မီးပင်လယ်ခရီး အမှတ်စဉ် – ၃

July 24, 2012

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) 

ဇူလိုင် ၂၄၊ ၂၀၁၂ 

ပြည်နယ်အတွင်း မကြာသေးခင်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စရပ်များကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ရခိုင်လူမျိုးဒုက္ခသည်များအတွက် လူသားချင်းစာနာစိတ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ပြည်တွင်း/ပမှ မြန်မာပြည်သူ/သားတို့သည် လာရောက်၍ အလှူငွေများ၊ အလှူပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

 

နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား တတိယအကြိမ်မြောက်အဖြစ် သွားရောက်ကူညီထောက်ပံ့ရန် ဇူလိုင်လ ၆ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ အသင်းသားများတို့သည် လှူဖွယ်ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များတင်ဆောင်၍ ၂၄ ပေ မော်တော်ယာဉ်ကြီးဖြင့် ဘုရင့်နောင်ပွဲရုံရှိ ရွှေပြည်သစ်ကားဂိတ်မှ နံနက် ၇းဝဝ နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြပြီး ၉. ၇. ၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ကြပြီး စစ်တွေနာရေးကူညီမှုအသင်းမှ ကူညီဖေးမမှုဖြင့် သီရိဂုတ္တဓမ္မာရုံတွင် လှူဖွယ်ပစ္စည်းများအား ယာယီထားရှိခဲ့ပြီး စစ်တွေမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

၁ဝ. ၇. ၂ဝ၁၂ ရက်နေ့တွင် သင်္ဘောဖြင့် တစ်နေကုန်နီးပါး မောင်းနှင်ခရီးဆက်ခဲ့ရာ ဘူးသီးတောင်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြပြီး မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင်ရောက်ရှိခဲ့ကြပြီး ဒေသခံ မောင်းတော ကုန်သည်ကြီးများအသင်းနှင့် မောင်တောခရိုင် အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းတို့သည်လည်း မော်တော်ယာဉ်၊ နေရာထိုင်ခင်းတို့အား စီစဉ်ဆောင်ရွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ မောင်းတောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ပရဟိတကျောင်းနှင့် အစိုးရစာသင်ကျောင်းများရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

 

 

၁၁. ၇. ၂ဝ၁၂ ရက်နေ့တွင် ဆက်လက်၍ ပဋိပက္ခဖြစ်ပွားချိန်၌ မီးရှို့ခံခဲ့ရသည့် အလယ်သံကျော်ရွာ၊ မောရဝတီရွာများ (ဘင်္ဂလားဒေရှ့်နယ်စပ်အနီး) နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဋ္ဌာနချုပ် အမှတ် ၇ နယ်မြေ တပ်တွင်းဆေးခန်းရှိ ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံ၊ မောင်တောအတွက် ဆေးဝါးများပေးအပ်ခဲ့ပြီးနောက် ၁၂. ၇. ၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ ရေလမ်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ၁၃/၁၄. ၇. ၂ဝ၁၂ ရက်နေ့များတွင် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ၁၅. ၇. ၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လှူဒါန်းမှုခရီးစဉ်အား ရုပ်သိမ်းကာ အပြန်ခရီးအား စတင်ခဲ့ရာ ဘူးသီးတောင်မြို့မှ ရေလမ်းခရီးဖြင့် စစ်တွေမြို့သို့၎င်း၊ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် တောင်ကုတ်သို့၎င်း၊ တောင်ကုတ်မှ မော်တော်ယာဉ်ဖြင့် ပြည်သို့၎င်း၊ ပြည်မြို့မှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာသို့ မွန်းတည့် ၁၂းဝဝ နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ယင်းခရီးစဉ်သည် ရခိုင်ရိုးမတောင်တန်းအား မော်တော်ယာဉ်ဖြင့် ခဲရာခဲဆစ် သွားခဲ့ရပြီးနောက် ပင်လယ်ရေလမ်းခရီးဖြင့် တစ်တန် ထပ်မံ၍ ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခဒေသသို့ ရောက်ရှိခဲ့သည်။ မိမိတို့အဖွဲ့သားများ ရောက်ရှိခဲ့ရသော ရခိုင်ဒေသအသီးသီးတို့တွင် မီးလောင်လွင်ပြင်များ၊ အိုးအိမ်ပျက်စီးမှုများကို စိတ်မချမ်းမြေ့စွာ ခံစားတွေ့ကြုံခဲ့ရသည်နှင့်အညီ ဒုက္ခသည်ရခိုင်ပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ ကြေကွဲမှု အပူမီးများ ဖြစ်ပေါ်ခံစားခဲ့ရသည်။ ထိုကဲ့သို့ ရခိုင်ဒုက္ခသည်များကို ကူညီဖေးမမှုခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထို့ကြောင့် ယင်းခရီးစဉ်အား မီးပင်လယ်ခရီး အမှတ်စဉ် – ၃ ဟု ကဗျည်းတတ်ခဲ့တော့သည်။

 

 

သို့သော် ခရီးလမ်းစဉ်တစ်လျှောက် ပင်ပန်းဆင်းရဲမှုအား ပဓာနမထားဘဲ လူသားချင်းစာနာစိတ်ဖြင့် အများပြည်သူတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုယ်စား ဒုက္ခသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများထံသို့ ကိုယ်တိုင်ကိုယ်ကျ လက်ဝယ်သို့အရောက် အဆင်ပြေချောမောစွာ လှူဒါန်းနိုင်ခဲ့ခြင်းအတွက် ကျွန်တော့်၏ ရင်ထဲတွင် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်