ဖလော်ရီဒါ၊ ဘိုကာရာတန် က မြန်မာစာပေဟောပြောပွဲ မြင်ကွင်း

September 5, 2012

ကိုထွန်းလင်း၊ ယူအင်န်အိုဘီ၊ သတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၅၊ ၂၀၁၂

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။

စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။

ယခု စာပေဟောပြောပွဲမှာ ဖလော်ရီဒါပြည်နယ် အတွက် ပထမဦးဆုံး အကြိမ်ဖြစ်သည့် အားလျော်စွာ တတ်ရောက် လာခဲ့ကြသည့် စာပေ ၀ါသနာရှင်များ မှလည်း စိတ်ဝင်တစား နားထောင်ခဲ့ကြသလို ဟောပြောပေးသည့် ပညာရှင်များ ဖက်မှလည်း အားရ၀မ်းသာ ရှိခဲ့ကြကြောင်း ကြားသိရသည့် အတွက် UNOB အသင်းသား /သူ များမှ များစွာ ကျေးဇူးတင် ပီတိ ဖြစ်ကြရပါသည်။

အချိန်လု၍ အတတ်နိုင်ဆုံးကြိုးစား ကြသော်လည်း အားနည်းချက် ချွတ်ယွင်းချက်များ ရှိနေမည်မှာ မလွဲပါ။ ယခု အတွေ့အကြုံကို ယူ၍ နောက်လာမည့် ပွဲများတွင် ပိုမို ကောင်းမွန်အောင် ကြိုးစားကြပါဦးမည်။ စာပေဟောပြောပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများနဲ့ Hightlight Video ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ ဟောပြောပွဲတွင် မှတ်တမ်းတင် ရိုက်ကူးထားသော video အပြည့်အစုံကို ရက် အနည်းငယ်အတွင်း ကြည့်ရှု့နိုင်အောင် ကြိုးစားပေးပါမည်။

http://unobusa.org/2012/09/03/literary-event-news

(Moemaka mistyped the town name in previous news, sorry)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း, မိုးမခရုပ်သံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်