ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ နေရာ – University of San Francisco အဖြစ်အတည်ပြုလိုက်ပြီ

September 5, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ နေရာ – University of San Francisco အဖြစ်အတည်ပြုလိုက်ပြီ

နေ့စွဲ – ၂၀၁၂ ခုနှစ်။ စက်တင်ဘာလ ၃ ရက်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် 2335 Golden Gate Avenue, San Francisco, CA 94118 ရှိ University of San Francisco – War Memorial Gym၌ နံနက် ၉း၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

အခမ်းအနားကျင်းပရာ ခန်းမကို နံနက် ၇း၃၀ နာရီတွင် စတင်ဖွင့်လှစ်၍ ဧည့်ပရိသတ်များ ၀င်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် ခန်းမတံခါး ပိတ်မည်ဖြစ်သည်။ အခမ်းအနား တက်ရောက်လိုသူများအနေဖြင့် http://suu-sf.blogspot.com တွင် စာရင်းပေးသွင်းနိုင်ပြီး အခမ်းအနားကျင်းပမည့်နေ့မတိုင်မီ ၀င်ခွင့်လက်မှတ် (သို့မဟုတ်) ဖိတ်ကြားလွှာများ ရရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းများမေးမြန်းလိုပါက မေးခွန်းများကို http://suu-sf.blogspot.com  တွင် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ဖြည့်စွက်မေးမြန်းနိုင်ပါသည်။ လက်ဆောင်ပစ္စည်းလက်ခံခြင်း၊ ၀င်ခွင့်စိစစ်ခြင်း အစရှိသည့် အခမ်းအနားနှင့်ပတ်သက်သော အကြောင်းအရာများကို http://suu-sf.blogspot.com  ရှိ ‘မေးခွန်းနှင့် အဖြေများ’ ခေါင်းစဉ်အောက်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။

သတင်းပြန်ကြားရေးအဖွဲ့

တွေ့ဆုံပွဲကျင်းပရေးကော်မတီ

ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

For

Immediate  Release                                             
Media Contact:

September 3 2012
Yasmin Vanya (408)-250-6227

Nyunt Than (510)-220-1323

Press Release about Daw Aung San Suu Kyi and Burmese Community

Meeting’s Location and some other details.

The President of National League for Democracy and Nobel Peace Laureate, Daw Aung San Suu Kyi will be meeting with San Francisco Bay Area Burmese Community on September 29, 2012 at University of San Francisco’s War Memorial Gymnasium located at 2335 Golden Gate Ave, San Francisco, CA 94118 from 9:30 am to 11:00 am.

The doors will be open at 7:30 am and the audience can start entering the gymnasium. At 9:00 am the doors will be closed. Anyone wishing to attend this event must register at http://suu-sf.blogpost.com and will receive admission tickets or invitations prior to the event.
For those who would like to ask questions to Daw Aung San Suu Kyi must submit their questions to http://suu-sf.blogpost.com by September 22, 2012. For event related questions and answers. Please refer to “Questions and Answers” section of the http://suu-sf.blogpost.com.

If you are interested and would like to get more information, please contact the local representatives of the information and media committee. For additional information (in English),  please contact Ko Nyunt Than (510)-220-1323 or Yasmin Vanya  (408)-250-6227

Media / News Group Community Meeting Organizing Committee, San Francisco Bay Area

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကြော်ငြာကဏ္ဍ, နိုင်ငံတကာရေးရာ

One Response to ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ နေရာ – University of San Francisco အဖြစ်အတည်ပြုလိုက်ပြီ

  1. Minn on September 5, 2012 at 2:31 pm

    oh….they also accept present!!!!!!!!!!!!!!!!!!!!!!!!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်