မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ (Maung Swan Yi)

September 16, 2012

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ

မောင်စွမ်းရည်၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။

မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။

အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။

လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။

ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။

ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။

သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။      ။

(၂၀၁၂၊ စက်တင်ဘာ ၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, မောင်စွမ်းရည်

4 Responses to မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ (Maung Swan Yi)

  1. Zaw Min Tun on September 16, 2012 at 4:13 pm

    ဆရာ့ကဗျာက ရင်ထဲနှလုံးသားထဲ စွဲမြဲဝင် သွားပါပေါ့လား။

  2. အရိပ်ချစ် on September 16, 2012 at 11:16 pm

    ရှယ်ခွင့်ပြုပါနော် ကဗျာနဲ့ ပုံကို ကြိုက်လို့ ရှယ်ခွင့်ပြုပါရှင်

  3. a on September 17, 2012 at 6:29 pm

    ဆရာများများရေးပေးပါ၊ဖတ်ရတာမ၀ဘူး။

  4. ဂျစ်တူး(မုံရွာ) on September 18, 2012 at 5:46 am

    ကဗျာ ဆရာကြီး မောင်စွမ်းရည် ကိုအထူး လေးစားမိပါတယ်ခင်ဗျာ- ဆရာကျန်းမာပါစေ——

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)