မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်

June 24, 2012

ဇော်အောင် (မုံရွာ)
ဇွန် ၂၂၊ ၂၀၁၂

ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီနှစ်ယောက်ရဲ့ဓါတ်ပုံတွေဟာ မြို့ပေါ် မှာ တမင်ဖန်တီးရိုက်ယူထားတာမဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်းကိုယ်တိုင်သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။

ကျွန်တော် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။ မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈ နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သောနိုင်ငံအဖြစ်ကို တိုးတက်လာပါတယ်။

ငွေကြေးအားဖြင့်တော့ ဆင်းရဲပါတယ်။ ဗီယက်နမ်မှာ တလကို လစာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ၊ အများဆုံး ဒေါ်လာ ၅၀၀ လောက်ပဲ ရပါတယ်။ ဘွဲ့ရကျောင်းသားတယောက် လစာ ဒေါ်လာ ၂၀၀ လောက် စတင်ရပါတယ်။ အလုပ်ကြမ်း ဆောက်လုပ်ရေးအလုပ်သမားလည်း ဒီလောက်လစာတော့ မြို့ကြီးတွေမှာ အလွယ်တကူရပါတယ်။ ကျွမ်းကျင်တဲ့ Top Grade Welder တယောက်ကို တနာရီ ၂ ဒေါ်လာမှ ၅ ဒေါ်လာလောက် အလွန်ဆုံး လုပ်ခရပါတယ်။ တက္ကစီဒရိုင်ဘာတယောက် တနေ့ နာရီ ၂၀ လောက်မောင်းရင် တလကို ဒေါ်လာ ၅၀၀ လောက် ၀င်ငွေရပါတယ်။

• တက္ကစီဒရိုက်ဘာတဦးအကြောင်း
အမျိုးသမီး ကားမောင်းသူတယောက်နဲ့ တက္ကစီကားငှားစီးရင်း၊ ကြုံလို့ မေးမြန်းအင်တာဗျူးခဲ့ပါတယ်။ .. တက္ကစီကုမ္ပဏီ VINASUN ဆိုတဲ့ ကုမဏီမှာ တက္ကစီ အစင်း ၆၀၀၀ ခြောက်ထောင်နဲ့ ဒရိုင်ဘာ တစ်သောင်းနှစ်ထောင်လောက် ရှိပါတယ်။ တက္ကစီကုမ္ပဏီကို နေ့တွက်နဲ့ပေး ရတယ်။ ဓါတ်ဆီ ကိုယ့်ဖာသာ ၀ယ်ထည့်၊ Accident ဖြစ်ရင် တ၀က်စီခံရတယ်။ Car maintenance ကိုတော့ ကုမဏီက လုပ်ပေးတယ်။ သူတို့ လင်မယား ၂ ယောက် အလှည့်ကျ မောင်းကြတယ်။ လူသာနားတယ် ကားကမနားဘူး .. ။ တလကို ၀င်ငွေ US$ 500 လောက်ရပါတယ်။ ဒါပေမဲ့ သူတို့ကလေးတွေကို အင်္ဂလိပ်စာ မသင်ပေးနိုင်ပါဘူး။ စင်ကာပူ International School ဆိုရင် တလကို ဗီယက်နမ်ငွေ ၁၀ သန်း အထက် (US$ 600) လောက်ပေးရတော့ သာမန်အစိုးရကျောင်းပဲထားရတယ်။ အင်္ဂလိပ်စာသင်ပေးပေမယ့်ကလေးက အင်္ဂလိပ်စာ မတတ် ဘူး .. လို့ ပြောပါတယ်။ သူတို့ဟာ Poor အဆင့်အတန်းမှာရှိကြောင်း၊ Very Poor တော့ မဟုတ်ကြောင်း၊ ကလေးကျောင်းပို့၊ ဈေးဝယ် ဆိုရင် ကိုယ်ပိုင်ဆိုင်ကယ်တစင်းနဲ့ သွားကြောင်း၊ သားသမီး ၂ ယောက်နဲ့ မိဘ အားလုံး ၄ ယောက် ဆိုင်ကယ်တစင်းစီးပြီး လျှောက်သွား ရကြောင်း၊ ကုမဏီတက္ကစီနဲ့သွားလို့ရပေမဲ့ တက္ကစီက Millage နဲ့ ကုမဏီကပိုက်ဆံရှင်းရတော့ ကုမ္ပဏီတက္ကစီကို ကိုယ်ရေးကိစ္စတွေမှာ မသုံးကြောင်း၊ ဓါတ်ဆီလည်း အင်မတန်ဈေးကြီးကြောင်း၊ 7 seater Toyota ကားအသစ်ဆိုရင် US$ 40,000 လောက်ပေးရပြီး၊ ထိုင်းနိုင်ငံ မှာဝယ်ရင် တစ်သောင်းလောက်ပဲ ပေးရကြောင်း၊ ဓါတ်ဆီဈေးနှုန်းကလည်း တဂါလန်ကို အမေရိကန် ၄ ဒေါ်လာလောက်ဈေးရှိကြောင်း စသဖြင့် ပြောပြပါတယ်။

အမျိုးသမီး တက္ကစီမောင်းသမားက ဒရိုင်ဘာတစ်သောင်းကျော်မှာ မိန်းမဒရိုင်ဘာ တစ်ရာထဲရှိတယ်ဆိုပြီး၊ သူမက ဂုဏ်ယူစွာပြောပါတယ်။ ကားမောင်းသက်တမ်း ၁၀ နှစ်အတွင်း တခါမှ ဒါးထောက်လုယူတာမျိုး၊ ပိုက်ဆံမပေးပဲ ဆင်းပြေးတာမျိုးမရှိခဲ့ကြောင်း ပြောပြတော့ အံ့သြ စရာကောင်းလှပါတယ်။ ဒါကြောင့် Happy Planet Index ထိပ်ဆုံးအဆင့်ကို ဗီယက်နမ်လူမျိုးများ ရောက်လာခြင်းဖြစ်ပါတယ်။ ဆင်းရဲပေမဲ့ ပျော်ပျော်၊ ရောင့်ရဲတင်းတိမ်နေတတ်အောင် အစိုးရက ဦးဆောင်နေပါတယ်။ စင်ကာပူမှ တက္ကစီမောင်းသမားမှာ လျှို့ဝှက်ခလုတ်တွေရှိပါ တယ်။ လုယက်သူ၊ လူဆိုးများနဲ့တွေ့ရင် အဲဒီလျှို့ဝှက်ခလုတ်ကို နှိပ်လိုက်၊ မိနစ်ပိုင်းအတွင်း ရဲကားရောက်လာပြီး ကာကွယ်တဲ့နည်းလမ်း လုပ်ထားရပါတယ်။ တက္ကဆီသမားရဲ့ဝင်ငွေများကို အနုကြမ်းဓပြတိုက်သူများတော့ ကာကွယ်ထားရတယ်။ အမေရိကန်နိုင်ငံက တက္ကစီဒရိုင် ဘာများဆို ပိုလို့ဆိုးသေးတယ်။ ခဏခဏ လုယူခံရတယ်။ အမေရိကန်နိုင်ငံသား မြန်မာမိတ်ဆွေ တက္ကစီဒရိုင်ဘာတဦးပြောတာတော့ နှစ် တိုင်း လုခံရတယ်။ အထူးသဖြင့် လူမဲတွေဆို လုံးဝမတင်ဘူး။ မလွယ်ဘူး၊ လုရင်တော့ အသာတကြည် အကုန်ထုတ်ပေးလိုက်ပေတော့။ အဲ .. တက္ကစီခမပေးပဲ ဆင်းသွားတာမျိုးတော့ ခဏခဏ ဖြစ်တယ်ဆိုပဲ။ ချမ်းသာလှတဲ့ အမေရိကန်နဲ့ စင်ကာပူ တက္ကစီဒရိုင်ဘာဘ၀ကို ဗီ ယက်နမ်တက္ကစီဒရိုင်ဘာဘ၀နဲ့ နှိုင်းယှဉ်တာပါ။

ကြုံလို့ ရေးရမယ်ဆိုရင်၊ ဗီယက်နမ်မှာ စီးပွားလုပ်ငန်းများ ဥပမာ တက္ကစီကုမ္ပဏီ၊ မိုဘိုင်းဖုန်းကုမ္ပဏီ၊ လောင်စာဆီကုမ္ပဏီ၊ စတဲ့လုပ်ငန်းကြီး များဟာ စစ်တပ်၊ အစိုးရ၊ ၀န်ကြီးဌာန စတဲ့ ဆိုရှယ်လစ်ပါတီများကပဲ လက်ဝါးကြီးအုပ်ထားကြတာကို မြင်ရတော့ မြန်မာပြည် နောက် ၁၀ နှစ်ကြာလို့ စီးပွားလုပ်ငန်းကြီးများကို စစ်တပ်ဆွေမျိုးတွေပဲ ဆက်လက်မကိုင်တွယ်တော့ဘူးဆိုရင် (အာဏာကို လက်လွှတ်၊ ခွဲဝေပေးနိုင်ရင်)၊ ဗီယက်နမ် ၁၈ နှစ် ပြုပြင်ပြောင်းလဲမှုရလဒ် – ၂၀၁၂ အခြေအနေမျိုးကို မြန်မာပြည်ဟာ ၁၀ နှစ်အတွင်း ခံစားရမယ်၊ ခံစားရပါစေလို့ မျှော် လင့်မိပါတယ်။

Money can not buy TRUE happiness. Of course, money can buy physical happy happiness. TRUE happiness mean, spiritual happiness.

• အလုပ်သမား၊ ၀န်ထမ်းဘဝ
ဘွဲ့ရလူငယ် အသက်၃၀ အမျိုးသမီးတဦး၊ အမျိုးသားတဦးတို့ကို အင်တာဗျူးတဲ့အခါ ၊ သူတို့အင်္ဂလိပ်စကား အသင့်တင့်ပြောနိုင်တဲ့အတွက် နိုင်ငံခြားကုမဏီရဲ့ Sub-Company မှာ အလုပ်လုပ်ခွင့်ရကြောင်း၊ လစာငွေ ဒေါ်လာ ၃၀၀ လောက်ရကြောင်း၊ အင်္ဂလိပ်စကား ပိုပြောနိုင်ရင် နိုင်ငံခြားကုမဏီမှာ တိုက်ရိုက်အလုပ်ရနိုင်ကြောင်း၊ လိုကယ် Local Staffs တွေဆိုရင် ဘယ်လောက်စကားပြောနိုင်နိုင် လစာမပေးကြောင်း၊ သြစတြေးလျှား၊ အမေရိကား၊ ဥရောပနိုင်ငံများက ဗီယက်နမ်များစွာ နိုင်ငံခြားကုမ္ပဏီများမှာ Expat Salary နဲ့ လုပ်ကိုင်နေကြကြောင်း၊ နိုင်ငံခြားသားများ ရတဲ့ လစာနဲ့ သူတို့ ဒေသခံ၊ ပညာတတ်များရတဲ့လစာ အလွန်ကွာခြားကြောင်း၊ ဗီယက်နမ်မှာ အေးအေးနေလို့ကောင်းပေမဲ့ ငွေများများရတဲ့သူများကတော့ နိုင်ငံခြားသားများ၊ ဗီယက်နမ်ဒေသခံ သူဌေး၊ကုမဏီပိုင်ရှင်များ ဖြစ်ကြောင်း၊ ချမ်းသာသူများက အရမ်း ချမ်းသာကြောင်း၊ လူလတ်တန်းစားနည်းကြောင်း .. စသဖြင့် ပြောပြသွားပါတယ်။

တိုင်းပြည်နဲ့ Official Name ကတော့ ဆိုရှယ်လစ်ဗီယက်နမ်ဆိုတော့ မြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံလို့ခေါ်ခဲ့တဲ့ ဦးနေ၀င်း စစ်အာဏာ ရှင်စနစ်ကို ပြန်လည်သတိရမိပါတယ်။ ဆိုရှယ်လစ်စနစ်ရဲ့ အသက်ငွေ့တွေ ဗီယက်နမ်မှာ အများကြီးတွေ့နိုင်ပါတယ်။ တပါတီ အာဏာရှင် စနစ်ကို တရုတ်ပြည်လို One Country – two System ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ပါ။

• လှပသော ဗီယက်နမ်အမျိုးသမီးများ
ဗီယက်နမ်အမျိုးသမီးများ ထမီမ၀တ်ကြပါ။ သူတို့ဟာ ပိတ်ဘောင်းဘီရှည်ဝတ်ကြပါတယ်။ ဟိုးတုန်းက လယ်သူမတွေ ဗီယက်နမ်ခမောက် ဆောင်းပြီး လယ်လုပ်၊ စစ်တိုက်ကြတယ်။ အခုတော့ ဗီယက်နမ်အမျိုးသမီးများ စက်ရုံအလုပ်သမတွေ မြို့ပေါ်တက်လာပြီး အလုပ်လုပ်ကြ တယ်။ ကျွန်တော်အလုပ်လုပ်တဲ့ ဗီယက်နမ်- စင်ကာပူ စက်မှုဇုံမှာ ဗီယက်နမ်အလုပ်သမတွေ သိန်းနဲ့ချီပြီး တွေ့ရတယ်။ မနက် ၇ နာရီဆိုရင် အနီးနားက ရပ်ကွက်တွေမှာနေတဲ့ ဗီယက်နမ်အမျိုးသမီးများစွာ မော်တော်ဆိုင်ကယ်စီး၊ စက်ဘီးစီး၊ တချို့လည်း လမ်းလျှောက်ထွက် လာကြတယ်။ အထည်ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံ၊ အစားသောက်စက်ရုံ စသဖြင့် စက်ရုံအလုပ်သမတွေဖြစ်ပါတယ်။ ဟိုချီမင်းမြိျု့မှာ အနိမ့်ဆုံး လစာကို Us$ 130 သတ်မှတ်ထားပါတယ်။ ဆောက်လုပ်ရေး၊ ရေနံဓါတုစက်ရုံအလုပ်သမားများစွာကတော့ အမျိုးသားများဖြစ်ပါတယ်။ အားလုံး မော်တော်ဆိုင်ကယ်စီးပြီး အလုပ်လာကြတယ်။ ကားလမ်းတခုလုံးလည်း မော်တော်ဆိုင်ကယ်တွေနဲ့ အပြည့်ပါပဲ။ ဆိုင်ကယ်အ ဟောင်းတစင်းကို US$ 200-1000 လောက်ပေးရပြီး၊ အကောင်းစားဆိုင်ကယ်ဆို US$ 5000 လောက်ပေးရတဲ့ ဟွန်ဒါ၊ ဂျပန်ဆိုင်ကယ်များစွာ ဗီယက်နမ်မှာပဲ ထုတ်လုပ်ပါတယ်။ ရောင်းချပါတယ်။ ကလေး၊ လူကြီးကအစ ဆိုင်ကယ်ကို တနာရီ ၁၅ မိုင်နှုန်းလောက်နဲ့ စည်းကမ်းရှိစွာ မြို့ထဲမှာ မောင်းကြတော့ ယဉ်တိုက်မှုနည်းပါတယ်။

တနင်္ဂနွေနေ့ ဟိုချီမင်းမြို့ကိုသွားလည်တော့ လမ်းမှာ ဗီယက်နမ်မင်္ဂလာဆောင်ပွဲ များစွာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးများ လှပ စွာဝတ်ဆင်ထားပြီး၊ မင်္ဂလာပွဲအ၀င်တံခါးဝမှာ တန်းစီ၊ ပန်းစည်းများနဲ့ ဖက်ရှင်ဒီဇိုင်းများဝတ်ဆင်ပြီး စောင့်ကြိုကြပါတယ်။ တချို့မင်္ဂလာ ဆောင်တွေမှာ ဥရောပ၀တ်စုံကို ဆင်တူဝတ်ထားတဲ့ လူငယ်သတိုးသား အရံများစွာ အ၀င်ဝမှာ တန်းစီစောင့်ကြိုနေတဲ့ မြင်ကွင်းများစွာ တွေ့ရပါတယ်။ မင်္ဂလာဆောင်မှာ အကောင်းဆုံး၊ အလှပဆုံး ဗီယက်နမ်အမျိုးသမီးအ၀တ်ဒီဇိုင်းများ တွေ့နိုင်ပါတယ်။

ဗီယက်နမ်အမျိုးသမီးများဟာ မြန်မာပြည်က ရှမ်းမကလေးများလိုပဲ အသားရည်ဖြူဖွေးပြီး၊ စကားပြောလည်း ညင်သာပါတယ်။ ထိုင်းအမျိုး သမီးများ စကားပြောသလို ယဉ်ကျေးပါတယ်။ တရုတ်ပြည်ယဉ်ကျေးမှုလွှမ်းမိုးတော့ တရုပ်အ၀တ်အစားများ၊ အမျိုးသမီး အကြီးအငယ်မရွေး ပိတ်ဘောင်းဘီရှည် ၀တ်ဆင်ကြပါတယ်။ ဘောင်ဘီတို၊ ခြေပေါ်၊ လက်မောင်းပေါ် အ၀တ်အစားများ သိပ်မ၀တ်ဆင်ကြပါ။ စင်ကာပူမှတော့ ပိုက်ဆံမတတ်နိုင်လို့၊ မိန်းမယူဖို့ခက်နေတဲ့ လူပျိုကြီးများကို ဗီယက်နမ်အမျိုးသမီးနဲ့ ထိမ်မြားပေးတဲ့ Match Maker ကုမ္ပဏီများစွာ ရှိပါတယ်။ ဗီယက်နမ်သတိုးသမီးများဟာ တရုတ်အမျိုးသမီးများထက် သစ္စာပိုရှိတယ်လို့ ကြော်ငြာကြပါတယ်။ ကျွန်တော့အမြင်တော့ မထူးပါလေ… မိန်းမသည်၊ မိန်းမပင်ဖြစ်ပါတယ်။ အလှအပကြိုက်သည်။ စကားပြောကောင်းသည်။ ဖိနပ်နှင့်အိတ် ခဏခဏ ၀ယ်သည်။ မိဘဆွေမျိုးများကို ခင်တွယ်သည်။

• လှပသော မြန်မာအမျိုးသမီးများ၏ ထမီ
စင်ကာပူ၊ မြန်မာသံရုံးဧည့်ခံ၊ ထမင်းစားပွဲတခုကို မြန်မာမိန်းမငယ်လေးများ ဂျင်းဘောင်းဘီရှည်တယောက်၊ စကပ်တို တယောက်ဝတ်ပြီး သွားတဲ့အခါ၊ ဧည့်ကြိုအမျိုးသမီးကြီးက မောင်းမထုတ်ပေမဲ့၊ မကျေနပ်တဲ့ စကားနာတခုကို ပြောပါတယ်။ အန်တီတို့ ထမင်းစားပွဲမှာ မြန် မာ ချိတ်ထမီပဲ အမျိုးသမီးတွေဝတ်ရတယ်။ နောက်ဆို ထမီဝတ်လာဖို့ မကြိုက်တဲ့လေသံနဲ့ ပြောခံရတယ်။ စကပ်တိုတို စိတ်ဆပ်တဲ့ မိန်းက လေးက ဧည့်ခံပွဲမတတ်တော့ပဲ၊ ပြန်ပြေးချင်စိတ်၊ ပြန်ပြောချင်စိတ်ကို မနည်းထိန်းချုပ်ပြီး အခမ်းအနားတက်ခဲ့ရကြောင်း ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုတလော နိုင်ငံတကာမှာ အရမ်းခေတ်စားနေပါတယ်။ ချိတ်ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ဆင်ပြီး ကျက်သရေရှိလိုက် တာလို့ မြန်မာတွေ၊ နိုင်ငံခြားသားတွေက ပြောကြတယ်။

အခုခေတ်မှာတော့ နိုင်ငံခေါင်းဆောင် ဦးသိန်းစိန်ဇနီး၊ ဦးရွှေမန်းဇနီးသည်တွေ ထမီလှလှလေးတွေ ၀တ်ဆင်တာပဲ တွေ့ရတယ်။ ဒီတော့ အ စိုးရအရာရှိကြီးငယ်အားလုံး အမျိုးသမီး (သို့မဟုတ်) ဇနီးသည်များ ထမီဝတ်ရသည်ဆိုတာ မြန်မာ့ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။ ထမီ မ၀တ်ရင် .. အစိုးရလူကြီးကတော်နဲ့ မထိုက်တန်သကဲ့သို့ ယူဆနေကြပါတယ်။ အုပ်ချုပ်သူ လူတန်းစားမဟုတ်ရင်တော့ ကြိုက်သလို ၀တ် ဆင်လို့ရတယ် ဆိုပါတော့။

ကြုံလို့ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးကာစ ထိုင်းနိုင်ငံ အမျိုးသမီး၊ အမျိုးသား တိုင်းပြည်လူထု ၀တ်စားဆင်ယင်မှုဓါတ်ပုံများကို ပြန်ကြည့် မိပါတယ်။ လက်ရှိ မြန်မာကျေးလက်ဝတ်ဆင်မှုအတိုင်း မိန်းမထမီရင်လျှား၊ ယောင်္ကျား ပုဆိုး၊ မိန်းမထမီနဲ့ရင်ဖုံးအင်္ကျီ ..အခုခေတ် ကျေး လက် မြန်မာတွေအတိုင်းပဲ ၀တ်စားဆင်ယင်ကြတာတွေ့ရပါတယ်။ နောက်ပိုင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထိုင်းပြုပြင်ပြောင်းလဲမှုတွေကြောင့် ထပ်ပိုင်းခေါင်းဆောင်၊ ဘုရင်၊ မိဘုရားကအစ အနောက်တိုင်းဝတ်စုံတွေတလှည့်၊ ရိုးရာယဉ်ကျေးမှုဝတ်စုံတလှည့် ၀တ်ဆင်နေကြ ပါတယ်။ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုတ်အစိုးရခေါင်းဆောင်ရဲ့ ဇနီးသည်များမှာ စကပ်၊ ဂါဝန် ၀တ်ထားရင်လည်း သူတို့ တိုင်းပြည်သားများက လက်ခံပါတယ်။ မြန်မာအစိုးရခေါင်းဆောင်များရဲ့ ကတော်ကြီးများ ထမီလှလှဝတ်တဲ့ယဉ်ကျေးမှုကို စစ်အာဏာ ရှင် စတိုင် ထိန်းသိမ်းထားပါတယ်။ ထိုင်းနိုင်ငံ အစိုးရလူကြီးများရဲ့ဇနီးသည် ထမီမ၀တ်လို့တော့ ခင်ပွန်းသည်ရာထူး မထိခိုက်ပေမဲ၊ မြန်မာနိုင်ငံ စစ်ဗိုလ်ချုပ် (သို့မဟုတ်) အဆင့်မြင့် အစိုးရရာထူးတယောက်ရဲ့ဇနီးသည် ထမီမ၀တ်ပဲ၊ ဂါဝန်ဝတ်ပြီး ပွဲထွက်လို့ကတော့ ခင်ပွန်းသည်ရဲ့ ရာ ထူးကို ထိခိုက်သွားနိုင်ပါတယ်။

ဒါဟာ မြန်မာအမျိုးသမီး၊ ထမီဝတ်သည် ဆိုစကားရဲ့ ပထမအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ နောက်အခွင့်သာရင် မြန်မာများ ပုဂ္ဂိုလ်ခင်မင်မှုများ၊ လောကွတ်ပြုမှုများ၊ မြန်မာသွေးအပြည့်ပါမှ ခင်မင်မှုများ စတဲ့အကြောင်းများကို စဉ်းစားနေမိပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments