ် တန်သစ် တစ်သောင်းခွဲတိတိသောအသပြာကို မိတ်ဆွေတို့အားပေးလိုက်ပါသည်။

အေးလေ သူတို့အတွက်လိုအပ်တာတစ်ခုရသွားတော့ ငါ့အတွက် အဓိပ္ပါယ်ရှိသောလှူဒါန်းခြင်းပဲဟု ကျွန်တော်ကျေနပ်စွာ ခံယူလိုက်သည်။ ကျွန်တော် ထိုငွေဖြင့် မိမိအတွက် ဘာမှမ၀ယ်ဖြစ်လိုက်ပါ။ ခါးသီးမှု၊ ပျော်ရွှင်ကြည်နူးခြင်း၊ မျှော်လင့်ခြင်းများဖြင့် ရှေ့ဆက်ဘ၀ကို ခရီးနှင်ရင်း ၂၀၀၀ ခုနှစ်မှ စတင်ပြီးကျွန်တော် ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အစည်းသုံးခုတို့၏ Photo Eassay (လူသားတို့၏ နေ့စဉ်သက်တာနှင့် ရုန်းကန် မှုကို ဓာတ်ပုံဖြင့်သီကုံးခြင်း) ကို စတင်လက်ခံပြီး ရိုက်ကူးနိုင်ခဲ့သည်။ ပြည်တွင်းရော၊ အရှေ့တောင်အာရှနိုင်ငံအချို့ကို စတင်ခရီးပြုနိုင်သည်။

အခက်အခဲအမျိုးမျိုးကြားမှ နယ်သာလန်နိုင်ငံ အခြေစိုက် World press photo ကမ္ဘာ့သတင်းဓာတ်ပုံအဖွဲ့ချုပ်ကြီးက ကြီးမှူးကျင်းပသည့် အရှေ့တောင်အာရှမှ တက်သစ်စဓာတ်ပုံသတင်းထောက်များအတွက် အလုပ်ရုံ ဆွေးနွေးပွဲ (Workshop) ကို ၂၀၀၂ ခုနှစ် မေလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် နှစ်ပတ်ကြာ ပါဝင်တက်ရောက်ခွင့်ရခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ဓာတ်ပုံသတင်းထောက်များတို့နှင့် ရင်းနှီးသိကျွမ်းခွင့်ရခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက် I P S Inter Press Service ၏ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်တွင်ရှိသော နိုင်ငံများမှ ပြည်သူများတို့၏ နေ့စဉ်ဘ၀ကို ထင်ဟပ်စေသည့်အစီအစဉ်တစ်ခုတွင်လည်း ကျွန်တော် Photo eassay ရိုက်၍ ပါဝင်နိုင်ခဲ့ပါသည်။ ထိုအတွေ့အကြုံများမှာ ကျွန်တော် အဖိုးဖြတ်၍မရသော အသိနှင့်ဆက်သွယ်မှုကွန်ယက်များကို ရရှိခဲ့ပါသည်။ ၂၀၀၃ ခုနစ်၊ နိုဝင်ဘာလတွင် NHK သတင်းဌာနတွင် ဌာနေ သတင်းထောက်အဖြစ် တာဝန်ယူထားသူကိုသီဟ၏ ဆက်သွယ်ပေးမှုကြောင့် AFP (Agency of Frence Press) အတွက် ဓာတ်ပုံသတင်း ထောက်အဖြစ် ကျွန်တော့်ကိုခန့်အပ်သည်။

အနှစ်နှစ် အလလစောင့်စားခဲ့ရသည့် ကျွန်တော်၏အိပ်မက်ကို စတင်၍ အတည်ဖော်ခွင့် ရသွားပေပြီ။ သို့သော်ထိုအခွင့်အရေးအတွက် ကျွန်တော် ရုန်းကန်ခဲ့ရသည်။ ပေးဆပ်ခဲ့ရသည်။ နာကျင်ခဲ့ရသည်။ ထိုက်တန်သောတန်ဖိုးကို ကျွန်တော်ပေးခဲ့ရပါသည်။ လမ်းစပေါ် ကျွန် တော်ခြေချနိုင်ခဲ့ပါသည်။ ဆက်လက်၍ အများကြီးကြိုးစားရမည်ဆိုတာ ကျွန်တော်သိသည်။

အမေရိကန်နိုင်ငံ အခြေစိုက် AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းသည် ကျွန်တော့်အတွက် ဆရာမတစ်ဦးလည်းဟုတ်သလို မိတ်ဆွေကောင်း တစ်ဦးလည်းဖြစ်သည်။ အစ်မသည် ကျွန်တော် တစ်စုံတစ်ရာမှားနေပါက အမုန်းခံ၍ ကျွန်တော့်ကို သတိပေးတတ်သူဖြစ်သည်။ တစ်နေ့ ဂျပန်သံရုံးမှဖိတ်ကြားသော ညစာစားပွဲအခမ်းအနားတစ်ခုတွင် ကျွန်တော်တစ်ယောက် ၀ိုင်ခွက်ကိုကိုင်၍သောက်နေသည်ကို အစ်မတစ် ယောက်မြင်သောအခါ အစ်မသည် မျက်နှာနီမြန်းသွားပြီး “လောအယ် … ငါ့မောင် မင်းဒီလောကကို အခုမှရောက်လာတယ်။ ဒီအကျင့်ကို မင်းစနေပြီ ဟုတ်လား။ ဟိုမှာကြည့်စမ်း ဂါဒီယန်းဦးစိန်ဝင်းကြီး ထိုင်နေတယ်။ ဒီအသောက်အစားတွေ အပျော်အပါးတွေကို သူရှောင်နိုင်ခဲ့လို့ အဲဒီလို လူတစ်ယောက်အဖြစ် သူရပ်တည်နိုင်တာ”

ကျွန်တော် အစ်မ လက်ညှိုညွှန်ရာကိုကြည့်လိုက်တော့ ဂျပန်သံအရာရှိတစ်ဦးနှင့်စကားပြောနေသူ၊ မြန်မာနိုင်ငံသတင်းစာလောကတွင် လေးစားကြည်ညိုခြင်းခံရသူ ဂါဒီယန်း ဦးစိန်ဝင်း။ အသက်အရွယ်အားဖြင့် ရှစ်ဆယ်ကျော်သွားပေပြီ။ ၎င်း၏လက်ထဲတွင် လိမ္မော်ရည်ခွက်ကို ကိုင်ထားသည်။ ကျွန်တော် ငိုင်သွားသည်။ ရှက်လည်း ရှက်သွားမိသည်။ အစ်မကို ဘာမှပြန်၍မပြောမိ။ ၀မ်းလည်းနည်းသွားသည်။ ထိုဝိုင်ကို ကျွန်တော် ဆက်သောက်၍မရတော့။ အစ်မ၊ ဆရာမ၊ မိခင်ကဲ့သို့ အမုန်းခံပီး ဆုံးမသွားသူ ဒေါ်အေးအေးဝင်းအား အစဉ် ကျွန်တော့်ရင်ထဲမှ ကျေးဇူး တင်နေဆဲပါ။ အစ်မတစ်ယောက် သူလျှောက်ခဲ့သော သူလျှောက်နေဆဲဖြစ်သော ရှေ့ဆက်လျှောက်ရမည့် ခရီးရှည်ကြီးအတွက် ၀ီရိယ၊ သတ္တိ၊ သတိ၊ မာန်အပြည့်ရှိသည်။ ထိုအရည်အချင်းများတို့ကို ကျွန်တော့်အား ရှိစေချင်လွန်းလှသည်ကို ကျွန်တော် နားလည်သ ဘောပေါက်သွားသည်။ အစ်မ ဆက်ပြီး တိုင်းပြည်အတွက် သတင်းသူရဲကောင်းတစ်ယောက်အဖြစ် ဆက်ပြီးရပ်တည်နိုင်ကာ မျိုးဆက် သစ်တို့ကို အကောင်းဆုံးလက်ဆင့်ကမ်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။

ဆဲတန် ဆဲ၊ ဆူစရာရှိလျှင် ဆူ၊ အားပေးစရာရှိလျှင် အားပေးပြီး ပြင်သစ်သတင်းဌာနမှ ဌာနေသတင်းထောက်၊ အန်ကယ်ဦးခင်မောင်သွင် (Uncle Eddie) ကျွန်တော့်အတွက် ဆရာဖြစ်သလို မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်သည်။ သို့သော် ကျွန်တော်တို့နှစ်ဦးစလုံးအတွက် ဆရာကြီးကတော့ ရန်ကုန်မြို့၌ Y M C A တွင်နေထိုင်သော ဦးမင်းသူ (သို့မဟုတ်) နှုတ်ခမ်းမွှေးကြီး ဖြစ်သည်။

“ဗဟုသုတနယ်ပယ်ကိုချဲ့ဖို့အတွက် မင်းစာများများဖတ်ကွာ။ အကောင်းဆုံး ကြိုးစား” ဟူသော အန်ကယ်ဦးမင်းသူ၏ အကြံပေးသော စကားကို ကျွန်တော် အစဉ်အမှတ်ရသည်။ ပေါင်းသင်းရခက်ခဲသည်ဟုလူသိများသော အန်ကယ်ဦးမင်းသူသည် ကျွန်တော့်အား ၎င်း၏တူ သားပမာ ကျွန်တော့်ကို သတင်းထောက်ကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ရာ လမ်းညွှန်မှုများကိုပေးခဲ့သော ကျေးဇူးရှင်တစ်ဦးဖြစ်သည်။

ပြင်သစ်သတင်းဌာန (AFP) ၏ ဓာတ်ပုံသတင်းထောက်အဖြစ် စတင်တာဝန်ယူချိန်မှစ၍ ကျွန်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရှစ်ဆယ့်ရှစ်မျိုးဆက်တို့၏ လှုပ်ရှားမှုများ၊ အစဉ်လာရှိသော နိုင်ငံရေးသမားဟောင်းကြီးများတို့၏အခြေအနေ၊ အကျဉ်းထောင်မှ လွတ် မြောက်လာကြသည့် အသီးသီးသော နိုင်ငံရေးအကျဉ်းသားတို့ ပုံရိပ်များတိုကို မှတ်တမ်းတင်ရသည်။

တစ်ဖက်ကလည်း အစိုးရမှ မကြာမဏကျင်းပတတ်သည့် သတင်းစာရှင်းလင်းပွဲများကိုလည်း တက်ရောက်ရသည်။ မမောပါ။ ပင်ပန်းနွမ်းနယ် ငြီးငွေ့သွားခြင်း ကျွန်တော်မရှိပါ။ ယခုလို အတွေ့အကြုံများရရှိဖို့ရန် ကျွန်တော် ဆယ်စုနှစ်တစ်ခုကျော်ကျော် စောင့်ခဲ့ရသည်မဟုတ်ပါလား။

ဘန်ကောက်အခြေစိုက်သတင်းဌာန၏တာဝန်ခံမှတောင်းဆိုလာသောဓာတ်ပုံများကိုလည်း အချိန်မှီအောင်လုပ်ဆောင်ပေးရသည့် တကယ့် အချိန်ပါ။ ၎င်းပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ ငါတို့သတင်းဌာနက လိုချင်တာ သတင်းဓာတ်ပုံ (News) ကွ။ အဖြစ်အပျက်ကို ပြန်ပြီးပြောရတဲ့ အကြောင်းအရာဇာတ်လမ်း (Story) မဟုတ်ဘူးကွ။ သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်အတွင်းမှာ ငါတို့လိုချင်တဲ့ သ တင်းဓာတ်ပုံ (News) မရခဲ့ရင် မင်းဟာက အကြောင်းအရာဖြစ်ပြီးခဲ့သော မှတ်တမ်း (Story) ဖြစ်သွားပြီကွ။

မှတ်သားလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့ပို့ပေးသည့်လစာ နောက်ကျတတ်ပေမယ့် မိမိ၏သတင်းဌာနမှလိုအပ်သော သတင်းဓာတ် ပုံများကို အချိန်မှီ ဓာတ်ပုံရိုက်ပြီးပို့ပေးရသည်။ သတင်းဌာနများတို့သည်လည်း အသွင်တမျိုးဆောင်ထားသည်။ “ရေဗူးပေါက်တာ မလိုချင် ဘူး။ ရေပါတာပဲလိုချင်” သော စီးပွားရေးအဖွဲ့အစည်းများပင်။ တစ်ခါတစ်ရံ ဖြစ်တတ်ပါလားဟုပင် ကျွန်တော်ထင်မိသည်။

သို့သော် ဤအလုပ်သည် ကျွန်တော့်အတွက် အထူးလေ့ကျင့်ကွင်းကောင်းသော၊ ကျောင်းကြီးတစ်ခုပမာ ကျွန်တော့်အကောင်းဆုံး ခံယူပါ သည်။ ဓာတ်ပုံနှစ်ပုံလောက်ပို့ပါက တစ်ခါတစ်ရံ တစ်နာရီကျော်ကျော်ထိုင်ရသည့် အင်တာနက်ဆိုင်များတို့နှင့်လည်း စတင်၍ ထိပ်တိုက် တွေ့ရသည်။ ဓာတ်ပုံရိုက်ပြီးတည်းဖြတ်တာက သိပ်မပင်ပန်း၊ အင်တာနက်ဆိုင်တွင် အကြာကြီးထိုင်ရသည်က သိပ်မစားသာ။

မိမိရိုက်ကူးသော ဓာတ်ပုံ၊ Bangkok Post, Time magazine တို့တွင် ပါလာသည့်အကြိမ်များတွင် ပင်ပန်းစိတ်ပျက်မှုများအားလုံး ဘယ်ပျောက်ကုန်သည် မသိတော့။ ထိုခံစားမှု ပီတိသည် မည်သည့်အရာနှင့်မျှ ၀ယ်၍မရ။ လဲလှယ်၍လည်း မရသောအရာပင် မဟုတ်ပါလား။

ကျွန်တော် ရန်ကုန်မြို့ လှည်းတန်းတွင် တိုက်ခန်းတစ်ခန်း ငှားထားနိုင်ပေပြီ။ အတိုင်းအတာတစ်ခုအရ ဖခင်ကိုလည်း ထောက်ပံ့နိုင်စွမ်း ရှိပေပြီ။ သံခင်း၊ တမန်ခင်းတို့၏အခမ်းအနားများတို့ကိုလည်း တိုက်ပုံအနက်၊ ကရင်ပုဆိုးအနီရောင်ဝတ်၍ တက်ရပေပြီ။ ပုဆိုးကို ၀တ်လေ့ ၀တ်ထမရှိသော ကျွန်တော်တယောက် မတတ်နိုင်ပါ။ ထိုအခမ်းအနားများတက်ရောက်တိုင်း ၀တ်ရပေပြီ။ ပျော်စရာကောင်းသော အတွေ့ အကြုံများပါပဲ။

မြန်မာနိုင်ငံ၏ နိုင်ငံရေးရာသီဥတုအပြောင်းအလည်းဖြစ်ဖို့ အရိပ်အသက်များကို စတင်မြင်တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် တော့မည်ဟု သတင်းများထွက်နေသည်။ ဘာတွေ ဆက်ဖြစ်အုံးမည်ဆိုတာကိုလည်းမည်သူမျှ အတတ်မပြောနိုင်။ ကျွန်တော်လေးစား ခင်မင်ရသော သတင်းလောက၏ အတွေ့အကြုံရင့် ဆရာတစ်ဦးက “ဒီမိုကရေစီတွေ၊ ဘာတွေကတော့ အသာထားပါ။ သာမန်ပြည်သူတွေက သူတို့တစ်တွေရဲ့ နေ့စဉ် စားရေးသောက်ရေး အဆင်ပြေဖို့၊ လှူချင်တာလေးတွေကို လှူနိုင်ဖို့ပဲ သူတို့တစ်တွေက လိုလားတောင့်တကြတာပါ။ ပြီးတော့ ပြည်သူတစ်ဦးချင်းတွေရဲ့ဘ၀တွေ စိုးရိမ်မှုကင်းပြီး လုံခြုံလွတ်လပ်စွာ နေထိုင်နိုင်ဖို့ပါပဲ”

၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် လောင်စာဆီဈေးနှုန်းများ အခြေခံပြည်သူလူထုများ မတတ်နိုင်လောက်အောင် ၀ုန်းကနဲ ခုန်တက်သွားသည်။ မှတ်မှတ်ရရ ထိုနေ့က ရန်ကုန်မြို့ရှိ ဘတ်စ်ကား တော်တော်များများ ပြေးဆွဲခြင်းမပြုကြ။ မြို့တွင်းသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသော သာမန်ဝန်ထမ်း ရာနှင့်ချီသော လူအုပ်စုကြီး ဆူးလေမှ မိုးကြီးလေကြီးထဲ လမ်းလျှောက်၍နေသည်ကိုတွေ့ပြီး ကျွန်တော် စိတ်ထိခိုက်မိခဲ့ပါ သည်။ မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သားတို့၏ဘ၀များတို့သည် စွန့်ပစ်ခြင်းခံထားရသည့် မိဘမဲ့သားသမီးများပမာ။ မားမားမတ်မတ် အနင်းခံ ပြည်သူလူထုဘက်သို့ ရပ်တည်ပေးနိုင်မည့် ပြည်သူချစ်သော ပြည်သူ့ရင်တွင်းမှ နာကျင်၊ လိုအပ်မှုများ ကို ဝေမျှခံစားနိုင်မည့် ခေါင်းဆောင်ကို ကျွန်တော်တို့ မျှော်လင့်တောင့်တမိသည်။

ဘယ်သူကများ ငါတို့ ပြည်သူတွေဘက်က ရပ်ပြီးတိုက်ပွဲဝင်ပေးကြမှာလဲ။ ပြည်သူလူထု၏နှလုံး သားမှ တောင်းဆိုသံတို့သည် အသီးသီး သောရင်တွင်းမှလျှံ၍ ပဲ့တင်ထပ်ကာ မြည်ဟည်းနေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ

4 Responses to ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၃)

  1. သုဝဏ္ဏ on May 22, 2012 at 11:22 pm

    သူရစိုး ညီလေးရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ယူမဆုံးပါ မင်းနဲ့ ဘားအံမှာအတူနေခဲ့ဘူးတာလည်း မမေ့သေးပါ။ အားပေးနေတယ်ညီလေး ဆက်ကြိုးစားပါ။
    ကိုကုလားကြီး

    • law eh soe on May 30, 2012 at 7:41 am

      thanks you so much..brother..

  2. Shin Min on May 23, 2012 at 12:13 pm

    I am very happy for your success. I feel you are so kind and hard working သတင်းသူရဲကောင်း. I see how you face difficulty to use funny Burmese internet as a photo reporter. News agency want photos very quickly but Burmese internet is so slowly. But you could overcome hardest things which you face in your life. Congratulation!
    I also wish like you *မားမားမတ်မတ် အနင်းခံ ပြည်သူလူထုဘက်သို့ ရပ်တည်ပေးနိုင်မည့် ပြည်သူချစ်သော ပြည်သူ့ရင်တွင်းမှ နာကျင်၊ လိုအပ်မှုများ ကို ဝေမျှခံစားနိုင်မည့် ခေါင်းဆောင်ကို ကျွန်တော်တို့ မျှော်လင့်တောင့်တမိသည်။*

    • law eh soe on May 30, 2012 at 7:44 am

      Dear sister,

      We have differences kinds of talents to serve. I strongly believe that you are also among them.

      with thanks,

      law eh soe

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်