Hip Hop star becomes Daw Suu’s assistance

July 4, 2012

ဇေယျာသော်ကို ဒေါ်စုရဲ့ လွှတ်တော်ဆိုင်ရာအရာရှိအဖြစ် ရွေးချယ်
မိုးမခအထောက်တော် အမှတ် ၀၀၉
ဇူလိုင် ၄၊ ၂၀၁၂


ဧပြီလက ခေါင်းပေါင်း ၀တ်ဆင် လေ့ကျင့်နေသော ဇေယျာသော် (ဓာတ်ပုံ – စိုးဇေယျထွန်း/Reutes)

အဆိုတော် ဇေယျာသော် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးအဖြစ် ယမန်နေ့က တရားဝင် ခန့်အပ်ခြင်း ခံရသည်။

NLD “ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ဆိုင်ရာအရာရှိ”အဖြစ် ခန့်အပ်လိုက်ကြောင်း ရုံးတွင်းပေးစာတစောင်တွင် ဖော်ပြထားသည်။

သူ့နည်းတူ နေပြည်တော်တွင် မမျှော်လင့်ဘဲ ရွေးကောက်ခံခဲ့ရသူ လူငယ် လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်းသည်လည်း NLD ပါတီ၏ လွှတ်တော်ဆိုင်ရာ ဆော်သြရေးမှူးတဦး ဖြစ်လာသည်။

၎င်းတို့၏ တာဝန်များနှင့် ပတ်သက်ပြီး ရုံးတွင်းပေးစာတွင် ဖော်ပြထားခြင်း မရှိချေ။

ကိုဇေယျာသော်သည် ယခင်က NLD အဖွဲ့ဝင် မဟုတ်ပေ။ ဟစ်ဟော့ပ်အဆိုတော်အဖြစ် ထင်ရှားလာခဲ့ပြီးနောက် Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များအဖွဲ့ကို လျှို့ဝှက်တည်ထောင်သူတဦးဖြစ်လာသည်။

ထိန်းသိမ်းခံရရာမှ ပြန်လွတ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံသူတဦးဖြစ်လာပြီး ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ၏ ကိုယ်စားလှယ်လောင်းတဦးဖြစ်လာသည်။

ကြံ့ခိုင်ရေးပါတီ၏နယ်မြေဟု အများက ယူဆထားသည့် နေပြည်တော်ရှိ မဲဆန္ဒနယ်တခုတွင် သွားရောက် ထိုးဖောက် စည်းရုံး ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။

ကိုဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်တွင် ပါဝင်သွားသူတဦး ဖြစ်သည်။

ထိုခရီးစဉ်တွင် ပါဝင်သွားသူ တခြား လက်ထောက် ၂ ဦးမှာ ဒေါက်တာတင်မာအောင်(ခေါ်) ဒေါက်တာ ငယ်ငယ် နှင့် ကိုနေခြည်ဝင်းတို့ ဖြစ်သည်။

ဒေါက်တာတင်မာအောင်သည် ကွယ်လွန်သူ ဒေါက်တာဦးစောမြအောင်၏ သမီးဖြစ်သည်။

ကိုနေခြည်ဝင်းသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ NLD အဖွဲ့ဝင် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

One Response to Hip Hop star becomes Daw Suu’s assistance

  1.့honey on July 5, 2012 at 4:29 pm

    လေးစားပါတယ်။ပြည်သူ့အကျိုးသယ်ပိုးနေသော
    အမေစုနဲ့ပူးပေါင်းလက်တွဲစေတနာရှင်များကို
    ပြည်သူကအစဉ်ကြိုဆိုလျှက်ပါ။
    အကောင်းဆုံးဖြစ်အောင်အရည်အချင်းတွေနဲ့ပြည့်ဝအောင်ပြု
    ပြင်မွမ်းမံယင်းပြည်သူတွေအတွက်ဒီမိုကရေစီစစ်စစ်ကို
    ကူညီပံ့ပိုးနိုင်ပါစေ..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်