Electricity Business – ပုဂ္ဂလိကလျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးခြင်း ဖိတ်ခေါ်ပြီ

June 1, 2012

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၁၊ ၂၀၁၂

လျှပ်စစ်မီး မလုံလောက်မှု အပေါ်မကျေနပ်၍ ငြိမ်းချမ်းစွာဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားပြီး ရက်သတ္တ ၁ပတ်ကျော်အကြာတွင် နိုင်ငံတော်ပိုင် လုပ်ငန်းအဖြင့်သာလုပ်ကိုင်ခွင့်ရှိသည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းများအား စတင်ဖိတ်ခေါ်လိုက်သည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ် (၁) နှင့် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် မဟာ လျှပ်စစ်ဓါတ်အားလိုင်းထဲ ဓါတ်အားထည့်ဝင်ခြင်း၊ ရယူဖြန့်ဖြူးခြင်း နှင့် သီးခြား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု အသိပေး ကြေညာထားသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ ကြေညာချက်ရခြင်း၏ ရည်ရွယ်ချက်ကို “နိုင်ငံအနှံလျှပ်စစ်မီးများ အမြန်ရရှိစေရေး” ဟုဖေါ်ပြထားရာ ယခုတလော ဖြစ်ပွားခဲ့သည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်မှုများ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ရန်ကုန်မြို့ခံတဦးက ကောက်ချက်ချသည်။

ယခုလက်ရှိ အနေအထားတွင်မဟာဓါတ်အားလိုင်းဟု ခေါ်ဆိုသည့် National Grid ထဲတွင် မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင် သထုံ၊ ဖားအံမှ မြောက်ပိုင်း ရှမ်းပြည်နယ်၊ မန္တလေး မုံရွာတို့အထိပါဝင်လျှက်ရှိကာ ယင်းတိုင်းနှင့်ပြည်နယ်မြို့ကြီးများတွင် လျှပ်စစ်ဓါတ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် မပြုထားသည်ကိုတွေ့ရသည်။

၊ တနင်္သာရီ ဒေသရှိမြို့ကြီးများဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် စစ်တွေတို့တွင် ဒေသလိုအပ်ချက်အရ ယခင်ကတည်းက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုထားခဲ့ရာ ယခုကဲသို့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လုပ်ငန်းများအား မဟာဓါတ်အားလိုင်းရောက်ရှိသည့် ဒေသများတွင် ဖိတ်ခေါ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ဓါတ်အား ထုတ်လုပ်နိုင်သည့် ပမာဏ ၁၅၀၀ မက်ဂါဝပ် ၀န်းကျင်သာရှိပြီး ရန်ကုန်မြို့က ၆၀၀ မက်ဂါဝပ် သုံးစွဲနေပြီး မန္တလေးက ၁၂ မက်ဂါဝပ်၊ နေပြည်တော်က ၅၀ မက်ဂါဝပ်ခန့် သုံးစွဲနေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ  ဆောင်းပါး၌လည်း ဖေါ်ပြထားသည်။

လူဦးရေ သန်း ၆၀ ရှိသည့် မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ကာ လူဦးရေ ၄ သန်းသာရှိသည့် စင်္ကာပူနိုင်ငံတွင် မက်ဂါဝပ် ၁ သောင်း ၁ ထောင်ဝန်းကျင်သုံးစွဲနေသည်ကိုလည်း ယင်းဆောင်းပါးတွင် ဖေါ်ပြထားသည်။

ယင်းဆောင်းပါးတွင်ပင် လက်ရှိ အစိုးရက ချမှတ်ထားသည့် ၂၀၂၀ ခုနှစ်အထိ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရေး စီမံကိန်းများအရ ဘတ်ဂျက်မှန်မှန်ရခဲ့လျှင် ၂၀၂၀ ခုနှစ်၌ မက်ဂါဝပ် ၁၉၀၀ ကျော်ပိုမိုရလာမည်ဖြစ်သော်လည်း တိုးတက်လာမည့် လူဦးရေ ၊ စက်မှုလုပ်ငန်းများ၏ အခြေအနေကြောင့် လောက်ငှနိုင်မည်မဟုတ်ဟုလည်း ဝေဘန်သုံးသပ်ပြထားသည်။

မိုးရာသီစတင်ဝင်ရောက်ခါစ ပြုနေသည့် မေလနှောင်းပိုင်းတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရကာ စက်မှုဇုန် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ကိုယ်ပိုင် မီးစက်ဖြင့် လည်ပတ်နေရသည့် အခြေအနေလည်း ဖြစ်သည်။         ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

5 Responses to Electricity Business – ပုဂ္ဂလိကလျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးခြင်း ဖိတ်ခေါ်ပြီ

  1. Witmone on June 1, 2012 at 7:14 pm

    လူထုကျေနပ်အောင်လုပ်ပေးတာ ၀မ်းသာစရာပါ။

    လျှပ်စစ်သုံးစွဲမှုကို ကြည့်ရင် ထိုင်းနိုင်ငံက တနှစ် consu၀mption 131 billion KWh, Malaysia 93 billion KWh, Vietnam 101 billion KWh. ရှိပြီး၊ မြန်မာကတော့ 4 billion KWh ပဲရှိပါတယ်။ (အထက်ပါဆောင်းပါးကတော့ 1800 Mega Watt လို့ရေးထားတော့ Consumption ကို တွက်လို့မရပါ)။

    မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဆိုတာ မမေ့သင့်ပါ။ မြန်မာပြည်မှာ သဘာဝဓါတ်ငွေအများကြီးထွက်တယ်ဆိုပြီး ဓါတ်ငွေကနေ လျှပ်စစ်ထုတ်ရင် ဈေးချိုမယ် မထင်စေလိုပါ။ လျှပ်စစ်ဈေးဟာ ဈေးကြီးလှပါတယ် ။

    သယံဇာတ ကြွယ်ဝမှုကို နှိုင်းမယ်ဆိုရင် ဓါတ်ငွေထွက်နှုန်းမှာ အိမ်နီးချင်းထိုင်းနိုင်ငံက 20 billion cu m , မလေးရှားက 66 billion cu m, ဗီယက်နမ်က 7.8 billion cu m ထွက်ပါတယ်။ မြန်မာပြည်က တနှစ်ဓါတ်ငွေ 11 billion cu m ထွက်တဲ့အတွက် ဗီယက်နမ်ထက်တော့ သာပါတယ်။ ရေနံဘယ်လောက်ထွက်သလဲ ယှဉ်ကြည့်ရင် ထိုင်းက တနှစ်ကို ရေနံစည်ပေါင်း 406,000 barrels, မလေးရှားက တနေ့ကို ရေနံစည် 716 barrels , ဗီယက်နမ်က 304,000 barrels ထွက်ပြီး မြန်မာပြည်က 21,000 barrels နဲနဲပဲ ထွက်ပါတယ်။ ရေနံ၊ဓါတ်ငွေ သယံဇာတထွက်မှုကို ယှဉ်ကြည့်ရင် မြန်မာပြည်ဟာ ထိုင်း၊ မလေးရှား နဲ့ ဗီယက်နမ်ကို မမှီပါဘူး။

    ကိုးရီးယား၊ စင်ကာပူတို့ အနှစ်၄၀အတွင် ကမ္ဘာ့ထိပ်တန်းရောက်သွားတာ သယံဇာတကြောင့်မဟုတ်ပါ။ Human Resource ကြောင့်ဖြစ်ပါတယ်။ စိတ်နေစိတ်ထား ပြောင်းလဲဖို့သာ အဓိကဖြစ်ပါတယ်။

    တကယ်လို့ စင်ကာပူလိုပဲ မြန်မာပြည်က လျှပ်စစ်လုံလောက်စွာ ထုတ်နိုင်ရင်လည်း ၀င်ငွေမရှိရင် သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ (data are from CIA Factbook)

    • Aung Myint on June 2, 2012 at 12:36 am

      I agree with you. Now We suppose to know Myanmar citizens can use it with x/unit and it will become bx/unit after it will be produced by a private operator. So it will be expensive and it cannot be used if we do not have a good income.

    • hong kham on June 2, 2012 at 9:01 am

      မှန်ပါတယ်..မြန်မာနိုင်ငံဟာ ထိတ်တန်းရောက်ဖို့ အခုမှခြေလှမ်းသစ်စနေတာပါ….လွတ်တော်ဆိုတာလဲ အချိန်အနည်းငယ်ပဲရှိသေးတယ်..အစိုးရက ပြောင်းလဲတန်သင့်တာပြောင်းလဲ ပြင်ဆင်တန်သင့်တာပြင်ဆင်စီစစ်နေတဲ့အချိန်ဖြစ်ပါတယ်..ဒါတွေကိုလဲ စဉ်းစားပေးဖို့ လိုပါတယ်.. အရည်အချင်းရှိသူ ၊ပညာရှင် တွေကိုလဲ ဖိတ်ခေါ်နေပါတယ်…အခုအချိန်ဟာ စမ်းသပ်ဆဲကာလ ဖြစ်ပါတယ်..နားလည်ပေးဖို့လိုပါတယ်…

  2. U ThiHaTintSwe on June 1, 2012 at 7:20 pm

    Burma should use solor system because it can be produced by sun-light power and it will not be expense for poverty country!

  3. kyizin on June 2, 2012 at 9:09 am

    သွေးတွက်အောင်မှန်တဲ့စကားပဲ…. သယံဇာတအရင်းအမြစ်ထက်လူသားအရင်းအမြစ်ကပိုပြီးအဓိကကျတာပါ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်