သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

August 6, 2012

သင်ဘာပြောမလဲ သြဂတ်စ်
သက်ခိုင်၊ သြဂုတ် ၆၊ ၂၀၁၂
ဒီမယ်သြဂတ်စ်ရဲ့
သေချာတယ်ကွဲ့
ဇနပုဒ်က မိခင်ထောင်သောင်း
သားအလောင်းရှာခဲ့တဲ့ဇတ်လမ်း
သင့်မှတ်တမ်းထဲမှာရှိတယ်။
နီစွေးဖွေးကြွ
ခွပ်ဒေါင်းဘဝနဲ့
မတရားမှုကိုပြိုင်တု
ငါတို့ အနိုင်လုခဲ့တာလဲသိမယ်။
စာသင်သံ တိုးတိတ်
ထောင်နံရံမှာ တိုးကြိတ်
ဒီလို
လူငယ်တွေ ပိုးအဆိပ်ခံရတာလည်း ရှိတယ်။
မိကွဲဖကွဲ
ဒီဘဝထဲ
သင်ကဆက်လျှောက်
အခုဆို (၂၄)နှစ်ရောက်ခဲ့ပြီ။
လွမ်းလိုက်တာ
အခုချိန်ထိ
လူတွေက တမ်းမှန်း
မတူသူတွေက ဗြဲလရမ်း
အော် …
ပူပင်စရာတွေက သန်းဂဏန်းနဲ့ပါလားကွယ်။
ဒီမယ်သြဂတ်စ်ရဲ့
မိုးစက်ကြား ကျည်ဆံရော
သွေးအစက်စက်တွေ ပေတရာမှာမျော
အဲဒါ သင်ဘာပြောမလဲ။
(photo – 88 Generation Students – facebook Photo)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

  1. tin may win on August 7, 2012 at 9:35 am

    ကိုသက်ခိုင် ကဗျာကောင်းပါတယ် …ဒါပေမဲ့ …၈.၈.၈၈ ဆိုတာ သူရဲကောင်းတွေ ကျဆုံးခဲ့တာပါ ….မှတ်တမ်းတင် ဂုဏ်ပြု၇မဲ့နေ့ထူးနေ့မြတ် ..သမိုင်းဝင် နေ့တနေ့ပါ …..လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့မညီစွာ ပေးဆပ်ခဲ့ရတာပါ ….
    အဲဒါကို လွမ်းစရာလို့ သုံးနူန်းလိုက်တာ ကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ် ……………..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်