ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ အပိုင်း (၉)

June 24, 2012

………………..
မုန်တိုင်းထဲက အတွေးများ
နေသွင်
ဇွန် ၂၄၊ ၂၀၁၂
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆိုတာက ကမ္ဘာပေါ်က ဆန်စပါးအများဆုံးထွက်တဲ့ ဒေသကြီးပါ။ မြစ်ဝကျွန်းပေါ်ဒေသရဲ့အတွင်းပိုင်း မြို့တ မြို့ဖြစ်တဲ့ ပုသိမ်ကိုရောက်တဲ့အခါမှာ မုန်တိုင်းနဲ့တည့်တည့်တိုးပါတယ်။ လက်ဖက်ရည်ဆိုင်တဆိုင်ထဲ အပြေးအလွှားပဲ ၀င်ခိုလိုက်ရပါ တယ်။ မိုးက မစဲဘဲ၊ တဖြည်းဖြည်းနဲ့ ပိုလို့တောင် သဲလာလိုက်တာ အနားက ဖြတ်သွားဖြတ်လာ လူတွေ၊ ကားတွေကိုတောင် သဲသဲကွဲကွဲ တောင် မမြင်ရတော့တဲ့အထိပါပဲ။

ဒီလို မိုးရာသီခံစားမှုမျိုးကို ကျနော်နှစ်သက်ပါတယ်။ စိတ်ထဲမှာ ဘေးကင်းလုံခြုံရာ အရပ်တခုကို ရောက်နေသလိုမျိုး ခံစားရပါတယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာကိုလည်း မိုးရွာတာကို ယိုးမယ်ဖွဲ့လို့ရတယ် မဟုတ်လား။ မိုးရွာလို့ ဘာမှလုပ်ခွင့်မသာဘူးပေါ့။

ကျနော်စိတ်ထဲက အဲဒီခံစားချက်ကိုပြောပြတော့ ကျနော်နဲ့အဖော်လိုက်လာတဲ့ ဧည့်လမ်းညွန်က တကယ်လားလို့မေးပါတယ်။ သူ့ကြည့်ရတာ စိတ်ဓာတ်ကျသွားတဲ့ပုံပါပဲ။ ပြီးတော့မှ သူက သူ့ခံစားချက်ကိုပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်တုန်းက ဒီဒေသဟာ ငရဲဘုံကြီး တခု လို ဖြစ်ခဲ့ရတဲ့အကြောင်းပေါ့။

သူက ၂၀၀၈ ခုနှစ်မေလတုန်းက တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းနာဂစ်အကြောင်းပြောပြပါတယ်။ အဲဒီတုန်းက ခန့်မှန်းခြေ လူပေါင်း ၁ သိန်း ၄ သောင်း အသေအပျောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စစ်အစိုးရဟာ လူသားချင်းစာနာမှုအနေနဲ့ပေးတဲ့ နိုင်ငံတကာကအကူအညီ တွေကို ငြင်းပယ်ခဲ့ပါတယ်။ အပျက်အစီးတွေကတော့ မြင်မကောင်းအောင်ပေါ့။ ဒီလိုနဲ့ စဖြစ်တဲ့အချိန်ကနေ ရက်သတ္တပတ် ၃ ပတ်ကြာသွားတဲ့ အထိ ဒုက္ခသည်တွေဟာ အကူအညီမရတဲ့ဘ၀နဲ့ နေခဲ့ရရှာပါတယ်။

ဧည့်လမ်းညွန်က ပြန်ပြောပြပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို လှုံ့ဆော်ပေးမယ့် နိုင်ငံခြားသားတွေက နိုင်ငံတကာ အကူအညီတွေ၊ ကယ် ဆယ်ရေးဝန်ထမ်းတွေနဲ့ရောနှောပြီး တိုင်းပြည်ထဲဝင်လာမှာကို အစိုးရက စိုးရိမ်ခဲ့တာတဲ့။ ဒါပေမယ့် သိပ်မကြာပါဘူး။ တရုတ်ပြည် စီချွမ် ပြည်နယ်မှာ ငလျင်လှုပ်ပါတယ်။ တရုတ်အစိုးရကတော့ ကယ်ဆယ်ရေးလုပ်သားတွေ၊ အကူအညီတွေကို တဖွဲ့ပြီးတဖွဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါ ကို မြင်တော့မှ မြန်မာအစိုးရက နိုင်ငံခြားက ကယ်ဆယ်ရေးလုပ်သားတွေကို တိုင်းပြည်ထဲခွင့်ပြုဖို့ ပြန်စဉ်းစားတဲ့အကြောင်း ဧည့်လမ်းညွန်က ပြောပြပါတယ်။

စစ်အစိုးရရဲ့ အစောပိုင်းတုံ့ပြန်ပုံကိုကြည့်ရင် လူ့အသက်တွေကို တန်ဖိုးမထားဘူးဆိုတဲ့ အထောက်အထားပါပဲ။ ဒါကိုမြင်ရတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စစ်အစိုးရဆိုတာ မကောင်းဆိုးဝါးကောင်တွေပဲလို့ မြင်သွားကြပါတယ်။ ကျနော့်ဧည့်လမ်းညွှန်ဆိုရင် အဲဒီတုန်းက မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတ၀ိုက်မှာ ကယ်ဆယ်ရေးနဲ့ ကူညီရေးအဖွဲ့တွေနဲ့လိုက်ပြီး စကားပြန်လုပ်နေပါတယ်။ သူလည်း မြန်မာပြည်သူ လူထုလိုပဲ အစိုးရကို မကောင်းဆိုးဝါးလို့ပဲ မြင်သွားတယ်လေ။

နာဂစ်အကြောင်းပြောနေတဲ့အချိန်မှာပဲ လက်ဖက်ရည်ဆိုင်ထဲကို အသက်ကြီးကြီး အမျိုးသားကြီးတယောက် မိုးခိုဖို့ ၀င်လာပါတယ်။ ပုသိမ် ကို ဆေးခန်းပြဖို့ အနီးနားရွာက လာတာလို့ ပြောပြပါတယ်၊ အဆုတ်ရောဂါသည် အဲဒီလယ်သမားကြီးက သားတယောက်၊ သမီးတယောက်နဲ့ အတူနေပါတယ်။ ပြောလက်စမို့ ဆိုင်ကလုန်းနာဂစ်နဲ့ ကြုံခဲ့တဲ့အကြောင်း သူနဲ့စကားစပ်မိကြပြန်ပါတယ်။

ဒီလယ်သမားကြီးရဲ့ရွာမှာတော့ တယောက်မှ မသေအပျောက်မရှိခဲ့ပါဘူး။ ဒါပေမယ့် သက်ကယ်မိုးနဲ့ သူ့အိမ်ကလေးကတော့ မုန်တိုင်းထဲ ပါသွားရှာပါတယ်။ ချက်စရာပြုတ်စရာ အိုးခွက်ပန်းကန်တွေ၊ အိပ်စရာတွေ၊ အားလုံးပါသွားတာပါ။ မုန်းတိုင်းလွန်ပြီး တနှစ်လုံးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေကပေးတဲ့ အထောက်အပံ့တွေနဲ့ပဲ သူတို့မိသားစုတွေ အသက်ရှင်သန်ခဲ့ရပါတယ်။ သူ့လယ် ၁၅ ဧကထဲက ၅ ဧက ကလည်း ဆားငန်ရေတွေဝင်၊ နောက်တော့ ဂဏာန်းတွေ၊ ခရုတွေ ရောက်ချလာတာပေါ့။

အခုအချိန်ထိလည်း အပင်တွေဖူးချိန်ပွင့်ချိန်မှာ ဂဏာန်းကောင်တွေက ကိုက်ဖြတ်တတ်တဲ့အကြောင်း၊ ရိတ်သိမ်းရဖို့ ခက်ခက်ခဲခဲ လုပ်ကိုင် နေရတဲ့အကြောင်း သူက နာနာကျင်ကျင်ပြုံးရင် ပြောပြပါတယ်။

ဒါပေမယ့် ဒီလယ်သမားကြီးမှာ အရေးကြီးတဲ့အရင်းအနှီးတွေက အပွန်းအပဲ့မရှိခဲ့တာ တော်သေးလို့ ဆိုရမှာပေါ့။ စိုက်ပျိုးရေးလုပ်ငန်းမှာ အ သုံးပြုဖို့ သူ မွေးထားတဲ့ ကျွဲ ၇ ကောင်က အခုဆိုရင် ၁၄ ကောင်တောင် ဖြစ်နေပြီလေ။ တကောင်တကောင်ကို ယန်းငွေ ၃ သောင်းလောက် တန်ပါတယ်။ မြန်မာပြည်မှာတော့ အစိုးရ၀န်ထမ်းတယောက်ရတဲ့ ၂ လစာနဲ့ ညီမျှပါတယ်။

မြန်မာပြည်ကျေးလက်က လူတွေက ရွှေငွေ၊ ရတနာတွေကို အရင်းအနှီးအဖြစ်နဲ့ စုဆောင်းလာကြပေမယ့် ကျွဲနွားတွေကတော့ လယ်သမား တွေအတွက် တကယ့်ရတနာတွေပေါ့။ မြန်မာပြည်မှာ အများစုကလည်း လယ်သမားတွေချည်းပဲလေ။

ဒါပေမယ့် မြန်မာပြည်က မြေတွေအားလုံး၊ လယ်မြေယာမြေတွေအားလုံးကို အစိုးရကပိုင်ပါတယ်။ လယ်သမားတွေကို အငှားချထားတဲ့ သဘောမျိုးပါ။ ဘယ်အပင်ကို စိုက်ပါ၊ ဘယ်မျိုးကို သုံးပါဆိုတာကိုလည်း အစိုးရကပဲ နှစ်စဉ် ညွှန်ကြားတတ်ပါတယ်။

ဒါပေမယ့် အခုခေတ်မှာ အစိုးရကချုပ်ကိုင်တယ်ဆိုတာက ဆိုရှယ်လစ်ခေတ်တုန်းကလောက် မဆိုးတော့ပါဘူးလို့ လယ်သမားကြီးက ပြော ပြပါတယ်။ ဟိုတုန်းကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားပို့ကုန်မှာ စပါးက ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ဆန်ပို့ကုန်က တိုင်းပြည်ပို့ကုန်ရဲ့ ၃ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး၊ သဘာဝ ဓာတ်ငွေ့တွေပဲ တရဟော နိုင်ငံခြားကိုရောင်းနေပါတယ်။ မြန် မာပြည်က တဦးချင်း ဆန်စားသုံးမှုဟာ ကမ္ဘာမှာ အများဆုံးဆိုပေမယ့် ထုတ်လုပ်မှုအပိုင်းမှာတော့ အများအားဖြင့်တော့ အရင်အတိုင်းဘာမှ မပြောင်းလဲသလောက်ပါပဲ။

မြန်မာပြည်က ဆန်စပါးထုတ်လုပ်မှုဆိုတာက အင်္ဂလိပ်ခေတ်က အမွေဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရဟာ သူ့ကိုလိုနီတွေကို ဘယ်နိုင်ငံက ဘယ်လိုကုန်အမျိုးအစားထုတ်လုပ် – ဆိုတာမျိုး တွန်းတွန်းတိုက်တိုက်လုပ်ခဲ့ပါတယ်။ လက်ဖက်၊ ကော်ဖီ၊ ပဲ၊ ရာဘာ စသဖြင့် ကိုလိုနီ နိုင်ငံ တွေကို သင့်တော်သလို စိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ မြန်မာပြည်ကျတော့ ဆန်စပါးထုတ်လုပ်ရာနိုင်ငံ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ကိုရောက်တုန်းက ဦးသက်ထွန်းဆိုတဲ့ အသက် ၈၆ နှစ်အရွယ် အဘိုးကြီးတယောက်နဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။ သူက ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ အစိုးရရဲ့အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှာ အဆင့်မြင့်တာဝန်ထမ်းခဲ့တဲ့သူပါ။

အိန္ဒိယအငတ်ဘေးအကြောင်းပြောတော့ မြန်မာပြည်ကဆန်တွေကို မပို့တော့ဘဲဖြတ်လိုက်လို့ အိန္ဒိယသားတွေ အငတ်ဘေးနဲ့ ကြုံရတဲ့အ ကြောင်းကို သူမှတ်မိနေပါတယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ ဆန်တန်ချိန်တသန်း အိန္ဒိယကိုတင်ပို့နေတာပါ။ ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်အထိ အိန္ဒိယရော၊ မြန်မာပါ အင်္ဂလိပ်ကိုလိုနီပါပဲ။ စစ်ကြောင့် ဆန်တွေ အိန္ဒိယကိုမပို့တော့တဲ့အခါမှာ အိန္ဒိယက လူ ၃ သန်း အ ငတ်ဘေးနဲ့ ကြုံရတော့တာပေါ့လေ။ ဦးသက်ထွန်းက သူမီလိုက်တဲ့ ဘန်ဂလောအငတ်ဘေးအကြောင်း ပြန်ပြောပြပါတယ်။ အခုတော့ အဲဒီ အဖြစ်အပျက်က သမိုင်းထဲမှာ တိမ်မြှုပ်သွားခဲ့ပါပြီ။

မြန်မာပြည်ရဲ့ ဆန်စပါးကိစ္စကို အာကီယို တာကာဟာရှီဆိုတဲ့ တိုကျိုတက္ကသိုလ်က ပါမောက္ခတယောက်ဆီကနေ ကျနော် အစောဆုံးသိ ခွင့်ရခဲ့ပါတယ်။ အဲဒီပါမောက္ခဟာ မြန်မာပြည်ကျေးလက်က စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကို အထူးပြုလေ့လာနေတဲ့သူပါ။

ဂျပန်ခေတ်မှာလည်း ဂျပန်စစ်သားတွေက နွားတွေကို ရိက္ခာအဖြစ် ဖော်စားပစ်လိုက်လို့ လယ်သမားတွေ ခိုင်းစရာနွားအရေအတွက်ကျ ဆင်းပြီး၊ မြန်မာပြည်ရဲ့ စပါးထုတ်လုပ်မှုလည်း တရဟောကျဆင်းခဲ့တဲ့အကြောင်း တာကာဟာရှီက ပြောပြဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မြန်မာပြည်အတွက်ကတော့ ဆန်ဖူလုံပါတယ်။ အိန္ဒိယကို မပို့တော့တာကလည်း တကြောင်းပေါ့လေ။

အကျိုးရလဒ်ကတော့ မြန်မာပြည်က ဆန်မရလို့ ငတ်ကြတဲ့ အိန္ဒိယပြည်သူအရေအတွက်ဟာ ဒုတိယကမ္ဘာစစ်ကြောင့် ဂျပန်ပြည်မှာငတ်တဲ့ အရေအတွက်နဲ့ အတူတူလောက်ရှိတယ်လို့ တာကာဟာရှီက ပြောပြပါတယ်။

အိန္ဒိယက အမျိုးသမီးဂျာနယ်လစ်တယောက်က ဘန်ဂလောအငတ်ဘေးအကြောင်း စုံစမ်းထောက်လှမ်းပြီး စာအုပ်တအုပ်ရေးဖူးပါတယ်။ အဲဒီစာအုပ်ထဲမှာ သတင်းထောက်အမျိုးသမီးက ဗြိတိသျှဝန်ကြီးချုပ် ၀င်းစတားချာချီဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေက အိန္ဒိယကို ဆန် အကူအညီပေးဖို့ ကမ်းလှမ်းတာကိုပယ်ချတဲ့အကြောင်း ရေးထားပါတယ်။ ချာချီက အိန္ဒိယအမျိုးသားတွေအပေါ် မုန်းတီးတဲ့စိတ်အခံကြောင့် ဒီလို ဆုံးဖြတ်တာလို့ အဲဒီစာအုပ်မှာ အတိအလင်း ဆိုထားပါတယ်။ ချာချီက အိန္ဒိယလူမျိုးတွေက “ယုန်တွေလိုပဲ မွေးလွန်းအားကြီးလို့ ငတ် ရတာ၊ ငတ်ပါစေ” လို့ ပြောတဲ့အကြောင်း အဲဒီစာအုပ်ထဲမှာ ရေးထားပါတယ်။

အနောက်ဘက် ဥရောပမှာတော့ ချာချီဆိုတာ သူရဲကောင်းကြီးပေါ့လေ။ အိန္ဒိယသတင်းထောက်အမျိုးသမီးဟာ တိမ်မြှုပ်နေတဲ့ ချာချီရဲ့ မကောင်းခဲ့တဲ့ သမိုင်းကို မီးမောင်းထိုးပြသူလို့ တိုင်းမ်မဂ္ဂဇင်းကြီးက အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်ပြီးတဲ့နောက်၊ အနောက် မီဒီယာတွေကလည်း ချာချီရဲ့ မကောင်းခဲ့တဲ့သမိုင်းတချို့ဖော်ထုတ်ရေးသားလိုက်ကြတာ။ တယောက်ကဆိုရင် ဟစ်တလာနဲ့နှိုင်းတဲ့ အထိ တောင် ဖြစ်ကုန်ပါရောလား။

အိန္ဒိယသတင်းထောက်အမျိုးသမီးရဲ့ စာအုပ်အကြောင်းဆက်ရရင် သူက ဂျပန်တပ်တွေကလည်း အိန္ဒိယ အငတ်ဘေးကိစ္စမှာ တစိတ်တပိုင်း တာဝန်ရှိတဲ့ အကြောင်းရေးထားပါတယ်။ အကယ်၍ ဂျပန်ကသာ မြန်မာပြည်ကို အစောဆုံးမကျူးကျော်ခဲ့ရင် အိန္ဒိယ အငတ်ဘေးကလည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူးတဲ့။

ပုသိမ်မြို့က လက်ဖက်ရည်ဆိုင်ထဲမှာ မိုးခိုနေတုန်း အတိတ်တချိန်ဆီက မြန်မာပြည်ရဲ့ ဆန်စပါးထုတ်လုပ်မှုအကြောင်း ပြန်စဉ်းစားမိတာ တွေပါပဲ။ ပုသိမ်ကို ဆေးကုဖို့လာရင်း လက်ဖက်ရည်ဆိုင်ထဲမိုးဝင်ခိုနေတဲ့ လယ်သမားကြီးနဲ့ စကားကောင်းတုန်းမှာပဲ အပြင်မှာ မိုးလည်း စဲ သွားပါတယ်။

ကျနော်က လယ်သမားကြီးကို ဘ၀မှာ ဘာကကျေနပ်စရာကောင်းလဲလို့ မေးမိပါတယ်။ သူက စိတ်ရှုပ်ထွေးသွားတဲ့ပုံနဲ့ ဘာမှကျေနပ်စရာ မရှိဘူးလို့ ပြန်ဖြေပါတယ။၊ နောက်တော့မှ ဘုရားသွားတာတော့ စိတ်ချမ်းသာတယ်လို့ ပြန်ပြောပါတယ်၊။

မြန်မာပြည်က ဗုဒ္ဓဘဘာသာဝင်တွေဟာ သူတို့ဘ၀မှာ အဆိုးတွေနဲ့ ကြုံရတဲ့အခါ၊ စိတ်မချမ်း မြေ့စရာတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ အတိတ် ကံကြောင့်ဖြစ်ရတာလိုပဲ စိတ်ဖြေလေ့ရှိပါတယ်။ မြန်မာပြည်ကို အုပ်ချုပ်တဲ့ အစိုးရမင်းတွေ၊ အကြိုက်တွေ့နေတာလည်း ဒီလို ကံကိုယိုးမယ်ဖွဲ့ တတ်တဲ့ မြန်မာ့ဓလေ့ပဲလို့ ဆိုရမလားပဲ။

မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
……………..
Myanmar’s refusal to accept foreign aid workers following ‘08 cyclone seen as ‘evil’
Takayuki Kasuga (Mainichi Japan)

The delta area that spreads along the Irrawaddy River is known as one of the largest rice production areas in the world. I arrived in Pathein, the center of the area, in the evening when I was caught in a storm. I rushed into a teahouse, sat down and relaxed. As the rain got heavier, people and cars passing by the teahouse looked increasingly hazy.

I like rainy scenes like this. I feel a sense of relief as if I’m in a safety zone. I can use the rain as an excuse for doing nothing or being unable to do anything.

When I talked about such feelings, my tour guide said, “Is that right?” with a depressed expression.

“I saw hell when I was here 3 1/2 years ago,” the guide added, referring to Cyclone Nargis that hit the area in May 2008. The disaster left an estimated 140,000 people dead or missing. The military regime that was ruling the country at the time had refused to accept emergency humanitarian assistance from the international community for three weeks from the time the disaster hit the area, during which the damage spread.

“The authorities feared that foreigners spurring pro-democracy movements would melt into relief and rescue workers and enter the country. Shortly afterwards, the Sichuan earthquake struck. The authorities saw many foreign rescue and relief teams going into China one after another, and reconsidered their refusal to accept foreign aid workers,” the guide explained.

Myanmar’s initial response to the cyclone, which showed it disregarded human lives, left the international community with the impression that “the military regime was evil.” It also contributed to antipathy against the military regime among people in Myanmar, including my guide who worked in disaster-hit areas as an interpreter for rescue and relief teams.

I saw an elderly man, who appeared to be taking shelter from the rain, at the teahouse. “I came here from a nearby village to visit a clinic. I had lung problems,” he said. The man was a farmer and living with his son and daughter. He then talked about Cyclone Nargis.

In his village, nobody was killed in the disaster, but his home made from nipa wood was blown away by the cyclone. He lost all his cooking equipment and bedding, and managed to live on relief supplies over the next year. Two-thirds of his 15-acre rice paddy was flooded with sea water, and crabs and shellfish were left there after the flood water receded.
“Even after rice plants released buds, crabs would cut them off. So I was hardly able to prepare a harvest until recently,” he said with a bitter smile.

However, the man added his most important assets remain intact. The seven buffaloes he kept to use in his agricultural work have increased to 14. His cows are a large part of his assets as each cow can be sold for about 30,000 yen, three times the monthly salary for a public servant in the country.

People in urban areas tend to associate “assets” with gold and jewels, but cows are treasures for farmers, who make up an overwhelming majority of the population in Myanmar.

All land in Myanmar, including farmland, is owned by the government. Farmers are granted the right to cultivate their plots. When farmers renew their contracts to use their land every year, the government is supposed to specify the kinds of plants they are supposed to grow, including their breeds.

However, the man said the rules are no longer stringently observed. “The government strictly checked what we grew at the time of socialism, but now it has become loose. I select the breeds of rice I grow at my own discretion.”

In the past, rice accounted for 60 to 80 percent of the amounts of Myanmar’s total exports, but the ratio has dropped to 3 percent due partly to rapid growth in its exports of natural gas. However, the per-capita rice consumption in Myanmar is the largest in the world. Its position as a major rice production area remains unchanged.

This is a legacy of British colonial rule. The British Empire forced its colonies to produce a certain kind of product, such as tea, coffee beans and rubber. Myanmar was required to produce rice.

Churchill refused to provide food relief to starving India
I got acquainted with U Thet Tun, 86, in the previous capital of Yangon. He was a high-ranking official with the National Planning Ministry shortly after Myanmar won independence in 1948.

He told me about a famine in India due to the suspension of Myanmar rice exports to India. “Myanmar had exported 1 million tons of rice to India (also under British rule) a year until World War II began. However, our exports were suspended due to the war, causing 3 million Indians to starve.” It is known as the “Bengal famine,” which is buried in history.

I had learned about Myanmar’s rice situation from Akio Takahashi, professor at the University of Tokyo specializing in the economy of Myanmar’s agricultural villages.

Since many Japanese soldiers ate meat from cows used for agricultural work in Myanmar under Japanese rule, rice production decreased sharply, according to Takahashi.

Still, the professor added that Myanmar had sufficient rice partly because its rice exports to India were interrupted. As a result, numerous Indian people starved, and their number is almost equal to the Japanese victims of World War II, including civilians.

A female journalist from India has published a book based on her investigation into the cause of the Bengal famine. In her book, the journalist asserts that then British Prime Minister Winston Churchill declined U.S. and other countries’ offers to provide rice to India as relief supplies. Behind Churchill’s decision is reportedly his prejudice against ethnic Indians. The books points out that Churchill said Indians starved because they bred like rabbits.

Churchill is viewed in western Europe as a hero, but the female journalist’s book shed light on his hidden side, Time magazine said. Since her book was published, many media outlets in the West have played up Churchill’s dark side and one commentary even compared him to Hitler.

However, the author of the book points out that the Imperial Japanese Army was partially responsible for the famine, saying that the disaster would not have happened if Japan hadn’t invaded Myanmar in the first place.

The rain eased off while I was listening to the farmer at the teahouse.

When I asked him what he enjoyed in life, he looked puzzled and replied, “Nothing,” then said, “Maybe, visiting pagodas.”
Buddhists in Myanmar tend to attribute their unhappiness and bad luck to what they did in their previous life in a karmic way. This is favorable to the rulers of the country.

(Mainichi Japan) January 29, 2012


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်