ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် (အပိုင်း-၁) (Aung Way)

October 9, 2012
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

On The Run From Rangoon

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် (အပိုင်း-၁)

အောင်ဝေး၊ အောက်တိုဘာ ၉၊ ၂၀၁၂

             ဥမ္မာဒန္တီပျို့ ဆရာ ဦးရွှန်းက ဆိုသည်။ “ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ ထက်၊ လွမ်းရေးခက်၏“ တဲ့။ ကျနော်ကလည်း ခက်ခက်ကိုမှ ရင်ခုန်ချင်သူဖြစ်သည်။ ထို့ ကြောင့်လည်း ကျနော် ထွက်တော်မူနန်းက ခွာခဲ့ရသည် မဟုတ်လား။

          ၂၀၀၇၊ အောက်တိုဘာလ(၉)ရက်၊နံနက်ကြီးအစော၊ အိပ်ရာထဲ သိုးနှပ်နေတဲ့ ရန်ကုန်မြို့ ကြီး နိုး မသွားအောင်၊ ကျနော် ခြေဖော့ပြီး တိတ်တိတ်ကလေး ထွက်လာခဲ့သည်။ ရန်ကုန်နဲ့ အဝေး၊ တိုင်းပြည်နဲ့  အဝေး၊ သာ၍ဝေးရာဆီ။

          အခုတော့ ကျနော် အဲဒီလို တိုင်းပြည်ကနေ ထွက်ပြေးခဲ့၊ ထွက်တော်မူနန်းက ခွာခဲ့တဲ့ နေ့ ကို လွမ်းလွမ်းသသ ပြန်အမှတ်ရနေမိသည်။ ဒီဝေဒနာရဲ့ အစက၊ ဖလော်ရီဒါ စာပေဟောပြောပွဲက စခဲ့တာလို့ ပဲ ဆိုရတော့မည်။

          ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ဖလော်ရီဒါ (ဖို့ တ် လော်ဒါဒေးလ်မြို့ ) သို့ စာပေဟောပြောရန် ရောက်သွားခဲ့သည်။ဂန္ထ၀င်အနုပညာရှင်ကြီး ဒေါ်မာမာအေးလည်းပါသည်။ ဦးဇင်းစာရေးဆရာ ကံထွန်းသစ် (အရှင်ဇာဂရ) လည်းပါသည်။ ဦးဇင်းနှင့်ကျနော်က သီတဂူဘုန်းကြီးကျောင်းမှာ အတူတည်းကြသည်။

          ဦးဇင်းကံထွန်းသစ် အမေရိကရောက်ပြီးမှ ကျနော်တို့ နှစ်ခါပဲဆုံဖြစ်ကြသေးသည်။ ပထမတစ်ခါက ၀စ္စကွန်စင်ပြည်နယ်၊ မီဝေါကီးမြို့ ကလေးက၊ ဦးဇင်း သီတင်းသုံး သာသနာပြုနေတဲ့ ဘုန်းကြီးကျောင်းမှာ။  နောက်တစ်ကြိမ်က အင်ဒီယားနားပြည်နယ်၊ ဖို့ တ်ဝိန်းမြို့ က ဇေတ၀န်ကျောင်းတိုက်မှာ။ အခု ဖလော်ရီဒါမှာ တတိယအကြိမ်ဆိုပါတော့။

          နူးညံ့သိမ်မွေ့ တဲ့ ဗုဒ္ဒဘာသာ ရဟန်းတော်တစ်ပါးနဲ့ ၊ ကြမ်းတမ်းခက်ထန် တိုက်ပွဲဆာလောင်တတ် သည့်ကဗျာဆရာတစ်ဦးတို့ ရဲ့ တွေ့ ဆုံခြင်းဟာ၊ စာရေးဆရာချင်း၊ ကဗျာဆရာချင်း တွေ့ ဆုံတာထက် ပိုတဲ့ အဓိပ္ဖာယ်တွေ ရှိနေခဲ့သည်။ တိုင်းတပါးမှာ ကျနော်လည်းရောက်နေသည်။ တိုင်းတပါးမှာ ဦးဇင်းလည်း ရောက်နေသည်။

          တစ်ခါတုန်းကတော့ ဦးဇင်းကံထွန်းသစ်ရော၊ ကျနော်ပါ၊ ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်က၊ ကြေးသွန်းဘုရားကြီးမှာ အတူတူသပိတ်စခန်းဖွင့်ခဲ့ကြသည်။ ဆရာ ဒကာ လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို တိုက်ခဲ့ကြသည်။ လွန်ခဲ့သော ငါးနှစ်က။

ထိုငါးနှစ်တုန်းကအဖြစ်က၊ အခု ဖလော်ရီဒါ စာပေဟောပြောပွဲမှာ၊ ဦးဇင်းနှင့် ကျနော်တို့ ၏ရင်ထဲတွင် မနေ့ တနေ့ ကလိုပြန်ဖြစ်လာသည်။ အတိတ်က ပြန်သစ်လာသည်။

          ဦးဇင်းနှင့် ကျနော်တို့ ၏ လွန်ခဲ့သောငါးနှစ်က အတိတ်သည် ဟောင်းမသွား။ အိုမသွား။ အတိတ်က ပြန်နုပျိုသစ်လွင်လာသည်။ အတိတ်သစ်။ သို့ သော် ဦးဇင်းရော ကျနော်ရော စိတ်တွေကတော့ အသစ်မဟုတ်။

နဂိုမူလစိတ်အတိုင်း။ ပင်ကိုစိတ်ပဲ။ မပြောင်းလဲ။ လွန်ခဲ့သောငါးနှစ်က ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အာဏာရှင်ကိုအန်တုစိန်ခေါ်တုန်းက ထားခဲ့တဲ့ စိတ်ခံစားချက်၊ စိတ်ခံယူချက်အတိုင်း၊ နည်းနည်းမှ ပြောင်းလဲမသွား။

          စစ်အာဏာရှင်စနစ် ဘုံးဘုံးလဲမသွားသေးဘူး။ စစ်အာဏာရှင်စနစ် မကျဆုံးသေးဘူး။ တော်လှန်ရေး သတိ ရှိဖို့ လိုတယ်။ စစ်အာဏာရှင်စနစ်က ရုပ်ပြောင်းရုပ်လွှဲလုပ်လာတယ်။ မျက်ခြည်မပြတ်ဖို့ လိုတယ်။ ဒီ အတိုင်း ဒီစိတ်နဲ့ ပဲ ဦးဇင်းတို့ ၊ ကျနော်တို့  တိုင်းတပါးမှာ နေထိုင်နေပါတယ်။ စိတ်ထားမပြောင်း။ စိတ်က အသစ်မဟုတ်၊ နဂိုအတိုင်း။ သို့ သော် အတိတ်ကတော့ အသစ်။ အတိတ်သစ်။ ဖလော်ရီဒါမှာ အတိတ်က ပြန်လည် သစ်လွင်သွားခဲ့ခြင်း။

          ကျနော် ရွှေဝါရောင်တော်လှန်ရေးကို ပြင်းပြင်းပြပြ ပြန်တမ်းတနေမိသည်။ ရွှေဝါရောင်ကို ကျနော် လွမ်းဆွတ်သည်။ ၂၀၀၇ စက်တင်ဘာမှာ ရွှေဝါရောင်တော်လှန်ရေးရဲ့ အထွေထွေသပိတ်ကြီး ဆင်နွှဲခဲ့သည်။

စက်တင်ဘာ(၂၄) နဲ့ (၂၅)။ (၂၅)ရက်နေ့ ညနေမှာ ဦးဇင်းကံထွန်းသစ်တို့ ၊ ကျနော်တို့ ဆူးလေဘုရားရှေ့ မှာ စစ်အာဏာရှင်ဆန့် ကျင်ရေး မိန့် ခွန်းတွေပြောခဲ့ကြသည်။ ( ၉၀ ရွေးကောက်ပွဲအနိုင်ရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကန့်ဘလူအမတ် ဒေါက်တာမြင့်နိုင်နှင့် ၂၀၀၇ ဗကသ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုတို့ လည်း မိန့် ခွန်းပြောကြပါသည်)

          လွမ်းစရာက အဲဒီညနေမှာပဲ ကျနော် ကျော်သူကို သယ်ပိုးပြီးမြေလျှိုးခဲ့ရတာပါ။ နောက်တစ်နေ့  မိုးလင်းတော့(စက်တင်ဘာ ၂၆) ကျော်သူနှင့်ကျနော် လူချင်းခွဲလိုက်ကြသည်။ ဒီမှာပါပဲ။ ကျနော့်ရဲ့ ပြည်ပြေး ဘ၀ခရီးကြမ်းက အဲဒီမှာ စပါတော့သည်။

ပြေး ပြေး ပြေး။

ကျနော် ပုန်းခိုကျင်းတွေ တစ်ခုပြီးတစ်ခု ပြောင်း ရသည်။

ပြေး ပြေး ပြေး။

          ကျနော်တို့ ကျော်သူတို့ နဲ့ အတူလက်တွဲ တိုက်ခဲ့သည့် ကိုဇာဂနာကို စစ်အစိုးရ ထောက်လှမ်းရေးတွေက ဖမ်းဆီးသွားပြီ။ ကျနော်လည်းပြေးပြီ။ သို့ သော်…။ မြစ်တစ်မြစ်တည်းမှာ ရေနှစ်ခါချိုးလို့ မရ တဲ့၊ ဒီစကား ကြားဖူးကြပါလိမ့်မည်။ ကျနော့်အဖြစ်ကတော့၊ ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။

          စစ်အစိုးရရဲ့ ခြေတံ လက်တံက ရှည်သည်။ စစ်ထောက်လှမ်းရေးတွေ၊ လုံထိန်းရဲတွေ၊ ကြံ့ဖွတ်နဲ့  စွမ်းအားရှင်တွေက ထင်ရာစိုင်း မင်းမူလို့ နေသည်။ ကျနော့်အတွက် လုံခြုံရေးသည် အသက်။ လုံခြုံရေးသည် ၀ိညာဉ်။ စက်တင်ဘာမိုးရေထဲမှာ၊ ရေဒီယိုကလေးတစ်လုံးနဲ့ ကျနော် တစ်နေရာပြီးတစ်နေရာ ပြေးပြေး ပြောင်းပြောင်းလုပ်နေရသည်။

          ကျနော်သည် ကဗျာဆရာတစ်ယောက်ဖြစ်၏။ အခု ကျနော်ထွက်ပြေးနေရသည်။ ထွက်ပြေးနေသော ကဗျာဆရာ။ ကဗျာဆရာသည် ထွက်ပြေးနေရင်းကပင် ကဗျာရေးပြီးတိုက်ပွဲဝင်၏။ ကဗျာသည် သူ၏လက်နက် မဟုတ်လား။ ထိုလက်နက်ကို သူမစွန့် လွှတ်။ ဒီလိုနှင့်၊ တိတ်ဆိတ်ငြိမ်သက်နေသည့်၊ ဖန်မီးအိမ်ကလေးနဲ့  ပုန်းခိုကျင်းတစ်ခုထဲမှာ ကျနော် ဟောဒီကဗျာကိုရေးဖြစ်ခဲ့သည်။

၂၇-၉-၂၀၀၇။

အောင်ဝေး သရဏဂုံတင်ခြင်း

ရှရီ နမော ဗုဒ္စာယ

အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္စံ သရဏံ ဂစ္ဆာမိ

လွတ်လပ်မှုကို လိုပါ၏။

ဓမ္မံ သရဏံ ဂစ္ဆာမိ

တရားမျှတမှုကို လိုပါ၏။

သံဃံ သရဏံ ဂစ္ဆာမိ

ငြိမ်းချမ်းမှုကို လိုပါ၏။

ဒုတိယမ္ဖိ ဗုဒ္စံ သရဏံ ဂစ္ဆာမိ

စစ်အာဏာရှင်အုပ်စု အလိုမရှိ။

ဒုတိယမ္ဖိ ဓမ္မံ သရဏံ ဂစ္ဆာမိ

ကြံ့ဖွတ်လူသတ်သမား အလိုမရှိ။

ဒုတိယမ္ဖိ သံဃံ သရဏံ ဂစ္ဆာမိ

စွမ်းအားရှင်ခွေးသရမ်း အလိုမရှိ။

တတိယမ္ဖိ ဗုဒ္စံ သရဏံ ဂစ္ဆာမိ

“တပ်“နှင့်သံဃာ၊ ရိုသဒ္စါ၊ ညီညာကြရာ၏။

တတိယမ္ဖိ ဓမ္မံ သရဏံ ဂစ္ဆာမိ

“တပ်“နှင့်ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏။

တတိယမ္ဖိ သံဃံ သရဏံ ဂစ္ဆာမိ

“တပ်“နှင့်ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္စာယ

သန့် ရှင်းသောအစိုးရ ထူထောင်ကြ။

ရှရီ နမော ဗုဒ္စာယ

အပြစ်ကင်းသောအစိုးရ ထူထောင်ကြ။

(၂၇-၉-၂၀၀၇)

          ဒီတုန်းကတော့ ကျနော်က စစ်တပ်ကိုယုံချင်နေသေးသည်။ သံဃာသတ်သည့် စစ်အာဏာရှင်ကို ကျားကန်ပေးထားတဲ့စစ်တပ်။ စစ်အစိုးရအမာခံစစ်တပ်။ ထိုစစ်တပ်ကို ကျနော်ဘာ့ကြောင့်ယုံခဲ့မိ၊ လျှော့တွက်ခဲ့မိပါလိမ့်။ တိုက်ပွဲလိုအပ်ချက်အရ၊ “သားသုံးသား” ပေါင်းစည်းရေးကို ကျနော်မျှော်လင့်ခဲ့မိလို့ လား။

ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ ဒီ သားသုံးသား၊ ကျနော်တို့ မျိုးဆက်တစ်သက်မှာတော့၊ ဘယ်တော့မှမပေါင်းစည်းနိုင်ဘူး ဆိုတာကို၊ အဲဒီတုန်းက ကျနော် သဘောမပေါက်ခဲ့တာ သေချာသည်။

          ပြေး ပြေး ပြေး။ ကဗျာဆရာ ထွက်ပြေးနေရတယ်။ အဲဒီကဗျာဆရာကို ဒီစစ်တပ်ကပဲ လိုက်ရှာနေတာ၊ ဖမ်းဖို့ ကြိုးစားနေတာ သူသိရက်သားနဲ့ ။ ဒါနဲ့ များ ဘာဖြစ်လို့ စစ်တပ်ကို ကိုယ့်ဘက်ပါအောင် လုပ်ချင်နေခဲ့မိပါလိမ့်။     ။

(အပိုင်း-၂ ၊ ဆက်ဖတ်ပါရန်)

 အောင်ဝေး

စက်တင်ဘာ ၂၇-၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အောင်ဝေး, ဖြစ်ရပ်များ၊ အမှတ်တရများ

One Response to ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် (အပိုင်း-၁) (Aung Way)

  1. Kyaw Gyi on October 9, 2012 at 6:05 pm

    ဒီတစ်ခါတော့  ရီး မပါတော့ ဘူး

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်