ကိုယ်ထူကိုယ်ထ အယ်လ်လေမြန်မာတို့နှင့် ဒေါ်စုတွေ့ဆုံပွဲ လက်မှတ်တွေ ထုတ်ယူနိုင်ပြီ

September 16, 2012

မိုးမခအထောက်တော် ၀၀၂၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

လာမည့် အောက်တိုဘာ ၂ မှာ ကျင်းပမယ့် အယ်လ်အေရောက် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲမှာ တက်ရောက်လိုသူများ ကိုယ်တိုင် မှတ်ပုံတင်၊ ကိုယ်တိုင် ဧည့်လက်မှတ်ကို အွန်လိုင်းကဖြစ်စေ၊ အောင်ဇေ လက်မှတ်ဌာနမှာဖြစ်စေ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ တွေ့ဆုံပွဲ လုပ်အားပေးတဦးဖြစ်တဲ့ ကိုဘိုဘိုက မိုးမခကို ပြောပြပါတယ်။

သူတို့ရဲ့ ၀က်ဆိုက်ဖြစ်တဲ့ dasskvisitla.org မှာ ဆောင်ရွက်နိုင်တယ်။ ဒါပေမယ့် နယ်မြေအလိုက် ဧည့်သည်ကိုယ်စားလှယ်များထံ ဆက်သွယ်ပြီး ကုဒ်တခု တောင်းရမယ်လို့ ဆိုပါတယ်။ အဲသည်က ထုတ်ပေးတဲ့ မိမိအတွက် သီးသန့်လက်မှတ်ကို ကွန်ပျူတာပရင်တာနဲ့ ထုတ်ပြီး တွေ့ဆုံပွဲကို လာရုံပဲ ရှိတယ်လို့ ဆိုပါတယ်။

အထက်ပါအတိုင်း အခက်အခဲရှိရင် ကိုယ်တိုင် ဧည့်လက်မှတ်ကို မြန်မာများစုဝေးရာ အောင်ဇေခန်းမမှာ သွားရောက် ထုတ်နိုင်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ လက်မှတ်များကို အောင်ဇေခန်းမ – 629 (B) E. Garvey Ave. Monterey Park. CA 91755 ၌ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ ဓာတ်ပုံပါ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် ပြသ၍ လူကိုယ်တိုင် လာရောက် ထုတ်ယူနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါတယ်လို့ ရေးထားပါတယ်။

အခြားမြို့နယ်တွေအနက် ၀ါရှင်တန်ဒီစီ နဲ့ နယူးယောက်မြိတော်တွေမှာ ကျောင်းတွေ ကောလိပ်တွေက မြန်မာကွန်မြူနီတီတွေ့ဆုံပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီကြတာရှိပါတယ်။ အယ်လ်အေမြို့တော်က မြန်မာတွေကတော့ ကိုယ်ထူကိုယ်ထနဲ့ ကွန်ဗင်းရှင်းစင်တာက ခန်းမကြီးကို ငှားပြီး လုပ်ကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့တတွေ လနဲ့ချီပြီး တိုင်ပင် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရတယ်လို့ သိရပါတယ်။ နိုင်ငံတော်၊ ပြည်နယ်နဲ့ မြို့တော်က အစစ အရာရာ ၀န်းရံ ကူညီမှုတွေ ရရှိတယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နိုင်ငံတကာရေးရာ

One Response to ကိုယ်ထူကိုယ်ထ အယ်လ်လေမြန်မာတို့နှင့် ဒေါ်စုတွေ့ဆုံပွဲ လက်မှတ်တွေ ထုတ်ယူနိုင်ပြီ

  1. super on September 16, 2012 at 7:04 pm

    အန်တီေ၇ ယက်တောနဲ့ ထပ်မတွေ့ပါစေနဲ့လို့ဆုတောင်းပါတယ်ဗျာ။ အခုထိ မကျေနပ်ဘူး။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်