ရခိုင်ဒေသ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည်ဆိုသော သတင်းများ မကြားသိရသေး – news from Eleven Media Group website

June 10, 2012

Eleven Media Group http://www.weeklyeleven.com
ဇွန် ၁ဝ၊ ၂ဝ၁၂

သတင်း နှင့် ဓာတ်ပုံ – Eleven Media Group

ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေး ရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံ ရိုက်နှက်မှု ဖြစ်စဉ်များကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ရောက်ဖျက်ဆီးရန် ကြိုးစားမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ကြိုးစားမှုများကို ဒေသခံ ရခိုင်လူမျိုးများက ကာကွယ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ မြို့ကို တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အရေအတွက်မှာ ရခိုင်လူမျိုးများ၏ အသိုက်အ၀န်းကို ဖျက်ဆီးရန် ကြိုးစားနေသော ဘင်္ဂါ လီရိုဟင်ဂျာများအား ထိန်းနိုင်ရန်အတွက် လုံလောက်သည့် အရေအတွက် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများကိုသာ ပြုလုပ်နေမှုကို စစ်တွေမြို့ခံများက အားမလို အားမရ ဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး ဒေသခံရခိုင်လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ထိထိရောက်ရောက် နှိမ်နင်းစေလိုကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ခြောက်လှန့် ပစ်ခတ်မှုများကိုသာ အဓိကပြုလုပ်နေမှုကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဒေသခံရခိုင်လူမျိုးများ၏ နေအိမ်များ၊ ရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့ ဖြစ်စဉ်တွင်မူ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှိခဲ့သည်။


မူရင်း – http://www.weeklyeleven.com/index.php?option=com_content&view=article&id=14036:2012-06-10-10-25-07&catid=42:2009-11-10-07-36-59&Itemid=112

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)