အပမှီတဲ့ကား

August 27, 2012

မင်းကောင်းချစ်
သြဂုတ် ၂၇၊ ၂၀၁၂
တန်ခူးနေဟာ ဒေါသတကြီးနဲ့ကမ္ဘာမြေကို လောင်မီးမြိုက်လျှက်ရှိ၏။ နာရီပြန် (၂) ချက်ကျော် မွန်းလွဲနေရဲ့အရှိန်စော်ကြောင့် အရည်အ သွေးညံ့ဖျင်းတဲ့ကတ္တရာလမ်းမဟာ အရည်ပျော်စပြုနေပြီ။ တခါတရံ ဖြတ်သွားတဲ့ကားဘီးများနဲ့ အရည်ပျော်ကတ္တရာတွေနဲ့ ကပ်ညှိပွတ်တိုက် မှုကြောင့်ဖြစ်ပေါ်တဲ့ ဖြိုးဖြိုးဖျစ်ဖျစ်မြည်သံဟာ ကိုဘလွင်အတွက် နွေဥတုရဲ့ညည်းတွားသံတစ်ခု၊ အမှတ်လက္ခဏာတစ်ခုလိုဖြစ်နေခဲ့ကြပြီ။ တချက်တချက် အမှတ်မထင်ဝေ့လာတတ်တဲ့ လေရူးလေးကြောင့် တဖြပ်ဖြပ်ခပ်သွားတဲ့ ညောင်ရွက်သံတွေနဲ့အတူ လေပူအေးလေးက ကိုဘလွင်ရဲ့ကွမ်းယာဆိုင်လေးကို ပွေ့ဖက်ကျီစယ်သွားတိုင်း နွေနေရဲ့အပူဒဏ်ကိုအာခံနိုင်ဖို့ အင်အားတချို့ရလိုက်စမြဲဘဲ။ ရွှေညောင်ပင် ကွမ်းယာဆိုရင် ရန်ကုန်အနောက်ခြမ်း လှိုင်မြစ်ကမ်းဘေးတလျှောက် လူတော်တော်များသိကြတယ်။ အထူးသဖြင့် ဆိုက္ကားသမား၊ တက္ကစီ နဲ့ ကားသမားတွေကြားမှာ နာမည်ရတယ်။ ကိုဘလွင် ထုံးဖောက်ကောင်းတာရော ဆက်ဆံရေးပြေပြစ်တာကြောင့်လို့ထင်ပါတယ်။

ကိုဘလွင်ကွမ်းယာဆိုင်က လမ်းမနှစ်ခု အင်္ဂလိပ် အက္ခရာ (T) ပုံသဏ္ဍန်ဆုံတဲ့ လမ်းဦးတိုက်က ညောင်ပင်ကြီးအောက်မှာတည်ထားတာမို့ ရွှေညောင်ပင်ကွမ်းယာလို့ခေါ်ကြတာပါ။ အသိဗေဒင်ဆရာတစ်ဦးက အကြံပေးတဲ့အတိုင်း လမ်းဦးတိုက်မှာဆိုင်ဖွင့်ထားလို့ အန္တရာယ်ကင်း အောင် ကျားခေါင်းပုံပန်းချီကားချိတ်ထားလို့ ကျားဘလွင်လို့လဲ ရင်းနှီးသူတချို့ကခေါ်ကြတယ်။ တကယ်တော့ ကိုဘလွင် ဒီကွမ်းယာဆိုင် လေးဖွင့်ပြီးလုပ်ကိုင်စားသောက်နေတာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ။ ဖျာပုံဇာတိ၊ ဧရာဝတီတိုင်းသား ကိုဘလွင်တယောက်သူ့မွေးရပ်မြေကို ကျောခိုင်းပြီး ရန်ကုန်မြို့ကြီးကို စွန့်စွန့်စားစားတက်လာတာ မိသားစုဘ၀လေး တိုးတက်စေချင်လို့ပါ။ သားလေးတစ်ယောက် မွေးလာတော့ လည်း နာမည်ကို “တိုးတက်လွင်” လို့မှည့်ပေးခဲ့တယ်။ ရန်ကုန်ရောက်စကတော့ ကြုံရာကျပမ်းအလုပ်လုပ်ရင်း ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတာ။အခုတော့ မိသားစုကို ဖူလုံအောင်ထမင်းကျွေးနိုင်တဲ့ကွမ်းယာဆိုင်လေးလည်းပိုင်ပြီ။ သားကြီး “တိုးတက်” လည်း တက္ကသိုလ်အဆင့် ကျောင်းမထားနိုင်ပေမယ့် အရပ်ထဲက ကားဝပ်ရှော့မှာအပ်ထားပြီး ကားပညာသင်ခိုင်းထားနိုင်တော့ ဘာပဲပြောပြော ငါ့ဘ၀တိုးတက်လာ တာဘဲလို့ ကိုဘလွင်တစ်ယောက် တွေးရင်းကျေနပ်နေမိတယ်။

မနေ့တည်းကမှာထားတဲ့အော်ဒါတွေလာယူရင် အဆင်သင့်ဖြစ်နေအောင် ရေဖန့်ဖန့်လေးစွတ် ထားတဲ့စွတ်ထားတဲ့ အ၀တ်ဖြူနဲ့အုပ်ထားတဲ့ ခြင်းကြားတဲက ကွမ်းရွက်နုနုလေးတွေကို အထပ်လိုက်ထုတ်ပြီး တစ်ရွက်ချင်း အညှာဖြတ်၊ အရွက်ဖျားတိနေတုန်း လျောခနဲ နောက်ဆုံးပေါ် ကားကြီးတစ်စီး သူ့ဆိုင်ရှေ့ကိုလွန်ပြီး ငြိမ့်ခနဲထိုးရပ်လာတာ သတိပြုမိလိုက်တယ်။ ကြည့်လိုက်တာနဲ့အဖိုးတန်ကားမှန်း သိသာပါတယ်။ တဖိတ်ဖိတ် ထနေတဲ့အရောင်ကလည်း တွေ့လေ့တွေ့ထရှိတဲ့ကားရောင်မျိုးမဟုတ်၊ အပြာလို့လည်းပြောမရ၊ ငွေမင်ရောင်လို့လဲမဆိုနိုင် ကြားရောင်မို့ ဓာတ်ပြာရောင်လို့ဘဲခေါ်ရမလားမသိဘူး။ ကားစက်သံဆိုတာ နှိုးထားမှန်းတောင် မသိနိုင်ဘူး။

အင်္ဂလိပ်စာမတတ်လို့ ကားအမျိုးအစားကို မဖတ်တတ်ပေမယ့် နီကယ်ရောင်တလက်လက်တောက်နေတဲ့ သစ်ကျုတ်တစ်ကောင်ခုန်အုပ်မယ့်ပုံ၊ ဖောင်းကြွရုပ်လုံးလေးက ကားနောက်ဖုံးပေါ်မှာ ခမ်းခမ်းနားနား လှနေတာတွေ့ရတယ်။ ကြည့်ကောင်းလို့ကြည့်နေတုန်း မောင်းသူ ဘက်က ကားရှေ့တံခါးဖွင့်လာပြီး ရှပ်အင်္ကျီဖြူ ဘောင်းဘီနက်နဲ့ ကားမောင်းသူဟာ ကိုဘလွင်ဆိုင်ဘက်လျှောက်လာတာတွေ့ရတယ်။ က တုံးစတောက်ကေနဲ့ အညာသားပုံပေါ်လွင်တဲ့ဒရိုင်ဘာက အနားရောက်လာတော့ “နှပ်ဆေးနဲ့ ၅၀၀ ဖိုးလုပ်ပေးပါ” “ရတယ် ဆရာ အာမွှေး လေးထည့်ချင်သေးလား” ကိုဘလွင်က နှပ်ဆေးဘူးကိုဖွင့်ရင်း ပြန်ပြောလိုက်တယ်။ “ဟာ…မထည့်နဲ့ သိပ်မွှေးလွန်းတော့ အုံနာက မကြိုက် ဘူး”

ယာပြီးစကွမ်းတစ်ယာကို ကိုဘလွင်ကကမ်းပေးလိုက်ရင်း “တစ်ယာလောက်ဝါးသွားမလား ဆရာ” “ဟာ မလုပ်နဲ့ အလုပ်ချိန်မှာ ကျွန်တော် ကွမ်းစားလို့မရဘူး” ဒရိုင်ဘာက ပြာပြာသလဲငြင်းဆန်ရင်း ကွမ်းယာဆိုင်ဘေးက ခုံတန်းလျားမှာဝင်ထိုင်လိုက်တယ်။ “ဆရာ့ကားက လှ လိုက်တာဗျာ တော်တော်အဖိုးတန်မယ်နော်” ယာပြီးသားကွမ်းယာတွေ ပလတ်စတစ်အိပ်သေးလေးထဲသိပ်ထည့်ရင်း ကိုဘလွင် မနေနိုင် မထိုင်နိုင် ချီးမွှမ်းလိုက်မိတယ်။

“ကားကအသစ်ဆိုတော့ တန်ဖိုးကတော့ကြီးတာပေါ့ဗျာ။ ခင်ဗျားတို့ ပြောင်ပြောင်မြင်တိုင်း ရွှေမထင်နဲ့ဗျ။ အတော်ဂဂျီဂဂျောင်ကျတဲ့ကား ကျုပ်ကားမောင်းလာတာ အနှစ် (၂၀) ကျော်ပြီ ဒီလောက်ဗွေဖောက်တဲ့ကား တစ်ခါမှမကြုံဖူးသေးဘူး” လို့ ကိုင်ထားတဲ့ဂျာနယ်နဲ့ ယပ်ခပ်အ အေးခံရင်း ကားဒရိုင်ဘာက ပြန်ပြောလာတယ်။ “အားပါး ကောင်းလိုက်တဲ့ကားကြီး တာဝတိံသာက ဦးမာတလိကြီးမောင်းတဲ့ကားကြီးပါ လားဗျာ” ပုခုံးပေါ်ကဖျင်တဘက်ပိုင်းလေးနဲ့ ချွေးသုပ်ရင်း သူ့ဆိုက္ကားကို ညောင်ပင်ရိပ်အောက်မှာထိုးဆိုက်ရင်း ဆိုက္ကားသမား ကိုနီတွတ်က ရောက်မဆိုက် ၀င်ပြောလာတယ်။

“လာပြန်ပြီနောက်တစ်ယောက် ဗြမ္ဗာကြီးဦးခေါင်းနဲ့တူတဲ့ ဒီကားရဲ့ဒုက္ခကို မောင်းနေရတဲ့ကျုပ်ကအသိဆုံးပါ။ အင်မတန်သောက်သက် တဲ့ကားဗျ။” အတော်ကြီးစိတ်ပျက်တဲ့မာန်နဲ့ ငြီးငြူနေတဲ့ ဒရိုင်ဘာကို ဆိုက္ကားသမား ကိုနီတွတ်က တအံတသြကြည့်ရင်း ပြန်မေးလိုက်တယ် “ဘယ်လိုသောက်သက်တာလဲဗျာ” ကိုနီတွတ်က ပြန်မေးလိုက်တယ်။ “ကားထဲမှာ ဘာမှန်းမသိတဲ့အလုပ်အများကြီး၊ သိုးဆောင်းစာတွေနဲ့ ရှုပ်ပွလို့ ခါးပါတ်မပတ်ရင်လည်း သိုးဆောင်းစကားတွေထွက်လာ နားရှုပ်မျက်စိရှုပ် ဦးနှောက်ခြောက်စရာ အတော်ကောင်းတယ်” “ သိုး ဆောင်းစာနဲ့စကားဆိုတာ ဘာလဲဆရာ” ကိုနီတွတ်ထပ်မေးတာကို ကားဒရိုင်ဘာက “အဖြူကောင်တွေရဲ့စာနဲ့စကားကိုပြောတာ” လို့ပြန် ဖြေလိုက်တယ်။ “သြော် ဘိုစာနဲ့အင်္ဂလိပ်စကားကိုပြောတာ လား” ကိုနီတွတ်က လက်ကလေးနောက်ပစ် ခါးကိုင်းပြီး ကားအားကပ်ကြည့်ရင်း မေးလိုက်ပြန်တယ်။ “ဟုတ်တယ် ဒီကားပြဿနာမလုပ်တဲ့ရက် မရှိဘူး။ စ၀ယ်တုန်းကတည်းက အုံနာကို ကျုပ်ကပြောတယ်၊ နတ်ကွန်းသွား ပြပြီး အစဉ်အလာအတိုင်းလုပ်ဖို့ပြောတာ အယုံအကြည်မရှိဘူးတဲ့။ အခုတော့ဘာလုပ်ကြမလဲ။ မောင်းနေရင်း ထိုးရပ်ရင် ရပ်သွားတတ်တယ်။ ဒီကားညဉ်ကိုမကောင်းဘူး ပြဿနာတွေကအစုံပါဗျာ” ကားဒရိုင်ဘာက သူ့ကားအကြောင်း အတင်းအရှည်ပြောပြီး စိတ်ပေါ့ပါးသွားပုံရပြီး ကိုဘလွင်ကမ်းပေးလိုက်သည့် ကွမ်းယာထုပ်ကိုယူပြီး ကားပေါ်တက်သွားတော့တယ်။

“ကားအသစ်ကြီးက ဒီလိုဖြစ်တာ နားမလည်နိုင်ဘူးဗျာ” ကိုနီတွတ်ရဲ့မှတ်ချက်သံကို ကိုဘလွင် ပခုံးတွန့်ပြရင်း ကွမ်းယာခုံကို အ၀တ်သန့် လေးနဲ့ပွတ်တိုက်သန့်စင်နေမိတယ်။ တအောင့်လောက်ကြာတော့ ကားဒရိုင်ဘာက ကသုတ်ကရက်ကားပေါ်က ပြန်ဆင်းလာပြီး “ပြဿနာ လေးပြန်ပြီဗျို့ စက်နှိုးလို့မရတော့ဘူး။ ဒီအနီးနားတ၀ိုက်မှာ ကားဝပ်ရှော့လေးများရှိသလား” ကိုဘလွင်က ချက်ခြင်းပြန်ဖြေလိုက်တယ်။ “မိုးကားဝပ်ရှော့ဆိုတာရှိတယ်။ ခေါ်ပေးရမလား” “လုပ်ပါအုံးဗျာ အုံနာရဲ့သားကို လေးနာရီခွဲအမှီ ကျူရှင်သွားကြိုရမှာ။ မိုးဝပ်ရှော့ကိုသွား ခေါ်ပေးပါလား” ကိုဘလွင်က ကိုနီတွတ်ကိုလှမ်းပြောလိုက်တော့ “ခုချက်ခြင်းခေါ်လာခဲ့မယ်” လို့ပြောရင်း ကိုနီတွတ်သူ့ဆိုက္ကားကို နင်း ထွက်သွားတယ်။

သိပ်မကြာလိုက်ပါဘူး။ ကိုနီတွတ်ဆိုက္ကားနဲ့ ၀ပ်ရှော့ဆရာ ဦးလှဒင်နဲ့ ကိုဘလွင်သား တိုးတက်တို့ ရောက်လာကြတယ်။ ဆီဂျီးအလိမ်းလိမ်းနဲ့ စွတ်ကျယ်လက်စက၀တ်ထားတဲ့ ဦးလှဒင်နဲ့ ဂွနဲ့စပန်နာတွေထည့်ထားတဲ့ ညစ်ပေတူးပြီး အရောင်မပေါ်တော့တဲ့ ပတ္တူအိတ်ကိုကိုင်ပြီး ကုပ် ကုပ်လေးရပ်နေတဲ့ တိုးတက်ကိုကြည့်ပြီး ကားဒရိုင်ဘာက ခေါင်းတရမ်းရမ်း လုပ်နေတာတွေ့ရတယ်။ “ဘယ်လိုဖြစ်တာလဲ” ဦးလှဒင်ရဲ့ မေးခွန်းကို ကားဒရိုင်ဘာက တိုတိုဘဲပြောတယ် “စက်နှိုးလို့မရဘူး” “အင်ဂျင်လည်သံကြားရလား” လို့ထပ်မေးတော့ ဘာသံမှမကြားရဘူးလို့ ပြန်ပြောတယ်။ ကျုပ်တချက်ဝင်ကြည့်လိုက်အုံးမယ်လို့ပြောပြီး ကားတံခါးကိုဆွဲဖွင့်ဖို့ ကြိုးစားတော့ ဒရိုင်ဘာက ပြာပြာသလဲ “ဟေ့လူ တစ် ခါထဲဝင်တော့မှာလား” လို့မေးလိုက်တယ်။ ဦးလှဒင်က နားမလည်သလိုပြန်ကြည့်ပြီး “ဘာဖြစ်လို့လဲ” ပြန်မေးလိုက်တဲ့အခါ “ခင်ဗျားရဲ့ ညစ်ပေနေတဲ့ ဒီအ၀တ်အစားတွေနဲ့ ကားထဲဝင်ရင် ထိုင်ခုံတွေညစ်ပတ်သွားမှာပေါ့ဗျ” လို့ ဒရိုင်ဘာက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလာတယ်။ “ဒါဆို ကျုပ်ဘာလုပ်ရမှာလဲ အ၀တ်အစားအသစ်ပြန်လဲရမှာလား” လို့ ဦးလှဒင်က အငေါ့ထူစကားဆိုလာတာနဲ့ ကိုဘလွင်လဲ မနေသာတော့ ဘဲ “ကဲပါဗျာ ကျုပ်ဆိုင်က သတင်းစာစက္ကူဟောင်းတွေ ခုံပေါ်မှာဖြန့်ခင်းပြီးဝင်ထိုင်ရင် ပေစရာအကြောင်းမရှိပါဘူး” လို့ ကြားချပေးလိုက်မှ အဆင်ပြေသွားတယ်။

ဦးလှဒင်လည်း ကားထဲဝင်ထိုင်ပြီး ဘာတွေလုပ်နေသလဲတော့မသိဘူး။ အတန်ကြာတော့ ခေါင်းလေးထွက်လာပြီး “မောင်တိုးတက်ရေ ငါ့ မျက်မှန်လေး” လို့ပြောတော့ သားတိုးတက်က အိတ်ကပ်ထဲ အသင့်ပါတဲ့မျက်မှန်ကို သူ့ဆရာဆီ တရိုတသေပေးလိုက်တယ်။ အဲဒီမှာ ကား ဒရိုင်ဘာက “၀ပ်ရှော့ဆရာ ခင်ဗျား ဘိုစာဖတ်တတ်သလား” လို့ မေးလိုက်တော့ ဦးလှဒင်က “မဖတ်တတ်ပါဘူးဗျာ” လို့ပြန်ဖြေတယ်။ “ဘာ ဖြစ်လို့မျက်မှန်လိုတာလဲ” လို့ထပ်မေးတယ်။ ဦးလှဒင်က ကားဘောနက်ဖုံးဖွင့်ဖို့ ခလုတ်ရှာနေတောလို့ပြောတော့ “ဟာဗျာ ခင်ဗျားကလဲ ဖယ်ဖယ် ကျုပ်ဖွင့်ပေးမယ်” လို့ပြောရင် ခလုတ်တစ်ခုကို လှမ်းနှိပ်ပေးလိုက်တယ်။

အဲဒါနဲ့ ဦးလှဒင်နဲ့သားတိုးတက်တို့နှစ်ယောက် ကားဘောနက်ဖုံးကိုဖွင့်ပြီး အင်ဂျင်ကို ကြည့်ကြနှိုက်ကြတယ်။ ဆယ်ငါးမိနစ်လောက်နေတော့ ဦးလှဒင် ကားခေါင်းထဲဝင်ထိုင်ပြီး စက်နှိုးကြည့်ပြန်တယ်။ အင်္ဂလိပ်လိုပြောတဲ့အသံလေးတွေ ထွက်ပေါ်လာပြီး “နှိုးမရဘူး” ကားပေါ်က ဆင်းလာပြီး ဦးလှဒင်က ကားဒရိုင်ဘာကိုလှမ်းပြောလိုက်တယ်။ “ခင်ဗျားကားက စက်ပိုင်းဆိုင်ရာ အားလုံးကောင်းတယ်။ လျှပ်စစ်ပိုင်း ဆိုင်ရာမှာ ပြဿနာရှိနေတယ်။ ဒီလိုဘီးအင်ဂျင်မျိုးကိုပြင်ဖို့ ကွန်ပျူတာနဲ့ကြည့်မှရမှာ” ဒီမှာတင် ကားဒရိုင်ဘာက “ဟာဗျာ စောစောကပြော ရောပေါ့ မပြင်နိုင်ဘူးဆိုရင်လဲ” ဗျစ်တောက်ဗျစ်တောက်ပြောရင်း သူ့မှာပါလာတဲ့ လက်ကိုင်ဖုန်းနဲ့ အလုပ်ရှုပ်နေတုန်း ဦးလှဒင်နဲ့သား တိုးတက်တို့လဲ အိတ်ကလေးဆွဲပြီး ပြန်ထွက်သွားကြတယ်။

နာရီဝက်လောက်နေတော့ အမိုးဖွင့်ဂျစ်ကားတစ်စီးနဲ့ စက်ပြင်ဆရာနှစ်ယောက်ထပ်ရောက်လာတယ်။ သူတို့ကတော့ ဦးလှဒင်တို့ထက် ပို သန့်ပြန့်တဲ့ တူညီဝတ်စုံတွေဝတ်ထားပြီး ကြိုးတန်းလန်းနဲ့ ကွန်ပျူတာစက်အသေးလေးတွေလဲ ပါလာတယ်။ ကားဒရိုင်ဘာနဲ့ အကျိုးအ ကြောင်းပြောဆိုပြီးတော့ ပါလာတဲ့ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဖို့ကြိုးစားကြပြန်တယ်။

ခဏနေတော့ စက်ပြင်ဆရာတစ်ယောက်က “ဘာဖြစ်တာလဲ မသိဘူး” ဆိုပြီး ချိတ်ထားတဲ့ ကွန်ပျူတာစက်လေးကို ပုတ်လိုက် နောက်ကျော မှာတပ်ထားတဲ့ဆော့ကတ်လေးကို ဖြုတ်လိုက် တပ်လိုက် ခလုတ်လေးတွေ နှိပ်လိုက်နဲ့လုပ်နေတုန်း နောက်ထပ်ကားသစ်ကြီးတစ်စင်း လျောခနဲ ထိုးဆိုက်လာတယ်။ “ဘာဖြစ်နေကြတာလဲ ကိုကြီးစိန်” လို့ ဒရိုင်ဘာကိုလှမ်းပြောပြီး စက်ပြင်ဆရာတွေလုပ်နေတောကို တဆက် တည်း လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ချက်ခြင်းဘဲ “ခင်ဗျားတို့လုပ်နေတာတွေ ရပ်လိုက်ပါ ကြိုးတွေဖြတ်သိမ်းလိုက်တော့” လို့ပြောရင်း “ခင်ဗျားဟာက ယူနီဗာဆယ်ဒိုင်ရာဂနော့တစ်တူး (စ်) မဟုတ်လို့ ကျွန်တော့်ကားကို ဖတ်လို့ရမှာမဟုတ်ဘူး ပြောပြန်တယ်” စက်ပြင်ဆရာ တွေ ပစ္စည်းသိမ်းပြီးတော့ သူ့ကားအကြောင်း သူကောင်းကောင်းသိပုံရတဲ့အုံနာက ကားထဲဝင်ထိုင်ပြီး ပါလာတဲ့သော့အပိုတစ်ချောင်းနဲ့ သော့ပေါက်ထဲ ထည့်လှည့်လိုက်တော့ စက်နှိုးသွားပါတော့တယ်။

“သားကိုကြိုဖို့ နောက်ကျနေပြီ။ ကျွန်တော်ပဲ သွားကြိုတော့မယ်။ ကိုကြီးစိန် ခင်ဗျားနောက်ကကားကိုသာ ပြန်မောင်းသွားတော့” လို့ပြောပြီး ထွက်သွားတော့တယ်။ ကိုကြီးစိန်ဆိုတဲ့ ကားဒရိုင်ဘာကလည်း ကိုဘလွင်ကို တစ်ချက်လှမ်းကြည့်ပြီး “တွေ့တယ်မဟုတ်လား ဒီကားက အဲ့သလိုဒုက္ခပေးတာ” လို့ပြောပြီး နောက်ကကားကို မောင်းထွက်သွားတော့တယ်။ ဆိုက္ကားသမား နီတွတ်က“အဲ့ဒါ နတ်ကွန်းမပြလို့ အပမှီ တာနေမှာ” လို့ ဘုမသိဘမသိ ၀င်ပြောလာတယ်။ “တောက်တီးတောက်တက် ကိုနီတွတ်ရယ် ဘယ်ကအပမှီရမှာလဲ ကားဒရိုင်ဘာ သူ့ ကားအကြောင်း သူမသိတာနေမှာပါ” လို့ ကိုဘလွင်ကပြန်ပြောလိုက်တုန်း “မယုံမရှိနဲ့ကိုဘလွင် ပိုင်ရာဆိုင်ရာတွေဆိုတာရှိတယ်” လို့ ပြောပြီး ကိုနီတွတ်လဲ ဆိုက္ကားနင်းပြီးထွက်သွားတော့တယ်။

ကိုဘလွင်လည်း ကွမ်းယာဆိုင်လေးရှေ့ ရေဖြန်းပြီး အမှိုက်လှည်းရင်း ဆက်ပြီးအတွေးနယ်ချဲ့မိနေတယ်။ ကားအသစ်ကြီးတွေနောက်ဆုံးပေါ်မော်ဒယ်ကားတွေ အီးအင်ဂျင်နဲ့ကားတွေချည်းဘဲအသစ်ဝင်လာရင် သားတိုးတက်တို့ရဲ့ မိုးကားဝပ်ရှော့မျိုးတွေ အလုပ်ရပါအုံးမလား။ အင်္ဂလိပ်စာကမတတ် ကွန်ပျူတာလဲနားမလည်တဲ့ ဦးလှဒင်တို့လိုစက်ပြင်ဆရာတွေ ဘယ်လိုဆက်ပြီးလုပ်စားကြမလဲ စဉ်းစားရင်း တွေးရင်း သားကြီးတိုးတက် ဘ၀အတွက် ရင်မောလာမိတယ်။ “အို ငါ့နှယ့် တစ်တီတူး မိုးပြိုမှာ ကြောက်သလိုမျိုးဖြစ်နေပြီ။ အီးအင်ဂျင်မဟုတ်တဲ့ ရိုးရိုးအင်ဂျင်နဲ့ကားတွေ ဗမာပြည်မှာ အများကြီးကျန်သေးတာဘဲ” လို့ ဖြေသိမ့်တွေးရင်း ဆိုင်ပေါ်ပြန်တက် ယာလက်စကွမ်းယာတွေ အပြီး သတ်ယာနေမိတော့တယ်။ လေပူအေးလေးတစ်ချက်အဝှေ့မှာ ညောင်ရွက်ဝါလေးတွေ တဖျောဖျော လမ်းမပေါ် ကြွေကျမစဲ နွေနေရဲ့ အပူ ဟာ ကိုဘလွင်ရင်ထဲက သောကအပူကို အနိုင်ယူနိုင်အားမရှိရှာတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to အပမှီတဲ့ကား

  1. aye min toe on August 28, 2012 at 3:06 pm

    Very good story. Now a day, we can repair cars, vehicles & heavy machinery without higher educational qualification. So, most of the Myanmar mechanic and wiring men (car electrician) are poor education level. But, for future, could be next 5 or 10 years later. Sure, mechanic or electrician with poor education level, can’t repair or diagnosis new engine.

    But, you remember, diagnosis tools (most of the our people called computer) also can’t identify problem source often.
    For right now, very less work shop in YGN only can check and repair it. But, not believe them as 100 %.

    So, try to learn more about higher technology about engine control system.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်