Tu Maung Nyo – “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း” လို့ ဆိုသူများအတွက် သောကဗေဒ

June 1, 2012

တူမောင်ညို ။ ဇွန် ၁ ၊၂၀၁၂

 ဆန္ဒပြမှုများနှင့်ပတ်သက်၍ အောက်ပါအချက် ၂ ချက်ကိုသာမူတည်ပြီး ကျနော့်သဘောထားအမြင်များကိုတင်ပြပါမည်။

            ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်၏ တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး

            ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ

            ဤ ကိစ္စများနှင့်ပတ်သက်၍  ယခုကဲ့သို့ရေးသားတင်ပြရန် ရည်ရွယ်ရင်းမရှိခဲ့ပါ။ အချိန်ကာလတစ်ခု အထိစောင့်ကြည့် လေ့လာနေမည်ဟုသာသဘောထားခဲ့ပါသည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပွဲထွက်လာ ခဲ့ပြီဖြစ်သဖြင့်ယခုကဲ့သို့ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

            ဆန္ဒပြမှုများဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော၊ ဆက်လက်ဖြစ်ပေါ်လာလျက်ရှိနေသော စက်မှုဇုံများမှ အလုပ်သမားများ၏ ဆန္ဒပြမှုများနှင့် ၂၄ နာရီ လျှပ်စစ်မီပုံမှန်ရရှိရေးဆန္ဒပြပွဲများကို ဆိုလိုပါသည်။

 

            ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်ကတုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး

            တကယ်တော့ ဆန္ဒပြမှုများကို မတတ်သာ၍သာ ယခုကဲ့သို့ “လွှတ်” ပေးထားရသည့်သဘောဖြစ်ပါသည်။ “ဖြစ်သင့်ဖြစ်ထိုက် သောကိစ္စမဟုတ်”ဟု အုပ်စိုးသူအစိုးရကကြည့်မြင်သည်။ “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း” ဟု မြင်သည်။

ဤအမြင်မှာ အုပ်စိုးသူအစိုးရများ၏ အရိုးစွဲနေသော၊ တစ်ဖက်သတ်ကျသောအမြင်သာဖြစ်သည်။ ဆန္ဒပြမှုများသည် ပေါ်ချင် ၍ပေါ်လာသည့်ကိစ္စမဟုတ်။ လိုအပ်မှုအကြောင်း တရား တစ်ခု(သို့မဟုတ်)အများကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်မျှသာဖြစ်သည်။

အရင်းခံမူလအကြောင်းတရားသည် လစာလုပ်ခနည်းပါးခြင်း၊ အလုပ်ခွင်သာယာမှုမရှိခြင်းနှင့်လျှပ်စစ်မီးပုံမှန်မလာခြင်း စသည် တို့ ဖြစ်သည်။ ယင်းအချက်များကို ဆန္ဒပြနေသော အလုပ်သမားများ ပြည်သူများဖန်တီးခြင်းလည်းမဟုတ်။ ယင်း အကြောင်းအချက်များ သည် အလုပ်သမားများပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို  ဆက်တိုက်ထိခိုက်လာကြရသဖြင့် ထိုသို့ ထိခိုက်ခံစားမှုများ၊ မတော် မတရားမှုများကိုဖြေရှင်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုလိုက်ကြခြင်း သာလျှင်ဖြစ်သည်။ သို့ဖြင့်ယနေ့ဖြစ်ပေါ်နေသော ဆန္ဒပြမှု များ ပေါ် ပေါက်လာခြင်းဖြစ်ပါသည်။

တစ်ဖက်က “နိုင်ငံတော်သည် ဒီမိုကရေစီအသွင်ဏ္ဍာန်ကူးပြောင်းကာစ နုနယ်သေးသောကာလတွင် လိုအပ်ချက်များမပြည့်စုံ မှုများရှိနေဦးမည်”ဟုအပျော့ဆွဲနှပ်ကြောင်းပြောကြားနေသော်လည်း အခြားတစ်ဖက်တွင် အကြမ်းဖက်နေသည်၊ ခြိမ်းခြောက်နေသည်။

            သို့အတွက် ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်က တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး (ချော့နည်း/ခြောက်နည်း၊ အနု/ အကြမ်း စသဖြင့်) ရှိနေမည်ဖြစ်သော်လည်း အဓိကရည်ရွယ်ချက်မှာ တစ်မျိုးတည်းသာဖြစ်ပါသည်။ ယင်းမှာ ဆန္ဒပြလှုပ်ရှားမှန်သမျှ ရပ်ဆိုင်းသွားရန်နှင့် ချေမှုန်းပစ်ရန်သာဖြစ်သည်။

            မန္တလေးမြို့တွင် ဆန္ဒပြပွဲတွင်ပါဝင်သူများကို ထောက်လှမ်ရေးက ဓါတ်ပုံရိုက်ယူထားပြီး၊ ဓါတ်ပုံထဲပါသည့်  လူများကိုခေါ်ယူ စစ်ဆေးမေးမြန်းသည်။ အမှန်တော့ခြိမ်းခြောက်ခြင်းဖြစ်သည်။

            ရန်ကုန်တွင် ရဲမှူးက အမိန့်စာပေးပြီး ချောက်သည်။

            ပုသိမ်မြို့တွင်လည်း ခရိုင်ရဲမှူးက ခေါ်ယူစစ်မေးသည်။

ပြည်မြို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး ပြည်မြို့အကျဉ်းထောင်တွင်းတွင် နာရီအတန်ကြာ ချုပ်နှောင်ထားသည်။ ကံ့ဖွံ့ပါတီ အမတ် ၄ ဦးက အာမခံဖြင့်လွှတ်ပေးလိုက်သည်မှာ တကယ်တော့ နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ် သည်၊ တကယ်တော့ ဆန္ဒပြသူများက အကျဉ်းထောင်ရှေ့တွင်စုစည်းလာသဖြင့် ပြန်လွှတ်ပေးရခြင်း ဖြစ်သည်။  

            သူတို့ အဓိကစစ်မေးသည်မှာ ဆန္ဒပြမှုနောက်ကွယ်တွင်ဘယ်သူရှိသလဲ၊ ဘယ်ပါတီပါဝင်သလဲ။ ခေါင်းဆောင်ဘယ်သူလဲ ဆိုတဲ့အချက်ကို စစ်မေးသည်။

             အုပ်စိုးသူအစိုးရများသည် သူတို့၏အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှု၊ သူတို့ပေါ်လစီမှားယွင်းမှု၊ သူတို့ချို့ယွင်းချက်၊ လစ်ဟာချက်ကို ဘယ်တော့မှ ပြန်လည်းဆန်းစစ်သည်မရှိချေ။

အခွင့်အရေးတောင်းဆိုမှု၊ ဆန္ဒပြမှု၊ သပိတ်မှောက်မှုဆိုသည်မှာ အုပ်စိုးသူအစိုးရများ၏ အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှု၊  သူတို့ ပေါ်လစီမှားယွင်းမှု၊ သူတို့ချို့ယွင်းချက်၊ လစ်ဟာချက်များကိုအကြောင်းပြု၍ သဘာဝကျကျပေါက်ကွဲပေါ်ထွက်လာရသည့် အကျိုးဆက် ရလဒ်များသာဖြစ်သည်။ ယင်းဖြစ်ရပ်များ(အခွင့်အရေးတောင်းဆိုမှု/ဆန္ဒပြမှု/သပိတ်မှောက်မှု) ကိုသာ ရမယ်ရှာကြသည်။ ယိုးမယ်ဖွဲ့ကြ သည်။ တရားခံရှာကြစမြဲဖြစ်သည်။ ဤသည်မှာ အုပ်စိုးသူအစိုးရများ၏ သဘာဝဖြစ်သည်။ 

            နောက်ဆုံးပေါ်ပေါက်လာသည့် တုန့်ပြန်ကိုင်တွယ်မှုက  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများကို ဆင့်ခေါ်ပြီး “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ”၊  “ရွေးကောက်ပွဲကော်မရှင်ဥပဒေ” များဖြင့် “ဝမ်နိန်”ပေးခြင်းဖြစ်သည်။  “လက်ချာ” ရိုက်ခြင်းဖြစ်သည်။

            နိုင်ငံရေးပါတီဆိုသည်မှာ လူထုနှင့်အစိုးရကြား၊ အလုပ်သမားနှင့်အလုပ်ရှင်ကြားက ပွဲစားမဟုတ်သလို အကျိုးဆောင်လည်း မဟုတ်ချေ။ လူထုဘက်ကရပ်တည်ပြီး လူထုလိုအပ်ချက်၊ နစ်နာချက်တွေကို ကိုင်စွဲပြီး လူထုရှေ့က အရေးဆိုမည့်သူ၊ တိုက်ပွဲဝင်ရမည့် သူသာဖြစ်သည်။

            ယင်းအလုပ်ကိုနိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများမလုပ်တော့လျှင် ၊မလုပ်နိုင်ကြတော့လျှင်  နိုင်ငံရေးပါတီဘဝ၊ နိုင်ငံရေး သမားဘဝက လျောကျခြင်းပင်ဖြစ်သည်။

            ဦးတင်အေးက နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများအတွင်းရေးမှူးများကိုဆင့်ခေါ်၍ “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင် ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း ” ဆိုသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၈ (ဋ) နှင့်အညီ “လက်ချာ” ပေးနေခြင်းဖြစ်သည်။

            “စစ်တပ်”က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်ဦးဆောင်နေသကဲ့သို့ “ရွေးကောက်ပွဲ ကော်မရှင်”  က လည်း နိုင်ငံရေးပါတီများကို ကြီးကြပ်လမ်းညွန်နေခြင်းဖြစ်သည်။

 ဤသည်မှာ ယနေ့ဥပဒေတွင်းပါတီများ၊ မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများ၏ ဘဝသရုပ်မှန်တစ်ကွက်ပင်ဖြစ်သည်။

            ဆန္ဒပြမှုများစတင်ဖြစ်ပွားစဉ်ကာလက ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အသံ နှင့်လှုပ်ရှားစိုးစဉ်းမျှ မကြားရမမြင်ရခဲ့ပါ။ များမကြာမီကာလမှသာကြားလာရခြင်းဖြစ်ပြီး “တရားဥပဒေနဲ့အညီလုပ်ကြပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါ” ဆိုသည့် “စတိ” သဘောပြောသည်ကိုသာကြားရပါသည်။ ရရှိထားသည့် “ပိစိကွေးအခွင့်အရေးကလေးတွေ ” ပွန်းသွား၊ ပဲ့သွားမည်ကို စိုးရိမ်၍လားမသိပါ။

            နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်ဥက္ကဋ္ဌကြီး လမ်းညွန်နေသကဲ့သို့ “လူထုနှင့်အစိုးရအကြား၊ အလုပ်သမားနှင့် အလုပ် ရှင်အကြားအကျိုးဆောင်အလုပ်၊ ပွဲစားအလုပ်” လုပ်မည်လော။

            “အကျိုးဆောင်” ဆိုသည့်စကားလုံးမှာ ယနေ့တွင်ကျယ်နေသောစကားလုံးဖြစ်သည်။ (နဝတ-နအဖ) စစ်အစိုးရခေတ်တွင် “အိမ်ခြံမြေအကျိုးဆောင်” ၊ “ငြိမ်းချမ်းရေးအကျိုးဆောင်” စသဖြင့် ဟိုဟာကိစ္စမှအစ- အိမ်ခြံမြေရောင်းဝယ်ရေးကိစ္စများ အလယ် – အပစ်အခတ်ရပ်သည့်ကိစ္စအဆုံး “အကျိုးဆောင်” ဆိုသည့် စကားလုံးသည် လူသုံးများလှသည်၊ တွင်ကျယ်လှသည်။ ယနေ့အထိလည်း ရေပန်းစားကာ ခုံခုံမင်မင်သုံးစွဲနေကြဆဲဖြစ်သည်။

“အကျိုးဆောင်” ဆိုသည့်စကားလုံး၏ အလုပ်သဘောနှင့် အနှစ်သာရမှာ  တစ်ခေတ်တစ်ခါက လူသုံးများခဲ့သော၊  တွင်ကျယ်ခဲ့ဖူးသော “ပွဲစား” ဆိုသည့်စကားလုံးနှင့်ကြောင်းတူသံကွဲဖြစ်သည်။

            “အကျိုးဆောင်” ဆိုသည့် စကားလုံး၏ မူလအနက်အဓိပ္ပါယ်သည် လှပနှစ်လိုဖွယ်ကောင်းပါသည်။

 သို့သော်လည်း “အကျိုးဆောင်” ဆိုသည့်စကားလုံးသည် စစ်အာဏာရှင်စနစ်ခေတ်ကာလအောက်တွင် အမည်အမျိုးမျိုးဖြင့် နေရာဒေသအဖုံဖုံတွင် ကျင်လည်ကျက်စားရသော “ဟိုဟာမလေး”သဖွယ် နှစ်လိုဖွယ်မူလနဂိုရည်ပျက်ပြားခဲ့ရသော ဝေါဟာရတစ်ခု ဖြစ် ပါသည်။

တကယ်တော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများကို “ကြီးကြပ်လမ်းညွန်”မှုများသည် နိုင်ငံရေးပါတီများ၏ မူလသဘာဝ၊ ရည်မှန်းချက်နှင့်ဦးတည်ချက်များ ကပြောင်းကပြန်ဖြစ်စေရန်သာဖြစ်သည်။ နိုင်ငံရေးပါတီဘဝမှ လျော့ချနေခြင်းသာဖြစ် သည်။

 

            ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ

“စိုးရိမ်သည်”ဆိုသောအသံသည်ပြည်တွင်းကရောပြည်ပကပါ ထွက်ပေါ်လာသည့်အသံဖြစ်ပါသည်။

ဆန္ဒပြနေကြသည့် ပြည်သူများ၊ အလုပ်သမားများအတွက်စိုးရိမ်ခြင်း(လုံးဝ) မဟုတ်ပါ။

သမ္မတဦးသိန်းစိန်အစိုးရ “နောက်ကြောင်းပြန်လှည့်သွားမှာကို စိုးရိမ်ခြင်း” ဖြစ်ပါသည်။ ဤသို့ “စိုးရိမ်” နေကြသည့် ပြည်တွင်း ပြည်ပပုဂ္ဂိုလ်များကို ကျနော်သနားသည်။  ပြီးတော့ သူတို့၏ “စိုးရိမ်မှုသောကဗေဒ” ကို ကျနော်ရယ်ချင်ပါသည်။

“နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်ခြင်း”ဆိုသည်မှာ စစ်တပ်ကပြန်လည် အာဏာသိမ်းမှာနှင့် စစ်အုပ်ချုပ်ရေး အောက် ပြန်လည်ကျရောက်သွားမှာကိုစိုးရိမ်ခြင်းဖြစ်ပါသည်။

“နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်ခြင်း”နှင့်ပတ်သက်၍ သမိုင်းရှုဒေါင့်၊ ဥပဒေရှုဒေါင့်များအရ လေ့လာကြည့်ကြပါစို့။

သမိုင်းရှုဒေါင့်

            “ပါလီမန်ဒီမိုကရေစီစနစ်”ကို (ဗိုလ်နေဝင်း) စစ်အုပ်စုက (၁၉၆၂ မတ်) အာဏာသိမ်းပြီး၊ ဖျက်သိမ်းပစ်ခဲ့တာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

             ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ  ကျင့်သုံးခဲ့ဖူးသော “ပါလီမန်ဒီမိုကရေစီစနစ်”နှင့် တစ်ထပ်တည်း မတူညီသော်လည်း ယခု တကျော့ပြန်“ပါလီမန်ဒီမိုကရေစီစနစ်”ကို (ဗိုလ်သန်းရွှေ)စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဖြင့်လွှမ်းမိုးချုပ်ကိုင်ပုံဖေါ်နေသည်။“ပါလီမန်ဒီမိုကရေစီစနစ်”ဟုအမည်မတတ်ပါ။ “စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်” ဟူသည့် ကုန်အမှတ်တံဆိပ် (Brand)သစ်ကပ်ထားပါသည်။

            ဤအချင်းအရာသည် “နောက်ကြောင်းပြန်လှည့်သွားခြင်း” တမျိုးပင် မဟုတ်သလော။ ဥပဒေရှုဒေါင့် ကတဖန်ကြည့်ကြပါဦးစို့။

ဥပဒေရှုဒေါင့်

            စစ်တပ်ကပြန်လည်အာဏာသိမ်းမှာ၊ စစ်အုပ်ချုပ်ရေး အောက်ပြန်လည်ကျရောက်သွားမှာကိုမိတ်ဆွေတို့မစိုးရိမ်ကြကုန်လင့်။

            စစ်အုပ်စုသည် မိတ်ဆွေတို့၏ ပူပင်သောက၊ ရတက်မအေး စိုးရိမ်ကြရသည့်ကိစ္စကို ကြိုတင်စဉ်းစားမြော်မြင်လျက် ပုဒ်မ (၄၁၈) (၄၁၉) (၄၂၀) တို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားဝင်အာဏာသိမ်းယူနိုင်ရန်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင်ထည့်သွင်းရေးသားပြဋ္ဌာန်ထားပြီးဖြစ်ပါသည်။

 ကိုင်း – သင်တို့ ဘာကို၊ ဘာကြောင့်စိုးရိမ်နေကြဦးမည်နည်း။

ပြည်သူများ၊ အလုပ်သမားများ၊ လယ်သမားများ၏ အခွင့်အရေးတောင်းဆိုမှုများ၊ ဆန္ဒပြမှုများမှာ  သင်တို့ စိုးရိမ်သည်ဖြစ်စေ၊ မစိုးရိမ် သည်ဖြစ်စေ ဆက်လက်ပေါက်ကွဲပေါ်ထွက်နေမည်သာဖြစ်သည်။

“မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်း” ဟုဆိုချင်လည်းဆိုကြပေတော့။

ညွန်း

       မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ်၊ မေ ၃၀ ရက်။

       ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 

(Photos – Yangon Press International)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, ပင်တိုင်ကဏ္ဍ, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်