ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၈)

June 6, 2012

………………..
မြန်မာပြည်ရဲ့ အကောင်းနှင့် အဆိုး၊ အဆိုးနှင့်အကောင်း
နေသွင်
ဇွန် ၆၊ ၂၀၁၂
မြန်မာပြည်မှာတုန်းက လက်ဖက်ရည်ဆိုင်တွေ တော်တော်ရောက်ဖြစ်ပါတယ်။ ရောက်တိုင်းလည်း ပတ်ဝန်းကျင်အခြေအနေကို အကဲခတ် ရတယ်လေ။ တယောက်ယောက်က ကျနော်နဲ့ ကျနော့်ကို လိုက်ပို့ပေးတဲ့ဧည့်လမ်းညွန်တို့ စကားအချီအချပြောနေတာကို နားထောင်နေ မလား၊ လက်ဖက်ရည်ဆိုင်မှာ သိကျွမ်းခွင့်ရတဲ့လူတွေနဲ့ ပြောနေဆိုနေတာတွေကို နားထောင်နေမလားဆိုတဲ့ သံသယနဲ့ပါ။

နှစ်ပေါင်းများစွာလွတ်လပ်စွာပြောရေးဆိုခွင့်ကို ကန့်သတ်ထားတဲ့ မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်ဆိုတာက အပမ်းဖြေအနားယူရာနေရာ လည်းဖြစ်၊ သတင်းအချက်အလက်တွေ ဖလှယ်ရာနေရာဆိုလည်း ဟုတ်ပါတယ်။ ရဲတွေ၊ သတင်းတွေပေးတွေ ကျင်လည် ကျက်စားတာလည်း လက်ဖက်ရည်ဆိုင်တွေပဲလို့ ကြားဖူးပါတယ်။

ပြောရရင် နှစ်တောင်အတော်ကြာနေပါပြီ။ အမေရိကန်လူမျိုး သတင်းထောက် အမျိုးသမီးတယောက်က လျှို့ဝှက်သောသမိုင်းဆိုတဲ့ အ မည်နဲ့ မြန်မာပြည်အကြောင်း စာအုပ်တအုပ်ရေးဖူးပါတယ်။ ဂျပန်ဘာသာပြန်ကို ရှိုဘန်ရှာ Shobunsha စာအုပ်တိုက်ကနေ ထုတ်ဝေတော့ အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ စာရေးဆရာက ဗြိတိသျှလူမျိုး ၀တ္ထုရေးဆရာ ဂျော့ခ်ျအော်ဝဲ George Orwell (1903-50) ရဲ့ အ ကြောင်းကို မြန်မာပြည်မှာခြေရာခံရင်း စာအုပ်ရေးခဲ့တာပါ။

ဂျော့ခ်ျအော်ဝဲဆိုတာက မြန်မာပြည်မှာ အင်္ဂလိပ်ခေတ်က ၅ နှစ်လောက် ရဲအရာရှိဘ၀နဲ့ အမှုထမ်းခဲ့တဲ့သူပါ။ အမေရိကန်လူမျိုး စာရေးဆရာ အမျိုးသမီးက မြန်မာပြည်ဟာ အနာဂတ်ကိုမျှော်ပြီး ဂျော့ခ်ျအော်ဝဲရေးခဲ့တဲ့ ၁၉၈၄ ဆိုတဲ့ နာမည်ကျော်ဝထ္ထုထဲကလို အာဏာရှင်ရဲ့မျက်လုံး ဒေါက်ထောက်စောင့်ကြည့်တာကိုခံနေရတဲ့နိုင်ငံဘ၀ပါပဲလို့ ရုပ်လုံးဖော်ခဲ့ပါတယ်။

မြန်မာပြည်ကိုရောက်သွားတဲ့အချိန်မှာ ဂျော့ခ်ျအော်ဝဲရဲ့ ၁၉၈၄ ၀ထ္ထုထဲက ကမ္ဘာထဲရောက်သလိုခံစားရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်က လက်ဖက်ရည်ဆိုင်တွေဟာ ထောက်လှမ်းရေးကွန်ယက်ကြီးဆိုတာကိုလည်း သူက အကြွင်းမဲ့သဘောတူပါတယ်။ သူရေးတဲ့ စာအုပ်ရဲ့ ခေါင်းစဉ်ငယ်အမည်ဖြစ်တဲ့ “မြန်မာပြည်လက်ဖက်ရည်ဆိုင်ထဲမှာ ဂျော့ခ်ျအော်ဝဲကိုရှာဖွေခြင်း” အင်္ဂလိပ်လိုတော့ “Finding George Orwell in a Burmese Teashop.”ပေါ့လေ။

ဒါပေမယ့် ဂျပန်ပညာရှင်တွေကတော့ မြန်မာလူ့အဖွဲ့အစည်းမှာ အထိုက်အလျှောက်တော့ လွတ်လပ်မှုရှိတယ်လို့ ယူဆကြပါတယ်။ အာဏာ ပိုင်တွေက လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဘယ်လောက်ပဲကန့်သတ်ကန့်သတ် သာမန်လူတွေကတော့ အချုပ်အနှောင်ခံနေရတယ်လို့ကို မယူဆကြပါဘူးလို့ သူတို့ကဆိုတာပါ။ ၁၉၈၄ ၀ထ္ထုထဲက အခြေအနေနဲ့ မတူပါဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာနေတဲ့ Developing Economies အင်စတီကျူ့က တိုရှီဟီရို ကူဒို Toshihiro Kudo က ဆိုပါတယ်။ ကျနော့်နဲ့ အမြင်တူပါတယ်။

ဂျော့ခ်ျအော်ဝဲရဲ့ ၀ထ္ထုတအုပ်လုံးမှာ အဓိကအသားပေးထားတာက စောင့်ကြည့်ရေးကိရိယာ တယ်လီစခရင် “telescreen” ဆိုတာကြီးပါ။

ဆိုဖီယာတက္ကသိုလ် Sophia University က ပါမောက္ခ ကီနီမိုတို Kei Nemoto ပြောတာက ဗြိတိန်မှာဆိုရင် လုံခြုံရေးကင်မရာတွေ ရာနဲ့ချီပြီး တပ်ထားတယ်။ အဲဒါကမှ ဂျော့ခ်ျအော်ဝဲပြောတဲ့ အစိုးရရဲ့စောင့်ကြည့်ရေးကိရိယာ ဖြစ်ဦးမယ်။ ဒီမိုကရေစီနိုင်ငံက စောင့်ကြည့်မှုပုံစံမူကွဲတမျိုးလို့ ဆိုရမှာပေါ့တဲ့။

မြန်မာပြည်ကတော့ ဘယ်အချိန်မှာ သွားသလဲ၊ ဘယ်လိုဘယ်ပုံစံနဲ့ သွားသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး အမြင်အမျိုးမျိုးဖြစ်နိုင်ပါတယ်၊ ဥပမာအနေနဲ့ပြောရရင် သတင်းထောက်အနေနဲ့ သွားတာလား၊ တိုးရစ်အနေနဲ့ သွားတာလားပေါ့။ သတင်းထောက်တယောက်က အစိုးရ တရပ်ကို မကောင်းဆိုးဝါးလို့ တံဆိပ်တပ်ထားဖူးရင် အဲဒီတိုင်းပြည်အပေါ်မှာ သူ ဘယ်လိုမြင်မလဲဆိုတာကလည်း မေးစရာတောင်မလိုပါဘူး။

ရန်ကုန်မြို့က အမျိုးသားပြတိုက်မှာ မြန်မာပြည်တွေ အထွဋ်အမြတ်ထားတဲ့ ခြင်္သေရုပ်ထုကြီးတရုပ် ရှိပါတယ်။ ၈ မီတာလောက် မြင့်တဲ့ ရွှေ ချထားတဲ့ ကျောက်ဆစ်ရုပ်ထုကြီးပေါ့။ အဆမတန်ကြီးမားလွန်းတာရယ်၊ ကျောက်ဆစ်ရုပ်ထုရဲ့ အဆောင်အယောင်က အံ့အားသင့်စရာပါပဲ။ ခြင်္သေရုပ်ထုရဲ့ ပန္နက်ခုံကြီးက လူ့တရပ်စာလောက်ရှိပြီး တန်ဆာဆင်ထားတဲ့ တံခါးမကြီးတချပ်လည်းရှိတယ်။ ဗမာဘုရင်တွေ ခေတ်တုန်း ကတော့ ဘုရင်တွေက ပန္နက်ခုံကြီးရဲ့အနောက်ဘက် လှေခါးထစ်တွေကနေတက်လာ၊ တံခါးမကြီးအနောက်ဘက်မှာရပ်ပြီး ဗိုလ်ပါပရိသတ် တွေကို ရှုစားတော်မူမယ်ပေါ့လေ။

ကျနော့်ကို လိုက်ပို့တဲ့ ဧည့်လမ်းညွန်က “၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်တွေက မြန်မာမင်းဆက်ကို ဖျက်သိမ်း၊ ဘုရင်နဲ့မိဖုရားလည်း အိန္ဒိယကို ပါတော်မူခဲ့၊ အခုမြင်နေရတဲ့ ခြင်္သေ့ရုပ်တုကြီးလည်း ပျောက်ဆုံးသွားတဲ့အကြောင်းတွေ” ကို ပြောပြပါတယ်။

ခြင်္သေ့ကြီးဘေးမှာလည်း ဆိုင်းဘုတ်တခုကို တွေ့ရပါတယ်။ ရုပ်တုကြီးကို မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ အိန္ဒိယပြည်ရဲ့ အင်္ဂ လိပ်ဘုရင်ခံ မောက်ဘက်တန်က ပြန်ပို့ပေးခဲ့တာလို့ ရေးထားပါတယ်။

ဒါပေမယ့် ရုပ်ထုမှာ နဂိုက တန်ဆာဆင်ထားတဲ့ ရတနာတွေကတော့ အဲဒီအချိန်ကတည်းက ပြန်ပါမလာတော့ပါဘူး။ ဒီအထွဋ်အမြတ်ရုပ် ထုကြီးဟာ မြန်မာလူမျိုးတွေအတွက် အရှက်ရစရာလည်း ဖြစ်နေမှာပါ။

အမျိုးသားပြတိုက်ကြီးကိုရောက်ပြီးနောက်ပိုင်းမှာ ခြင်္သေ့ရုပ်ကြီးနဲ့ပတ်သက်လို့ အသက် ၇၇ နှစ်အရွယ် သမိုင်းကြောင်းတွေရေးတဲ့ မြန်မာစာ ရေးဆရာတယောက်နဲ့ စကားပြောဖြစ်ကြပါတယ်။

ကျနော်က ဗြိတိသျှတွေအပေါ်မှာ မြန်မာတွေစိတ်နာနေသလားလို့မေးတော့ သူက မြန်မာလူမျိုးတွေက ပြီးခဲ့တာတွေကို အတိတ်လို့ပဲ သ ဘောထားကြပါတယ်လို့ ပြန်ဖြေပါတယ်။ ဗြိတိသျှတွေအပေါ်မှာလည်း အာဃာတစိတ်မရှိပါဘူးတဲ့။ တကယ်တော့ မြန်မာဘုရင်တွေ ကိုယ် တိုင်လည်း ထိုင်းနဲ့အိမ်နီးချင်းတိုင်းပြည်တွေကို အကြိမ်ကြိမ်ကျူးကျော်ခဲ့ပြီး၊ အဲဒီနိုင်ငံတွေက ဆင်ဖြူတော်တွေကို သိမ်းပိုက်ခဲ့ကြတာပါပဲလို့ အဲဒီစာရေးဆရာက ပြောပါတယ်။

ဒါပေမယ့် ဗြိတိသျအစိုးရကချန်ထားခဲ့တဲ့အမွေကြောင့် မြန်မာပြည်မှာ အခုအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေရှိနေတာကတော့ အသေအချာပါပဲ။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေက ကရင်လူမျိုးတွေကို ရာထူးကြီးတွေပေးပြီး ဗမာလူမျိုးတွေကို ဖိနှိပ်ခိုင်းခဲ့ပါတယ်။ နောက်တနည်းနဲ့ပြောရင် အင်္ဂလိပ်အစိုးရက မြန်မာပြည်က တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ပြီး အင်္ဂလိပ်ကို မတော်လှန်နိုင်အောင် သွေးခွဲအုပ်ချုပ်ခဲ့တယ်။

ဒီလိုနဲ့ မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါ၊ ဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့ အခါမှာ ကရင်နဲ့ တခြားတိုင်းရင်းသားတွေက သီးခြားလွတ်လပ်ရေးနဲ့ ခွဲထွက်ရေးတို့အတွက် တောင်းဆိုရင်း လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။

ဒီမိုကရေစီအစိုးရက တိုင်းပြည်အခြေအနေကို မထိန်းနိုင်တဲ့အဆုံးမှာ စစ်တပ်အာဏာသိမ်းတာနဲ့ ရင်ဆိုင်လိုက်ရတယ်။ ရန်ကုန်အခြေစိုက် အိုင်တီကုမ္မဏီက ဥက္ကဋ္ဌတယောက်က “စစ်တပ်က တိုင်းပြည်ပြိုကွဲမှာကို ကာကွယ်တဲ့အနေနဲ့ အာဏာသိမ်းရတာဆိုပြီးတော့ တက်လာ တာပဲ။ ဒီလိုနဲ့ နောက်ပိုင်းမှာ စစ်တပ်အရှိန်အ၀ါကိုတိုးချဲ့ဖို့ အကြောင်းပြချက်လည်းရခဲ့တယ်” လို့ပြောပါတယ်၊

မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်နေရတာက အင်္ဂလိပ်ခေတ်မှာ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်ခဲ့တဲ့ အမွေဆိုးကနေ အကြောင်းခံခဲ့တယ်ဆိုတဲ့သဘောပါပဲ။

ဗြိတိသျှအမွေကို ဖျောက်ပျက်ပစ်တဲ့အကြောင်းပြောရဦးမယ်။ မြန်မာပြည်တခွင် ကိုယ်ပိုင်ကားနဲ့ ဘက်စ်ကားနဲ့ခရီးသွားတဲ့အခါမှာ ကြောက် စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ကိုယ်တိုင်ကြုံရတာမို့ပါ။ ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းတလျှောက်မှာ ကျနော့်ရဲ့ ဧည့် လမ်းညွန်က ကားဒရိုင်ဘာနဲ့ ဘေးချင်းယှဉ်ထိုင်ပြီး။ မောင်းထား ဆရာ၊ ဟိုးထားဆရာ – စသဖြင့် အချက်ပေးရင်း လိုက်ပါခဲ့တဲ့ အတွေ့အကြုံပါ။ ကားဆရာက ညာဘက်ကနေ ကားမောင်းနေရတာဆိုတော့ ရှေ့ဘက်ကနေလာနေတဲ့ကားကို ကောင်းကောင်းမမြင်ရဘူးလေ။

မြန်မာပြည်လွတ်လပ်ရေးရတော့ ဗြိတိသျှအစိုးရရဲ့ ဓနသဟာရနိုင်ငံများအဖွဲ့ထဲ မ၀င်ခဲ့ဘူး။ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရ ကျတော့ ဗြိတိသျှအမွေဖြစ်တဲ့ ဘယ်မောင်းစနစ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ထူးထူးဆန်းဆန်း အန္တရာယ်များတဲ့ ညာမောင်းစနစ်ကို ပြောင်းလဲလိုက်တာလို့ ဧည့်လမ်းညွန်က ရှင်းပြပါတယ်။

တချို့ကတော့ ဒါ – ဗေဒင်ဆရာတွေဟောတဲ့အတိုင်း လိုက်လုပ်တာလို့ဆိုကြပေမယ့် တော်တော်များများကတော့ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ပဲဆို်င်တယ်လို့ မြင်ကြပါတယ်။

ဂျပန်က မိုင်နီချိသတင်းစာမှာ ၁၉၉၆ ဂျွန်လလောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်ကပေးစာဆောင်းပါးတပုဒ်မှာတော့ အဲဒီ တုန်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council) ဆိုတာကို ဂျော့ခ်ျအော်ဝဲပေးတဲ့ နာမည်ကျနေတာပဲလို့ ရေးဖူးပါတယ်။ အဲဒီတုန်းက အစိုးရထုတ်ပြန်တဲ့ ဥပဒေ ၁/၉၀ ထဲက ပုဒ်မတွေကိုလည်း ဂျော့ခ်ျအိုဝဲ၀ထ္ထုထဲက စာ သားတွေကျနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က သရော်ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာပညာသင်ပြီး ဗြိတိသျအမျိုးသားတဦးနဲ့လက်ထပ်ခဲ့ပါတယ်။ ဗြိတိသျှခေတ်အမွေတွေကို ဖျက်သိမ်းခဲ့ တဲ့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေအတွက်ကတော့ အနောက်ပုံစံ ဒီမိုကရေစီတရားတွေဟော၊ ဂျော့ခ်ျအော်ဝဲအကြောင်းပြောတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မလိုမုန်းထားစိတ်ဖြစ်ကြတာကလည်း သဘာဝကျတယ်လို့ ဆိုရမလားပဲ။

ဒါပေမယ့် အင်္ဂလိပ်တွေခေတ်မှာ မြန်မာတိုင်းရင်းသားတွေ သူတို့ကို မတော်လှန်နိုင်အောင်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာကိုပဲ ဒီမိုကရေစီလှုပ်ရှားမှုကိုနှိပ်ကွပ်ဖို့ စစ်အစိုးရက ပြန်ပြီးအသုံးပြုခဲ့ပြန်ပါတယ်။

ရန်ကုန်မြို့အခြေစိုက်သံတမန်တဦးကလည်း မြန်မာအစိုးရဟာ တက္ကသိုလ်တွေကို နယ်မြို့တွေမှာလိုက်ဖွင့်ထားပြီး၊ ကျောင်းသားတွေ မစု မိအောင်၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့နေရာကနေမပါနိုင်အောင် လုပ်ထားတဲ့အကြောင်းပြောပြပါတယ်။ မြို့တော်ကို နေပြည်တော် ကို ရွှေ့ထားတာကလည်း ပြည်သူ့ဝန်ထမ်းနဲ့ ကျောင်းသားတွေကိုခွဲထားချင်တာက အဓိကရည်ရွယ်ချက်လို့ဆိုပါတယ်။

ပြောရရင်တော့ မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရရော၊ စစ်အစိုးရရော၊ ဘုရင်တွေရော၊ လုပ်နည်းလုပ်ဟန်တွေက အတူတူနဲ့ အနူနူချည်းပဲလို့ ဆိုရမလိုပါပဲ။ ၁၉၈၄ ၀ထ္ထုထဲက အကောင်းတွေက ဆိုးဖို့ဖြစ်ပြီး၊ အဆိုးတွေက ကောင်းဖို့ဖြစ်တယ်ဆိုတဲ့ ဂျော့အော်ဝဲရဲ့ စာ သားဟာ မြန်မာပြည်အတွက်က ဒက်ထိကို မှန်နေပါတယ်။

မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
……………..
Teahouses in Myanmar a reflection of George Orwell’s ‘good is bad’
Takayuki Kasuga (Mainichi Japan)

I went into many tea shops while I was in Myanmar. Each time, I looked around to see if any suspicious person was listening to my conversations with my tour guide and other people I got acquainted with there.

Teashops in this country, where freedom of speech has been restricted for many years, are places for not only relaxation but also exchanges of information, and I heard that secret police officers and tipsters were deployed to these places.

Several years ago, a U.S. female journalist published a report on Myanmar titled, “Secret Histories,” and its Japanese translation published by the Shobunsha publishing house drew attention from many Japanese readers. The writer followed in the footsteps of British novelist George Orwell (1903-50), who worked as a police officer in Myanmar for five years when the country was under Britain’s colonial rule. She identified Myanmar as a country with national monitoring under dictatorship that Orwell depicted in his futuristic novel “1984.”

The author wrote that she felt as if she had stepped into the world depicted by “1984.” She undoubtedly viewed teashops as the core of Myanmar’s monitoring network. Her book is subtitled, “Finding George Orwell in a Burmese Teashop.”

However, Japanese experts agree that Myanmar is a loose society. “Although authorities regulate speech, ordinary people don’t feel the situation confining. It’s far from the world of ‘1984,’” says Toshihiro Kudo of the Institute of Developing Economies. I felt the same way.

A monitoring device called a “telescreen” has been extended throughout the society depicted in “1984.”

Sophia University professor Kei Nemoto says, “Britain, which has installed hundreds of surveillance cameras, is the democratic version of a country with national monitoring depicted by Orwell.”

The image of Myanmar differs depending on when and how you visit there. For example, it depends on whether you visit the country as a journalist or a tourist. If a reporter labeled a certain government as “evil” then their view of the country will be obvious.

Myanmar’s treasure, the statue of lions, is at the National Museum in Yangon, the old capital. The 8-meter-tall statue is filled with gilts. The scale and luxury of the statue overwhelmed me. Its pedestal as tall as an adult man has a large door decorated with ornaments. During the Burmese dynasty a king walked up the stairs from the rear of the pedestal, stood behind the doors and looked down on the crowd.

My guide explained, “The Burmese dynasty was overthrown by Britain in 1885, and the Royal Couple was exiled to India. The Lion statue was also plundered.”

A nearby signboard says, “The statue was returned by Mountbatten (governor-general of India) in 1948 (when Myanmar won independence).”

However, jewels the statue was originally embedded with had disappeared by that time. The treasures are also a symbol of humiliation for ethnic Burmese.

I subsequently talked about the statue of lions to a 77-year-old writer of stories on the Burmese dynasty.

“Do we have a grudge against Britain? No. People in Myanmar accept what happened to our country in the past. The Burmese dynasty also repeatedly invaded Thailand and other neighboring countries, and brought back bounty such as while elephants,” the writer replied.

However, there is no doubt that many difficult problems that Myanmar currently faces derive from Britain’s colonial rule. At the time, Britain gave important posts to ethnic Karens to repress ethnic Burmese. In other words, Britain ruled Myanmar by preventing different ethnic groups from joining hands in rising in revolt against it. The Burmese restored control over Myanmar when a democratic administration was formed when the country won independence. However, Karens and other ethnic minorities went into an armed struggle with the government to win separation and independence.

A horse pulls a cart on a street in Pyin Oo Lwin, central Myanmar, which retains the vestiges of British rule. (Mainichi)
The democratic administration failed to unify the nation, triggering a military coup.

“The military staged the coup under the pretext of ‘preventing a split in the nation.’ It justified the military’s broad power after that,” the president of a Yangon-based IT company explained.

In other words, he is of the view that the longstanding military dictatorship has its roots in Britain’s practice of taking advantage of splitting ethnic groups for its colonial rule of Myanmar.

I traveled around Myanmar by car and bus, and had many scary experiences. On a winding road in a mountainous area, my guide sitting next to the driver said, “Go” or “Stop” when the driver attempted to overtake a car ahead. Since the man controlled the right-handed drive car on the right side of the road, he could not see the oncoming vehicles clearly.

After Myanmar won independence and withdrew from the British Commonwealth, the socialist administration led by General Ne Win concluded that regulations requiring cars to travel on the left side of the road, a legacy of British rule, were inconvenient and dangerous, and switched to a right side of the road system, according to the guide.

Some people say Myanmar did this as a result of fortune-telling, but it is widely viewed that it did so out of antipathy against Britain.

Pro-democracy movement leader Aung San Suu Kyi wrote in her column in the Mainichi Shimbun in June 1996 that the State Law and Order Restoration Council, the military regime’s top decision-making body at the time, sounds as if its name had been given by Orwell, and sarcastically praised clauses in a law called, “Decree No. 1, 1990,” as great sentences like those by Orwell.

Suu Kyi studied in Britain and married a British national. It is natural that the leadership of the military regime, who had been eliminating the legacies of British rule, had antipathy against Suu Kyi who loudly called for Western-style democracy and talked about Orwell.

However, the military regime also used a divide-and-conquer strategy, similar to that employed by Britain to prevent ethnic groups from uniting, to suppress pro-democracy movements.

“Myanmar set up many universities in provincial cities and dispersed students, who otherwise could play a key role in pro-democracy movements. The relocation of its capital to Naypyidaw was partially aimed at separating public servants and students,” says a diplomatic source.

Britain, Myanmar’s military regime and the Burmese dynasty did almost the same things. In the words of George Orwell, “Good is bad, Bad is good.” I think this is true. (By Takayuki Kasuga, Foreign News Department)
(Mainichi Japan) January 28, 2012


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်