“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၉) – Mar Mar Aye

September 22, 2012


ပိတောက်လမ်း ဆိုရအောင် – ၃
မာမာအေး
စက်တင်ဘာ ၂၂၊ ၂၀၁၂

(အသံဖိုင်)သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးရဲ့ အစီအစဉ်လေးမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးမှာ  ပြဋ္ဌာန်းထားတဲ့  ‘ပိတောက်လမ်း’ သီချင်းဟာ ကိုယ်ဆိုထားခဲ့တဲ့ သီချင်းမို့လို့ ပြိုင်ကြမယ့် ရွှေမမလေးတို့အတွက် နည်းပေးလမ်းပြ ဆိုပုံလေးတွေ ပြပေးခဲ့တာ နှစ်ပိုင်း ရှိသွားပြီ။
ဒီကနေ့ အပုဒ် (၃) ကို ဆက်ကြစို့ရဲ့။

* (ပိတောက်လမ်း III) အော် – လတန်ခူးပေမို့ မြအဖူးတွေ သစ်သစ်ဝေတယ်၊ အချစ်ရေ … အချစ်ရေလို့ ကိုယ်ကခေါ် … ခေါ်ပေမယ့်လဲ … မင်းကတော့ မကြားပါဘူးကွယ် xx ချစ်ပဲ့တင်သံ ရိုက်ခတ်ပျံလေတော့ ပင်ယံထက်ဆီက ငှက်မြည်သံပေးတယ် xx
အဝေး … အဝေး … အဝေး … အဝေးတဲ့ အတွေးနယ်ဝယ် အဆွေးနယ်ကျယ်၊ အဆွေးသည် ကိုယ်တယောက်ထဲပါကွယ်၊ ဘ၀ခရီး … တစမနီး ဘ၀ခရီးဆက်ပြီး နှင်ရပေဦးမယ် …

ကဲ … ဒီအထိဘဲ ပြောရအောင်နော်။ ကိုယ်ဘယ်လိုတွေးလဲဆိုတော့ အော် .. လတန်ခူးမို့လို့ အစိမ်းမှာ အ၀ါဖေါက်တဲ့ ရွှေပိတေါက် ဖူးသစ်ဝေနေပြီ အချစ်ရေ … အချစ်ရေလို့  ခေါ်မိနေသေးတယ်။ ဒါပေမယ့် မင်းက ကြားမှမဟုတ်ပါဘူးလေ၊ အချစ်ရဲ့ ပဲ့တင်သံတွေက ရိုက်ခတ်ပျံသန်း ဝေဟင်ကို တက်လှန်းကြလေတော့ ဟိုးပင်ယံထက်က ငှက်ကလေးတွေကပါ အတူလိုက်မြည်ကျွေးရှာတယ်၊ အဝေး … အဝေး … အဝေးတဲ့လေ။ အတွေးနယ်ရောက်နေတဲ့ အဆွေးသည်က ကိုယ်တယောက်ထဲရယ်ပါ၊ ဘ၀ခရီး တစမနီးသော်လဲ ဆက်ပြီး နှင်ရဦးမှာပါကွယ် လို့ အဲသည်လိုလေး တွေးတာပေါ့။ ရှင်တို့တွေရော မာအေးလို တွေးရဲ့လား။ ကိုယ်ဆိုမယ့်သီချင်းလေးရဲ့ အဓိပ္ပါယ်နဲ့ လိုက်ဖက်အောင် တွေးတော ခံစားတာဟာလဲ သီချင်းကို အထောက်အကူရစေတတ်ပါတယ်။
စိတ်ကူးယဉ်တာကို ရှက်မနေပါနဲ့ – သီချင်းဆိုတာ ကဗျာရဲ့ကိုယ်ပွားလေးတခုဖြစ်လို့ နှစ်ချို့လေလေ ဆောင်းမိုးနွေငြိမ်းစေမှာ တကယ်ပါဘဲ။
အတွေးက ထွက်ပြီးရင် ဘယ်နေရာ ဘယ်ဆိုကွက်ဖြည့်စွက်ထားသလဲ ရှာရမယ်ပေါ့ရှင်။

၁။ အော် – လတန်ခူးပေမို့ မြအဖူးတွေ သစ်သစ်ဝေ… တယ်၊ အဲဒီတစည်းစာ စာကြောင်းမှာ ‘ပေ’ နဲ့ ‘ဝေ’ ဆိုတဲ့ နေရာမှာ ဆိုပေါက်ထည့်ထားပါတယ်။
‘အော်’ ဆိုတဲ့ စာပေါ်မှာ အသံရောက်ရုံကလေးဆိုပြီးတော့ ‘ပေ’ နေရာမှာတော့ ‘ပေ့’ အေအေလို့ သုံးသံ ဆိုထားပါတယ်။ တဆက်တည်းဆိုကြည့်ရင် –
‘အော် – လတန်ခူးပေ့အေအေမို့’ ဒီလို ဖြစ်သွားမှာပါ။။  ‘ဝေ’ ကျတော့လဲ သုံးသံ ထပ်ပြီး ဖြည့်ဆိုရမှာပါဘဲ။  မြအဖူးတွေ သစ်သစ်ဝေ့အေ့အေအေတယ် လို့ ဖြစ်လာပါလိမ့်မယ်။

၂။ ‘အချစ်ရေ … အချစ်ရေလို့’ ဆိုတဲ့ တစည်းစာမှာ ‘ရေ’ကို ခတ်နစ်နစ် ဆွဲပြီးမှ ‘လို့’တသံထဲရအောင်ဆိုပါ။ (သဘောပေါက် ဆိုတတ်နေတဲ့သူများကတော့ အချစ်ရေ – ပထမစာလုံးမှာ လူကို ခေါ်သလိုမျိုး အသံလျှော့စကါးလို ပြောနိုင်ပါတယ်။) အချစ်ရေ … အချစ်ရေ လို့ အဲဒါမျိုးပေါ့နော်။

၃။ ကိုယ်ကခေါ် ခေါ်ပေမယ့်လဲ – တစည်းစာမှာ ပထမ ‘ခေါ်’နေရာမှာ ‘ဝေါ်’လို့ တသံဆက်ဆွဲပါ။ ‘လဲ’မှာကျတော့ (၆)သံ ဆွဲဆိုထားပါတယ်။ ကိုယ်ကခေါ်ဝေါ် – ခေါ်ပေမယ့်လဲ အဲအယ့်အယ်အဲဟဲ့ဟယ်

၎။ မင်းကတော့ မကြားပါဘူးကွယ်က အတောသံ အထိ တစည်းစာမှာ ဆိုပေါက် မရှိပါဘူး။

၅။  ချစ်ပဲ့တင်သံ ရိုက်ခတ်ပျံလေတော့ – ဒီတစည်းစာမှာ ‘သံ’ နဲ့ ‘လေ’ နှစ်နေရာမှာ ဆိုပေါက် ရှိပါတယ်။ ‘သံ’ ရဲ့ နောက်မှာ နှုတ်ခမ်းပိတ် တသံဆွဲပြီးတော့  ရိုက်ခတ်ပျံလေတော့ အထိ ဆက်ဆိုတဲ့အခါမှာ ‘လေ’ကို (၄)သံ ဆွဲရပါမယ်။ နားထောင်ကြည့်လေ ‘ချစ်ပဲ့တင်သံ ရိုက်ခတ်ပျံလေ အေအေအေအေတော့’ ဒါမျိုးပါ။

၆။ ပင်ယံထက်ဆီက ကျတော့ ပင်ယံထက် ‘ဆီ’ ဟီအီအီကို သုံးသံဆက် ‘က’ကို ဖွဖွလေး ဆိုဖြတ်၊ ‘ပင်ယံထက်ဆီ ဟီအီအီ’က အဲဒီလို ဖြစ်ရော။

၇။ ‘ငှက်မြည်သံပေး … ကြတယ်’ မှာ စည်းလဲဖျက်ထားပြီ ‘ပေး’အေဟေဟေ အေးအေးအေးဟေအေးကြတယ်။ ဒီလို အသံရှိန်နဲ့ရပ်ထားချိန်မှာ စန္ဒရားချစ်ဆွေက နောက်ဆက်ရမယ့်အပိုဒ်အတွက် ၀ါးကိုက်ဖို့ အသံတချက်ချပေးထါးတယ်။ အဲဒီနောက်က စုံစည်း ဖြစ်သွားမယ်။ စုံစည်း ဆိုတာ စည်းနဲ့ဝါး တချက်စီ မှန်မှန် တီးခေါက်ရတဲ့ ၀ါးလတ်စည်း ဆိုတာကို ၀ါးနေရာမှာချည်း စည်းရောဝါးပါ တီးရတဲ့ စည်းမျိုးလို့တော့ သိမယ် ထင်ပါတယ်နော်။

၈။ အဝေး … အဝေး … အဝေး … အဝေးတဲ့ အတွေးနယ်ဝယ် xx အဆွေးနယ်ကျယ် xx
အဲဒီမှာ အဝေးဟေး၊ အဝေးဟေး အဝေးအဝေဟေး အေဟေး အေးဟေး တဲ့။ ဝေးတွေမှာ အသံတသံ ရောက်ရုံ ခတ်ဆိုတဲ့ ပုံမျိုး ကျိုးစားဆိုကြည့်ပါ။ ဖွဖွရွတ်ပါ။ ကိုယ့်အသံက ငှက်တွန်သံမျိုး လုပ်တဲ့ သဘောပေါ့နော်။ ပြီးတော့ ဘာလဲ
‘အဆွေးသည် ကိုယ်တယောက်ထဲပါကွယ်’ မို့လား ‘ထဲ’ ကို ထဲ အဲဘဲအဲဟဲ ဆိုပြီး (၅)သံရအောင်ဆို၊ ပြီးမှ ‘ကွယ်’ကိုဆိုပါ။ ဒီတော့ ‘အဆွေးသည် ကိုယ်တယောက်ထဲ အယ်အဲအဲအဲ’ပါကွယ် ဖြစ်သွားမှာပေါ့။ ‘ဘ၀ခရီး’မှာ ရီးကို ( ၂ သံဆို)၊  တစမနီးမှာ နီးကို ( ၂ သံဆို)၊ ဘ၀ခရီး ဖြတ်ထား၊ ဆက်ပြီး၊ နှင်ရပေဦး ၀ုန်ဝုန်းမယ်၊ ဖြတ်ထားတဲ့နေရာအားလုံးက စာတွေကို တသံစီ ဆက်ဆိုလို့ရတယ်၊ ဦး(ကတော့ သုံးသံ) ‘မယ်’ ပြီးရင် အယ်အယ်အယ် လို့ သုံးသံဆွဲချ  အတီးကို စောင့်ရပါမယ်။

အဲဒီအတီးက ပြန်မပြလို့ကတော့ ဆိုတဲ့သူ ဘယ်လိုမှ ပြန်ဝင်ဆိုလို့ မရနိုင်ဘူး – ထိပ်ဆုံးက ခြေဆင်းကို ပြန်ဆိုရအောင် အတီးက အသံပြခေါ်တီးပေးရတာမျိုး – သီချင်းရေးဆရာက ပညာပြထားတယ်ရှင့်။ အဆိုမှာလဲ ဟိုနေ့က သတိပေးထားတာ မှတ်မိလား၊ ‘ပိတောက်လမ်း … ၀ယ်’ ဆိုတဲ့ စာက ‘လမ်း’နေရာကို ရှေ့မှာလို ‘လမ်း’ အန်းအန် လို့ ငေါက်ဆိုတာလေး မဟုတ်တော့ဘူး – ရိုးရိုးလေး – လျှော်နေအောင် ဆိုရမယ်။ နောက်ဆုံး လျှောက်စမ်းချင်ပါ – ဟာ – တယ် ကို ဘယ်ကျတဲ့အသံရအောင် ရွေးဆိုလေ ကေါင်းလေဘဲလို့ အကြံပြုပါတယ်ရှင်။

* (သီချင်းအချ) အို …. ကိုယ်တယောက်ထဲ … ပိတောက်လမ်း …. ၀ယ် … လျှောက်စမ်း ….. ချင်ပါ …. တယ် xxx

ပိတောက်လမ်း ဆိုရအောင် – ၁
ပိတောက်လမ်း ဆိုရအောင် – ၂


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပင်တိုင်ကဏ္ဍ, မာမာအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)