ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် “အပေးအယူ၊ အတိုးအလျှော့” လုပ်ခဲ့ရ – plans in Daw Suu’s trip

June 4, 2012

မိုးမခအထောက်တော် အမှတ် ဝဝ၂
ဇွန် ၄၊ ၂၀၁၂


(photo: getty images)

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြင်ဆင်ထားသော အစီအစဉ်တချို့ကို ပြောင်းပေးခဲ့ရသည်ဟု သူ၏ လုံခြုံရေးအရာရှိ ကိုခွန်သာမြင့်က BBC သတင်းဌာနကို တနင်္ဂနွေနေ့က ပြောလိုက်သည်။

မည်သည့် ဖိအား၊ မည်သည့်အခက်အခဲတို့ကြောင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း သူက တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

“အခက်အခဲက နှစ်နိုင်ငံဆက်ဆံရေး ပါပါတယ်၊ အစိုးရချင်းဆက်ဆံရေး ပါပါတယ်၊ ပြည်သူ ပြည်သူချင်း ဆက်ဆံရေး ပါပါတယ်၊ အဲဒီထဲမှာ ကျနော်တို့ လှုပ်ရှားရတာပါ၊ အဲဒီတော့ လှုပ်ရှားတဲ့ဟာမှာ အပေးအယူ၊ အတိုးအလျှော့တွေ လုပ်ရတာ တချို့ ရှိပါတယ်။ အဲဒီလောက်ပဲ ကျနော် ပြောလို့ရမယ် ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ကိုခွန်သာမြင့်က ပြောသည်။

NLD က ဆက်သွယ်လာခြင်း မရှိသဖြင့် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ ဖြစ်ခဲ့ရသည်ဟူသော ထိုင်းနိုင်ငံခြားရေးဌာနအရာရှိတဦး၏ ပြောဆိုချက်ကိုလည်း သူက ငြင်းဆိုလိုက်သည်။

“အဲဒါတော့ မဟုတ်ပါဘူး၊ ကျနော်က အစောကြီး ကြိုထွက်ပါတယ်၊ အစောကြီး ဆိုတာ ငါးရက်လောက် ကြိုထွက်တာ၊ အဲဒီ မတိုင်ခင်လည်း ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပြီးမှ ကျနော်တို့ ထွက်တာပါ” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက ဘန်ကောက်မြို့ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတို့နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။

စီစဉ်ထားသည့်အတိုင်း ဘန်ကောက်မြို့အနီးရှိ မြန်မာအလုပ်သမားတို့နှင့် တွေ့ဆုံခဲ့သည်။ ရာထောင်ချီသော အလုပ်သမားတို့နှင့် တွေ့ဆုံစဉ် အသံချဲ့စက်သုံးပြီး စကားပြောကြားခဲ့သည်။

သို့သော်လည်း နယ်စပ်ဒေသရှိ ဒုက္ခသည်များထံ သွားရောက် တွေ့ဆုံရာတွင်မူ ထိုသို့ ပြောဆိုခြင်း မတွေ့ခဲ့ရပေ။ မဲဆောက်မြို့တွင် မြန်မာ့အရေးလှုပ်ရှားသူတချို့နှင့် တွေ့ဆုံမည့်အစီအစဉ်ကိုလည်း ဖျက်လိုက်ရသည်ဟု သတင်းများက ဆိုသည်။

၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပုံမှန်ထက်ပိုပြီး ဆောင်ရွက်ပေးခြင်း မပြုရန် မြန်မာအစိုးရက ထိုင်းအစိုးရထံ တောင်းဆိုခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

2 Responses to ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် “အပေးအယူ၊ အတိုးအလျှော့” လုပ်ခဲ့ရ – plans in Daw Suu’s trip

  1. ကျော် on June 4, 2012 at 7:08 pm

    ကိုယ့်လူတို့ ။
    ထိုင်းက သူ့ အလုပ်သူလုပ်တာ ။ ဒေါ်စုနဲ့ မတွေ့ဖို့ ထိုင်းထောက်လှန်းရေးတွေက မဲဆောက်မှာ တရက်ကြိုပြိး အဖွဲ့အစည်းတွေကို လိုက်ပြောနေတာပဲ ။ အားလုံးသိ ။ ဒါက သူ့အလုပ်သူလုပ်တာပဲ ။ ကိုယ်က ကိုယ့် အလုပ်ကိုယ်လုပ်ဖို့ပါ ။ ကိုခွန်သာမြင့် တို့ သဘောပေါက်ဖို့လိုတယ် ။ ကိုယ်လုပ်ချင်တာကို နည်းနာပါပါ လုပ်သင့်ပါတယ်။

  2. zaw zaw on June 4, 2012 at 7:10 pm

    ဦးနှောက်ရှိသူတိုင်းသိကြပါသည်။မေးစရာမလိုပါ။ဒါမျိုးတွေကရိုးနေကါပြီကွာ။မအံ့သြမိပါဘူး။ရယ်လိုက်ချင်ပါသေးသည်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်