fbpx

လိုင်စင်မဲ့ကားများ ဥပဒေနှင့်အညီတင်းကြပ်နေသော်လည်း ကားဈေးကွက်တည်ငြိမ်

October 20, 2012

မြ၀တီသား
အောက်တိုဘာ ၂၀၊ ၂၀၁၂ 
 
ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားများကိစ္စကို ရထားဝန်ကြီးအသစ်တက်လာပြီးနောက်ပိုင်း အရေးယူလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ သည့်အတိုင်း အမှန်တစ်ကယ်ဖြစ်လာပြီး ဘားအံပြည်နယ်ရဲ့တပ်ဖွဲ့မှူးရုံးဝင်းနှင့် အစိုးရရုံးဌာန နေရာလွတ်များတွင် ဖမ်းဆီးခံရသောလိုင် စင်မဲ့ကားများဖြင့် ပြည့်နေပါတယ်။

လမ်းပိုင်းရှိ ဂျိုင်းတံတား (ကောကရိတ်) နှင့် ဂျိုင်း (ဇာသပြင်) နှစ်ခုလုံး အလွန်တင်းကြပ်ပြီး ငြိမ်းအဖွဲ့များ၏ လက်တာဟက်(ထောက်ခံချက်) ဖြင့်ပင် သွားလာမရဖြစ်ကြရပြီး ထိရောက်စွာအရေးယူနေပြီဖြစ်သည်။ ထို့သို့အရေးယူနေရာမှ ယခုနောက်ဆုံး ပြည်နယ်အစိုးရအဖွဲ့နှင့် အ လွန်နီးစပ်သူတစ်ဦးက ဘားအံ-ကော့ကရိတ်-မြ၀တီ စသည့်မြို့များတွင်၊ လမ်းများတွင်သွားနေသော လိုင်စင်မဲ့ကားများအား တားဆီ ဖမ်း ဆီးရန် အစီအစဉ်များရှိနေကြောင်းပြောဆိုနေပြီး နီးစပ်ရာမိတ်ဆွေများကိုလည်း အမြန်ရောင်းချရန်တိုက်တွန်းလျှက်ရှိကြောင်း သိရပါ တယ်။

မြ၀တီမြို့ခံများကမူ ယခင်က ထို့သို့ဖမ်းဆီးခဲ့မှုများရှိပြီး အဆိုပါကိစ္စကို မကျေနပ်ဖြစ်ကြရာကစပြီး စစ်ပြေးရသည့်အထိဖြစ်ခဲ့ကြရသော မ ကြာသေးသောအချိန်က သမိုင်းရှိခဲ့ဖူးသဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။

မည်သို့ပင်ဆိုစေ တဘက်ကမ်း (၁၃-၁၂) စသည့်ဂိတ်များတွင် ကားအရောင်းအ၀ယ်မှာအလုပ်ဖြစ်နေပြီး ကားဈေးမှာ သိသိသာသာကျဆင်း သွားခြင်းမရှိကြောင်း ကားကုန်သည်တစ်ဦးကဆိုပါတယ်။ သူ့လမ်းကြောင်းနဲ့သူကတော့ ရှိနေတာဘဲလို့လည်း ပြောပြပါတယ်။ အရောင်း အ၀ယ်အပျက်ပါဘူးလို့ သူကဆိုပါတယ်။အခြားသတင်းတစ်ခုကတော့ မြ၀တီ- ကောကရိတ်တွင် ကားဖမ်းမိပါက နေရာတွင်ပင် ချက်ချင်း အခွန်ဆောင်ပြီး ပြည်နယ်လိုင်စင်လုပ်စေမှာဖြစ်တယ်လို့လည်း အတည်မပြုနိုင်သေးသည့်သတင်းများ ကြားနေရပါကြောင်း သိရှိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to လိုင်စင်မဲ့ကားများ ဥပဒေနှင့်အညီတင်းကြပ်နေသော်လည်း ကားဈေးကွက်တည်ငြိမ်

  1. ကျော်လော on October 20, 2012 at 6:14 pm

    ပုံပါ ဓါတ်ပုံရှင်ကို ကျေးဇူး အထူးတင် ပါတယ် ဖမ်းဖို့အရင် မစဉ်းစားပါနဲ့ ပုံထဲမှာပါတဲ့ စည်းကမ်းမဲ့ ရပ်ထားတာကို အရင် လုပ်ကြပါဦး

  2. kyawzin on October 21, 2012 at 7:30 am

    မြ၀တီမှာ ယဉ်စည်းကမ်းမရှိတာကတော့ မမေးနဲ့ ဆိုင်ကယ်စီး အသက် (၁၄-၁၈) ကြားတွေဆိုရင် ဘာတွေစားထား ရှူထားလည်းတော့မသိဘူး သူတို့ကိုသူတို့ 007 မှတ်နေတာ ။ပြီးတော့ ဟိုအဖွဲ့ ဒီအဖွဲ့ အကုန်ကြောက်ရတယ် ၊မြ၀တီမှာက လိုင်စင်ကားနဲ့ W က ၈၅ အချိုး ၁ လောက်ရှိပါတယ် ။အဆင်းနေဆိုရင် လာကြည့်ပါ ကမ္ဘောဇ ဘဏ်ထိပ်ကို စည်းမဲ့ကမ်းမဲ့W ကားတွေ မင်းမူနေလိုက်တာများ video ရိုက်ပြမယ် ။

    • alternative555 on October 21, 2012 at 2:13 pm

      plse send for me 1 car ,mark 2 without license . i m staying at magway. how much i need to pay to reach until magway. plse contact me if anybody can send to me. my phone no is 063- 60010

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)