fbpx

ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လအေမြန်မာမိသားစု တွေ့ဆုံပွဲ နေရာသတ်မှတ်ပြီ

August 28, 2012

မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၈၊ ၂၀၁၂

လက်ခံရရှိသော သတင်းထုတ်ပြန်ချက်အရ အောက်ဖော်ပြပါနေရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လ်အေဒေသကြီးရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ LA Convention Center, South Wing Hall G တွင် အောက်တိုဘာ ၂၊ အင်္ဂါနေ့၊ ညနေ ၂ နာရီ မှ ၃ နာရီ ခွဲ အထိဖြစ်ကြောင်း ဖော်ပြထားသည်။

နေရာချထားရေးနှင့် လုံခြုံရေးအတွက် အောက်ပါညွှန်ကြားချက်ကိုပါ အသိပေးထားသည်ကို ၎င်းတို့ စာမျက်နှာတွင် တင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ဖွား မိသားစုများ Los Angeles မြို့တွင် တွေ့ဆုံပွဲ၌ လုံခြုံရေး တင်းကျပ်စွာ စိစစ်ပါမည်။ ဦးရာလူ အရင်ဝင်စနစ် ကျင့်သုံးပါမည်။ သို့ပါသောကြောင့် ပွဲတက်ရောက်မည့်ဧည့်ပရိသတ်များသည် အတတ်နိုင်ဆုံး စောလျင်စွာ ကြွရောက်ပြီး ၁နာရီ ၃၀ မိနစ် နောက်ဆုံးထားကာ ခန်းမအတွင်း ၀င်ရောက် နေရာယူကြရမည်ဖြစ်ပါသည်။

၁၂ နာရီ ၃၀ မိနစ်တွင် ဂိတ်တံခါးများ စတင်ဖွင့်ပါမည်။ တဦးချင်းစီ လုံခြုံရေးစစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပေးပါမည်။ ဝင်ရောက် ပြီးသူများ အပြင်ပြန်ထွက်လိုကထွက်နိုင်သော်လည်း ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ထပ်မံ ခံယူရပါမည်။

ခန်းမတံခါးကို ၁ နာရီ ၄၅ မိနစ်တွင် အတိအကျ ပိတ်ပါမည်။ ခန်းမတံခါး ပိတ်ပြီးလျှင် တာဝန်ကျသူများမှ အပ မည်သူမျှ၊  မည်သို့ သော အကြောင်းကြောင်းနှင့်မှ ခန်းမကြီးအတွင်း ဝင်ခွင့် မပေးတော့ပါ။ အကြောင်းတစုံတရာကြောင့် အပြင်ထွက်ခဲ့လျှင် (ဥပမာ၊ ၊ ဖုန်းထွက် ပြောခြင်း) ခန်းမအတွင်းသို့ ပြန်ဝင်ခွင့်မရနိုင်တော့ပါ။

မှတ်ချက် – အရေးပေါ်ကိစ္စ ရှိခဲ့သော်၊ လုံခြုံရေးကို အသိပေးပြီး ခန်းမတွင်းမှ ထွက်ခွင့်ပေးပါမည်။ တစုံတဦး၏ အဝင် အထွက် လှုပ်ရှားမှုကြောင့် ပွဲတက်ရောက်သူ အခြားပရိသတ်များ အနှောက်အယှက် မဖြစ်စေရန် မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် ပဏာမဧည့်ခံမှု အစီအစဉ်များကို နေ့လည်၁ နာရီတွင်စတင်ပါမည်။

(မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုထောက်ကူပြုအဖွဲ့လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝခရီး၊ မကြာသေးမီက သွားရောက်ခဲ့သော ထိုင်းနိုင်ငံ နှင့် ဥရောပခရီးစဉ် ဓါတ်ပုံ မှတ်တမ်းများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော သြဝါဒစကားများကို ဆလိုက်ထိုးပြသပါမည်။  အမျိုးသားရေးနှင့်သက်ဆိုင် သော တေးဂီတများဖြင့် ဧည့်ပရိသတ်ကို ဧည့်ခံမှုပြုပါမည်။)

အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (Los Angeles) …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)