မေဇွန် နုနုလွင် တို့ရဲ့ အန္တရာယ်ကျရောက်နေသော လူ့အဖွဲ့အစည်း (Tu Maung Nyo)

September 14, 2012

တူမောင်ညို
(၁၃ စက်တင်ဘာ ၂၀၁၂)
ကြေးမုံသတင်းစာ (၁၃ စက်တင်ဘာ ၂၀၁၂) စာမျက်နှာ ၈
ဒီသတင်းမှာ လူသတ်တဲ့ မိန်းကလေး မမေဇွန် (ခ) မျိုးဇာနည်ဇွန်နဲ့ အသတ်ခံသူ မိန်းကလေး မနုနုလွင် တို့ အသက်အရွယ် အားဖြင့် ငယ်ရွယ်သူလူငယ်တွေဖြစ်ပါတယ်။
– လူသတ်မှုကျူးလွန်သူ မမေဇွန် (ခ) မျိုးဇာနည်ဇွန် ဟာ အသက် (၂၁) နှစ်။
– ညှင်းဆဲ အသတ်ခံသူ မနုနုလွင် အသက် (၁၈) နှစ်
အသက်အရွယ်အားဖြင့် မတိမ်းမယိမ်းတွေဖြစ်ပါတယ်။
 ပြီးတော့အိမ်ရှင်တွေက အိမ်ဖော်(အမျိုးသမီး/အမျိုးသား/ ကလေးငယ်တွေအပေါ်) တွေအပေါ် နိုင့်ထက်ကလူပြု ညှင်းဆဲ နှိပ် စက်မှုတွေ ဘာကြောင့်များ မကြာခဏ အခုလို ဆိုးဆိုးဝါးဝါးပေါ်ပေါက် ဖြစ်ပွားနေရတာလဲ။“ဒေါသအလျောက် ကိုယ်ထိ လက်ရောက် ကျူးလွန်သည်” ဆိုတာမှာတင် ရပ်တန့်နေလို့မရပါဘူး။ ဇစ်မြစ်နဲ့အကြောင်းတရားကို ရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသော/စာနာထောက်ထားတတ်သော/ ရိုင်းပင်းကူညီတတ်သော ကျနော်တို့ လူ့အဖွဲ့အစည်း ဟာ အန္တရာယ်ကျရောက်နေပြီလို့ ကျနော်ယူဆတယ်။
မမေဇွန်(ခ)မျိုးဇာနည်ဇွန်ဟာ(sadist) လား။ ဘယ်လိုအကြောင်းများကြောင့်များ ဒီလောက်ထိ ကြမ်းကျုတ်ရက်စက်ရတာလဲ။
ဘယ်လိုလူမှုစီးပွားရေး မပြေလည်မှုတွေရှိနေသလဲ။
စိတ်ကျန်းမာရေးပုံမှန်ရှိရဲ့လား။
ပြစ်မှုကျူးလွန်သူကို ဥပဒေအရ သူကျူးလွန်တဲ့ ပြစ်မှုအလိုက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရမှာပါ။
ဒါ့အပြင် မမေဇွန် (ခ) မျိုးဇာနည်ဇွန် ညှင်းဆဲနှိပ်စက်လူသတ်တဲ့အထိ ပြစ်မှုကျူးလွန်စေအောင် ဘယ်လို ပတ်ဝန်းကျင်မျိုးက ဖန်တီးပေးလိုက်တာလဲ။  အဲဒီလို ဖြစ်ပေါ်လာစေတဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း စနစ်တကျ စုံစမ်းလေ့လာရလိမ့်မယ်လို့ယူဆပါတယ်။
“အမှန်စင်စစ် ပြစ်မှုများကျူးလွန်ရခြင်းမှာ ပြစ်မှုကျူးလွန်သူ၏ အကျိုးစီးပွားနှင့်၎င်းနေထိုင်ရာ လူ့ဘောင်အဖွဲ့အစည်း၏ အကျိုး စီးပွားတို့ ၏ ပဋိပက္ခကြောင့်ဖြစ်သည်” ဟု ဖတ်ရှုရဖူးပါတယ်။
– မည်သို့ပင်ဖြစ်စေ မမေဇွန် (ခ) မျိုးဇာနည်ဇွန်  သည် ထိုက်သင့်သောပြစ်ဒဏ်ခံရမယ်။
– ကွယ်လွန်ရှာသူ မနုနုလွင်ရဲ့ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးကို ကျန်ရစ်သူ မိသားစုများက ရရှိခံစားစေရပါမယ်။
– အန္တရာယ်ကျနေရာက်နေပြီဖြစ်တဲ့ ကျနော်တို့လူ့အဖွဲ့အစည်းကို အလျင်အမြန် ဆန်းစစ်သုံးသပ်ကြဖို့ တိုက်တွန်း နှိုးဆော်
ပါတယ်။
ထို့အပြင် ပြစ်မှုကျူးလွန်တဲ့ တစ်ဦးချင်းပုဂ္ဂိုလ်နဲ့ပြစ်မှုကျူးလွန်စေတဲ့လူ့အဖွဲ့အစည်းကို အရေးယူ/ကုစားမယ်ဆိုရင် “တရား ဥပဒေ စိုးမိုးရေး” ဆိုတာ တစ်ခုထဲနဲ့ ထိရောက်လုံလောက်လိမ့်မည်မဟုတ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

7 Responses to မေဇွန် နုနုလွင် တို့ရဲ့ အန္တရာယ်ကျရောက်နေသော လူ့အဖွဲ့အစည်း (Tu Maung Nyo)

  1. Hey .........Lu on September 14, 2012 at 2:01 pm

    all writing that u have done, this is the only one worth reading.
    Now, you now what to write and how to write. u improve.
    no other craps – OK ? Stick to the valued contents.

  2. ကိုကို on September 14, 2012 at 3:11 pm

    အသက်က မတိမ်းမယိမ်းဘဲ သေလောက်အောင် နှိပ်စက်နေတယ်ဆိုရင် ပတ်ဝန်းကျင်ကို အကူအညီမတောင်းဘူးလား။ ပတ်ဝန်းကျင်ကကောမကူညီဘူးလား။ မိန်းကလေးချင်းနှိပ်စက်တယ်၊သေလောက်အောင် နှိပ်စက်တယ်ဆိုတော့ စဉ်းစားစရာပဲ၊ နောက်ထပ်အိမ်အကူ တစ်ယောက်ရှိသေးတယ်လို့ပြောတယ်။ ပတ်ဝန်းကျင်ကိုအကူအညီတောင်းလောက်အောင် တံခါးတွေပိတ်နေသလား။ အနှိပ်စက်ခံတွေကတော့ ပတ်ဝန်းကျင်ကိုအကူအညီတောင်ရမယ်လို့ အသိဥာဏ်မရှိဘူးလား

    • Angel on September 15, 2012 at 6:55 pm

      How can you blame the VICTIM!!!

  3. ဘုရင် on September 14, 2012 at 4:23 pm

    တော်တော်ကြီးကို စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ ရွယ်တူမိန်းကလေးအချင်းချင်းသတ်ဖြတ် လောက်အောင် မမေဇွန်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လား

  4. မောင်ပျာလောင် on September 15, 2012 at 6:13 am

    တရားရုံးရဲ့ အဆုံးအဖြတ်မကျသေးခင်၊ ဘာပြုလို့ - ပစ်မှုကျူးလွန်သူကို ဥပဒေအရ သူကျူးလွန်တဲ့ ပြစ်မှုအလိုက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရမှာပါ – လို့ ဆိုရပါသလည်း တူမောင်ညို ရယ်။ မြန်မာစာရေးတပ်ထာနဲ့  တရားဆုံးဖြတ်ထာဟာ မတူတဲ့လမ်းကျောင်း တစ်ခုစီပါ။

  5. သာထွန်း on September 15, 2012 at 6:26 am

    မြန်မာလူမျိုးတိုရဲ့စိတ်မှာ ဗုဒ္ဒတရားတော်များ မကိန်းအောင်းပါ။တရားနာလည်းခဏပါဘဲ။ရိပ်သာဝင်လည်း ခဏပါဘဲ။အုပ်ချူပ်သော အစိုးရ၏ ဥပဒေမစိုးမူ့။ခိုင်မာသော လူအဖွဲအစည်းအတွင်း ပွင့်လင်းထင်သာမရှိခြင်း။ယာဉ်ကျေးသော အမှန်တကယ် အထက်တန်းကျသော လူအဖွဲ့အစည်း တစ်ရပ်ကို ထူထောင်ကြ၇မည်။

  6. Geo on September 15, 2012 at 2:09 pm

    I think there’s a lot of people like her, in Myanmar. Real good people are 30% bad people are 30% and medium( who could become both ) are 40%.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်