Kamar Pale – ရင်ခွဲရုံ

July 24, 2012

အဲဒီအရပ်မှာ
လေညင်း မရှိဘူး
ပန်းပွင့်ကလေးတွေ မရှိဘူး
ဥယျာဉ်မှူးစစ်စစ်တွေ မရှိဘူး …။

အဲဒီအရပ်မှာ
အချစ် မရှိဘူး
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
သံယောဇဉ်ဆိုတာတွေလည်း မရှိဘူး …။
အဲဒီအရပ်မှာ
ကတိသစ္စာ မရှိဘူး
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ မရှိဘူး
အရှက်တွေ အကြောက်တွေအတွက် နေရာမရှိဘူး …။

အဲဒီအရပ်မှာ
မနေ့ကဆိုတာ မရှိခဲ့ဘူး
ဒီကနေ့ဆိုတာလည်း မရှိဘူး
ဒီတော့ မနက်ဖြန်ဆိုတာလည်း မရှိနိုင်ဘူး …။

အဲဒီအရပ်မှာ
မေမေ … မရှိဘူး
ချစ်သူ … မရှိဘူး
ကျနော်လည်း ရှိမနေချင်ဘူး …။

သြော် … အမုန်းလား
သူ့အတွက်တော့
ရှိလည်းဖြစ်တယ် …
မရှိလည်းဖြစ်တယ်
အဲဒီအရပ်မှာ … ။ ။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကမာပုလဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်