ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (Reporter in exile)

September 8, 2012
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အဝေးရောက် သတင်းထောက်တဦး ရေးသားသည်။ 

သူစိတ်ပြောင်းသွားပြီ။ စစ်အစိုးရနဲ့ သူဆက်ဆွေးနွေးပြီးစေ့စပ်ချင်ပုံမပေါ်တော့ဘူး။ ဘုန်းကြီးကိုတောင် စကားသိပ်ပြောချင်ပုံ မတွေ့ရတော့ဘူ။ တကာကြီးနဲ့ ဘုန်းကြီးတို့ ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်ပြီထင်တယ်” ဆိုင်းမပါဘုံမဆင့် ဆရာတော်က ညဉ်းညူလိုက်သည်။

                  ဆရာကြီးရွှေဥဒေါင်းကို ကျွန်တော် မကြာခန သတိရနေပါ၏။ ဆရာကြီးရေးသားခဲ့သော ဝတ္ထုဆောင်းပါးများစွာကို ဖတ်ရှုဘူး သော်လည်း၊ ကျွန်တော့စိတ်တွင် ထာဝရစွဲနေသည့်စာမှာ ဝတ္ထု လည်းမဟုတ်၊ ဆောင်းပါးလည်းမမည်၊ ကြော်ငာဆန်ဆန် စာပိုဒ် တစုသာ ဖြစ်ပါသည်။

                ၇၀စုနှစ်လည်ပိုင်းတွင်၊ မန္တလေးမြို့သို့ ခေတ္တရောက်ရှိခိုက်၊ ဟံသာဝတီအယ်ဒီတာချုပ် ဦးဝင်းတင်နှင့် အမှုဆောင် အယ်ဒီတာ ဦးကျော်မြင့်တို့ထံ အလည်အပါတ် သွားရောက်ခ့သဲ ည်။ ရောက်တုန်း ရောက်ခိုက်သတင်းစာတစောင်ကို ကောက်ကိုင် ဖတ်လိုက် သောအခါ၊ အမှတ်မထင် ဆရာကြီးရွှေဥဒေါင်း၏ ကြော်ငြာတိုကလေးကိုတွေ့လိုက် ရသည်။ အတိအကျ မမှတ်မိတော့သော်လဲ

ကြော်ငြာ၏ဆိုလိုရင်းမှာ ယခင်က ကျွန်ုပ်ကလည်း သူများကိုသိချင်ခဲ့သည်၊ ကျွန်ုပ်ကိုလည်း သူများကသိစေချင်ခဲ့သည်။ ယခုမူ ကျွန်ုပ်ကလည်း သူများကိုမသိချင်တော့၊ သူများကလည်း ကျွန်ုပ် ကိုမသိစေချင်တော့ပါဟူ၏။

ကျွန်တော်ဝန်ခံထားပါရစေ။ ကျွန်တော်သည်လည်းဆရာကြီး ရေးသားခဲ့သည့် အတိုင်း ကျွန်ုပ်ကလည်းသူများကိုမသိချင်တော့၊ သူများကလည်း ကျွန်ုပ်ကိုမသိစေချင်တော့ပါ။

 စေ့စပ်ရေးဆရာတော်

ထူးထူးဆန်းဆန်း ညနက်မှတယ်လီဖုံးမည်လာ၏။ နေ့ခင်းပိုင်း ဆိုလျှင်  မကြာခနတယ်လီဖုံး လာတတ်သော်လည်း၊ ညပိုင်း၌ အမြဲ တမ်း တိတ်ဆိပ်နေတတ်သည်။ ထို့ကြောင့် အထူးအာရုံစိုက်နှိုင် သည့် ညပိုင်းတွင်သာ ကျွန်တော်တည်းဖြတ် ထုတ်ဝေနေသော The Burma Review စာစောင်ကို ရေးသားပြင်ဆင်၏။

 အဆက်မပြတ်မည်နေသော တယ်လီဖုံးကိုကောက်ကိုင်လိုက် သောအခါ တဘက်မှစကားပြောနေသူမှာ အင်္ဂလန်နိုင်ငံ ဘာမင်ဂ်ဟင်မ် (Birmingham) မြန်မာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် သော ဆရာတော်ဦးရေဝတဖြစ်နေသည်။ သူစိတ်ပြောင်းသွားပြီ။ စစ်အစိုးရနဲ့ သူဆက်ဆွေးနွေးပြီးစေ့စပ်ချင်ပုံမပေါ်တော့ဘူး။ ဘုန်းကြီးကိုတောင် စကားသိပ်ပြောချင်ပုံ မတွေ့ရတော့ဘူ။ တကာကြီးနဲ့ ဘုန်းကြီးတို့ ကြိုးစားထားသမျှ

သဲထဲရေသွန်ဖြစ်ကုန်ပြီထင်တယ်ဆိုင်းမပါဘုံမဆင့် ဆရာတော်က ညဉ်းညူလိုက်သည်။

 ဆရာ တော်မှာ ဒီဇင်ဘာလလည်ပိုင်း၌ မြန်မာပြည်သို့ပြန်ကြွသွားခဲ့၏။ မြန်မာပြည်မှ ပြန်ကြွလာပြီးနောက် ဘန်ကောက်လေဆိပ်သို့လေ ယာဉ်ဆိုက်သည်နှင့် တည်းခိုရာဟော်တယ်သို့ပင် မသွားသေးဘဲ၊ ကျွန်တော့ထံဖုံးဆက်ခြင်းဖြစ်သည်ဟု ဆရာတော်ကဆိုသည်။

ဆရာတော်ပြောသော “သူ” ဆိုသည်မှာ မြန်မာပြည်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။

 မကြာမှီကပင် ဆရာတော်ဦးရေဝတ၏ စေ့စပ်ပေးမှုကြောင့်  မြန်မာပြည်စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ကြိမ်

တိုင် ပြုံးပြုံးရွှင်ရွှင်တေ့ဆွုံဆွေးနွေးခြဲ့က၏။ ဆရာတော်မကြိုးစားမှီ လပိုင်းအလိုကလည်း အမေရိကန်အစိုးရ၏ အားပေးတိုက်တွန်းမှု ဖြင့်၊ ကွန်ဂရက်လွှတ်တော်အမတ် မစ္စတာဘေလ်ရစ်ချပ်ဒ်ဆင်န် (Congressman Bill Richardson) က နှစ်ဦးနှစ်ဘက် ညှိနှိုင်း စေ့စပ်ရန်ကြိုးစားခဲ့သေး၏။ သို့ရာတွင် စစ်အစိုးရက တုတ်တုတ်မျှ မလှုပ်ခဲ့ချေ။

 ၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ ငါးနှစ်ကျော်ကြာမည်သူနှင့်မျှမတွေ့ရ၊ စကားလည်းမပြောစေရဘဲ အကျယ်ချုပ်ချထားခြဲ့ပီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုပင် လူသိရှင်ကြားခေါ်ဝေါ် ခြင်းမရှိခြဲ့က။ ထိုစစ်အစိုးရက တိုင်းသိ ကမ္ဘာသိ သူတို့အကျဉ်း သားနှင့် တရားဝင်တွေ့ဆုံသောအခါ၊ ပြည်သူအများစုကအားရ ဝမ်းသာကြိုဆိုခြဲ့ကသည်။

နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေး အဖွဲ့များက၊ နံမည်ကျော်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နှင့် ရွေးကောက်ပွဲအနိုင်ရ သူ့ပါတီအားအာဏာလွှဲပြောင်းပေးရေး ကြိုးပမ်းမှုမအောင်မြင်သောအခါ၊ အနည်းဆုံး ဒီမိုကရေစီခေါင်း ဆောင်နှင့် စကားပြောပါဟု တောင်းဆိုလိုက်ကြ၏။

ထိုတောင်းဆိုချက်ကို ကျွမ်းကျင်ပါးနပ်စွာ ချဉ်းကပ်ပြောဆို နှိုင်သော ဆရာတော်ဦးရေဝတကြောင့် အပြောင်းအလဲများဖြစ် ပေါ်လာရန်လမ်းစပေါ်ခဲ့ရသည်။

သို့ရာတွင် ရုတ်တရက် အဆက်အစပ်မရှိသော သတင်းတရပ် ထွက်ပေါ်လာသဖြင့်၊ ကျွန်တော်တို့မှာ ဇဝေဇဝါဖြစ်ခ့ရဲ ပြန်သည်။

၁၉၉၅ခုနှစ်ဆန်းပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းက ဇနီးသည်တာဝန်ပေးချက်အရ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်နေသေးကြောင်း ဖြင့် ထပ်လောင်းဂတိပေး ပြောကြားလိုက်၏။

ကျမအနေနဲ့ တာဝန်သိသိ သစ္စာရှိရှိ လုပ်ဆောင်ရမယ်ဆိုတဲ့ မူဝါဒကိုအမြဲလက်ကိုင်စွဲထားပြီး၊ တက့စဲ စ်မှန်တဲ့ ဒီမိုကရေစီထွန်းကားရေးကြိုးပမ်းနေသူများနဲ့ ဒီမိုကရေစီနည်းကျကျ တချိန်လုံး ဆွေးနွေးတိုင်ပင်လုပ်ကိုင်မယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်ဟု ဝန်ခံပြောကြားလေသည်။

တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များနှင့် သူအပါအဝင်၊ အခြားနိုင်ငံရေးခေါင်းဆောင်များကပါ၊ ဓမ္မဓိဌာန်ကျသော နိုင်ငံ ရေးဆွေးနွေးမှုများပြုလုပ်ခြင်းကသာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်၊ ဒီမိုကရေစီစံနစ်ပြန်လည်ထူထောင်နှိုင်ရေး လျှင်မြန်စွာဖြစ်ထွန်းနှိုင်မည်ဟု ၁၉၉၄ခုနှစ် ကုလသမဂ္ဂက မြန်မာပြည်နှင့် ပါတ်သက်၍ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း၊ စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ခြဲ့ခင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကရှင်းလင်းတင်ပြထား၏။

ထို့ပြင် ကျမလွတ်မြောက်ရေးအတွက်ဘဲဖြစ်ဖြစ်၊ အခြားကိစ္စ တစုံတရာအတွက်ဘဲဖြစ်ဖြစ်၊ မည်သည့်လျှို့ဝှက် သဘောတူညီချက်တခုကိုမျှ မလုပ်ခ့ရဲုံအပြင်၊ နောင်လဲလုပ်လိမ့်မည်မဟုတ်ပါဟု ကြေငြာလိုက်သည်။

ယင်းကြေငြာချက်မှာ မည်သူ့ကိုရည်စူး၍ ကြေငြာခြင်းဖြစ်ပါသနည်း။ မြန်မာပြည်သူများကို ရည်ရွယ်သည်ဆိုပါက၊ ယင်းသို့တေ့ဆွုံဆွေးနွေးမှုကို ပြည်သူတို့ဝမ်းမြောက်ဝမ်းသာရှိနေကြပြီး၊ နှစ်ဦးနှစ်ဘက် ကြေကြေနပ်နပ်ဖြင့် သဘောတူညီချက်ရသည်ကိုကြည့်မြင်လိုကြသူသာ အများစုဖြစ်၏။ အလားတူပင် တကမ္ဘာလုံးမှ ဒီမိုကရေစီလိုလားသူများကလည်းလိုလားတောင့်တခဲ့ကြသည်။

ဤသို့ကြေငြာချက်မှာ သူနှင့်လပိုင်းအတွင်းကပင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့သော စစ်အစိုးရခေါင်းဆောင်များအားရည်ညွှန်းသည်ကားလုံးဝမဖြစ်နှိုင်။ ဆွေးနွေးဖေါ် ဆွေးနွေး ဘက်များကို ကြိုတင်အသိမပေးထားပါက အထင်အမြင်လွဲမှားမှုများ ဖြစ်လာနှိုင်သည်ဟုတွေးပူမိရသည်။

ထိုသို့စိုးရိမ်ပူပန်စိတ်များရှိနေစဉ်၊ တပါတ်ခန့်အကြာ၌၊ ဆရာ တော်ဦးရေဝတက ဖုံးလှမ်းဆက်လာခြင်းဖြစ်ပါသည်။ ဆရာတော်၏အသံက စိတ်လက်မချမ်းသာကြောင်းပြသနေ၏။ ထို့အတူ ကျွန်တော်မှာလည်း၊ တိုင်းပြည်၏ရှေ့ရေးအတွက်၊ ရင်လေးမိရပါသည်။

အမေရိကတွင်ပြန်လည်ဆုံကြစဉ်က

ဆရာကြီးကြေးမုံဦးသောင်းနှင့် အမေရိကန်ဗွီအိုအေ၌ အမှုထမ်းခဲ့သောဦးတင်မြ (စာရေးဆရာမောင်တင်မြ) တို့မှာကျွန်တော်၏ ဆရာသမားများလည်းဖြစ်၊ မိတ်ဆွေများလည်း ဖြစ်ကြပါသည်။

သူတို့နှစ်ဦးနှင့် တွဲဘက်လျှက် မြန်မာပြည်၌ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အမေရိကန်နိုင်ငံ၌ ၁၉၈၈ခုနှစ်မှစ,ကာနိုင်ငံရေးလှုပ်ရှားခဲ့သည်များကိုလည်း၊ ကျွန်တော့တသက်တာ မေ့နှိုင်ဘွယ်ရာမရှိပါ။ သူတို့နှစ်ဦးလုံး ကွယ်လွန်ကုန်ကြပြီဖြစ်သည်။

ဦးတင်မြက မြန်မာပြည်သို့ပြန်သွားပြီးနောက် မကျမ်းမမာဖြစ်ကာ ကွယ်လွန်သွားရှာ၏။ ၂၀၀၈ ခုနှစ်တွင် ဆရာဦးသောင်း သေဆုံးသောအခါတွင်မူ ရုံးမှခွင့်ယူလျှက် ဖလော်ရီဒါသို့ သွားရောက်ပြီး သင်္ဂြိုဟ်နှိုင်ခဲ့ သေးသည်။

စာရေးဆရာ အောင်ဗလဟုလည်း လူသိများကျော်ကြားသော ကြေးမုံဦးသောင်းက သတင်းနှင့်ပြန်ကြားရေးဌာန၌ ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ဦးတင်မြက The Working People’s Daily သတင်းစာ၌ အယ်ဒီတာအဖြစ်၎င်း တာဝန်ထမ်းဆောင်နေခဲ့ကြစဉ်၊ ကျွန်တော်ကယင်းသတင်းစာ၌ သတင်းထောက်ပေါက်စကလေး အဖြစ် အမှုထမ်းခဲ့၏။ သို့ရာတွင် သူတို့နှစ်ဦးလုံးထက်စော၍

ကျွန်တော်က ပြည်ပသို့ထွက်ခွာလာခဲ့သည်။

ကျွန်တော်တို့သုံးဦး အမေရိကတွင်ပြန်လည်ဆုံမိကြသောအချိန်မှာ ပြည်တွင်း၌ဆန္ဒပြပွဲများနှင့် ၈-၈-၈၈အရေးအခင်းကြီးဖြစ်ပြီး နောက်၊ စစ်တပ်က ထပ်မံအာဏာသိမ်းပြီးစ အချိန်ဖြစ်၏၊ ထို့ကြောင့် ကျွန်တော်တို့မွေးဖွားရာမိခင်တိုင်းပြည်အတွက် မည်သို့အထောက် အကူ ပြုနှိုင်ကြမည်ကို ဆွေးနွေးခြဲ့ကသည်။ ဦးတင်မြမှာအမေရိကန်အစိုးရ၏ ဝန်ထမ်းဖြစ်နေသဖြင့် ပေါ်ပေါ်ထင်ထင်

လုပ်ကိုင်၍မဖြစ်နှိုင်။ သူကနောက်ပိုင်းမှနေ၍ ကျွန်တော်တို့နှစ်ယောက်မကျွမ်းကျင်သော အင်္ဂလိပ်စာအရေးအသားကို တာဝန် ယူ၏။ ဦးသောင်းကဟောရေး၊ ပြောရေး၊ ရေးသားရေးတွင်ရှေ့တန်းမှရပ်တည်ခြဲ့ပီး၊ စာပေထုတ်ဝေရေးနှင့် လိုအပ်သမျှသော နိုင်ငံရေး လှုပ်ရှားမှုအားလုံးကိုမူ ကျွန်တော်က ခေါင်းခံခဲ့သည်။

 မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးပြီး၊ ထိထိ ရောက်ရောက်ကူညီနှိုင်သော နိုင်ငံတကာသံတမာန်များနှင့် တွေ့ ဆုံဆွေးနွေးရာ၌၎င်း၊ အမေရိကန်ကွန်ဂရက်အမတ်များနှင့် အစိုးရအဖွဲ့ဝင်များထံ မြန်မာစစ်အစိုးရအား ဖိအားပေးရေး အကူအညီ တောင်းခံရာ၌၎င်း၊ ထိုအချိန်ကလူရွယ်တဦးဖြစ်သည့်အတိုင်း ဖြတ်လပ်စွာဖြင့် ကျွန်တော် စွမ်းစွမ်းတမန် ကြိုးပမ်းနှိုင်ခဲ၏ ။

၁၉၈၉ခု ဇူလိုင်လတွင် ချီကာဂိုမြို့၌ ပြည်ပရောက်မြန်မာများ စုစည်းဆွေးနွေးပွဲပြုလုပ်၏။ ကမကထပြုသူများ၏ ဖိတ်ကြားချက် အရ ကျွန်တော်လည်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေး၏ ထူးခြားကောင်းမွန်ချက်မှာ မြန်မာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် အစီအစဉ်မပါဝင်ခြင်းဖြစ်သည်။ ထိုစဉ်ကပြည်ပရောက် မြန်မာများ နိုင်ငံရေး အစည်းအဝေးလုပ်ကြတိုင်း ဖွဲ့စည်းပုံရေးဆွဲရေး မပါပါက၊ အစည်းအဝေး အထမမြောက်ဟု မိတ်ဆွေအချို့ကလှောင်ပြောင်ပြောပြကြ၏။

 အစည်းအဝေး၌ နိုင်ငံရေးအသင်းအဖ့တွဲ ခု ဖွဲ့စည်းကြမည် ဆိုသောအခါ၊ ဦးသောင်းရော ကျွန်တော်ပါ အမှုဆောင်အဖွဲ့တွင် မပါပါရစေနှင့်ဟု တောင်းပန်ခြဲ့က၏။ သို့ရာတွင် စာပေထုတ်ဝေရေးတွင် အကျွမ်းတဝင်ရှိသောကျွန်တော့ကို စတိမျှဝင်ကူပါဆို သဖြင့်အရေး မကြီးလှသော အဖွဲ့ဝင်တနေရာကိုယူလိုက်ရသည်။

 အဖွဲ့ဝင်ဖြစ်လာခြင်းကြောင့် မကြာမှီ အကျိုးတခုရရှိခဲ့သည်။ ထိုချီကာဂိုအဖွဲ့ဖွဲ့ပြီးရက်ပိုင်းအတွင်း၊ မြန်မာပြည်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးလျှက် အကျယ်ချုပ်ချထား လိုက်လေ၏။ ယင်းအတွက် ကျွန်တော့မှာအတော်ပင်စိုးရိမ်ပူပန် သွားရသည်။ စစ်အစိုးရက သူတို့အားဆန့်ကျင်သူမှန်သမျှ ဖမ်းဆီး ထောင်ချနေလျှင်၊ အရှိန်အဝါ ရစပြုနေသော ဒီမိုကရေစီကြိုးပမ်းမှု

သဲထည်းရေသွန် ဖြစ်သွားနှိုင်၏။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သတ္တိရှိပြီး နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ဦးဆောင်မှုပေးနှိုင်သူတ ယောက်အား၊ ဤက့သဲို့နှုတ်ပိတ်ဖိနှိပ်ထားခြင်းကို၊ ကျွန်တော်တို့ လက်ပိုက်ကြည့်နေ၍ မဖြစ်နှိုင်ပါ။

 ဖမ်းဆီးသည့်သတင်းကြားသည်နှင့် ကျွန်တော်က ချီကာဂို အဖွဲ့သားများကိုဖုံးဆက်ပြီး၊ အသင်းအနေနှင့် စစ်အစိုးရကိုဆန့် ကျင်ဝေဖန်သည့် ကြေငြာချက်ထုတ်ရန် တိုက်တွန်းလိုက်သည်။ သို့ရာတွင်အသင်း ခေါင်းဆောင်များက စိတ်မဝင်စားသကဲ့သို့ အင်တင်တင်လုပ်နေသည်ကိုကြုံရသောအခါ ကျွန်တော်အံ့အားတကြီး ဖြစ်လိုက်ရ၏၊ ကျွန်တော့အနေနှင့် လက်မလျှော့နှိုင်ပါ။ ကျွန်တော်

မည်သည့်အလုပ်အကိုင်ကိုမျှ မယူဘဲ၊ ဇွဲနဘဲနှင့်ဒီမိုကရေစီအရေး လုပ်နေခြင်းမှာ၊ ကျွန်တော်လက်မခံနှိုင်သော စစ်အာဏာရှင်စံနစ် ကို၊ ပြည်သူတရပ်လုံးက အတိအလင်းထုတ်ဖေါ်ကြေငြာပြီး ဆန့်ကျင်လာသောအခါ၊ ကျွန်တော်တာဝန်သိသိသစ္စာရှိရှိသူတို့နောက်မှရပ်တည်၍ ကူညီဆောက်ရွက်ရန်ဖြစ်၏။ သို့မဟုတ်လျှင် စစ်အစိုးရကို ဆန့်ကျင်လျှက် ပြည်ပသို့ထွက်လာခြင်းမှာ ကိုယ်ကျိုး ရှာရန်ရည်ရွယ်ချက် သက်သက်သာ ဖြစ်နေပေလိမ့်မည်။

 ကျွန်တော် လက်လျှော့လိမ့်မည် မဟုတ်မှန်း သိသောအခါ၊ သူတို့ကအဖွဲ့၌ နိုင်ငံရေးကျွမ်းကျင်သော ဒုဥက္ကဌနှင့် တိုင်ပင်ပါဟု တိုက်တွန်းကြသည်။ ချက်ချင်းပင် ကျွန်တော်တခါဘူးမျှ မတွေ့ဘူး စကားလည်း တလုံးမျှမဟဘူးသော ဒုဥက္ကဌထံ ဖုံးဆက်လိုက်၏။ ကျွန်တော်သိပါသည်။ ကျွန်တော့ကို ပျားရည်နှင့် ဝမ်းချရန်သူတို့ တိုင်ပင်ထားပြီးဖြစ်နေကြပါလိမ့်မည်။  

ထင်ခဲ့သည့် အတိုင်းလည်း၊ ကြက်တူရွေးကတော်တော်၊ မယ်ဘော်ကကဲ၊ဆိုသကဲ့သို့ပင်။  ဒုဥက္ကဌကဘလာဘလာ…ဘာညာ” ဖြင့်မစားကောင်းသည့်အသီး၊ ကျီးဘဲထိုးထိုး၊ ပိုးဘဲကိုက်ကိုက်ဆို သည့်ပုံမျိုးတရားချ၏။ သန္ဓိဌာန်ချထားပြီးသည့် ကိစ္စတခုကို လွယ် လွယ်နှင့် ကျွန်တော်ဖျက်လိုက်ရိုးထုံးစံ မရှိပါ။ ကျွန်တော်ပေကပ် ၍ပြောသည့်အပြင်၊ ကျွန်တော်တဦးထည်းဆက်လက်လှုပ်ရှားမည်

ဟုထုတ်ဖေါ်ကြေငြာလိုက်သည့်အခါ၊ လေသံပျော့လာကြ၏။

 ကျွန်တော်သည် အဖွဲ့အစည်းနှင့် လှုပ်ရှားရသည်ကို ပိုမိုနှစ် သက်သော်လည်း၊ မတတ်သာလျှင်တဦးထည်းချီတက်ရန်ဝန်လေး သူမဟုတ်ပါ။ ဒုဥက္ကဌက အသစ်ဖွဲ့စည်းထားသည့်အသင်းအနေဖြင့်၊ လူသိများ ထင်ပေါ်ပြီး အသိအမှတ်ပြုလာနှိုင်စေရန်၊ ကြေငြာ ချက်အတိုတခု ကိုယ်တိုင် ထုတ်ပြန်ပေးပါမည်ဟု ဂတိပေးလာသည်။ ကျွန်တော်ကချက်ချင်းအကောင်အထည်ဖေါ်ရန် လောခဲ့ လိုက်သည်။ သို့သော် နောက်တရက်ညနေပိုင်းအထိ ဘာသံမျှ မကြားရပါ။ သူတို့တတွေ အလုပ်များနေကြသည်ဟု အကြောင်းပြလာပါ၏။

 အမှန်အတိုင်းဆိုရလျှင်၊ ထိုအချိန်က ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားနေကြသူများတွင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားသူ၊ ထောက်ခံအားပေးသူ၊ အမှန်ပင်ရှားပါးလှပါ၏။ ယခင်အာဏာရ နိုင်ငံရေးသမားကြီးများ၏ သားသ္မီးအတော်များများပင် နိုင်ငံရပ် ခြား၌အခြေချနေထိုင်နေကြသည်။  အသက် အရွယ် အတော်ရနေ ကြပြီဖြစ်သော ထိုသားသ္မီး အချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်လျှင် ဒီကောင်မလေးက….ဟူသောအသုံးအနှုံး များသုံးကာနှိမ်ချနေကြသည်ဟု သိရ၏။ ယခင်ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်ကြီးတဦး၏သား၊ ကျွန်တော့ မိတ်ဆွေဖြစ်သူကမူ သူဘာနားလည်၊ ဘာပြောတတ်လို့လဲဟုအတိအလင်းဝေဖန်လေ၏။

လန်ဒန်သို့ရောက်စဉ်ခင်မင်ရင်းနှီးခ့ေဲ သာ မြန်မာပြည်သားမစ္စတာဆင်မ်ဆင်န် (Mr. Simpson) က၊ “ကျွန်တော်တို့မြန်မာ လူမျိုးတွေ၊ ကိုယ်တိုင်လဲမလုပ်နှိုင်ဘဲ၊ အလဟဿ မနာလိုသဝန် တိုနေကြတယ်ဟုအင်္ဂလန်ရောက်အချို့ပုဂ္ဂိုလ်တို့၏ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိနေကြသော သဘောထားများနှင့် ပါတ် သက်၍ ညီးတွားခဲ့လေသည်။

 သူတို့ မည်သို့ပင်ဆိုစေ။ ကိုယ့်ဒီမိုကရေစီဘက်သားများအား ဒုက္ခပေး ညှဉ်းပမ်းလာသည်ကိုမူ၊ လက်ပိုက်၍ကြည့်မနေနှိုင်ပါ။

နောက်တနေ့ ဒုဥက္ကဌထံမှ ကြေငြာချက်ထွက်မလာသောအခါ၊ ဆရာဦးသောင်းနှင့်တိုင်ပင်ပြီး ဦးတင်မြကို ဖုံးလှမ်းဆက်လိုက်၏်။

ဦးတင်မြကလည်း မဆိုင်းမတွ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး သည့်ကိစ္စနှင့် ပါတ်သက်၍ စစ်အစိုးရအား ပြင်းပြင်းထန်ထန် ရှုံ့ချ ကြောင်းနှင့်၊ သူ့ကိုသာမက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်း သားအားလုံးကိုပါ ချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း ကြေငြာချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပေး၏၊ ယင်းကြေ ငြာချက်နှင့်အတူ နိုင်ငံတကာခေါင်းဆောင်များကိုလည်း စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ရက် စက်စွာ သတ်ဖြတ်နေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုဘို့ မေတ္တာ ရပ်ခံခဲ့သည်။

 ထိုညက ညဉ့်နက်သည်အထိ ကျွန်တော်အလုပ်များနေခဲ့၏။ ရေးသားထားသော ကြေငြာချက်ကို၊ ဖလော်ရီဒါရှိ အသင်းဥက္ကဌ အားဖုံးဖြင့်ဖတ်ပြကာ သဘောတူညီချက်ရယူရသည်။ ထို့နောက် ကျွန်တော်က ကွန်ပြူတာဖြင့်ရိုက်ကာ၊ ချီကာဂိုမှ အသင်းအတွင်း ရေးမှူးထံ နောက်တနေ့ အရောက်၊ ညတွင်းချင်းစာတိုက်မှပို့ရ၏၊ သို့ဖြင့် အတွင်းရေးမှူးလက်မှတ်နှင့် ကန့်ကွက်စာများ အရေးကြီးသောကမ္ဘာ့ခေါင်းဆောင်များထံ ပေးပို့နှိုင်ခ့ပဲါ၏။ ထူးခြားသည်မှာ မည်သည့်  ပြည်ပမြန်မာ့ဒီမိုကရေစီအင်အားစုများကမှ၊ ဤဖမ်းဆီး သည့်ကိစ္စကို အရေးတယူလုပ်ကာ၊ ရှုံ့ချကန့်ကွက်မှုမရှိခြဲ့ကခြင်းပေပင်။ 

(ဆက်လက်ဖေါ်ပြပါမည်)

(ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယူဆပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်