“ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာနာမည်သက်သက်ပါပဲ” – talk with Dr. Jacques P. Leider – part one
August 27, 2012
Yangon Press International
သြဂုတ် ၂၇၊ ၂၀၁၂
ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)
ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။
“ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်”
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ အုပ်စုလိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ရသည်။ အစိုးရစာရင်းဇယားများအရ လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုဆိုသည်။ ယင်းပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့ပါသည်။
ရှုပ်ထွေးနက်နဲလှသော ယင်းအရေးအခင်း၏ နောက်ကွယ်မှ ဇာစ်မြစ်များက ဘာတွေပါလဲ၊ နိုင်ငံတကာက ဝေဖန်ထိုးနှက်မှုများက ပကတိအရှိတရားများနှင့် ဆီလျော်မှုရှိ၊ မရှိ၊ နောက်ပိုင်းမှာ အလားတူ အရေး အခင်းမျိုး မပေါ်ပေါက်အောင် ဘယ်လိုကာကွယ်ကြမည်နည်း အစရှိသည့် မေးခွန်း များကို ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ (Dr. Jacques P. Leider) အား ဇူလိုင်လ အတွင်း ၄င်းရန်ကုန်ရောက်နေစဉ်မှာ မော်ကွန်းက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။
ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါသည် ပြင်သစ်နိုင်ငံ အရှေ့တိုင်း ပညာရပ်များ လေ့လာရေးဌာန အကြီးအကဲတစ်ဦးဖြစ်ပြီး အရှေ့ တောင်အာရှ (အထူးသဖြင့် မြန်မာ့အရေးနှင့် ထိုင်းနိုင်ငံအရေးတို့)ကို နှစ်ပေါင်း ၂၀ ၀န်းကျင် လေ့လာထားသူဖြစ်သည်။ သူကိုယ် တိုင်လည်း အရှေ့တောင်အာရှတွင် နေထိုင်နေသူဖြစ်သည်။ မြန်မာ့အရေးကို အထူးပြုလေ့လာထားသူဖြစ်ပြီး ရခိုင်အ ရေးနှင့်ပတ်သက်သည့် စာတမ်းများ၊ စာအုပ်များကို ရေးသားနေသူ ဒေါက်တာဂျာ့က်ပီ၊လိုက်ဒါ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အယူအဆများကို မြန်မာစာဖတ်ပရိသတ်များ ဖတ်ရှုဝေဖန်ဆန်းစစ်နိုင်ကြစေရန် မော်ကွန်းက တင်ပြလိုက် ပါသည်။
MAWKUN – ရိုဟင်ဂျာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကဘာပါလဲ။
LEIDER – ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေပြောကြသလို ဒီစကား လုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့ စကားလုံး တော့ မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအ ကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ် ပုဒ်ထဲမှာ ဒီအသုံးအနှုန်းကို သွားတွေ့တယ်။ သူကဘာပြောထား သလဲဆိုတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ ရခိုင်မှာနေထိုင် ကြတဲ့ မွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြတဲ့အသုံး အနှုန်းဆိုပြီး ပြောထားတယ်။ ဘယ်ကနေ ဒီစကားလုံး ဆင်းသက် လာသလဲဆိုရင် ရခိုင်တွေကို ဘင်္ဂါလီတွေခေါ်တဲ့ ရိုရှန်း (Roshanga) ဆိုတဲ့ ဘင်္ဂါလီနာမည်ကနေ ဆင်းသက်လာတာပဲ။ ဒါပေမဲ့ လူတွေက ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို လှပအောင်စိတ်ကူး ယဉ်ပြီး ရှင်းလင်းချက်တွေ ထုတ်ချင်ကြတယ်။ အစောပိုင်း စာပေ တွေထဲမှာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို တွေ့ရမယ့်ပုံမပေါ်ဘူး။ ဗြိတိသျှကိုလိုနီအထောက်အထားတွေထဲမှာ ၁၈၇၀ မတိုင်မီက ရခိုင်မှာရှိကြတဲ့ မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာ က အတော့်ကို နည်းပါတယ်။
MAWKUN – စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဧရိယာ တစ်ဝိုက်မှာ ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှုတွေ လိုက်လုပ်ကြည့် သလောက်တော့ အဲဒီမှာ ဘင်္ဂါလီအတော်များများက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ကြားတောင်မကြားဖူးဘူးလို့ဆိုတယ်။ (သူတို့ ကို အင်တာဗျူးတဲ့အခါမှာ ဘာသာပြန်ကတစ်ဆင့်ပေါ့လေ။ ဘာ လို့လဲဆိုတော့ သူတို့ဘာသာစကားကို ကျွန်တော်တို့ နားမလည် လို့ဘဲ။ ကျွန်တော်တို့ မြန်မာစကားကိုလည်း သူတို့အတော်များ များ နားမလည်ကြဘူး။) နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာဆိုပြီး သိနေကြတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို အဲဒီဒေသကလူအများစု က ကြားတောင်မကြားဖူးကြဘူး ဖြစ်နေတယ်ဗျ။
LEIDER – ခင်ဗျားတို့ပြောတဲ့ဟာကို ကျွန်တော်တော့ အတည်မပြုနိုင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတစ် ယောက်အနေနဲ့ အဲဒီဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားလို့မရခဲ့ဘူးဆိုတော့။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာရော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာရော ကျွန်တော်ကြားခဲ့ရတာက ရခိုင် ဒေသမှာရှိတဲ့ မွတ်ဆလင်အားလုံးက သူတို့ကို ရိုဟင်ဂျာအဖြစ် ရည်òန်းပြောဆိုတာမျိုးကို မခံချင်ကြဘူးလို့ ဆိုတယ်။ ရခိုင်မွတ် ဆလင်လို့ပဲ အခေါ်ခံချင်ကြတာတဲ့။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။ မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသ က မွတ်ဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ် ခွဲထုတ်သတ် မှတ်ဖို့အတွက် ဒီစကားလုံးကို ပြည်လည်ဖော်ထုတ်လိုက်ကြတာပဲ။ ဘာနဲ့နှိုင်းလို့ရသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ တရုတ်မွတ် ဆလင်တွေကိုခေါ်တဲ့ “ပန်းသေး” ဆိုတဲ့ နာမည်နဲ့နှိုင်းရင် ရကောင်းရနိုင်တယ်။
MAWKUN — ပြည်ပက ဘင်္ဂါလီပညာတတ်တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို လူသိများအောင် လုပ်နေကြတဲ့ နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ ဘယ်လိုအကြောင်းပြချက်တွေရှိ နေနိုင်လဲ။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေပါလို့ ခေါ်ဝေါ်သမုတ် ကြတဲ့ ဘင်္ဂါလီတွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံချင် နေကြတာက နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေကြတယ် ဆိုပြီးတော့ မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။
LEIDER – ခင်ဗျားတို့ပြောတဲ့ မွတ်ဆလင်ခေါင်း ဆောင်တွေဟာ ဟိုးအရင်က ရခိုင်ဘုရင့်နိုင်ငံတော်မှာရှိခဲ့တဲ့ မွတ်ဆလင်သမိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့လူအစုအဖွဲ့ကို နာမည် တစ်ခုပေးနိုင်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ ကြတယ်။ တိုင်းရင်းသားအဖြစ် တောင်းဆိုတဲ့ဟာနဲ့ နိုင်ငံသား ဖြစ်ရေး တောင်းဆိုတဲ့ကိစ္စကိုလည်း ချိတ်ထားကြတယ်။ နိုင်ငံ တကာမီဒီယာတွေကလည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မွေး စားပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီဆိုတော့ သူတို့ရဲ့ရွေး ချယ်မှုဟာ မဟာဗျူဟာအရ အောင်မြင်တယ်။ ပြည်တွင်းမှာရှိတဲ့ အိန္ဒိယလူမျိုးတွေက သူတို့ဟာ တိုင်းရင်းသား အဖွဲ့အစုတစ်ခု ဖြစ်ပါတယ်လို့ မပြောကြပါဘူး။ မတောင်းဆိုကြဘူး။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ရည်ညွှန်းပြောဆိုနေတာဟာ မြန်မာပြည်လွတ်လပ်ရေးမရခင်နဲ့ ရပြီးနောက်ပိုင်းတွေမှာ တောင်းဆိုခဲ့ကြတာကို ရည်ညွှန်းတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိလွှတ်တော်မှာ ရွေးကောက်တင် မြှောက်ခံရတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ခံဆွေးနွေးကြတာကို ကျွန်တော်မကြားမိဘူး။
သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင် အဓိက အချက်နှစ်ချက် ကို ပြန်သတိရရမယ်။ ပထမအချက်က ရခိုင်မှာရှိတဲ့ မွတ်ဆလင် အများစုက သူတို့ရဲ့ဇာစ်မြစ်ကို ဗြိတိသျှကိုလိုနီခေတ်အတွင်း ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ရွှေ့ပြောင်းလာကြတာနဲ့ ခြေရာခံ ကြတယ်။ ဒါအရေးကြီးပြီး ၁၈၇၀ နှောင်းပိုင်း ၂၀ ရာစုရဲ့ အစော ပိုင်းဆယ်စုနှစ်တွေအထိ မှတ်တမ်းတင်ထားတာရှိတယ်။ ကုန် စည်ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေ၊ ဆိပ်ကမ်းအလုပ် တွေ၊ ဒါမှမဟုတ် ဗြိတိသျှအစိုးရအောက်မှာ အမှုထမ်းတဲ့ အိန္ဒိယ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့မတူတာက ဘင်္ဂါလီတွေက လယ် ယာလုပ်ငန်းလုပ်တဲ့အလုပ်ကို အများစုလုပ်ကြတယ်။ နောက် ဒုတိယအချက်က ကိုလိုနီခေတ်မတိုင်မီကတည်းက ရခိုင်မှာ အရင်က မွတ်ဆလင်အသိုင်းအ၀ိုင်းဆိုတာ ရှိနေခဲ့တယ်။ ဒီမွတ် ဆလင် အသိုင်းအ၀ိုင်းဟာ ၁၅ ရာစုနှောင်းပိုင်းကစပြီး ပါရှား အနွယ်ဝင်တွေ၊ အိန္ဒိယအနွယ်ဝင်တွေနဲ့ ရောထွေးခဲ့တာဖြစ်နိုင်တယ်။
ရခိုင်ဘုရင်တွေ စစ်တကောင်းကို ထိန်းချုပ်ပြီးနောက်ပိုင်း (မင်းဖလောင်း(၁၅၇၁-၉၃) စိုးစံတဲ့ကာလအလယ်လောက်ဖြစ် မယ်)နိုင်ငံတော်အတွင်းက အုပ်ချုပ်ခံလူအများစုဟာ မွတ်ဆလင် တွေဖြစ်တယ်။ ၁၇ ရာစုအစောပိုင်းမှာ ရခိုင်ဘုရင်တွေဟာ မဂိုတို့ ရဲ့ ကျူးကျော်မှုကို တိုက်ထုတ်ဖို့ အရှေ့ဘင်္ဂေါကို ၀င်ရောက်စီးနင်း ကြတယ်။ ရခိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒက မွတ်ဆလင်ဆန့်ကျင်ရေး မဟုတ်ခဲ့ဘူး။ မဂိုဆန့်ကျင်ရေးပဲဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရား ရခိုင်ကိုအနိုင်ရသွားပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အကြာမှာ ရခိုင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်ဆလင်ဘာသာဝင်တွေ ရော အတော်များများ အရှေ့တောင်ဘဂေါနယ်ဘက်ကို အခြေ သွားချကြတယ်။ နောက်တော့ အဲဒီဒေသမှာရှိနေခဲ့တဲ့ လူအစု အဖွဲ့ကို ရွှေ့ပြောင်းအခြေချကြတဲ့သူတွေ မြောက်မြားစွာက ၀ါးမျို လိုက်ကြတယ်။ နောက်တော့ အစုအဖွဲ့နှစ်ခုကနေ ဆင်းသက်လာ တဲ့သူတွေဟာ အစု အဖွဲ့တစ်ခုတည်းအဖြစ် ပျော်ဝင်သွားကြတယ်။
MAWKUN -မကြာသေးခင်ကဖြစ်သွားခဲ့တဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲ။
LEIDER – အဲဒီအတွက် (ကျွန်တော်ဖြေမယ့်)အဖြေက ရေတိုအမြင်ကလာတာထက် ရေရှည်အမြင်ကနေလာတာပါ။ ဒီပဋိပက္ခက အသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားအထိ ရောက်သွားတယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများကို ကြည့်မယ်ဆိုရင် လူဝင်၊ လူထွက် ကို ကြီးကြပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ရခိုင်ဒေသကို လာရောက် အခြေချတဲ့ အိန္ဒိယအလုပ်သမားတွေကို ဗြိတိသျှက မထိန်းချုပ် ခဲ့ဘူး။ မတူညီတဲ့ လူအစုအဖွဲ့နှစ်ခုအကြား တင်းမာမှုတွေမြင့် တက်လာချိန် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာကတည်းက ဒီနှစ်ဖွဲ့ အကြားမှာ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာမယ့်၊ ခိုက်ရန်တွေဖြစ် လာမယ့်အခြေအနေကို လေ့လာသူတွေ ကြိုတင်သိမြင်ခဲ့ကြ တယ်။
၁၉၄၂ ခုနှစ် မြန်မာကို ဂျပန်တွေကျူးကျော်လာတော့ လူထောင်ပေါင်းများစွာဟာ အိန္ဒိယဘက် ထွက်ပြေးသွားကြ တယ်။ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာတယ်။ လွတ်လပ်ရေးရပြီး ချိန်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအနေနဲ့ လူနည်းစု (ဒါပေမဲ့ သူတို့ရှိတဲ့ဒေသတွေမှာတော့ အားကြီးတဲ့လူ အများစု) မွတ်ဆလင်တွေဟာ ရခိုင်လူ့အဖွဲ့အစည်းထဲမှာ ပူး ပေါင်းပြီး သဟဇာတ ဖြစ်အောင်နေဖို့ မရည်ရွယ်ကြတော့ဘူး။ အဲဒီလိုနေမယ့်အစား သူတို့ရဲ့ သီးသန့်ဖြစ်တည်နေတဲ့ ၀ိသေသ လက္ခဏာတွေကို ကာကွယ်ဖို့ကိုပဲ သူတို့လိုလားကြတယ်။
မွတ် ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရ ရော မတူကွဲပြား၊ သီးခြားဖြစ်နေကြပြီး အုပ်စုနှစ်စုကြားက တင်း မာမှုကတော့ ယုတ်လျော့ ရပ်စဲသွားတာမရှိခဲ့ဘူး။ ၁၉၆၂ ခုနှစ် နှောင်းပိုင်းမှာလည်း ဒီအခြေအနေဟာ ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ နှစ်ဖက်နိုင်ငံက အစိုးရ တွေ (နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဖြစ်လာမယ့် အရှေ့ပါကစ္စတန် အစိုးရကတစ်ဖက်၊ မြန်မာအစိုးရက တစ်ဖက်) က ဒီအခြေအနေကို ခေါင်းချင်းဆိုင် မဖြေရှင်း၊ မကိုင် တွယ်ခဲ့ကြဘူး။ ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေ၊ နေရာရွှေ့ပြောင်းကျက် စားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာတွေဟာ အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့တယ်။
မွတ် ဆလင်တွေကိုယ်စား ပဋိပက္ခကို ဥပဒေဆိုင်ရာ အခွင့်အရေးကင်း မဲ့မှုလို့ အများစုက ဖော်ပြကြတယ်။ လိုရင်လိုသလို၊ မလိုရင် မလို သလို လုပ်နေတာတွေက အများကြီးပဲ။ ၁၉၅၀ ပြည့်လွန်နှစ် တွေမှာ မွတ်ဆလင်တွေဟာ မဲပေးပိုင်ခွင့်တောင် ရခဲ့ကြပေမဲ့ ၁၉၈၂ ခုနှစ်နှောင်းပိုင်းမှာ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ နောက်ကို ပြန်အတွန်းထုတ်ခံရတယ်။ နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုပြီး အငြင်း ခံရတယ်။ ယေဘုယျပြောရရင် ဒေသတွင်းအားပြိုင်မှုတွေကို အမြတ်ထုတ်နေတဲ့ တစ်ချိန်တည်းမှာ မွတ်ဆလင်နဲ့ ရခိုင်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို ထိန်းချုပ်ဖို့ အစိုးရမူဝါဒက ရည်ရွယ် ထားခဲ့တယ်။ ဗုဒ္ဓဘာသာရခိုင် တွေရဲ့အမြင်မှာ သူတို့ရဲ့ဖြစ်တည် မှုဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတယ်။
ပြီးတော့ သူတို့မြေပေါ်က မွတ်ဆလင်အမြောက်အမြားကို တိုင်းတစ်ပါး သားတွေအဖြစ် မြင်နေကြတဲ့အတွက်ကြောင့် ဒီပဋိပက္ခဟာ ယဉ် ကျေးမှုအရ ဖြေရှင်းလို့မရတဲ့ ပြဿနာအဖြစ် အမြဲဆက်ရှိနေလိမ့် မယ်လို့ ခံယူထားကြတယ်။ မွတ်ဆလင်နဲ့ ဗုဒ္ခဘာသာဝင် နှစ်ဖက် စလုံးအနေနဲ့ အတိတ်ကအကြောင်းတွေကို တစ်ဖက်သက် အဓိပ္ပာယ်ကောက်ယူတာကနေရရှိလာတဲ့ တရားဝင်ဖြစ်မှုကို မြစ် ဖျားခံပြီး ကိုယ့်အ၀န်းအ၀ိုင်းအပေါ်မှာပဲ ကိုယ်စားပြုအာရုံစိုက်၊ ယိမ်းယိုင်ကြတာဟာ (ပဋိပက္ခပြေလည်ရေးအတွက်) အထောက် အကူမဖြစ်ပါဘူး။ နယ်မြေရဲ့ သမိုင်းကြောင်းပေါ်မှာ နှစ်ဖက်စလုံး က တူညီတဲ့အမြင်မရှိတဲ့အခါမှာ ရခိုင်မှာ ကျွန်တော်တို့တွေ့ကြတဲ့ အတိုင်း တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ် လုံးလုံးကင်းနေကြ တယ်။
အဲဒီအခါမှာ ပဋိပက္ခဟာ ပိုပြီးဆိုးရွားလာတယ်။ ပဋိပက္ခက ရေတိုဖြေရှင်းနည်းနဲ့ ဖြေရှင်းလို့မရနိုင်လောက်အောင် ကြီးမား တယ်။ ဒါမှမဟုတ် အစိုးရဟာ ပိုကောင်းမွန်တဲ့ လုံခြုံရေးမူဝါဒ တွေနဲ့ နှစ်ဖက်အကြား ကွာဟမှုကို ကုစားပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်လို့မရလောက်အောင် နှစ်ဖက်အကြား ကွာဟမှုကြီးက ကြီးမားတယ်။
MAWKUN – ရခိုင်ပဋိပက္ခကို ညွှန်းဆိုကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတချို့နဲ့ အချို့အဖွဲ့တွေက “လူမျိုးတုံးသတ်ဖြတ်မှု (genocide)”၊ “တိုင်း ရင်းသား သုတ်သင်ရှင်းလင်းမှု (ethnic cleansing)” စတဲ့ စကားလုံးတွေကို သုံးကြတာတွေ့ရတယ်။ The New York Times မှာပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခတစ် ယောက်ရေးတဲ့ အတွေးအမြင်ဆောင်းပါးမှာဆိုရင် “တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု” ဆိုတဲ့ စကားလုံးကို သုံးသွားတယ်။ ဒီစကားလုံးတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပကတိအခြေ အနေကို ထင်ဟပ်ကြ သလား။
LEIDER – အဲဒီလို အစွန်းရောက်တဲ့ ထုတ်ဖော်ပြော ဆိုမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။ ဒီပဋိပက္ခ ဟာ ငါ့လူမျိုးက သူ့လူမျိုးထက်သာတယ်ဆိုတဲ့ လူတွေဆင်နွှဲတဲ့ စစ်ပွဲမဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ဘာသာက ပိုကောင်းတယ် ဆိုပြီး တိုက်ကြခိုက်ကြတာလည်း မဟုတ်ပါဘူး။ ၀ါဒဖြန့်ချိရေး စစ်ပွဲဟာ (အထူးသဖြင့် အင်တာနက်ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တဲ့ အသုံးအနှုန်းတွေသုံးကြတာဟာ) ပဋိပက္ခရဲ့ သဘောသဘာဝကို ဖော်ပြရာမရောက်ပါဘူး။ အဖြစ်မှန်က ဘာလဲဆိုတော့ ရွှေ့ပြောင်းလာတဲ့ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေဟာ သူတို့မဖန်တီးတဲ့ သမိုင်းအခြေအနေတွေမှာ အတူ တူ အထားခံကြရတယ်။
သူတို့ဘ၀ မရေရာမသေချာမှုတွေ၊ ဥပဒေအရ အကာအကွယ်မဲ့မှုတွေကြောင့် ရိုဟင်ဂျာဆိုသူတွေကို တိုင်းမဲ့ပြည်မဲ့လို့ခေါ် ရင် ရခိုင်တွေကို ပြောရေးဆိုခွင့်မဲ့သူတွေလို့ ခေါ်ရမယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာစုနှစ်နှစ်ခုလုံး ရခိုင်တွေဟာ အသိမ်းပိုက်ခံ၊ အအုပ်ချုပ်ခံ၊ အဖိနှိပ်ခံရပြီး အမြဲတမ်းရှုံးနိမ့်မှုတွေကို တစ်လျှောက်လုံးခံစားခဲ့ကြရတဲ့ သမိုင်းကြောင်းရှိနေလို့ပဲ။ ကုန်ကုန်ပြောရရင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ နှစ်ပေါင်းများစွာ သူတို့ရင်ထဲ ကိန်းအောင်းလာခဲ့တဲ့ မျှော်လင့်ချက်ကင်းမဲ့ နေမှုတွေ၊ ဒေါသတွေကို ထုတ်လွှတ်လိုက်တာပဲ။ ဒါတွေကို ထိပ် တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းနဲ့ ထုတ်ပြလိုက်တာပဲ။
လက်တလော အဖြစ်အပျက်က ပြစ်မှုဆိုင်ရာကျူးလွန်တဲ့ကိစ္စနဲ့စဖြစ်ခဲ့တာပါ။ ရခိုင်အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စမှာ ရဲရဲ့အလုပ်က တရား ခံကိုလိုက်ရှာပြီး ဖမ်းဆီးရမယ့်အလုပ်ပါ။ အချိန်တိုတိုအတွင်းထိရောက်အောင် မလုပ်နိုင်ခဲ့တဲ့အခါမှာ မွတ်ဆလင်အဖွဲ့ကို အ ကြောင်းမဲ့သတ်ဖြတ်တဲ့ ကိစ္စဖြစ်လာအောင် အစပျိုးပေးလိုက်သလိုဖြစ်သွားတယ်။ အဲဒီအချိန်ကစလို့ ရက်ရက်စက်စက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဖော်ညွှန်းလိုက်တဲ့အခါမှာ တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းခဲ့ကြ တယ်။
အဲဒီအခါမှာ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်း အရင်းတွေ (ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့သမျှ အရင်းခံ အကြောင်းတရားတွေ)နဲ့ ပတ်သက်တဲ့အမြင်တွေကိုေ၀၀ါးသွားစေခဲ့တယ်။ တခြားနေရာတွေမှာလိုပဲ ဒီမှာလည်း လူတွေဟာ အခြေခံအားဖြင့် တရားမျှတမှု၊ တိုးတက်မှုနဲ့ သူတို့ရဲ့ ဖြစ်တည်မှု တွေနဲ့ပတ်သက်ပြီး အခိုင်အမာရချင်ကြတာပဲ။
တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတဲ့အနေအထားမှာ အစိုးရယူရမယ့်တာဝန်ကတော့ သူတို့ကို ဖျန်ဖြေပြီး ခွဲထားလိုက်ဖို့ပဲ။ ဒါပေမဲ့ ခွဲထားတယ်ဆိုတာ လုံခြုံရေးအရ ရေတိုထက်မပိုရပါဘူး။ မကြာခင်မှာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားထားတယ်လို့ အဝေဖန်ခံရပါလိမ့်မယ်။
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, အင်တာဗျူး
8 Responses to “ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာနာမည်သက်သက်ပါပဲ” – talk with Dr. Jacques P. Leider – part one
  1. yee on August 28, 2012 at 10:12 am
    “မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသ က မွတ်ဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ် ခွဲထုတ်သတ် မှတ်ဖို့အတွက် ဒီစကားလုံးကို ပြည်လည်ဖော်ထုတ်လိုက်ကြတာပဲ။ ”
    This is very dangerous statement. Did Leider want us to ignore the illegal entry fo bengali?
  2. Robert on August 28, 2012 at 10:20 am
    Where is original interview?
  3. Win Ko on August 28, 2012 at 12:27 pm
    ဘင်္ဂါလီလူမျိုးတွေက မြန်မာနိုင်ငံထဲကိုကျူးကျော်တယ်လို့ ကမ္ဘာ့နိုင်ငံတွေက မမြင်ရလေအောင် တိုင်းရင်းသားတမျိုးအဖြစ်ဖန်တီးထားကြတယ်…လိမ်နေကြတာကြာလှပါပြီး..ဒါဟာ..နိုင်ငံတကာကိုအားမနာတာ တမျိုးပေ…မထီမဲ့မြင်လုပ်နေတာပေ… ဒါကို မွတ်ဆလင်နိုင်ငံတွေက မသိချင်ယောင်ဆောင်ပြီး ကူညီပေးလိုက် ဝါဒဖြန့်ပေးလိုက် လုပ်နေကြတယ်..
  4. Win Khine on August 28, 2012 at 12:32 pm
    Bangali(so call Rohingya) is real Bangali. They are lies. Bangali(so call Rohingya) not ethnic in Myanamr. They are real Bangali. They are murders or terrorist.
  5. darthar on August 28, 2012 at 5:36 pm
    ကောင်းသလိုလိုနဲ့ တော်တော်ပဲ့တာပဲ
  6. clear crystal. on August 28, 2012 at 6:57 pm
    Very remarkable article,hear from well experienced and qualified person. The Extremist or Racist, may be,dislike,his briefs,but, fair and well knowledge persons will agree and accept his true,and reality words, that, he have found out correctly,by his strong,and well known history,with proofs.
  7. honey on August 28, 2012 at 8:43 pm
    ပြသာနာကတမင်အကွက်ချထားသလိုပဲ…
    ဂျမတ်ထွက်လာသောအစ္စလာမ်ဘာသာဝင်တွေ
    ကားဂိတ်ရောက်နေတာဘာသာခြားရခိုင်တွေက
    မည်သို့မှမသိနိုင်ပါ။
    ရိုဟင်ဂျာအဖွဲ့အကြမ်းဖက်သမားများမှ
    မြန်မာမူဆလင်ဂျမတ်အဖွဲ့သားများကို
    ရိုက်ပြီးရခိုင်ဒေသခံတွေကသတ်ဖြတ်ပါသည်ဟု
    သတင်းလွင့်ခြင်းသာ..
    သတ်ဖြတ်သောသူတွေကဘင်္ဂါလားရှေ့ဘက်ကို
    ဖြတ်ပြေးဝင်ေ၇ာက်တိမ်းရှောင်
    မုဒိန်းကျင့်ခိုင်းပြီးသတ်ဖြတ်မှုတွင်
    ရိုဟင်ဂျာအကြမ်းဖက်သမားများရဲ့စေခိုင်းမှုကြောင့်သာ
    ရခိုင်ကိုအစ္စလာမ်ပြည်နယ်ထူတောင်ကာ
    တာလီဘန်နာမည်ပြောင်းရိုဟင်ဂျာတွေခိုအောင်းနေထိုင်ခြင်း
    ကိုရှေ့ရူခြင်း..သာ…
    အဆင်ပြေကြပါစေ..
  8. သာထွန်းဝေ on September 2, 2012 at 9:40 am
    သေချာပါတယ်ဗျာ ဒီပဲယင်း လုပ်ကြံမှု့  လို အကွက်ချ စီမံခဲ့ကြတာပါ …..တရားဥပဒေ စိုးမိုးမှု ဆိုတာဗလာနန္ထိပဲ ဒေသခံ တိုင်းရင်းသားတွေ ဟာထာဝရ မြေဇာပင် မဖြစ်သင့်ပါ
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်