Ashin Dhamma Piya – ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်

July 19, 2012

ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်

ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၁၉၊ ၂၀၁၂

          “ပညာရဲရင့် ပွဲလယ်တင့်” တဲ့။ မြန်မာတို့ရဲ့ ဆိုရိုးစကားပါ။ ဒီစကားနှင့်စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ပညာရဲရင့်လျှင် (သို့မဟုတ်) ပညာရှင်တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် ပွဲလယ်တင့်မည်လို့ ဆိုရိုးပြု ထားတဲ့စကားပါ။ ဒါပေမဲ့ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်မှာ မတင့်တယ်နိုင်သေးတဲ့အဖြစ်၊ မ၀င့်ထယ်နိုင် သေးတဲ့အဖြစ်ပါ။ ပညာအရည်အချင်းများ နည်းပါးနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများမှာ အလုပ်သမားဘ၀နဲ့ (များသောအားဖြင့်) ကျင်လည်နေကြရဆဲပါ။

          ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကို ရှာကြည့်တော့ သင်ကြားပို့ချပေးတဲ့ ပညာရေးစနစ်ကပဲ စနစ်မမှန် လို့လား။ ပြဋ္ဌာန်းပေးထားတဲ့ ဘာသာရပ်တွေကပဲ လွဲချော်နေလို့လား။ သို့မဟုတ် သင်ကြားပို့ချပေးသူများကပဲ သင်ကြားနည်းစနစ်များ မမှန်လို့လား။ တစ်ခုခုတော့ လွဲမှားနေလို့ဖြစ်မှာပါ။ ဒါဆိုရင် ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ဖို့ (Education Reform လုပ်ဖို့) ဘယ်သူမှာ တာဝန်ရှိသလဲ။ အဖြေကတော့ ရှင်းနေတာပါ။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိနေတာပါ။

သို့သော် နိုင်ငံတော်က ပညာရေးစနစ်ကို ခေတ်နှင့်တန်းဝင်အောင် (သို့မဟုတ်) ခေတ်စနစ်နှင့်ညီအောင် ပြန်လည်ပြင်ဆင်ပေးခြင်းမျိုးကို ဥပဒေပြဋ္ဌာန်းပြီး ပြုလုပ်မပေးနိုင်သေးဘူး ဆိုလျှင် (“တောကြောင်တွေ လက်ခမောင်းခတ်”ဖို့ အခွင့်အရေးမျိုးသာ ဖြစ်နေဦးမှာပါ။ ဥပဒေနဲ့ပြဋ္ဌန်းပေး ထားတာမျိုးမဟုတ်သေးဘူးဆိုလျှင်) ပြည်သူတွေဖက်ကလည်း ဘာမှကူညီပေးနိုင်မည်မဟုတ်ပါ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို တည်ထောင်နိုင်ရန် ပညာရေးအခန်းကဏ္ဍ၏ အရေးပါမှုကို နိုင်ငံတော်မှ လေးလေးနက်နက် စဉ်းစားနိုင်ဖို့ပါ။

မြန်မာပညာရေး နိမ့်ကျနေတာ လက်ခံနိုင်ရဲ့လား

          မြန်မာလူမျိုးများရဲ့ ပညာရေးအဆင့်အတန်းများ ဘယ်လောက်များ နိမ့်ကျနေလို့လဲ မျိုးချစ်ဝါဒီများက ပြန်လည်ခြေပကောင်း ချေပကြမှာပါ။ ရှည်ရှည်ဝေးဝေး မပြောလိုပါ။ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း စာမေးပွဲကို  အောင်မြင်ထားသူတစ်ယောက်က နိုင်ငံခြားတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ပညာသင်ကြား လိုလျှင် (ဘယ်ဝင်ခွင့် စာမေးပွဲကိုမှ မဖြေရပဲ) လက်ခံနိုင်သောတက္ကသိုလ် ဘယ်နိုင်ငံမှာရှိသလဲ ပြောကြားဖို့ပါ။

          ချွင်းချက်ထား၍ ပြောရမည်ဆိုလျှင်တော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အချို့က ပညာရေးထူးချွန်သော မြန်မာနိုင်ငံမှ ကျောင်းသားတစ်ယောက်စ၊ နှစ်ယောက်စကို (၀င်ခွင့်မဖြေရပဲ) လက်ခံတယ်ဆိုတာကိုတော့ ကြားဖူးပါရဲ့။ ဒါမျိုးကတော့ အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဆယ်တန်းစာမေးပွဲတွင် တော့ပ်တင်း (top ten)၀င်ထားတဲ့ ကျောင်းသားမျိုး၊ ငါးဘာသာ၊ ခြောက်ဘာသာဂုဏ်ထူးရှင်ကျောင်းသားမျိုးကို ရွေးကောက် ခေါ်ယူထားတာဖြစ်လို့ မဆန်းဘူးလို့ ပြောလိုက်ခြင်းပါ။ ဒီအချက်ကိုလဲ သိထားဖို့ပါ။

          ပညာရေးဆိုတာ တစ်ဦးတစ်ယောက်တည်းဆိုင်တဲ့ကိစ္စ၊ မိသားစုတစ်စုတည်းဆိုင်တဲ့ကိစ္စမျိုး မဟုတ်ပါ။ ပညာရေးဆိုတာ နိုင်ငံသားအားလုံးအတွက်ပါ။ သို့သော် ပညာဆိုတာ ယူတတ်သူမှ ရတာပါ။ ရောင်းလို့၊ ၀ယ်လို့ရတဲ့ ရောင်းကုန်မျိုးမဟုတ်လေတော့ ပညာတန်ဖိုးကို တန်ဖိုးဖြတ်ပေးဖို့ မလွယ်ပါ။ ဒီလိုဆိုရင် ဘာ့ကြောင့် မြန်မာပြည်မှာ လူအချို့က “ပညာကို ငွေနဲ့ဝယ်မှ ရနိုင်တယ်” လို့ ပြောနေကြတာလဲ။ ပြောစရာပါ။ သူတို့စကားက ဘာကိုပြောချင်တာလဲ။ စဉ်းစားနိုင်ဖို့ပါ။ အဖြေကတော့ ရိုးရိုးစင်းစင်းလေး။ ပညာရေးမှာ ပြဋ္ဌာန်း ထားတဲ့ စနစ်မမှန်လို့ပါ။ 

          ဂရိခေတ်က ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ဆိုကရေးတီးစ်က ပညာကို အရောင်း အ၀ယ်မျိုးမဖြစ်ရအောင် ကျောင်းသားများကို ပညာဒါနပြုပြီး ပညာကို စေတနာနဲ့သင်ပေးခဲ့သူပါ။ ဒီတော့ အခကြေးငွေယူပြီး ပညာသင်ပေးတဲ့ ဆရာများအုပ်စုက ဆိုကရေးတီးစ်ဟာ ကျောင်းသားများ ဘုရားသခင် အပေါ်မှာ ယုံကြည်မှုတွေကို ဖျက်ဆီးနေသူ၊ ကျောင်းသားများရဲ့ စိတ်ဓာတ်များကို ဖျက်ဆီးနေသူရယ်လို့ စွဲချက်တင်ပြီး ရုံးတော်မှာ အစစ်အဆေးခံရတဲ့အထိဖြစ်ခဲ့တာ။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်အရ နောက်ဆုံးပြစ် ဒဏ်က တိုင်းပြည်က ထွက်ခွာသွားချင်ရင်လည်းသွား၊ သို့မဟုတ် အဆိပ်သောက်၍ သေနိုင်ရင်လည်းသေ။ အဖြေက ဒီနှစ်မျိုးပါ။

 ဖေါက်ပြန်ရေးသမားမဟုတ်တဲ့ ဆိုကရေးတီးစ်က သူလုပ်နေတဲ့ အလုပ်ဟာ အမှားမဟုတ် ဘူးဆိုတာ ယုံကြည်ထားတာဖြစ်လို့ သူရဲ့စေတနာ၊ သူ့ရဲ့သစ္စာကို တိုင်းသူ၊ ပြည်သားတွေ တစ်နေ့နေ့တော့ သိလာမှာပါလို့ သက်သေထူပြထားခဲ့ချင်တဲ့အတွက် အဆိပ်သောက်ပြီး သေသွားခဲ့သူပါ။

          ပညာရေးစနစ်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုရမည်ဆိုလျှင် ပညာရေးစနစ်များ မှန်ကန်လျှင် ကျောင်းသား၊ ကျောင်းသူများ ကျူရှင်တက်ရန်မလိုပါ။ ကျောင်းသင်ခန်းစာ၊ အိမ်စာများနဲ့ပင် လုံလောက်ပြီး ကျူရှင်မလိုတဲ့စနစ်မျိုးပါ။ ဥပမာ၊ ပညာရေးစနစ်များ မှန်ကန်စွာ ကျင့်သုံးတဲ့ အနောက်တိုင်းနိုင်ငံများ၌ (အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံစသည့်နိုင်ငံများ၌) အခြေခံ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဘာသာ ရပ်များ၊ တက္ကသိုလ်ဘာသာရပ်များအတွက် ကျူရှင်တက်ဖို့မလိုပါ။

ကျူရှင်မလို ကျူတာတွေ လိုတယ်၊ ဘကတွေ လိုတယ်

သင်္ချာဘာသာရပ်တို့လို၊ သိပ္ပံဘာသာရပ် တို့လို၊ အင်္ဂလိပ်စာဘာသာရပ်တို့လို ဘာသာရပ်မျိုး၌ နားမလည်ရင် မေးမြန်းနိုင်ရန် ကျူတာများကို ထားပေး ခြင်းပါ။ သို့သော် ထိုကျူတာများကို စာသင်ပြပေးတဲ့အတွက် ကျူရှင်ဖိုးကို ကျောင်းသားက ပေးရန်မလိုပါ (ကျောင်းများ၊ တက္ကသိုလ်များက ပေးသည်)။ မြန်မာနိုင်ငံမှာတော့ ပညာရေးမှန်သမျှ (မူလတန်းပညာရေးက အစ) ကျူရှင်ခများကို ပေးနေရခြင်းပါ။ အစိုးရပိုင်ကျောင်းများမှာလည်း ဘာခ၊ ညာခနဲ့ ပိုက်ဆံပေးရ၊ ပညာရေးဝန်ထမ်းများကိုလည်း ဟိုအတွက်၊ ဒီအတွက် ပိုက်ဆံပေးရ၊ ကျူရှင်တွေမှာလည်း ကျူရှင်ခတွေပေးရမို့ မိဘများအတွက် ချောင်လည်လှသည်တော့ မဟုတ်ပါ။ မိဘချင်း ကိုယ်ချင်းစာနာနိုင်ဖို့ပါ။

          ပိုက်ဆံမတတ်နိုင်သူ ဆင်းရဲသားမိသားစုများမှ ပေါက်ဖွားလာရသော ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာကို အခမဲ့သင်ပေးသော ဘကကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)များလို ပညာဒါန ပေးသော ကျောင်းများ (အနည်းငယ်) ရှိနေသေးသည့်အတွက် တော်ပါသေးရဲ့ဟု နှလုံးသွင်းလျှက် စိတ်သက် သာရာ ရမိခြင်းပါ။ သို့သော် ဘကကျောင်းများမှာ ဆိုကရေးတီးကိန်းများ ဆိုက်နေ၍လားမသိ အခက်အခဲ များစွာနှင့် ကြုံတွေ့နေရခြင်းပါ။

 ပိုက်ဆံမတတ်နိုင်၍ ဘုန်းတော်ကြီးသင်ကျောင်းများ၌ တက်ရောက်ပညာ သင်ကြားနေရသော ကိုးတန်း၊ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအား နှစ်ကျမဟုတ်ခဲ့လျှင် ပညာရေးမှူး များမှ အပြင်ဖြေခွင့်ကို ခွင့်ပြုမပေးနိုင်တာမျိုးတို့ပါ။ (သို့သော် အချို့မြို့နယ်များ၌ ဖြေခွင့်ပြုပြီး၊ အချို့မြို့နယ်များ၌ ဖြေခွင့်မပြုနိုင်တာမျိုးပါ။) ဘာကြောင့်နည်း။ အဖြေက ပညာရေးစနစ်မမှန်ကန်လို့ပါ။ ဒီအဖြေပဲ ထွက်တာပါ။  

          ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို နိုင်ငံတော်အစိုးရမှ အထက်တန်းကျောင်းများအဆင့်သို့ တိုးမြှင့်ပေးရတာမျိုးကို ဘာ့ကြောင့် တာဝန်တွေ ကြီးလေးနေရသလဲဆိုတဲ့အချက်။ နိုင်ငံပိုင်ကျောင်းများ၌လည်း ထ-တွဲများ တွဲပေးမည်ဆိုလျှင် တွဲပေးနိုင်ပါလျက် ကျောင်းအုပ်များမှာ အကြောက်တရားများ မကင်းနိုင်သေး၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား ထ-တွဲကျောင်းများ ပြုလုပ်မပေးရဲတဲ့အချက်။ ဒီအချက်တွေ ကြောင့် နိုင်ငံနဲ့လူမျိုးအတွက် အများကြီး နစ်နာနေတာပါ။ ဒါတွေကို နိုင်ငံတော်က သတိမူနိုင်မည်မဟုတ်ပါ။

          ပညာလိုချင်ပါလျှက် ပညာရရေးအတွက် စာမေးပွဲများကို အပြင်ဖြေဆိုခွင့် မရရှာကြသော ကျောင်း သား၊ ကျောင်းသူများအတွက် နစ်နာနေခြင်းပါ။ ကျောင်းသား၊ ကျောင်းသူများ နစ်နာနေခြင်းအတွက် တိုင်းပြည် မှာလည်း နစ်နာနေခြင်းပါ။ ထို့ကြောင့် နိုင်ငံတော်မှ ပညာရေးအတွက် ဥပဒေများကို ပြန်လည်ပြင်ဆင် ပေးမည် ဆိုလျှင် အပြင်ဖြေကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရေးနှင့် ဘကကျောင်းများကို အထက်တန်း ကျောင်းများ (သို့မဟုတ်) အထက်တန်းကျောင်းခွဲများ ဖွင့်လှစ်ပေးနိုင်ရေးကိုပါ စဉ်းစားပေးနိုင်ကြဖို့ပါ။       

ပညာရေးအားနည်းလို့ အကြမ်းဖက်သူတွေ အားကောင်းနေတာ

          ယနေ့ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်နယ်များမှ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေဟာ မဖြစ်သင့်တင့်အရာတွေပါ။ လူမျိုးစုအတွက် တိုက်ပွဲဝင်နေခြင်းပါလို့ အကြောင်း ပြပြီး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လူမှုရေးတွေကိုဖျက်ဆီးနေခြင်းပါ။ ဆူပူအကြမ်းဖက်မှုတွေကို ဖန်တီးနေ ခြင်းပါ။ ငြိမ်းချမ်းစွာနေလိုသူတွေကို တိုက်ခိုက်နေခြင်းပါ။ ဒီဖြစ်ရပ်တွေကို ကောက်ချက်ချကြည့်ရင် အဓိက အကြောင်းရင်းက ပညာရေးအားနည်းခြင်းကြောင့် ဖြစ်နေရခြင်းပါ။ သူ့အခွင့်ရေးလား၊ ကိုယ့်အခွင့်ရေးလား ဆိုတာ နားမလည်နိုင်တာပါ။ မှန်မှန်ကန်ကန် မတွေးတောနိုင်တာပါ။ အကျိုးအကြောင်း ဆီလျော်အောင် မစဉ်းစားနိုင်တာပါ။ ဒါတွေဟာ ပညာရေးအားနည်းခြင်းရဲ့ အဓိကအကြောင်းရင်းတွေလို့ ဆိုရမှာပါ။

တစ်ချိန်တစ်ခါတုံးက ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို အကာအကွယ် မပေးနိုင်တဲ့ အစိုးရမျိုးမို့ တစ်တိုင်းပြည်လုံးအုံကြွပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတာ။ ဒီမိုကရေစနစ်ကို တိုင်းပြည်မှာ ကျင့်သုံးနိုင်ဖို့ စုပေါင်းတောင်းဆိုခဲ့ကြတာ။ ဒါတွေကို ပြည်သူတွေ သိထားပြီးသားပါ။

          သို့သော် အခုအချိန်မှာ ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို အကာအကွယ် ပေးနိုင်တဲ့ ဒီမိုကရေစီးအစိုးရဆိုတာ ရှိလာပြီ။ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ပြည်သူ၊ ပြည်သား တွေကိုပါ ပါဝင်ကူညီကြပါလို့ တိုင်းသိ၊ ပြည်သိ အတင်းအလင်း ထုတ်ဖေါ်ပြောဆိုထားပြီးပြီ။ ဒီတော့ ပြည်သူ၊ ပြည်သားတွေအားလုံး၊ ပြည်နယ်အသီးသီးရှိ လူမျိုးစုများ အားလုံးကပါ ပူးပေါင်းပါဝင်ကြဖို့ပါ။ ငြိမ်းချမ်းစွာ နေလိုတဲ့ပြည်သူ၊ ပြည်သားတွေကို ကိုယ်တိုင်က ငြိမ်းချမ်းစွာနေခြင်းဖြင့် ပါဝင်ကူညီ စောင့်ရှောက်နိုင်ကြဖို့ပါ။

          “မိမိကိုယ်ကို ချစ်လျှင် (ဆူပူမှု၊ အကြမ်းဖက်မှု အကုသိုလ်တရားတွေ မဖြစ်ရအောင်၊ စိတ်မှာ ငြိမ်းချမ်း စွာဖြင့် ကုသိုလ်တရားတွေ တိုးပွားအောင်) မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ရာ၏” (ဓမ္မပဒ ၁၅၇)။ ဘုရား ဟော တရားတစ်ပုဒ်ပါ။

ကျယ်ပြန့်တဲ့အဓိပါယ်ကို အနည်းငယ်ရှင်းပြပါရစေ။ စောင့်ရှောက်ခြင်းဆိုသည်မှာ- သီလဖြင့်စောင့်ရှောက်ခြင်း၊ သမာဓိဖြင့်စောင့်ရှောက်ခြင်း၊ ပညာအသိဖြင့်စောင့်ရှောက်ခြင်းရယ်လို့ စောင့် ရှောက်ခြင်း သုံးမျိုးရှိနေခြင်းပါ။ ဘ၀တန်ဖိုးကို သိထားတဲ့သူတွေဟာ လူသားတို့ရဲ့ ဂုဏ်သိက္ခာတန်ဖိုးတွေကို ပျက်စီးစေနိုင်တဲ့ အကုသိုလ်ဒုစရိုက်တွေကို ပြုရမှာ ကြောက်ကြတာ။ ပညာတတ်ပေါများတဲ့ နိုင်ငံများမှာ မှုခင်း တွေ နည်းပါးတယ်ဆိုတာ ဒီသဘောပါ။

ဗုဒ္ဓ္ဓဘာသာကျင့်စဉ်အရ သမာဓိအလေ့အကျင့်က စိတ်ကို ငြိမ်းချမ်း စေခြင်းပါ။ ပညာအလေ့အကျင့်က ဆူပူအကြမ်းဖက်မှုတွေကို ဖြစ်ခွင့်မရအောင် အသိပညာနှင့် ကာကွယ်ပေး ခြင်းပါ။ တိုင်းပြည်ကို မငြိမ်မသက်မှုတွေဖြစ်အောင် ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်ပေးခြင်းမျိုးဟာ ဒီမိုကရေစီ ကျင့်ထုံးတွေ မဟုတ်ဘူးဆိုတာ ပြည်သူတွေသိကြဖို့ပါ။ ထိုသို့ပြုလုပ်နေခြင်းဟာ များသောအားဖြင့် ပညာရေး အားနည်းသူတွေဖြစ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးမှာ အသိတရားတွေ လွဲချော်နေခြင်းပါ။ 

ဘကတွေကို အားပေးပါ

          ထို့ကြောင့် မြန်မာနိုင်ငံ၌ မွေးဖွားသော ကျောင်းသား၊ ကျောင်းသူတိုင်း အထက်တန်းပညာများကို မသင်မနေရ ပညာရေးမျိုး အဆင့်ထိရောက်အောင် ပြည်သူများကပါ ၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ပါ။ မူလွန်များကို အလယ်တန်းကျောင်းအဆင့်ဖြစ်အောင်၊ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်းများ ဖြစ်အောင် တိုးမြှင့်ပေးကြရမှာပါ။ နိုင်ငံနှင့်လူမျိုး ပညာရေးအဆင့်အတန်းများ နိမ့်ကျမသွားရအောင် သမိုင်း တစ်လျှောက်လုံး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍများကိုလည်း ပြန်လည်သုံးသပ်နိုင် ကြဖို့ပါ။ ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် ပြည်သူများနှင့်အတူ အမျိုးသားပညာရေးအတွက် အစဉ် ကျိုးပမ်းဆောင်ရွက်ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေး(ဘက)ကျောင်းများကိုပါ တိုးမြှင့်ပေးဖို့ပါ။ မူလတန်း ကျောင်းများကို အလယ်တန်းကျောင်းအဆင့်၊ မူလွန်ကျောင်းများကို အထက်တန်းကျောင်းများအဆင့် တိုးမြှင့် ပေးနိုင်ကြဖို့ပါ။

          ဘကကျောင်းများ၏ အနေအထားများမှာ အစိုးရထံမှ အထောက်ပံ့မယူဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဘကကျောင်းများကို ဖွင့်လှစ်ထားရခြင်းပါ။ ဆင်းရဲသော ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်း ပညာများကို ဆက်လက်သင်ယူနိုင်ရန် ပညာဒါနပြုပေးသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးပြု၍ ကျောင်းတက်နေကြရသူတွေပါ။ ထို့ကြောင့် (ငွေကြေးစွမ်းနိုင်သော) ဘကကျောင်းများကို အလယ်တန်းကျောင်းများအဆင့်၊ အထက်တန်းကျောင်းများအဆင့်သို့ တရားဝင် တိုးမြှင့်ပေးခြင်းဖြင့် နွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို အားပေးကူညီရာ ရောက်နိုင်မှာပါ။ “ပညာမြင့်မှ လူမျိုးတင့်မည်”ဆိုလျှင် ဘယ်နည်းနှင့်ပဲမြင့်မြင့် မြင့်ဖို့က အဓိကမဟုတ်ပါလား။ 

မူလ၊ အလယ်၊ အထက်တန်း သီးခြားကျောင်းကိုယ်စီ

          နောက်တစ်ခု အကြံပြုပြောကြားလိုသည်မှာ အမေရိကန်နိုင်ငံစသော တိုးတက်ပြီးသော တိုင်းပြည် များ၌ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများကို အတန်းပေါင်းစုံ စုပေါင်း ထားတဲ့စနစ်ကို မကျင့်သုံးပဲ သီးသီးသန့်သန့် ထားတဲ့စနစ်ကို ကျင့်သုံးကြခြင်းပါ။

ဥပမာ၊ မူလတန်းကျောင်းကို အလယ်တန်း၊ အထက်တန်းတို့နှင့် ရောမထားပဲ မူလတန်းသက်သက်။ အလယ်တန်းကျောင်းဆိုလဲ အလယ် တန်းသက်သက်၊ အထက်ကျောင်းဆိုလဲ အထက်တန်းကျောင်းသက်သက် ထားတဲ့စနစ်မျိုးပါ။ အကျိုးတရား အနေနဲ့ ကျောင်းသား၊ ကျောင်းသူများ အရွယ်ညီ၍ ထိန်းသိမ်းရာ၌ လွယ်ကူခြင်း၊ သင်ကြားပေးသောဆရာ၊ ဆရာမများအတွက် ကျောင်းသင်ခန်းစာများကို သင်ကြားရာ၌ အရွယ်ရောက်နေကြပြီဖြစ်သော ကျောင်းသား၊ ကျောင်းသူများကို ဆိုက်ကို (စိတ်ပညာ)သုံး၍လည်းကောင်း၊ ပညာပေးသင်ခန်းစာများကို သုံး၍လည်းကောင်း၊ ဘ၀ရည်မှန်းချက်များ ခိုင်မာလာအောင် အားပေးတိုက်တွန်း၍လည်းကောင်း ပညာသင်ကြားရေးစနစ်ကို  တိုးမြှင့်ပေးနိုင်၍ အကျိုးကျေးဇူးမျာစွာရှိကြောင်း သုတေသီတို့က အဆိုပြုထားခြင်းပါ။   

ပညာရေးသည် ငြိမ်းချမ်းရေး ဖြစ်ပါတယ်

          စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ဖို့ ပညာရေးဟာ မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေး ရောင်ခြည်ပါ။ လွန်ခဲ့ရက်အနည်းငယ်ခန့်က သမ္မတကြီးကိုယ်တိုင် တိုင်းပြည်ကို ပြောကြားသွားတဲ့မိန့်ခွန်းထဲမှာ စီးပွားရေး၊  ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်များ လုံလောက်စွာ ရရှိနိုင်ရေးကအစ မြေပေါ်မြေအောက် သယံ ဇာတများကို စနစ်တကျ ခွဲဝေသုံးစွဲရေးများအထိ တိုင်းသိ၊ ပြည်သိ မိန့်ခွန်းပြောကြားခြင်းကို ကြားသိလိုက်ရ၍  တိုင်းပြည်အတွက် အားတက်နေမိခြင်းပါ။

သမ္မတကြီးတင်ပြသွားသော အချက်အလက်များကို စနစ်တကျ အကောင်အထည်ဖေါ်နိုင်ဖို့ ကျောင်းသင်ခန်းစာများနှင့်ဆက်နွယ်သော ပညာရေး (Academic Education) မျိုးနှင့် ပြည်သူ့ရေးရာမူဝါဒများ၊ နိုင်ငံတော်မှ ဥပဒေပြုပြဋ္ဌာန်းပေးထားသော နိုင်ငံသားကောင်းတို့ သိသင့်၊ သိ ထိုက်ပြီး၊ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းဥပဒေများကို သင်ကြားပို့ချပေးခြင်း၊ အဆင့်ဆင့် ပညာပေးခြင်းစတဲ့ စီဗစ်ခ် အက်ကျူကေးရှင်း(Civic Education) မျိုးကို တိုင်းသူပြည်သူများအား သိစေဖို့ပါ။ သင်ကြားပေးနိုင်ဖို့ပါ။

          ပညာတတ်တွေ ပေါများလာအောင် အစိုးရကျောင်းတွေ၊ နိုင်ငံတကာအဆင့်မှီ ပုဂ္ဂလိကကျောင်းတွေ (ပုဂ္ဂလိကကောလိပ်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ)ကို ဖွင့်လှစ်ပေးနိုင်ဖို့ပါ။ လူငယ်လူရွယ်တိုင်းကို ကျောင်းသင်ခန်းစာများနှင့် ပျော်ပိုက်နိုင်အောင် ဆွဲဆောင်ခြင်း၊ ပညာသင်ကြား၍ရရှိလာသော တက္ကသိုလ် ဒီဂရီ များအတွက် ဂုဏ်ပြုအသိအမှတ်ပြုခြင်း (Credit ပေးခြင်း)၊ အလုပ်ခွင်၌ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ လစာကို တိုးမြှင့်ပေးထားခြင်း-စတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အာမခံချက်အချို့ကို ပေးနိုင်တဲ့ အစီအစဉ်များကို ရေးဆွဲပေးနိုင်ဖို့ပါ။ ထိုသို့ပြုလုပ်ပေးမည်ဆိုလျှင် ကမ္ဘာ့အလယ်၌ မြန်မာလူမျိုးများ၏ ပညာ ရေးသည် “ပညာရဲ့ရင့် ပွဲလယ်တင့်” နိုင်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြရခြင်းပါ။ ချမ်းသာစွာ အိပ်စက် နိုင်ကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ, ဒေါက်တာဓမ္မပီယ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်